အကျင့်ပျက်ခြစားမှုက ယူကရိန်းရဲ့အဓိကပြဿနာတွေထဲက တစ်ခုဖြစ်တယ်လို့ ဒေါ်နယ်ထရမ့် ဝေဖန်

 136

Pika (NP News) - ဒီဇင်ဘာ ၂

အကျင့်ပျက်ခြစားမှုဟာ ယူကရိန်းရဲ့ အဓိကပြဿနာတွေထဲက တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ ဖလော်ရီဒါပြည်နယ်မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နာရီပိုင်း အကြာမှာ ဒေါ်နယ်ထရမ့်က ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ယူကရိန်းမှာ ခက်ခဲတဲ့ပြဿနာအချို့ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားပေးဖို့ တောင်းဆိုမှုတွေကို ဒေါ်နယ်ထရမ့်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါ တယ်။
ဒေါ်နယ်ထရမ့်က “ယူကရိန်းမှာက ဘယ်အရာကိုမှ အထောက်အကူမဖြစ်စေတဲ့အကျင့်ပျက်ခြစားမှုတွေက ဆက်ရှိ နေပါတယ်။ ယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးက ပဋိပက္ခကို အဆုံးသတ်လိုကြပြီး သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်းတွေရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ယူကရိန်းဟာ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများစွာနဲ့ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါ တယ်။ (၂ဝ၂၃) ခုနှစ်တုန်းကလည်း ကာကွယ်ရေးစာချုပ်တွေမှာ ငွေအလွဲသုံးစားလုပ်မှုတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီး Aleksey Reznikovဟာ ရာထူးကနေ နှုတ်ထွက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အက်င့္ပ်က္ျခစားမႈက ယူကရိန္းရဲ႕အဓိကျပႆနာေတြထဲက တစ္ခုျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ ေဝဖန္
Pika (NP News) - ဒီဇင္ဘာ ၂
အက်င့္ပ်က္ျခစားမႈဟာ ယူကရိန္းရဲ႕ အဓိကျပႆနာေတြထဲက တစ္ခုအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုဟာ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕နဲ႔ ဖေလာ္ရီဒါျပည္နယ္မွာ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ နာရီပိုင္း အၾကာမွာ ေဒၚနယ္ထရမ့္က ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
ယူကရိန္းမွာ ခက္ခဲတဲ့ျပႆနာအခ်ိဳ႕ရွိတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ၿပီးေနာက္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ရွင္းလင္းေျပာၾကားေပးဖို႔ ေတာင္းဆိုမႈေတြကို ေဒၚနယ္ထရမ့္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါ တယ္။
ေဒၚနယ္ထရမ့္က “ယူကရိန္းမွာက ဘယ္အရာကိုမွ အေထာက္အကူမျဖစ္ေစတဲ့အက်င့္ပ်က္ျခစားမႈေတြက ဆက္ရွိ ေနပါတယ္။ ယူကရိန္းနဲ႔႐ုရွားႏွစ္ႏိုင္ငံစလုံးက ပဋိပကၡကို အဆုံးသတ္လိုၾကၿပီး သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ ကြၽန္ေတာ္တို႔မွာ အခြင့္အလမ္းေကာင္းေတြရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ယူကရိန္းဟာ အက်င့္ပ်က္ျခစားမႈ အရႈပ္ေတာ္ပုံမ်ားစြာနဲ႔ရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါ တယ္။ (၂ဝ၂၃) ခုႏွစ္တုန္းကလည္း ကာကြယ္ေရးစာခ်ဳပ္ေတြမွာ ေငြအလြဲသုံးစားလုပ္မႈေတြနဲ႔ပတ္သက္ၿပီး ကာကြယ္ေရး ဝန္ႀကီး Aleksey Reznikovဟာ ရာထူးကေန ႏႈတ္ထြက္ခဲ့ရတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.