ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းအတွင် ဒေသ (၄)နေရာခန့်မှာ တိုက်ပွဲပြင်းထန်နေ

 621

NP News - ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့်ဧရာဝတီတိုင်းအတွင်းက ဒေသ (၄)နေရာခန့်တွင် အစိုးရတပ် နှင့် AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံ မှသိရသည်။
ရေကြည်၊ လေးမျက်နှာ၊ ရွှေသောင်ယံ၊ သာပေါင်း စသည့်ဒေသများတွင် အစိုးရတပ်နှင့် AA ပူးပေါင်းတပ်တွေကြား ဒီဇင်ဘာလ ၁ ရက် မနက်အစောပိုင်းကစတင်ကာတိုက် ပွဲများဖြစ်ပွားနေပြီး အစိုးရတပ်၏လေကြောင်းပစ်ကူများနှင့် ပြန်လည်ခုခံနေရပြီးတိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
“AA က ရှေ့နည်းနည်းတိုးလာတဲ့ အခြေအနေပါ။ လေးမျက်နှာဘက်မှာ တိုက်ပွဲက ခပ်စိပ်စိပ်ဖြစ်လာသလို ပြင်းထန်လာတယ်။ ငါးသိုင်းချောင်း အမြောက်တပ် အမတ - ၃၄၄ ကို ဝိုင်းဝန်း ပိတ်ဆို့ပြီး တိုက်ခိုက်နေတဲ့ အနေအထားပေါ့။ သာပေါင်း နဂါးရစ်တောင်အနီးမှာလည်း ကြိုကြားကြိုကြားတိုက်ပွဲ ဖြစ်နေတယ်။ရွှေသောင်ယံဘက်က မကျီးဇင်ဘက်ကို တပ်ကစစ်ကြောင်းထိုးလာရင်းနဲ့ AA တပ်နဲ့ ထိတွေတိုက်ပွဲဖြစ်နေတာ'' ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် လက်ရှိမှာ အစိုးရတပ်များသည် ငါးသိုင်းချောင်းမြို့အနီးရှိ ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် အမြောက်တပ်ဝန်းကျင် နှင့် ရခိုင်ရိုးမ အစပ် သာပေါင်းမြို့နယ်၊ သဲဖြူဆက်စပ်သည့်နေရာများအပြင် ပုသိမ်မြို့နယ်အတွင်းက ရွှေသောင်ယံမြို့နေရာများတွင် နေ့စဉ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
"ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာက တိုက်ပွဲက ငြိမ်သွားလိုက်တော်ကြာထဖြစ်လိုက်နဲ့ဖြစ်ခဲ့တယ်။ လတ်တလောတော့ လေးမျက်နှာဘက်က စက်စက်ယိုယိုကျေးရွာနဲ့ သဲနုကုန်းဘက်မှာတော့ အခုရက်ထဲ ပိုပြင်းထန်လာတယ်။ အရပ်သားတွေထိခိုက်သေဆုံးတာရှိတယ်။ အခြေအနေ အသေးစိတ်တော့မသိသေးဘူး။ ခန့်မှန်းမတတ်သေးဘူး" ဟု လေးမျက်နှာမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ တိုက်ပွဲရှိနေသည့် ဒေသသုံးခုတွင် အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်း၊ လေကြောင်းပစ်ကူ ပေးခြင်း၊ စက်တပ် လေထီးများသုံးကာ ခုခံတိုက်ခိုက်နေပြီး အဓိကကျသည့် မြို့အဝင်အထွက်များကို လုံခြုံရေး တင်းကျပ်စစ်ဆေးနေကြောင်း သိရသည်။

Zawgyi Version:
ရခိုင္႐ိုးမအစပ္ ဧရာဝတီတိုင္းအတြင္ ေဒသ (၄)ေနရာခန႔္မွာ တိုက္ပြဲျပင္းထန္ေန
NP News - ဒီဇင္ဘာ ၃
ရခိုင္ျပည္နယ္ႏွင့္ နယ္နိမိတ္ထိစပ္ေနသည့္ဧရာဝတီတိုင္းအတြင္းက ေဒသ (၄)ေနရာခန႔္တြင္ အစိုးရတပ္ ႏွင့္ AA ပူးေပါင္းတပ္ေတြၾကား တိုက္ပြဲမ်ား ျပင္းထန္ေနေၾကာင္း ေဒသခံမ်ားႏွင့္ စစ္ေရးသတင္းရင္းျမစ္မ်ားထံ မွသိရသည္။
ေရၾကည္၊ ေလးမ်က္ႏွာ၊ ေ႐ႊေသာင္ယံ၊ သာေပါင္း စသည့္ေဒသမ်ားတြင္ အစိုးရတပ္ႏွင့္ AA ပူးေပါင္းတပ္ေတြၾကား ဒီဇင္ဘာလ ၁ ရက္ မနက္အေစာပိုင္းကစတင္ကာတိုက္ ပြဲမ်ားျဖစ္ပြားေနၿပီး အစိုးရတပ္၏ေလေၾကာင္းပစ္ကူမ်ားႏွင့္ ျပန္လည္ခုခံေနရၿပီးတိုက္ပြဲ ျပင္းထန္လ်က္ရွိေၾကာင္း သိရသည္။
“AA က ေရွ႕နည္းနည္းတိုးလာတဲ့ အေျခအေနပါ။ ေလးမ်က္ႏွာဘက္မွာ တိုက္ပြဲက ခပ္စိပ္စိပ္ျဖစ္လာသလို ျပင္းထန္လာတယ္။ ငါးသိုင္းေခ်ာင္း အေျမာက္တပ္ အမတ - ၃၄၄ ကို ဝိုင္းဝန္း ပိတ္ဆို႔ၿပီး တိုက္ခိုက္ေနတဲ့ အေနအထားေပါ့။ သာေပါင္း နဂါးရစ္ေတာင္အနီးမွာလည္း ႀကိဳၾကားႀကိဳၾကားတိုက္ပြဲ ျဖစ္ေနတယ္။ေ႐ႊေသာင္ယံဘက္က မက်ီးဇင္ဘက္ကို တပ္ကစစ္ေၾကာင္းထိုးလာရင္းနဲ႔ AA တပ္နဲ႔ ထိေတြတိုက္ပြဲျဖစ္ေနတာ'' ဟု စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
တိုက္ပြဲမ်ားေၾကာင့္ လက္ရွိမွာ အစိုးရတပ္မ်ားသည္ ငါးသိုင္းေခ်ာင္းၿမိဳ႕အနီးရွိ ေရနံ႔သာ စစ္ေဆးေရးဂိတ္မွာ လုံၿခဳံေရးတိုးျမႇင့္ထားသည့္အျပင္ အေျမာက္တပ္ဝန္းက်င္ ႏွင့္ ရခိုင္႐ိုးမ အစပ္ သာေပါင္းၿမိဳ႕နယ္၊ သဲျဖဴဆက္စပ္သည့္ေနရာမ်ားအျပင္ ပုသိမ္ၿမိဳ႕နယ္အတြင္းက ေ႐ႊေသာင္ယံၿမိဳ႕ေနရာမ်ားတြင္ ေန႔စဥ္ နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
"ၿပီးခဲ့တဲ့ ႏိုဝင္ဘာလထဲမွာက တိုက္ပြဲက ၿငိမ္သြားလိုက္ေတာ္ၾကာထျဖစ္လိုက္နဲ႔ျဖစ္ခဲ့တယ္။ လတ္တေလာေတာ့ ေလးမ်က္ႏွာဘက္က စက္စက္ယိုယိုေက်း႐ြာနဲ႔ သဲႏုကုန္းဘက္မွာေတာ့ အခုရက္ထဲ ပိုျပင္းထန္လာတယ္။ အရပ္သားေတြထိခိုက္ေသဆုံးတာရွိတယ္။ အေျခအေန အေသးစိတ္ေတာ့မသိေသးဘူး။ ခန႔္မွန္းမတတ္ေသးဘူး" ဟု ေလးမ်က္ႏွာၿမိဳ႕နယ္မွ ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိ တိုက္ပြဲရွိေနသည့္ ေဒသသုံးခုတြင္ အစိုးရတပ္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ကူေပးျခင္း၊ ေလေၾကာင္းပစ္ကူ ေပးျခင္း၊ စက္တပ္ ေလထီးမ်ားသုံးကာ ခုခံတိုက္ခိုက္ေနၿပီး အဓိကက်သည့္ ၿမိဳ႕အဝင္အထြက္မ်ားကို လုံၿခဳံေရး တင္းက်ပ္စစ္ေဆးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.