နိုင်ဂျီးရီးယားနိုင်ငံမှာ သေနတ်သမားတွေက သတို့သမီးနဲ့အရန်သတို့သမီးတွေ အပါအဝင် လူ(၁၄)ဦးကို ပြန်ပေးဆွဲ

128

Pika (NP News) - ဒီဇင်ဘာ ၂
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ သေနတ်သမားအဖွဲ့တစ်ဖွဲ့က အမျိုးသမီး(၁၃)ဦးနဲ့ ကလေး(၁)ဦးကို ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရပါတယ်။ သေနတ်သမားတွေဟာ ဆိုကိုတိုပြည်နယ် ချာချိုရွာမှာရှိတဲ့ သတို့သမီးနဲ့ အရန်သတို့သမီး(၁၀)ဦး အပါအဝင် စုစုပေါင်းလူ(၁၄)ဦးကို ပြန်ပေးဆွဲခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သေနတ်သမားတွေဟာ နိုင်ဂျီးရီးယားနိုင်ငံတစ်ဝှမ်းက လူရာပေါင်းများစွာကို ပြန်ပေးဆွဲခဲ့ပြီး အာဏာပိုင်တွေကလည်း ပြန်ပေးဆွဲခံရသူတွေကို ပြန်လည်ရရှိဖို့ အပြင်းအထန် ကြိုးပမ်းနေရ တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ လူရာပေါင်းများစွာ ပြန်ပေးဆွဲခံရမှုဟာ နိုင်ဂျီးရီးယားအစိုးရအပေါ် ဖိအားတွေ ရှိလာစေခဲ့ပြီး သမ္မတဘိုလာတီနူဘာဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေကြေညာခဲ့ရတယ်လို့လည်း သိရပါတယ်။
တာဝန်ရှိသူတစ်ဦးက “သေနတ်သမားတွေက ကျွန်တော်တို့ရဲ့ရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သေနတ်သမား တွေဟာ ဇန်ဂိုရပ်ကွက်မှာရှိတဲ့ အိမ်တစ်အိမ်ကနေ သတို့သမီးနဲ့ အရန်သတို့သမီး(၁၀)ဦး အပါအဝင် စုစုပေါင်း လူ(၁၄)ဦးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ေသနတ္သမားေတြက သတို႔သမီးနဲ႔အရန္သတို႔သမီးေတြ အပါအဝင္ လူ(၁၄)ဦးကို ျပန္ေပးဆြဲ
Pika (NP News) - ဒီဇင္ဘာ ၂
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ ေသနတ္သမားအဖြဲ႕တစ္ဖြဲ႕က အမ်ိဳးသမီး(၁၃)ဦးနဲ႔ ကေလး(၁)ဦးကို ျပန္ေပးဆြဲသြားခဲ့တယ္လို႔ သိရပါတယ္။ ေသနတ္သမားေတြဟာ ဆိုကိုတိုျပည္နယ္ ခ်ာခ်ိဳ႐ြာမွာရွိတဲ့ သတို႔သမီးနဲ႔ အရန္သတို႔သမီး(၁၀)ဦး အပါအဝင္ စုစုေပါင္းလူ(၁၄)ဦးကို ျပန္ေပးဆြဲခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ေသနတ္သမားေတြဟာ ႏိုင္ဂ်ီးရီးယားႏိုင္ငံတစ္ဝွမ္းက လူရာေပါင္းမ်ားစြာကို ျပန္ေပးဆြဲခဲ့ၿပီး အာဏာပိုင္ေတြကလည္း ျပန္ေပးဆြဲခံရသူေတြကို ျပန္လည္ရရွိဖို႔ အျပင္းအထန္ ႀကိဳးပမ္းေနရ တယ္လို႔ သိရပါတယ္။ ႏိုင္ငံတစ္ဝွမ္းမွာ လူရာေပါင္းမ်ားစြာ ျပန္ေပးဆြဲခံရမႈဟာ ႏိုင္ဂ်ီးရီးယားအစိုးရအေပၚ ဖိအားေတြ ရွိလာေစခဲ့ၿပီး သမၼတဘိုလာတီႏူဘာဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အေရးေပၚအေျခအေနေၾကညာခဲ့ရတယ္လို႔လည္း သိရပါတယ္။
တာဝန္ရွိသူတစ္ဦးက “ေသနတ္သမားေတြက ကြၽန္ေတာ္တို႔ရဲ႕႐ြာကို ဝင္ေရာက္စီးနင္းခဲ့ပါတယ္။ ေသနတ္သမား ေတြဟာ ဇန္ဂိုရပ္ကြက္မွာရွိတဲ့ အိမ္တစ္အိမ္ကေန သတို႔သမီးနဲ႔ အရန္သတို႔သမီး(၁၀)ဦး အပါအဝင္ စုစုေပါင္း လူ(၁၄)ဦးကို ျပန္ေပးဆြဲသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။