ဗန်းမောက် - အင်းတော်လမ်း (သို့မဟုတ်) မျှော်လင့်မရသော ခရီးကြမ်း

279

သုတကျော် (NP News) - ဒီဇင်ဘာလ ၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာနိုင် ငံအထက်ပိုင်းကမြို့နှစ်မြို့ဖြစ်သော ဗန်းမောက်မြို့ နှင့်အင်းတော်မြို့ကြား ဆက်သွယ်ထားသောလမ်းမှာ သာမန်မျှသာဖြစ်သည်။ လမ်းသည် အကောင်းဆုံး လည်း မဟုတ်သကဲ့သို့ အဆိုးဆုံးလည်းမဟုတ်ပေ။
တစ်နာရီခွဲခန့်သာမောင်းနှင်ရမည့် မိုင် (၃၀)ခန့်သာရှိသော ယင်းနှစ်မြို့ကြား အကွာအဝေး ခရီးလမ်းသည် ဒေသတွင်းကမြို့နှစ်မြို့ကိုချိတ်ဆက် ထားသောလမ်းဆိုခြင်းထက် ပို၍အဓိပ္ပာယ်ရှိကြောင်း ကိုမူ ယင်းနှစ်မြို့ကြားမှဒေသခံများအားလုံးက တညီ တညွတ်တည်း ခေါင်းညိတ်ကြပေလိမ့်မည်။
ဗန်းမောက်မြို့ငယ်သည် မြန်မာနိုင်ငံအ တွင်းက တိုးတက်လာမည့်အရိပ်အယောင်ပြနေသော မြို့တစ်မြို့ဖြစ်ပြီး ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည်။ ရှမ်းနီလူမျိုး၊ ကနန်းလူမျိုး၊ ကဒူးလူမျိုး နှင့် ဗမာလူမျိုးများ ရောနှောနေထိုင်ရာ မြို့နယ်တစ်ခု ဖြစ်ပြီး သံရိုင်း၊ ခဲ၊ ဘော် စသည်ဖြင့် သယံဇာတများအ တွက် မျှော်လင့်ချက်ရှိသောနေရာလည်းဖြစ်သည်။ ဗန်းမောက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှလူများ အ များဆုံးသိရှိရာနေရာကား ဇလုံတောင်ဖြစ်၏။
အင်းတော်မြို့သည်ကား တည်နေရာအရ အချက်အချာကျသောမြို့တစ်မြို့ဖြစ်ပြီး ဒုတိယကမ္ဘာ စစ်အတွင်းကလည်း အင်းတော်၏အရေးပါမှုကြောင့် မဟာမိတ်တပ်များက အဆိုပါမြို့ကိုသိမ်းပိုက်ရန်အ တွက် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသောနေရာဖြစ် သည်။ ထို့ပြင် ဗန်းမောက်မြို့အတွက်လည်း အင်း တော်မြို့သည် အရေးပါသောမြို့ဖြစ်သည်။
" အင်းတော်က မန္တလေး-မြစ်ကြီးနား လမ်းပေါ်ရှိတယ်။ ကျွန်တော်တို့ဗန်းမောက်ကကျ တော့ အင်းတော်ကနေတစ်ဆင့်ဝင်ရတာ"ဟု ဗန်း မောက်မြို့ခံတစ်ဦးကဆိုသည်။
ဗန်းမောက်မြို့၏စီးပွားရေးအတွက် အင်း တော်သည် အခရာကျခဲ့ပြီး ယင်းနှစ်မြို့ကြားလမ်း သည် ဗန်းမောက်မြို့ခံများအတွက် အသက်သွေး ကြောသဖွယ်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဗန်း မောက်-ရန်ကုန်၊ ဗန်းမောက်-မန္တလေး စသည်ဖြင့် ခရီးစဉ်များရှိလာခဲ့သော်လည်း ဗန်းမောက်-အင်း တော်လမ်းသည်ကား ဒေသခံများ၏အကျိုးအတွက် ကောင်းစွာအကျိုးပြုနေဆဲပင် ဖြစ်သည်။
မြေပုံတွင်ဖြန့်ကြည့်လိုက်ပါက ဗန်းမောက် နှင့်အနီးဆုံးမြို့မှာလည်း အင်းတော်မြို့သာလျှင်ဖြစ် ပြီး ကျန်နီးသောနေရာများမှာ ကျေးရွာများသာဖြစ် သည်။ ကျန်မြို့များကိုသွားရောက်လိုလျှင်ကား လမ်း ခရီးအဆင်မပြေသည့်အတွက် တောလမ်းကိုသာလျှင် အားပြုပြီးသွားလာရမည်ဖြစ်သည်။
ယင်းသို့ ကိုင်းကျွန်းမီကျွန်းကိုင်မီ နေထိုင် လာခဲ့သော မြို့နှစ်မြို့အကြားတွင် သွေးခွဲရန်ဝင် ရောက်လာသူများသည်ကား သူပုန်တို့ယူလာခဲ့သော စစ်မီးဖြစ်သည်။
(၂၀၂၄)ခုနှစ် ဩဂုတ်လအတွင်း အင်း တော်မြို့ကို KIA နှင့်အပေါင်းအပါ PDF တို့ စတင် တိုက်ခိုက်ခဲ့သောအချိန်မှစတင်ကာ ယင်းနှစ် မြို့ကြား ခရီးသည် လုံခြုံစွာသွားလာနိုင်ခြင်းမရှိတော့ပေ။ သူ ပုန်တို့က အပြီးသတ်ထိန်းချုပ်နိုင်ခြင်းမရှိသေးသော ကြားကာလတွင် နှစ်မြို့ကြားသွားလာရသောအခြေအ နေမှာ စိုးတထိတ်ထိတ်ရှိခဲ့ကြရသည်။
ထို့နောက် ယခုနှစ် ဧပြီလအတွင်း အင်း တော်မြို့ကို သူပုန်တို့ထိန်းချုပ်သွားသောအခါ ယင်း နှစ်မြို့အကြား လမ်းပန်းဆက်သွယ်ရေးမှာ လုံးဝအ ဆင်မပြေတော့ဘဲ သေနတ်ပြောင်းအောက်သို့ရောက် ရှိသွားတော့သည်။
" အင်းတော်ကနေဗန်းမောက်ကြား သွား ရေးလာရေးက အင်းတော်ဘက်ကနေ ဝင်လို့မရတော့ ဘူး။ အင်းတော်မရောက်ခင်က ရွာလမ်းခွဲရှိတယ်။ အဲဒီကနေဝင်ရတာ။ ကွင်းလမ်းပေါ့လေ။ ပုံမှန်အတိုင်း ဆိုရင် အင်းတော်မှာဆင်းတယ်။ ပြီးတော့ ဗန်းမောက် ကိုသွားတယ်ပေါ့။ PDF တွေကသိမ်းသွားတော့ မဲဇာ ဘက်ကနေသွားရတာပေါ့"ဟု အခြား ဗန်းမောက် မြို့ခံတစ်ဦးကဆိုသည်။
အင်းတော်မြို့ကိုထိန်းချုပ်ပြီးနောက် သူပုန်တို့က ဗန်းမောက်မြို့ကို ထပ်မံတိုက်ခိုက်ရန်ပြင် ဆင်လာခဲ့ရာ ဗန်းမောက်-အင်းတော်လမ်းတွင် ကန့် သတ်မှုများပြုလုပ်ခဲ့ကြသည်။ စစ်ရေးအခြေအနေအ ရဟုဆိုကာ ယင်းလမ်းပိုင်းကို လုံးဝပိတ်လိုက်ခြင်း လည်းရှိသည်။ လေဆိပ်လည်းမရှိသော ဗန်းမောက် မြို့ငယ်မှဒေသခံတို့သည်ကား မြို့မှထွက်ရန်အတွက် ပင် ပိတ်ပင်ခံရသောကိန်းဆိုက်ခဲ့သည်။ ထို့ကြောင့် ကျေးရွာချင်းဆက်လမ်းများကိုအသုံးပြုရသည်။ ယင်း ရွာလမ်းများမှတစ်ဆင့် လိုရာခရီးကိုသွားရသော်လည်း ခရီးမတွင်လှပါ။
" အင်းတော်မြို့ကို အရင်က စီးပွားရေးအရ အပြန်အလှန်မှီခိုနေရင်းနဲ့ နောက်ဆုံးမှာ အင်းတော် မြို့ကိုထိန်းချုပ်သွားတော့ ဗန်းမောက်မြို့ကလူတွေအ တွက် စီးပွားရေးလုပ်ဖို့က အင်းတော်ကို ရွေးမရတော့ ဘူး။ အဲဒီတော့ တခြားမြို့တွေကို တစ်ခါ ဆက်သွယ်ရ တယ်။ ဒါပေမဲ့ မြို့ကလည်းသေးပြီး လမ်းပန်းဆက် သွယ်ရေးကလည်းခက်တော့ ပိုပြီးအခက်အခဲတွေ့ သွားတယ်"ဟု အင်းတော်မြို့မှတိမ်းရှောင်ခဲ့သူတစ်ဦးက ထိုစဉ်ကအခြေအနေကိုပြန်ပြောင်းပြောပြ သည်။ အင်းတော်ကိုသိမ်းပြီးနောက် ဘက်ပဲ့သွား ရှာသောဗန်းမောက်မြို့သည် ဆက်သွယ်ရေးလည်း လောက်လောက်လားလားကောင်းသည်ဟု မဆိုနိုင် သောအခြေအနေဖြစ်သည်။ (၂၀၂၂)ခုနှစ်မှ စတင် ကာ နယ်မြေလုံခြုံရေးဖုန်းလိုင်းများလည်း အား နည်းနေပြီး အင်တာနက်လည်း ကောင်းစွာသုံးမရ သောအခြေအနေဖြစ်ရာ မီးလောင်ရာလေပင့်သကဲ့ သို့ ဖြစ်နေခဲ့သည်။ ထို့ကြောင့် လမ်းလည်းမကောင်း၊ ဆက်သွယ်ရေးလည်းအဆင်မပြေသောကိန်းဖြစ်နေ ခဲ့သည်။ ထို့နောက် ယခုနှစ် ဧပြီလအတွင်း ဗန်း မောက်မြို့ကို သူပုန်တို့ထိန်းချုပ်သွားသောအခါ မူလ ကပင် အားနည်းသော၊ ချို့တဲ့ရှာသော ဗန်းမောက်မြို့ သည် ကြွေကျလုတဲတဲ သစ်သီးတစ်လုံးကဲ့သို့ပင် မြေ လွှာသို့ကျဆင်းကာ အခက်အခဲများကိုရင်ဆိုင်ရတော့ သည်။ သူပုန်တို့ တိုက်ပွဲဖော်ဆောင်ကာ ဗန်းမောက်မြို့ ကိုထိန်းချုပ်လိုက်ပြီးနောက် မြို့ခံအများအပြား နေရပ်စွန့်ခွာခဲ့ကြရသည်။ ထို့ပြင် ဗန်းမောက်မြို့နယ် အတွင်းက ကျေးရွာများသည်လည်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာခဲ့ကြရသည်။ အချို့က ဘေးကင်းရာအ ရပ်တွင်ခိုလှုံသည်။ အချို့ကမူ ကျေးရွာများတွင်ကျန် နေရကာ ဘဝတစ်ခုလုံးကို ကံပေါ်ပုံချထားကြရသည်။ အချို့ကား တောတောင်ထဲတွင်ခိုလှုံနေကြသည်။ ဗန်း မောက်မြို့လည်း စစ်ဘေး လုံးဝသင့်သွားပြီဖြစ်ရာ အင်းတော်နှင့်ဗန်းမောက်ကြား လမ်းပန်းဆက်သွယ် ရေးမှာ ပြတ်တောက်လုနီးပါးဖြစ်သွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆက်သွယ်စရာဗန်းမောက် မြို့သည် လူမနေသော မြို့တစ်မြို့သဖွယ်ဖြစ်သွားပြီး အင်းတော်မှာမူ လုံးဝ လူနေကျဲပါးသွားသောကြောင့် တည်း။
" ဗန်းမောက်မြို့နယ်ထဲကိုဝင်ဖို့က တောင် ပိုင်းကနေ ဗန်းမောက်မြို့နယ်ထဲကိုဝင်ဖို့လမ်းက လုံး ဝ ဝင်လို့မရတော့ဘူး။ ဟိုဘက်ကလည်း ဝင်ခွင့်မပေး၊ ဒီဘက်ကလည်းသွားခွင့်မပေးဘူး။ တောလမ်းကနေ တော့သွားလို့ရမယ်"ဟု ဗန်းမောက်မြို့ခံတစ်ဦးက ဆိုသည်။
သို့သော် ဗန်းမောက်မြို့ကို ပြန်ရန်ခက်သ ကဲ့သို့ ဗန်းမောက်မြို့ခံများသည်လည်း မြို့ကိုမပြန်လို ကြတော့ပါ။ စစ်ဘေးကြုံနေရပြီဖြစ်ရာ နေအိမ်များကို စွန့်ခွာခဲ့ကြရသောဒေသခံများအဖို့မှာ အသက်ဘေး လွတ်ရန်အတွက် ဘေးကင်းရာနေရာသို့သာသွားလို သောကြောင့်ဖြစ်သည်။
သို့သော် လေဆိပ်လည်းမရှိ၊ လှေဆိပ် လည်းမရှိသော ဗန်းမောက်မြို့ခံများသည် မန္တလေးကဲ့ သို့မြို့များကိုတိမ်းရှောင်ရန်အတွက် ကားလမ်းမှ ခက် ခက်ခဲခဲသွားရသောလမ်းကိုမရွေးလိုလျှင် ဟုမ္မလင်း မှတစ်ဆင့်လေယာဉ်စီးပြီး မန္တလေးဘက်သို့လာနိုင် ၏။ သို့သော် ယင်းမြို့သို့ရောက်ရန်ခရီးသည်လည်း မလွယ်လှပါ။
" ဟုမ္မလင်းနဲ့ မြို့နယ်ချင်းဆက်လမ်းက လည်း ပိတ်ထားတာ။ ကားနဲ့ဆိုင်ကယ်ဝင်လို့ရတာကို ပိတ်ထားတာ။ မြို့နယ်ချင်းဆက်လမ်းတောင် အခု နောက်ပိုင်းမှဖောက်ပြီးတာ။ အရင်က အသွားအလာ သိပ်မရှိဘူး" ဟု ၎င်းကဆိုသည်။ ဟုမ္မလင်းသို့ရောက် ပြန်လျှင် လေယာဉ်စီးရန်အတွက် စောင့်ဆိုင်းရသော ကာလကလည်း ကြာလှသည်။
" ဟုမ္မလင်းကနေ လေယာဉ်ကလည်း စောင့်ရတယ်။ လက်မှတ်ကလည်း ချက်ချင်းဝယ်၊ ချက်ချင်းရတာမဟုတ်ဘူး။ ပြီးတော့ လေယာဉ်က နေ့ တိုင်းလည်းမရှိဘူး"ဟု လေယာဉ်လက်မှတ် ကိုယ် စားလှယ်တစ်ဦးကဆိုသည်။ လက်ရှိအခြေအနေအရ ယခင်က တစုတ စည်းတည်းနေထိုင်ခဲ့ကြသော ဗန်းမောက်မြို့ခံတို့မှာ ပြန့်ကျဲသွားသောအခြေ အနေကို ဆိုက်ရောက်သွားသည်။ မြို့နေလူထုသာမ က ကျေးရွာနေလူထုတို့မှာလည်း အလားတူပင် စစ်၏အခက်အခဲကိုကြုံကြရသည်။
" ပြန့်ကျဲသွားသလိုဖြစ်သွားတယ် " ဟု ဗန်းမောက်မြို့ခံတစ်ဦးကဆိုသည်။ သို့သော် ၎င်း၏ အသံမှာ တိုးတိတ်လွန်းလှသည်။

Zawgyi Version:
ဗန္းေမာက္ - အင္းေတာ္လမ္း (သို႔မဟုတ္) ေမွ်ာ္လင့္မရေသာ ခရီးၾကမ္း
သုတေက်ာ္ (NP News) - ဒီဇင္ဘာလ ၃
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ျမန္မာႏိုင္ ငံအထက္ပိုင္းကၿမိဳ႕ႏွစ္ၿမိဳ႕ျဖစ္ေသာ ဗန္းေမာက္ၿမိဳ႕ ႏွင့္အင္းေတာ္ၿမိဳ႕ၾကား ဆက္သြယ္ထားေသာလမ္းမွာ သာမန္မွ်သာျဖစ္သည္။ လမ္းသည္ အေကာင္းဆုံး လည္း မဟုတ္သကဲ့သို႔ အဆိုးဆုံးလည္းမဟုတ္ေပ။
တစ္နာရီခြဲခန႔္သာေမာင္းႏွင္ရမည့္ မိုင္ (၃၀)ခန႔္သာရွိေသာ ယင္းႏွစ္ၿမိဳ႕ၾကား အကြာအေဝး ခရီးလမ္းသည္ ေဒသတြင္းကၿမိဳ႕ႏွစ္ၿမိဳ႕ကိုခ်ိတ္ဆက္ ထားေသာလမ္းဆိုျခင္းထက္ ပို၍အဓိပၸာယ္ရွိေၾကာင္း ကိုမူ ယင္းႏွစ္ၿမိဳ႕ၾကားမွေဒသခံမ်ားအားလုံးက တညီ တၫြတ္တည္း ေခါင္းညိတ္ၾကေပလိမ့္မည္။
ဗန္းေမာက္ၿမိဳ႕ငယ္သည္ ျမန္မာႏိုင္ငံအ တြင္းက တိုးတက္လာမည့္အရိပ္အေယာင္ျပေနေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ယခင္က လမ္းပန္းဆက္သြယ္ေရး ခက္ခဲခဲ့သည္။ ရွမ္းနီလူမ်ိဳး၊ ကနန္းလူမ်ိဳး၊ ကဒူးလူမ်ိဳး ႏွင့္ ဗမာလူမ်ိဳးမ်ား ေရာေႏွာေနထိုင္ရာ ၿမိဳ႕နယ္တစ္ခု ျဖစ္ၿပီး သံ႐ိုင္း၊ ခဲ၊ ေဘာ္ စသည္ျဖင့္ သယံဇာတမ်ားအ တြက္ ေမွ်ာ္လင့္ခ်က္ရွိေသာေနရာလည္းျဖစ္သည္။ ဗန္းေမာက္ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံမွလူမ်ား အ မ်ားဆုံးသိရွိရာေနရာကား ဇလုံေတာင္ျဖစ္၏။
အင္းေတာ္ၿမိဳ႕သည္ကား တည္ေနရာအရ အခ်က္အခ်ာက်ေသာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ဒုတိယကမာၻ စစ္အတြင္းကလည္း အင္းေတာ္၏အေရးပါမႈေၾကာင့္ မဟာမိတ္တပ္မ်ားက အဆိုပါၿမိဳ႕ကိုသိမ္းပိုက္ရန္အ တြက္ ခက္ခက္ခဲခဲတိုက္ခိုက္ခဲ့ရေသာေနရာျဖစ္ သည္။ ထို႔ျပင္ ဗန္းေမာက္ၿမိဳ႕အတြက္လည္း အင္း ေတာ္ၿမိဳ႕သည္ အေရးပါေသာၿမိဳ႕ျဖစ္သည္။
" အင္းေတာ္က မႏၲေလး-ျမစ္ႀကီးနား လမ္းေပၚရွိတယ္။ ကြၽန္ေတာ္တို႔ဗန္းေမာက္ကက် ေတာ့ အင္းေတာ္ကေနတစ္ဆင့္ဝင္ရတာ"ဟု ဗန္း ေမာက္ၿမိဳ႕ခံတစ္ဦးကဆိုသည္။
ဗန္းေမာက္ၿမိဳ႕၏စီးပြားေရးအတြက္ အင္း ေတာ္သည္ အခရာက်ခဲ့ၿပီး ယင္းႏွစ္ၿမိဳ႕ၾကားလမ္း သည္ ဗန္းေမာက္ၿမိဳ႕ခံမ်ားအတြက္ အသက္ေသြး ေၾကာသဖြယ္ျဖစ္လာခဲ့သည္။ ေနာက္ပိုင္းတြင္ ဗန္း ေမာက္-ရန္ကုန္၊ ဗန္းေမာက္-မႏၲေလး စသည္ျဖင့္ ခရီးစဥ္မ်ားရွိလာခဲ့ေသာ္လည္း ဗန္းေမာက္-အင္း ေတာ္လမ္းသည္ကား ေဒသခံမ်ား၏အက်ိဳးအတြက္ ေကာင္းစြာအက်ိဳးျပဳေနဆဲပင္ ျဖစ္သည္။
ေျမပုံတြင္ျဖန႔္ၾကည့္လိုက္ပါက ဗန္းေမာက္ ႏွင့္အနီးဆုံးၿမိဳ႕မွာလည္း အင္းေတာ္ၿမိဳ႕သာလွ်င္ျဖစ္ ၿပီး က်န္နီးေသာေနရာမ်ားမွာ ေက်း႐ြာမ်ားသာျဖစ္ သည္။ က်န္ၿမိဳ႕မ်ားကိုသြားေရာက္လိုလွ်င္ကား လမ္း ခရီးအဆင္မေျပသည့္အတြက္ ေတာလမ္းကိုသာလွ်င္ အားျပဳၿပီးသြားလာရမည္ျဖစ္သည္။
ယင္းသို႔ ကိုင္းကြၽန္းမီကြၽန္းကိုင္မီ ေနထိုင္ လာခဲ့ေသာ ၿမိဳ႕ႏွစ္ၿမိဳ႕အၾကားတြင္ ေသြးခြဲရန္ဝင္ ေရာက္လာသူမ်ားသည္ကား သူပုန္တို႔ယူလာခဲ့ေသာ စစ္မီးျဖစ္သည္။
(၂၀၂၄)ခုႏွစ္ ဩဂုတ္လအတြင္း အင္း ေတာ္ၿမိဳ႕ကို KIA ႏွင့္အေပါင္းအပါ PDF တို႔ စတင္ တိုက္ခိုက္ခဲ့ေသာအခ်ိန္မွစတင္ကာ ယင္းႏွစ္ ၿမိဳ႕ၾကား ခရီးသည္ လုံၿခဳံစြာသြားလာႏိုင္ျခင္းမရွိေတာ့ေပ။ သူ ပုန္တို႔က အၿပီးသတ္ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေသးေသာ ၾကားကာလတြင္ ႏွစ္ၿမိဳ႕ၾကားသြားလာရေသာအေျခအ ေနမွာ စိုးတထိတ္ထိတ္ရွိခဲ့ၾကရသည္။
ထို႔ေနာက္ ယခုႏွစ္ ဧၿပီလအတြင္း အင္း ေတာ္ၿမိဳ႕ကို သူပုန္တို႔ထိန္းခ်ဳပ္သြားေသာအခါ ယင္း ႏွစ္ၿမိဳ႕အၾကား လမ္းပန္းဆက္သြယ္ေရးမွာ လုံးဝအ ဆင္မေျပေတာ့ဘဲ ေသနတ္ေျပာင္းေအာက္သို႔ေရာက္ ရွိသြားေတာ့သည္။
" အင္းေတာ္ကေနဗန္းေမာက္ၾကား သြား ေရးလာေရးက အင္းေတာ္ဘက္ကေန ဝင္လို႔မရေတာ့ ဘူး။ အင္းေတာ္မေရာက္ခင္က ႐ြာလမ္းခြဲရွိတယ္။ အဲဒီကေနဝင္ရတာ။ ကြင္းလမ္းေပါ့ေလ။ ပုံမွန္အတိုင္း ဆိုရင္ အင္းေတာ္မွာဆင္းတယ္။ ၿပီးေတာ့ ဗန္းေမာက္ ကိုသြားတယ္ေပါ့။ PDF ေတြကသိမ္းသြားေတာ့ မဲဇာ ဘက္ကေနသြားရတာေပါ့"ဟု အျခား ဗန္းေမာက္ ၿမိဳ႕ခံတစ္ဦးကဆိုသည္။
အင္းေတာ္ၿမိဳ႕ကိုထိန္းခ်ဳပ္ၿပီးေနာက္ သူပုန္တို႔က ဗန္းေမာက္ၿမိဳ႕ကို ထပ္မံတိုက္ခိုက္ရန္ျပင္ ဆင္လာခဲ့ရာ ဗန္းေမာက္-အင္းေတာ္လမ္းတြင္ ကန႔္ သတ္မႈမ်ားျပဳလုပ္ခဲ့ၾကသည္။ စစ္ေရးအေျခအေနအ ရဟုဆိုကာ ယင္းလမ္းပိုင္းကို လုံးဝပိတ္လိုက္ျခင္း လည္းရွိသည္။ ေလဆိပ္လည္းမရွိေသာ ဗန္းေမာက္ ၿမိဳ႕ငယ္မွေဒသခံတို႔သည္ကား ၿမိဳ႕မွထြက္ရန္အတြက္ ပင္ ပိတ္ပင္ခံရေသာကိန္းဆိုက္ခဲ့သည္။ ထို႔ေၾကာင့္ ေက်း႐ြာခ်င္းဆက္လမ္းမ်ားကိုအသုံးျပဳရသည္။ ယင္း ႐ြာလမ္းမ်ားမွတစ္ဆင့္ လိုရာခရီးကိုသြားရေသာ္လည္း ခရီးမတြင္လွပါ။
" အင္းေတာ္ၿမိဳ႕ကို အရင္က စီးပြားေရးအရ အျပန္အလွန္မွီခိုေနရင္းနဲ႔ ေနာက္ဆုံးမွာ အင္းေတာ္ ၿမိဳ႕ကိုထိန္းခ်ဳပ္သြားေတာ့ ဗန္းေမာက္ၿမိဳ႕ကလူေတြအ တြက္ စီးပြားေရးလုပ္ဖို႔က အင္းေတာ္ကို ေ႐ြးမရေတာ့ ဘူး။ အဲဒီေတာ့ တျခားၿမိဳ႕ေတြကို တစ္ခါ ဆက္သြယ္ရ တယ္။ ဒါေပမဲ့ ၿမိဳ႕ကလည္းေသးၿပီး လမ္းပန္းဆက္ သြယ္ေရးကလည္းခက္ေတာ့ ပိုၿပီးအခက္အခဲေတြ႕ သြားတယ္"ဟု အင္းေတာ္ၿမိဳ႕မွတိမ္းေရွာင္ခဲ့သူတစ္ဦးက ထိုစဥ္ကအေျခအေနကိုျပန္ေျပာင္းေျပာျပ သည္။ အင္းေတာ္ကိုသိမ္းၿပီးေနာက္ ဘက္ပဲ့သြား ရွာေသာဗန္းေမာက္ၿမိဳ႕သည္ ဆက္သြယ္ေရးလည္း ေလာက္ေလာက္လားလားေကာင္းသည္ဟု မဆိုႏိုင္ ေသာအေျခအေနျဖစ္သည္။ (၂၀၂၂)ခုႏွစ္မွ စတင္ ကာ နယ္ေျမလုံၿခဳံေရးဖုန္းလိုင္းမ်ားလည္း အား နည္းေနၿပီး အင္တာနက္လည္း ေကာင္းစြာသုံးမရ ေသာအေျခအေနျဖစ္ရာ မီးေလာင္ရာေလပင့္သကဲ့ သို႔ ျဖစ္ေနခဲ့သည္။ ထို႔ေၾကာင့္ လမ္းလည္းမေကာင္း၊ ဆက္သြယ္ေရးလည္းအဆင္မေျပေသာကိန္းျဖစ္ေန ခဲ့သည္။ ထို႔ေနာက္ ယခုႏွစ္ ဧၿပီလအတြင္း ဗန္း ေမာက္ၿမိဳ႕ကို သူပုန္တို႔ထိန္းခ်ဳပ္သြားေသာအခါ မူလ ကပင္ အားနည္းေသာ၊ ခ်ိဳ႕တဲ့ရွာေသာ ဗန္းေမာက္ၿမိဳ႕ သည္ ေႂကြက်လုတဲတဲ သစ္သီးတစ္လုံးကဲ့သို႔ပင္ ေျမ လႊာသို႔က်ဆင္းကာ အခက္အခဲမ်ားကိုရင္ဆိုင္ရေတာ့ သည္။ သူပုန္တို႔ တိုက္ပြဲေဖာ္ေဆာင္ကာ ဗန္းေမာက္ၿမိဳ႕ ကိုထိန္းခ်ဳပ္လိုက္ၿပီးေနာက္ ၿမိဳ႕ခံအမ်ားအျပား ေနရပ္စြန႔္ခြာခဲ့ၾကရသည္။ ထို႔ျပင္ ဗန္းေမာက္ၿမိဳ႕နယ္ အတြင္းက ေက်း႐ြာမ်ားသည္လည္း စစ္ေဘးေၾကာင့္ ေနရပ္စြန႔္ခြာခဲ့ၾကရသည္။ အခ်ိဳ႕က ေဘးကင္းရာအ ရပ္တြင္ခိုလႈံသည္။ အခ်ိဳ႕ကမူ ေက်း႐ြာမ်ားတြင္က်န္ ေနရကာ ဘဝတစ္ခုလုံးကို ကံေပၚပုံခ်ထားၾကရသည္။ အခ်ိဳ႕ကား ေတာေတာင္ထဲတြင္ခိုလႈံေနၾကသည္။ ဗန္း ေမာက္ၿမိဳ႕လည္း စစ္ေဘး လုံးဝသင့္သြားၿပီျဖစ္ရာ အင္းေတာ္ႏွင့္ဗန္းေမာက္ၾကား လမ္းပန္းဆက္သြယ္ ေရးမွာ ျပတ္ေတာက္လုနီးပါးျဖစ္သြားၿပီျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဆက္သြယ္စရာဗန္းေမာက္ ၿမိဳ႕သည္ လူမေနေသာ ၿမိဳ႕တစ္ၿမိဳ႕သဖြယ္ျဖစ္သြားၿပီး အင္းေတာ္မွာမူ လုံးဝ လူေနက်ဲပါးသြားေသာေၾကာင့္ တည္း။
" ဗန္းေမာက္ၿမိဳ႕နယ္ထဲကိုဝင္ဖို႔က ေတာင္ ပိုင္းကေန ဗန္းေမာက္ၿမိဳ႕နယ္ထဲကိုဝင္ဖို႔လမ္းက လုံး ဝ ဝင္လို႔မရေတာ့ဘူး။ ဟိုဘက္ကလည္း ဝင္ခြင့္မေပး၊ ဒီဘက္ကလည္းသြားခြင့္မေပးဘူး။ ေတာလမ္းကေန ေတာ့သြားလို႔ရမယ္"ဟု ဗန္းေမာက္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
သို႔ေသာ္ ဗန္းေမာက္ၿမိဳ႕ကို ျပန္ရန္ခက္သ ကဲ့သို႔ ဗန္းေမာက္ၿမိဳ႕ခံမ်ားသည္လည္း ၿမိဳ႕ကိုမျပန္လို ၾကေတာ့ပါ။ စစ္ေဘးႀကဳံေနရၿပီျဖစ္ရာ ေနအိမ္မ်ားကို စြန႔္ခြာခဲ့ၾကရေသာေဒသခံမ်ားအဖို႔မွာ အသက္ေဘး လြတ္ရန္အတြက္ ေဘးကင္းရာေနရာသို႔သာသြားလို ေသာေၾကာင့္ျဖစ္သည္။
သို႔ေသာ္ ေလဆိပ္လည္းမရွိ၊ ေလွဆိပ္ လည္းမရွိေသာ ဗန္းေမာက္ၿမိဳ႕ခံမ်ားသည္ မႏၲေလးကဲ့ သို႔ၿမိဳ႕မ်ားကိုတိမ္းေရွာင္ရန္အတြက္ ကားလမ္းမွ ခက္ ခက္ခဲခဲသြားရေသာလမ္းကိုမေ႐ြးလိုလွ်င္ ဟုမၼလင္း မွတစ္ဆင့္ေလယာဥ္စီးၿပီး မႏၲေလးဘက္သို႔လာႏိုင္ ၏။ သို႔ေသာ္ ယင္းၿမိဳ႕သို႔ေရာက္ရန္ခရီးသည္လည္း မလြယ္လွပါ။
" ဟုမၼလင္းနဲ႔ ၿမိဳ႕နယ္ခ်င္းဆက္လမ္းက လည္း ပိတ္ထားတာ။ ကားနဲ႔ဆိုင္ကယ္ဝင္လို႔ရတာကို ပိတ္ထားတာ။ ၿမိဳ႕နယ္ခ်င္းဆက္လမ္းေတာင္ အခု ေနာက္ပိုင္းမွေဖာက္ၿပီးတာ။ အရင္က အသြားအလာ သိပ္မရွိဘူး" ဟု ၎ကဆိုသည္။ ဟုမၼလင္းသို႔ေရာက္ ျပန္လွ်င္ ေလယာဥ္စီးရန္အတြက္ ေစာင့္ဆိုင္းရေသာ ကာလကလည္း ၾကာလွသည္။
" ဟုမၼလင္းကေန ေလယာဥ္ကလည္း ေစာင့္ရတယ္။ လက္မွတ္ကလည္း ခ်က္ခ်င္းဝယ္၊ ခ်က္ခ်င္းရတာမဟုတ္ဘူး။ ၿပီးေတာ့ ေလယာဥ္က ေန႔ တိုင္းလည္းမရွိဘူး"ဟု ေလယာဥ္လက္မွတ္ ကိုယ္ စားလွယ္တစ္ဦးကဆိုသည္။ လက္ရွိအေျခအေနအရ ယခင္က တစုတ စည္းတည္းေနထိုင္ခဲ့ၾကေသာ ဗန္းေမာက္ၿမိဳ႕ခံတို႔မွာ ျပန႔္က်ဲသြားေသာအေျခ အေနကို ဆိုက္ေရာက္သြားသည္။ ၿမိဳ႕ေနလူထုသာမ က ေက်း႐ြာေနလူထုတို႔မွာလည္း အလားတူပင္ စစ္၏အခက္အခဲကိုႀကဳံၾကရသည္။
" ျပန႔္က်ဲသြားသလိုျဖစ္သြားတယ္ " ဟု ဗန္းေမာက္ၿမိဳ႕ခံတစ္ဦးကဆိုသည္။ သို႔ေသာ္ ၎၏ အသံမွာ တိုးတိတ္လြန္းလွသည္။