အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်းအတွင်း တံတားအမှတ်(၁၅၇)အနီး ရထားသံလမ်းပျက်စီးမှုဖြစ်ပွား

 244

သုတကျော် (NP News) - ဒီဇင်ဘာ ၂

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်းအတွင်း တံတားအမှတ်(၁၅၇)အနီး ရထားသံလမ်းပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းလမ်းပိုင်းအတွင်း စုတည်ဘူတာနှင့် တောင်ဇင်းဘူတာအကြား သံလမ်းပြေးယာဉ် RGC 103 ဖြင့် ရထားလမ်းပိုင်းအား ယနေ့နံနက် ၈ နာရီ ၅ဝ မိနစ်ခန့်တွင် သွားရောက်စစ်ဆေးစဉ် မိုင်တိုင် ၃၈၁/၁၅-၁၆ ကြား ပေ ၂ဝ အရှည်ရှိ သံဘောင်တံတားအမှတ်(၁၅၇)အနီးတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ရထားသံလမ်းအရှေ့ဘက်ခြမ်း သံလမ်းဖိနပ် (၁) ပေခန့် ပဲ့ထွက်ပျက်စီးခြင်းနှင့် ဇလီဖား(၃)တုံး ကျိုးပဲ့နေကြောင်းတွေ့ရှိရသဖြင့် စုတည်-တောင်ဇင်း ရထားလမ်းပိုင်းအား နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်တွင် ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ ရထားလမ်းနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် နယ်မြေရှင်းလင်း စစ်ဆေး ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် သံလမ်းအား ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်း များကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ခန့်တွင် လမ်းပိုင်းအား ပြန်လည် ဖွင့်လှစ်သည်။ မိုင်းပေါက်ကွဲမှုကြောင့် ရထားကြန့်ကြာမှုမရှိပါကြောင်းနှင့် လမ်းပိုင်းအတွင်း အပတ်စဉ်ပြေးဆွဲလျက်ရှိသည့် ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန် လူစီးရထားနှင့် အမှတ်(၆၂)အစုန် ပုဂံ-ရန်ကုန် လူစီးရထားများ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေ အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၃)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း(၁၇၉)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်း နှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Zawgyi Version:
အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံ-ေက်ာက္ပန္းေတာင္းရထားလမ္းပိုင္းအတြင္း တံတားအမွတ္(၁၅၇)အနီး ရထားသံလမ္းပ်က္စီးမႈျဖစ္ပြား
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂

အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံ-ေက်ာက္ပန္းေတာင္းရထားလမ္းပိုင္းအတြင္း တံတားအမွတ္(၁၅၇)အနီး ရထားသံလမ္းပ်က္စီးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံ-ေက်ာက္ပန္းေတာင္းလမ္းပိုင္းအတြင္း စုတည္ဘူတာႏွင့္ ေတာင္ဇင္းဘူတာအၾကား သံလမ္းေျပးယာဥ္ RGC 103 ျဖင့္ ရထားလမ္းပိုင္းအား ယေန႔နံနက္ ၈ နာရီ ၅ဝ မိနစ္ခန႔္တြင္ သြားေရာက္စစ္ေဆးစဥ္ မိုင္တိုင္ ၃၈၁/၁၅-၁၆ ၾကား ေပ ၂ဝ အရွည္ရွိ သံေဘာင္တံတားအမွတ္(၁၅၇)အနီးတြင္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သျဖင့္ ရထားသံလမ္းအေရွ႕ဘက္ျခမ္း သံလမ္းဖိနပ္ (၁) ေပခန႔္ ပဲ့ထြက္ပ်က္စီးျခင္းႏွင့္ ဇလီဖား(၃)တုံး က်ိဳးပဲ့ေနေၾကာင္းေတြ႕ရွိရသျဖင့္ စုတည္-ေတာင္ဇင္း ရထားလမ္းပိုင္းအား နံနက္ ၁၀ နာရီ ၁၆ မိနစ္ခန႔္တြင္ ယာယီပိတ္ထားခဲ့ေၾကာင္း သိရသည္။

မိုင္းေပါက္ကြဲမႈ ျဖစ္စဥ္ျဖစ္ပြားရာ ရထားလမ္းေနရာသို႔ နယ္ေျမေဒသတာဝန္ရွိသူမ်ား၊ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နံနက္ ၁၁ နာရီ ၅၅ မိနစ္ခန႔္တြင္ နယ္ေျမရွင္းလင္း စစ္ေဆး ေဆာင္႐ြက္ခဲ့ၿပီး ျမန္မာ့မီးရထားဝန္ထမ္းမ်ားအေနျဖင့္ လမ္းပိုင္းအားအျမန္ဆုံး ျပန္လည္ဖြင့္လွစ္ ႏိုင္ေရးအတြက္ သံလမ္းအား ျဖတ္ေတာက္လဲလွယ္၍ အစားထိုးတပ္ဆင္ျခင္း၊ လမ္းျပဳျပင္ျခင္း မ်ားကို အျမန္ဆုံးျပဳျပင္ေဆာင္႐ြက္ခဲ့ၿပီး မြန္းလြဲ ၂ နာရီ ၅၁ မိနစ္ခန႔္တြင္ လမ္းပိုင္းအား ျပန္လည္ ဖြင့္လွစ္သည္။ မိုင္းေပါက္ကြဲမႈေၾကာင့္ ရထားၾကန႔္ၾကာမႈမရွိပါေၾကာင္းႏွင့္ လမ္းပိုင္းအတြင္း အပတ္စဥ္ေျပးဆြဲလ်က္ရွိသည့္ ရန္ကုန္-ပုဂံ အမွတ္(၆၁)အဆန္ လူစီးရထားႏွင့္ အမွတ္(၆၂)အစုန္ ပုဂံ-ရန္ကုန္ လူစီးရထားမ်ား ပုံမွန္အတိုင္းေျပးဆြဲလ်က္ရွိေၾကာင္း သိရွိရသည္။

အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားအေနျဖင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ယခု အခ်ိန္အထိ ျမန္မာ့မီးရထားလမ္းကြန္ရက္တစ္ခုလုံးတြင္ ရထားလမ္းႏွင့္ ရထားဘူတာ နယ္ေျမ အတြင္း မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္း(၈၃)ႀကိမ္၊ ရထားတံတား/သံလမ္းမ်ားအား မိုင္းေထာင္ ေဖာက္ခြဲ ဖ်က္ဆီးျခင္း(၁၇၉)ႀကိမ္၊ ဘူတာအေဆာက္အဦႏွင့္ ဝန္ထမ္းေနအိမ္မ်ားအား မီးရႈိ႕ ဖ်က္ဆီးျခင္း(၁၆)ႀကိမ္ က်ဴးလြန္ခဲ့ၾကၿပီး ႏိုင္ငံေတာ္ပိုင္ရထားစက္ေခါင္းႏွင့္ တြဲမ်ား၊ ရထားလမ္း ႏွင့္ တံတားမ်ား၊ ခရီးသည္မ်ားႏွင့္ ကုန္စည္မ်ား ထိခိုက္ပ်က္စီးဆုံးရႈံးေစေရး၊ ရထားစီး ခရီးသြားျပည္သူမ်ားအေနျဖင့္ ရထားျဖင့္ခရီးသြားလာရာတြင္ ကိုယ္စိတ္ႏွလုံးခ်မ္းေျမ့ၿပီး အသက္အႏၲရာယ္ကင္းရွင္းစြာျဖင့္ လုံၿခဳံစိတ္ခ်စြာ သြားလာႏိုင္မႈမရွိေစေရးအတြက္ ရည္႐ြယ္ၿပီး ယခုကဲ့သို႔ အႀကိမ္ႀကိမ္က်ဴးလြန္ဖ်က္ဆီးေနၾကျခင္းျဖစ္ေသာ္လည္း ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အမ်ားျပည္သူခရီးသြားလာမႈႏွင့္ ကုန္စည္ပို႔ေဆာင္မႈ အဆင္ေျပေခ်ာေမြ႕ျမန္ဆန္ေစေရးအတြက္ ရထားလမ္းႏွင့္အေျခခံအေဆာက္အဦမ်ား ပိုမိုတိုးတက္ေကာင္းမြန္လာေစေရးႏွင့္ ရထားပို႔ေဆာင္ေရးစနစ္ အဆင့္ျမႇင့္တင္ေရးစီမံကိန္းလုပ္ငန္းမ်ားကို ရည္မွန္းခ်က္ထားရွိ၍ အစဥ္တစိုက္အေလးထား စီမံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

Related news

© 2021. All rights reserved.