TNLA ဘက်တွင် လူထောင်ချီ သေဆုံးခဲ့ပြီး ဒေါ်လာ ဘီလျံ နှင့် ချီကာ အကြွေးတင်ခဲ့ကြောင်း တာဘုန်းကျော် ဝန်ခံပြီး နောင်တရနေသည်ကိုလည်း မြင်တွေ့ရ

 5585

သုတကျော် (NP News) - ဒီဇင်ဘာ ၂
ယခု သုံး၊ လေး နှစ် ကာလ အတွင်း TNLA ဘက်တွင် လူထောင်ချီ သေဆုံးခဲ့ပြီး ဒေါ်လာ ဘီလျံ နှင့် ချီကာ အကြွေးတင်ခဲ့ကြောင်း TNLA ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ တာဘုန်းကျော် က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာ ထက်တွင် ဝန်ခံရေးသားခဲ့ပြီး အဆိုပါ စာအတွင်း နောင်တရနေသည်ကိုလည်း မြင်ရသည်။
မိုးကုတ်မြို့ နှင့် မိုးမိတ်မြို့မှ ဆုတ်ခွာခဲ့ရခြင်း နှင့် ပတ်သက်၍ တောင်းပန်ခဲ့သော်လည်း လိုရာစွဲ သမိုင်းများကို ကိုးကားကာ မိုးကုတ်ကို ပလောင်လူမျိုးတို့ တည်ခဲ့သော မြို့ အဖြစ် ရေးသားထားပြီး ပလောင်လူမျိုးတို့ လက်အတွင်း ပြန်ရောက်ရမည်ဟု ရည်မှန်းထားကြောင်း ဆိုထားသည်။
ထို့ပြင် နွေဦး တော်လှန်ရေး ဟု ဆိုကာ လက်နက်ကိုင် ပုန်ကန်ခဲ့သူများ နှင့် ပတ်သက်၍လည်း နောင်တ ရနေသည့် အနေအထား ကို ၎င်း ၏ စာ အတွင်း မြင်ရသည်။
“နွေဦးတော်လှန်ရေးမှာ ဆယ်နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ်။ လက်သုံးချောင်းထောင်သူတွေကို လစဉ် ဆန်အိတ် ထောင်ကြီးပိုင်းကြွေးမွေးမြှင့်တင်လေ့ကျင့်ထားတယ်။ ၃-၄ နှစ်ကာလအတွင်း ရဲဘော်အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်။ အာဏာရှင်နံရံကို ခေါင်းနဲ့အတင်းဝင်တိုက်လို့ ဦးခေါင်းက သွေးချင်းနီရဲလို့ သေမလောက်ပါပဲ။ဗမာတွေ ဒီဒေးခေါ်လို့ လိုက်မပါနိုင်ပေမဲ့ မီရာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်။ တကယ့် တကယ် ၁၀၂၇ လုပ်တော့ ဘယ်ဒီဒေးကမှ လက်တွေ့ပါမလာပဲ နောက်ဆုံး ကိုယ်ပဲအထီးကျန်” ဟု ရေးသားထားသည်။
TNLA တို့ အနေဖြင့် ၎င်းတို့ ဘက်တွင် လူသူ၊ လက်နက်အင်အား နည်းပါးကြောင်းကိုလည်း ဝန်ခံထားသည်ကို မြင်ရသည်။
“ကျည်မရှိ၊ ဘတ်ဂျတ်မရှိ သေစရာလူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်” ဟု ဆိုသည်။

Zawgyi Version:
TNLA ဘက္တြင္ လူေထာင္ခ်ီ ေသဆုံးခဲ့ၿပီး ေဒၚလာ ဘီလ်ံ ႏွင့္ ခ်ီကာ အေႂကြးတင္ခဲ့ေၾကာင္း တာဘုန္းေက်ာ္ ဝန္ခံၿပီး ေနာင္တရေနသည္ကိုလည္း ျမင္ေတြ႕ရ
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂
ယခု သုံး၊ ေလး ႏွစ္ ကာလ အတြင္း TNLA ဘက္တြင္ လူေထာင္ခ်ီ ေသဆုံးခဲ့ၿပီး ေဒၚလာ ဘီလ်ံ ႏွင့္ ခ်ီကာ အေႂကြးတင္ခဲ့ေၾကာင္း TNLA ၏ ေခါင္းေဆာင္တစ္ဦး ျဖစ္သူ တာဘုန္းေက်ာ္ က ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာ ထက္တြင္ ဝန္ခံေရးသားခဲ့ၿပီး အဆိုပါ စာအတြင္း ေနာင္တရေနသည္ကိုလည္း ျမင္ရသည္။
မိုးကုတ္ၿမိဳ႕ ႏွင့္ မိုးမိတ္ၿမိဳ႕မွ ဆုတ္ခြာခဲ့ရျခင္း ႏွင့္ ပတ္သက္၍ ေတာင္းပန္ခဲ့ေသာ္လည္း လိုရာစြဲ သမိုင္းမ်ားကို ကိုးကားကာ မိုးကုတ္ကို ပေလာင္လူမ်ိဳးတို႔ တည္ခဲ့ေသာ ၿမိဳ႕ အျဖစ္ ေရးသားထားၿပီး ပေလာင္လူမ်ိဳးတို႔ လက္အတြင္း ျပန္ေရာက္ရမည္ဟု ရည္မွန္းထားေၾကာင္း ဆိုထားသည္။
ထို႔ျပင္ ေႏြဦး ေတာ္လွန္ေရး ဟု ဆိုကာ လက္နက္ကိုင္ ပုန္ကန္ခဲ့သူမ်ား ႏွင့္ ပတ္သက္၍လည္း ေနာင္တ ရေနသည့္ အေနအထား ကို ၎ ၏ စာ အတြင္း ျမင္ရသည္။
“ေႏြဦးေတာ္လွန္ေရးမွာ ဆယ္ႏွစ္ေက်ာ္ တည္ေဆာက္ထားတဲ့ အရင္းအျမစ္ေတြနဲ႔ အေကာင္းဆုံးပံ့ပိုးခဲ့တယ္။ လက္သုံးေခ်ာင္းေထာင္သူေတြကို လစဥ္ ဆန္အိတ္ ေထာင္ႀကီးပိုင္းေႂကြးေမြးျမႇင့္တင္ေလ့က်င့္ထားတယ္။ ၃-၄ ႏွစ္ကာလအတြင္း ရဲေဘာ္အင္အားေထာင္ခ်ီ ေပးဆပ္အရင္းျပဳခဲ့တယ္။လက္နက္အေႂကြး ေဒၚလာဘီလီယံခ်ီ အေႂကြးတင္ခဲ့တယ္။ အာဏာရွင္နံရံကို ေခါင္းနဲ႔အတင္းဝင္တိုက္လို႔ ဦးေခါင္းက ေသြးခ်င္းနီရဲလို႔ ေသမေလာက္ပါပဲ။ဗမာေတြ ဒီေဒးေခၚလို႔ လိုက္မပါႏိုင္ေပမဲ့ မီရာအရွိန္နဲ႔လိုက္ဖို႔ႀကိဳးပမ္းခဲ့တယ္။ တကယ့္ တကယ္ ၁၀၂၇ လုပ္ေတာ့ ဘယ္ဒီေဒးကမွ လက္ေတြ႕ပါမလာပဲ ေနာက္ဆုံး ကိုယ္ပဲအထီးက်န္” ဟု ေရးသားထားသည္။
TNLA တို႔ အေနျဖင့္ ၎တို႔ ဘက္တြင္ လူသူ၊ လက္နက္အင္အား နည္းပါးေၾကာင္းကိုလည္း ဝန္ခံထားသည္ကို ျမင္ရသည္။
“က်ည္မရွိ၊ ဘတ္ဂ်တ္မရွိ ေသစရာလူသူလည္းနည္းလာေတာ့ မိုးကုတ္-မိုးမိတ္နဲ႔ညႇိၿပီး အပစ္ရပ္ရတယ္” ဟု ဆိုသည္။

Related news

© 2021. All rights reserved.