သီရိလင်္ကာနိုင်ငံမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် (၃၃၄)ဦး အထိရှိလာ

125

Pika (NP News) - ဒီဇင်ဘာ ၂
ဆိုင်ကလုန်းမုန်တိုင်း Ditwah ကြောင့်ဖြစ်ပေါ်လာတဲ့ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် သီရိလင်္ကာနိုင်ငံတစ်ဝှမ်းမှာ သေဆုံးသူအရေအတွက်ဟာ (၃၃၄)ဦးအထိ မြင့်တက်လာခဲ့ပြီး အခြားလူ(၄၀၀)ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံတစ်ဝှမ်းမှာ သီတင်းပတ်(၁)ပတ်ကြာအောင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မိုးရွာသွန်းမှု လျော့ပါးသွားခဲ့ပေမယ့်လည်း မြို့တော်ကိုလံဘိုရဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနေဆဲဖြစ်ပြီး လူ(၁)သန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနဲ့အတူ Kelani မြစ်ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် ကိုလံဘိုမြို့ရဲ့ မြောက်ပိုင်းဒေသတွေမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက “ဆိုင်ကလုန်းမုန်တိုင်း Ditwah က ထွက်သွားပြီဖြစ်ပေမယ့် အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် Kelani မြစ်ကမ်းတစ်လျှောက်က မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှုတွေရှိနေတုန်းပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် သီရိလင်္ကာစစ်တပ်ဟာ ဒေသအတော်များများမှာ ပိတ်မိနေတဲ့ ရွာသားတွေကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းဖို့အတွက် ရဟတ်ယာဉ်တွေ၊ရေတပ်သင်္ဘောတွေနဲ့ သံချပ်ကာယာဉ်တွေကို အသုံးပြုလျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
သီရိလကၤာႏိုင္ငံမွာ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ (၃၃၄)ဦး အထိရွိလာ
Pika (NP News) - ဒီဇင္ဘာ ၂
ဆိုင္ကလုန္းမုန္တိုင္း Ditwah ေၾကာင့္ျဖစ္ေပၚလာတဲ့ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ သီရိလကၤာႏိုင္ငံတစ္ဝွမ္းမွာ ေသဆုံးသူအေရအတြက္ဟာ (၃၃၄)ဦးအထိ ျမင့္တက္လာခဲ့ၿပီး အျခားလူ(၄၀၀)ဦး ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
သီရိလကၤာႏိုင္ငံတစ္ဝွမ္းမွာ သီတင္းပတ္(၁)ပတ္ၾကာေအာင္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီးေနာက္ မိုး႐ြာသြန္းမႈ ေလ်ာ့ပါးသြားခဲ့ေပမယ့္လည္း ၿမိဳ႕ေတာ္ကိုလံဘိုရဲ႕ ေျမနိမ့္ပိုင္းေဒသေတြမွာ ေရႀကီးေနဆဲျဖစ္ၿပီး လူ(၁)သန္းေက်ာ္ ေရေဘးသင့္ခဲ့တယ္လို႔ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးဌာနက ေျပာၾကားခဲ့ပါတယ္။
မိုးသည္းထန္စြာ ႐ြာသြန္းခဲ့မႈနဲ႔အတူ Kelani ျမစ္ေရမ်က္ႏွာျပင္ ျမင့္တက္လာတာေၾကာင့္ ကိုလံဘိုၿမိဳ႕ရဲ႕ ေျမာက္ပိုင္းေဒသေတြမွာ ေရႀကီးမႈေတြျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးဌာနက “ဆိုင္ကလုန္းမုန္တိုင္း Ditwah က ထြက္သြားၿပီျဖစ္ေပမယ့္ အထက္ပိုင္းေဒသေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ Kelani ျမစ္ကမ္းတစ္ေလွ်ာက္က ေျမနိမ့္ပိုင္းေဒသေတြမွာ ေရႀကီးမႈေတြရွိေနတုန္းပါပဲ” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ သီရိလကၤာစစ္တပ္ဟာ ေဒသအေတာ္မ်ားမ်ားမွာ ပိတ္မိေနတဲ့ ႐ြာသားေတြကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းဖို႔အတြက္ ရဟတ္ယာဥ္ေတြ၊ေရတပ္သေဘၤာေတြနဲ႔ သံခ်ပ္ကာယာဥ္ေတြကို အသုံးျပဳလ်က္ရွိတယ္လို႔လည္း သိရပါတယ္။