(၄) တန်းကျောင်းသူအား အဓမ္မပြုကျင့်သောအမျိုးသားအား အလုပ်နှင့်ထောင်ဒဏ် (၂၅)နှစ် ချမှတ်

981
သန့်ဇင် (NP News) - ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် (၄) တန်းကျောင်းသူအား အဓမ္မပြုကျင့်သောအမျိုးသားကို ယနေ့(ဒီဇင်ဘာ ၃ ရက်) နံနက်ပိုင်းတွင် ပဲခူးခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် (၂၅)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်၊ ည ၉ နာရီအချိန့်ခန့်က ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကိုကြွယ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခံရသူသည် အသက် (၁၁)နှစ်(၄) တန်းကျောင်းသူဖြစ်ပြီး လိုင်းခန်းတွင် အတူငှားရမ်းနေထိုင်သူ နိုင်နိုင်(ခ)နိုင်လင်းဝေက ၎င်း၏ နေအိမ်အခန်းသို့ခေါ်ဆောင်၍ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခင်ကလည်း ယခုကဲ့သို့ (၄)တန်းကျောင်းသူကို သားမယားအဖြစ် (၃)ကြိမ် ပြုကျင့်ခဲ့ဖူးကြောင်းသိရသည်။
ထို့ကြောင့် ကျူးလွန်သူအမျိုးသားကို ပဲခူးခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ-၃၇၆(၃)အရ အလုပ်နှင့်ထောင်ဒဏ်(၂ဝ)နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ-၃၇၇ အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ် ပြစ်ဒဏ်များ သီးခြားစီကျခံစေရန် အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၄) တန္းေက်ာင္းသူအား အဓမၼျပဳက်င့္ေသာအမ်ိဳးသားအား အလုပ္ႏွင့္ေထာင္ဒဏ္ (၂၅)ႏွစ္ ခ်မွတ္
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္၊ အင္းတေကာ္ၿမိဳ႕တြင္ (၄) တန္းေက်ာင္းသူအား အဓမၼျပဳက်င့္ေသာအမ်ိဳးသားကို ယေန႔(ဒီဇင္ဘာ ၃ ရက္) နံနက္ပိုင္းတြင္ ပဲခူးခ႐ိုင္တရား႐ုံးက အလုပ္ႏွင့္ေထာင္ဒဏ္ (၂၅)ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ေအာက္တိုဘာ ၁၅ ရက္၊ ည ၉ နာရီအခ်ိန႔္ခန႔္က ပဲခူးၿမိဳ႕နယ္၊ အင္းတေကာ္ၿမိဳ႕၊ ကိုႂကြယ္ကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
က်ဴးလြန္ခံရသူသည္ အသက္ (၁၁)ႏွစ္(၄) တန္းေက်ာင္းသူျဖစ္ၿပီး လိုင္းခန္းတြင္ အတူငွားရမ္းေနထိုင္သူ ႏိုင္ႏိုင္(ခ)ႏိုင္လင္းေဝက ၎၏ ေနအိမ္အခန္းသို႔ေခၚေဆာင္၍ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယခင္ကလည္း ယခုကဲ့သို႔ (၄)တန္းေက်ာင္းသူကို သားမယားအျဖစ္ (၃)ႀကိမ္ ျပဳက်င့္ခဲ့ဖူးေၾကာင္းသိရသည္။
ထို႔ေၾကာင့္ က်ဴးလြန္သူအမ်ိဳးသားကို ပဲခူးခ႐ိုင္တရား႐ုံးမွ ရာဇသတ္ႀကီးပုဒ္မ-၃၇၆(၃)အရ အလုပ္ႏွင့္ေထာင္ဒဏ္(၂ဝ)ႏွစ္ႏွင့္ ရာဇသတ္ႀကီးပုဒ္မ-၃၇၇ အရ အလုပ္ႏွင့္ေထာင္ဒဏ္(၅)ႏွစ္ ျပစ္ဒဏ္မ်ား သီးျခားစီက်ခံေစရန္ အၿပီးသတ္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။