(၁၉၃၉) ခုနှစ်ထုတ် Superman No. 1 ရုပ်ပြစာအုပ်ကော်ပီကို အမေရိကန်ဒေါ်လာ (၉ ဒသမ ၁၂) သန်းဖြင့် လေလံတင်ရောင်းချ

 73

Pika (NP News) - ဒီဇင်ဘာ ၃
(၁၉၃၉)ခုနှစ်ထုတ် Superman No. 1 ရုပ်ပြစာအုပ်ကော်ပီကို အမေရိကန်ဒေါ်လာ (၉ ဒသ မ ၁၂) သန်းဖြင့် လေလံတင်ရောင်းချခဲ့ပြီးနောက် ကမ္ဘာ့ဈေးအကြီးဆုံးရုပ်ပြစာအုပ်ဖြစ်လာခဲ့ကြောင်း သိရ သည်။ Superman No. 1 ရုပ်ပြစာအုပ်ကော်ပီကို ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းတွင်‌နေ ထိုင် သည့် မိသားစုတစ်စုက ၎င်းတို့၏မိခင် ဆုံးပါးပြီးနောက် အချိန်တစ်နှစ်အကြာတွင် အိမ်၏ထပ်ခိုးကို သန့် ရှင်းရေးလုပ်စဉ်အချိန်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်းစာဟောင်းအချို့နှင့်အတူ ကတ်ထူပုံးထဲတွင်ထည့်ထားသောရုပ်ပြစာအုပ်ကို ကမ္ဘာ့ အကြီးဆုံးရုပ်ပြအဆင့်သတ်မှတ်ရေးဝန်ဆောင်မှု CGC က စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး အဆင့် သတ် မှတ်ချက် (၁၀) တွင် အဆင့်(၉)ပေးခဲ့ပြီး Superman No. 1 ရုပ်ပြစာအုပ်၏ အဆင့်အမြင့်ဆုံး ကော်ပီ တစ်ခုဖြစ်ကြောင်းဆုံးဖြတ်ခဲ့သည်။ ထို့ပြင် အဆိုပါ Superman No. 1 ရုပ်ပြစာအုပ်ကော်ပီသည် အဆင့် (၆) သို့မဟုတ် ယင်းထက်ပိုသော အဆင့်သတ်မှတ်ချက်ရှိသည့် ကော်ပီစာအုပ်(၇)အုပ်အနက် တစ်ခုဖြစ် ကြောင်းလည်းသိရသည်။
အဆိုပါ Superman No. 1 ရုပ်ပြစာအုပ်ကော်ပီကို အမေရိကန်ဒေါ်လာ(၉ ဒသမ ၁၂)သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း Heritage Auctions အဖွဲ့အစည်းကပြောကြားခဲ့သည်။ (၂၀၂၄) ခုနှစ် တွင် Heritage Auctions အဖွဲ့အစည်းက Superman ဇာတ်ကောင်၏ ပထမဆုံး ရုပ်ရည်သွင်ပြင်ပါသည့် Action Comics No. 1 ရုပ်ပြစာအုပ်ကော်ပီကို ရောင်းချခဲ့စဉ်အချိန်အတွင်း အမေရိကန်ဒေါ်လာ(၆)သန်း ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
(၁၉၃၉) ခုႏွစ္ထုတ္ Superman No. 1 ႐ုပ္ျပစာအုပ္ေကာ္ပီကို အေမရိကန္ေဒၚလာ (၉ ဒသမ ၁၂) သန္းျဖင့္ ေလလံတင္ေရာင္းခ်
Pika (NP News) - ဒီဇင္ဘာ ၃
(၁၉၃၉)ခုႏွစ္ထုတ္ Superman No. 1 ႐ုပ္ျပစာအုပ္ေကာ္ပီကို အေမရိကန္ေဒၚလာ (၉ ဒသ မ ၁၂) သန္းျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ၿပီးေနာက္ ကမာၻ႔ေဈးအႀကီးဆုံး႐ုပ္ျပစာအုပ္ျဖစ္လာခဲ့ေၾကာင္း သိရ သည္။ Superman No. 1 ႐ုပ္ျပစာအုပ္ေကာ္ပီကို ကယ္လီဖိုးနီးယားျပည္နယ္ေျမာက္ပိုင္းတြင္‌ေန ထိုင္ သည့္ မိသားစုတစ္စုက ၎တို႔၏မိခင္ ဆုံးပါးၿပီးေနာက္ အခ်ိန္တစ္ႏွစ္အၾကာတြင္ အိမ္၏ထပ္ခိုးကို သန႔္ ရွင္းေရးလုပ္စဥ္အခ်ိန္အတြင္း ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
သတင္းစာေဟာင္းအခ်ိဳ႕ႏွင့္အတူ ကတ္ထူပုံးထဲတြင္ထည့္ထားေသာ႐ုပ္ျပစာအုပ္ကို ကမာၻ႔ အႀကီးဆုံး႐ုပ္ျပအဆင့္သတ္မွတ္ေရးဝန္ေဆာင္မႈ CGC က စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး အဆင့္ သတ္ မွတ္ခ်က္ (၁၀) တြင္ အဆင့္(၉)ေပးခဲ့ၿပီး Superman No. 1 ႐ုပ္ျပစာအုပ္၏ အဆင့္အျမင့္ဆုံး ေကာ္ပီ တစ္ခုျဖစ္ေၾကာင္းဆုံးျဖတ္ခဲ့သည္။ ထို႔ျပင္ အဆိုပါ Superman No. 1 ႐ုပ္ျပစာအုပ္ေကာ္ပီသည္ အဆင့္ (၆) သို႔မဟုတ္ ယင္းထက္ပိုေသာ အဆင့္သတ္မွတ္ခ်က္ရွိသည့္ ေကာ္ပီစာအုပ္(၇)အုပ္အနက္ တစ္ခုျဖစ္ ေၾကာင္းလည္းသိရသည္။
အဆိုပါ Superman No. 1 ႐ုပ္ျပစာအုပ္ေကာ္ပီကို အေမရိကန္ေဒၚလာ(၉ ဒသမ ၁၂)သန္းျဖင့္ ေလလံတင္ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း Heritage Auctions အဖြဲ႕အစည္းကေျပာၾကားခဲ့သည္။ (၂၀၂၄) ခုႏွစ္ တြင္ Heritage Auctions အဖြဲ႕အစည္းက Superman ဇာတ္ေကာင္၏ ပထမဆုံး ႐ုပ္ရည္သြင္ျပင္ပါသည့္ Action Comics No. 1 ႐ုပ္ျပစာအုပ္ေကာ္ပီကို ေရာင္းခ်ခဲ့စဥ္အခ်ိန္အတြင္း အေမရိကန္ေဒၚလာ(၆)သန္း ျဖင့္ ေလလံတင္ေရာင္းခ်ႏိုင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.