နေပြည်တော်တွင် ဝါးမီးသွေး စက်ရုံတည်ဆောက်မည်

 227

Pearl (NP News) - ဒီဇင်ဘာလ ၃

နေပြည်တော်တွင် ဝါးမီးသွေးပြုလုပ် သည့် စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း ဝါး လုပ်ငန်းရှင်များနှင့် နီးစပ်သူများထံ NP News မှ ဆက်သွယ်မေးမြန်းထား ချက်များအရ သိရသည်။
လက်ရှိတွင် နေပြည်တော်ကောင်စီနယ် မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝါးမီးသွေးပြုလုပ်သည့် စက်ရုံတည်ဆောက်ရန် မြေ (၅) ဧကကို အခြား နည်း သုံးစွဲခွင့်တင်ပြထားပြီး စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် မှတ်ပုံ တင်ကာ စက်ရုံအတွက် လိုအပ်သည့် စက်ကိရိယာ များကို ပြည်ပမှ ဝယ်ယူတင်သွင်းမှုများဆောင် ရွက်နေကြောင်း သိရသည်။
" ဝါးမီးသွေးအတောင့်ထုတ်ပြီးတော့ Export ပြန်ပို့ဖို့ လုပ်နေတာရှိပါတယ်။ မြေရရင် ဝါးမီးသွေးစက်ရုံတည်ဆောက်မယ်။ နေပြည်တော် မှာ ပုဗ္ဗသီရိဘက်မှာ ကနဦးအကောင် အထည်ဖော် မှာ။ တစ်ဖက်နိုင်ငံကလည်း စက်ပစ္စည်းတွေ တင်သွင်းဖို့ လည်း စီးပွားကူးသန်းမှာ မှတ်ပုံတင်ပြီး သွင်းနေတာရှိပါတယ်။ လမ်းပန်းဆက်သွယ် ရေး ကြောင့် ခုထိ မရောက်သေးဘူး။ ကျန်တာတွေ ကိုလည်း လိုအပ်တဲ့ အချက်အလက်တွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ လိုက်လုပ်ပေးနေတာရှိပါတယ်" ဟု ဝါးလုပ်ငန်းရှင် တစ်ဦးက NP News သို့ပြောသည်။
ဝါးမီးသွေးထုတ်လုပ်ရန် ဝါးတူ စက်ရုံမှ ရရှိမည့် စွန့်ပစ်ပစ္စည်းများနှင့် ဝါးတူပြုလုပ်ရန် အရည်အသွေးမပြည့်ဝသည့် ဝါးများကို ကုန်ကြမ်း အဖြစ်အသုံးပြုမည်ဖြစ်ပြီး ကုန်ကြမ်းများကို အမှုန့်ကြိတ်၍ ဝါးမီးသွေးအတောင့်များထုတ် လုပ်ကာ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ သွားမည်ဖြစ် ကြောင်းလည်း သိရသည်။
" ပထမအဆင့်က ဝါးတူ လုပ်ငန်း တွေက နေ Waste ဖြစ်တဲ့ ကုန်ကြမ်း လိုက်စု ဆောင်းမယ်။ ဒုတိယအဆင့်က ကိုယ့်ဝါးတူ လုပ် ငန်းက Waste ဖြစ်တဲ့ ကုန်ကြမ်းရယ် ၊ မိတ်ဖက် လုပ်တဲ့ ဝါးတူလုပ်ငန်းရယ်က ကုန်ကြမ်းကို မလောက်ရင် ဝါးတူလုပ်ဖို့ အရည်အသွေးမမီ တာဆိုရင် ကုန်ကြမ်းလုပ်မှာပေါ့။ ဝါးတူကနေ Waste ဖြစ်သွားတဲ့ ကုန်ကြမ်းတွေကို အမှုန့်ကြိတ် ပြီးတော့ ဝါးမီးသွေးပြန်ဖုတ်မယ်။ ဝါးပင်တစ်ပင် လုံးက အလေအလွင့် သိပ်မရှိတော့ဘူးပေါ့။packing သေချာလုပ်ပြီး Export ပြန်ပို့မှာပေါ့။ ဈေးနှုန်းကတော့ မသတ်မှတ်ရသေးဘူး။ Quality ကို သူတို့ လိုချင်တဲ့ Quality ပြန်ပို့ပေး မှာ Sample တွေ ဘာတွေ။ သူတို့ ကိုတော့ နမူနာ ပေးရမယ်ပေါ့။ သူတို့ ကြိုက်တဲ့ Quality ဆိုရင် တန်ချိန်ကတော့များမှာပေါ့။ ဈေးနှုန်းကတော့ ပို့တဲ့အချိန်ကျမှ ညှိရမှာပေါ့ အရည်အသွေးပေါ် မူတည်ပြီးတော့ အပြောင်းအလဲတော့ရှိမှာပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စက်ရုံကို အကောင်အထည် ဖော် တည်ဆောက်နိုင်ပါက ဒေသခံ (၅၀ဝ)ထက် မနည်းကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေး နိုင်မည်ဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေများလည်း ရရှိနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ ဝါးမီးေသြး စက္႐ုံတည္ေဆာက္မည္
Pearl (NP News) - ဒီဇင္ဘာလ ၃

ေနျပည္ေတာ္တြင္ ဝါးမီးေသြးျပဳလုပ္ သည့္ စက္႐ုံတည္ေဆာက္မည္ျဖစ္ေၾကာင္း ဝါး လုပ္ငန္းရွင္မ်ားႏွင့္ နီးစပ္သူမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထား ခ်က္မ်ားအရ သိရသည္။
လက္ရွိတြင္ ေနျပည္ေတာ္ေကာင္စီနယ္ ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္တြင္ ဝါးမီးေသြးျပဳလုပ္သည့္ စက္႐ုံတည္ေဆာက္ရန္ ေျမ (၅) ဧကကို အျခား နည္း သုံးစြဲခြင့္တင္ျပထားၿပီး စီးပြားေရးႏွင့္ ကူး သန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနတြင္ မွတ္ပုံ တင္ကာ စက္႐ုံအတြက္ လိုအပ္သည့္ စက္ကိရိယာ မ်ားကို ျပည္ပမွ ဝယ္ယူတင္သြင္းမႈမ်ားေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။
" ဝါးမီးေသြးအေတာင့္ထုတ္ၿပီးေတာ့ Export ျပန္ပို႔ဖို႔ လုပ္ေနတာရွိပါတယ္။ ေျမရရင္ ဝါးမီးေသြးစက္႐ုံတည္ေဆာက္မယ္။ ေနျပည္ေတာ္ မွာ ပုဗၺသီရိဘက္မွာ ကနဦးအေကာင္ အထည္ေဖာ္ မွာ။ တစ္ဖက္ႏိုင္ငံကလည္း စက္ပစၥည္းေတြ တင္သြင္းဖို႔ လည္း စီးပြားကူးသန္းမွာ မွတ္ပုံတင္ၿပီး သြင္းေနတာရွိပါတယ္။ လမ္းပန္းဆက္သြယ္ ေရး ေၾကာင့္ ခုထိ မေရာက္ေသးဘူး။ က်န္တာေတြ ကိုလည္း လိုအပ္တဲ့ အခ်က္အလက္ေတြကိုလည္း သက္ဆိုင္ရာ ဝန္ႀကီးဌာနနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ လိုက္လုပ္ေပးေနတာရွိပါတယ္" ဟု ဝါးလုပ္ငန္းရွင္ တစ္ဦးက NP News သို႔ေျပာသည္။
ဝါးမီးေသြးထုတ္လုပ္ရန္ ဝါးတူ စက္႐ုံမွ ရရွိမည့္ စြန႔္ပစ္ပစၥည္းမ်ားႏွင့္ ဝါးတူျပဳလုပ္ရန္ အရည္အေသြးမျပည့္ဝသည့္ ဝါးမ်ားကို ကုန္ၾကမ္း အျဖစ္အသုံးျပဳမည္ျဖစ္ၿပီး ကုန္ၾကမ္းမ်ားကို အမႈန႔္ႀကိတ္၍ ဝါးမီးေသြးအေတာင့္မ်ားထုတ္ လုပ္ကာ တ႐ုတ္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံမ်ားသို႔ တင္ပို႔ သြားမည္ျဖစ္ ေၾကာင္းလည္း သိရသည္။
" ပထမအဆင့္က ဝါးတူ လုပ္ငန္း ေတြက ေန Waste ျဖစ္တဲ့ ကုန္ၾကမ္း လိုက္စု ေဆာင္းမယ္။ ဒုတိယအဆင့္က ကိုယ့္ဝါးတူ လုပ္ ငန္းက Waste ျဖစ္တဲ့ ကုန္ၾကမ္းရယ္ ၊ မိတ္ဖက္ လုပ္တဲ့ ဝါးတူလုပ္ငန္းရယ္က ကုန္ၾကမ္းကို မေလာက္ရင္ ဝါးတူလုပ္ဖို႔ အရည္အေသြးမမီ တာဆိုရင္ ကုန္ၾကမ္းလုပ္မွာေပါ့။ ဝါးတူကေန Waste ျဖစ္သြားတဲ့ ကုန္ၾကမ္းေတြကို အမႈန႔္ႀကိတ္ ၿပီးေတာ့ ဝါးမီးေသြးျပန္ဖုတ္မယ္။ ဝါးပင္တစ္ပင္ လုံးက အေလအလြင့္ သိပ္မရွိေတာ့ဘူးေပါ့။packing ေသခ်ာလုပ္ၿပီး Export ျပန္ပို႔မွာေပါ့။ ေဈးႏႈန္းကေတာ့ မသတ္မွတ္ရေသးဘူး။ Quality ကို သူတို႔ လိုခ်င္တဲ့ Quality ျပန္ပို႔ေပး မွာ Sample ေတြ ဘာေတြ။ သူတို႔ ကိုေတာ့ နမူနာ ေပးရမယ္ေပါ့။ သူတို႔ ႀကိဳက္တဲ့ Quality ဆိုရင္ တန္ခ်ိန္ကေတာ့မ်ားမွာေပါ့။ ေဈးႏႈန္းကေတာ့ ပို႔တဲ့အခ်ိန္က်မွ ညႇိရမွာေပါ့ အရည္အေသြးေပၚ မူတည္ၿပီးေတာ့ အေျပာင္းအလဲေတာ့ရွိမွာေပါ့" ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ စက္႐ုံကို အေကာင္အထည္ ေဖာ္ တည္ေဆာက္ႏိုင္ပါက ေဒသခံ (၅၀ဝ)ထက္ မနည္းကို အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေပး ႏိုင္မည္ျဖစ္သည့္အျပင္ ႏိုင္ငံျခားဝင္ေငြမ်ားလည္း ရရွိႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.