မကွေးတိုင်းတွင်ဥစားကြက်မွေးမြူရေးဇုန် တည်ဆောက်မည်

37

ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီးအတွင်း ကြက်ဥများကို လုံလောက်စွာ ရရှိစားသုံးနိုင်စေရန် ဥစားကြက်မွေးမြူရေးဇုန်ကို ဖော်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီးသမဝါယမအသင်းမှ သိရသည်။
အဆိုပါမွေးမြူရေးဇုန်ကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအနီးရှိ ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိမှာ ဥစားကြက်မွေးမြူရေး ဇုန်အတွင်း ကြက်ခြံ ၆ ခြံနှင့် ဥစားကြက်အကောင်ရေ ၁ သောင်းကျော်ကို မွေးမြူထားကြောင်း သိရသည်။
“ဥစားကြက်မွေးမြူရေးဇုန်ဖော်ဆောင်တာဟာ တိုင်းဒေသကြီးအတွင်းက ပြည်သူတွေ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ကြက်ခြံတွေကိုလည်း ထပ်ပြီးတိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး သမဝါယမအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆက်လက်ပြီး ဥစားကြက်မွေးမြူရေးဇုန်အတွင်း ကြက်ခြံပေါင်း ၃၀ ခန့်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဥစားကြက်မွေးမြူရေးဇုန်မှ ထွက်ရှိသည့် ကြက်ဥများကို အရွယ်အစားပေါ်မူတည်ကာ တစ်လုံးလျှင် ငွေကျပ် ၃၀၀ မှ ၄၀၀ အထိ ရောင်းချပေးနေကြောင်း ၎င်းက ပြောသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ရွှေတင့်တူး စိုက်ပျိုးရေးမွေးမြူရေးဇုန်ကို ပထမအဆင့်အဖြစ် မြေလွတ်မြေရိုင်း ဧက ၁၅၀ ပေါ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥစားကြက်မွေးမြူရေးဇုန်အပါအဝင် စပါးစိုက်ပျိုးရေးဇုန်များပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဒုတိယအဆင့်အဖြစ် ဧက ၂၀၀ ပေါ်၌ စပါးစိုက်ပျိုးရေးဇုန်အပါအဝင် ဝက်မွေးမြူရေးနှင့် ငါးမွေးမြူရေးဇုန်များကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

Zawgyi Version:
မေကြးတိုင္းတြင္ဥစားၾကက္ေမြးျမဴေရးဇုန္ တည္ေဆာက္မည္
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၄
မေကြးတိုင္းေဒသႀကီးအတြင္း ၾကက္ဥမ်ားကို လုံေလာက္စြာ ရရွိစားသုံးႏိုင္ေစရန္ ဥစားၾကက္ေမြးျမဴေရးဇုန္ကို ေဖာ္ေဆာင္ေနေၾကာင္း မေကြးတိုင္းေဒသႀကီးသမဝါယမအသင္းမွ သိရသည္။
အဆိုပါေမြးျမဴေရးဇုန္ကို မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ ရွားပင္လွေက်း႐ြာအနီးရွိ ေ႐ႊတင့္တူး စိုက္ပ်ိဳးေမြးျမဴေရးဇုန္အတြင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး လက္ရွိမွာ ဥစားၾကက္ေမြးျမဴေရး ဇုန္အတြင္း ၾကက္ၿခံ ၆ ၿခံႏွင့္ ဥစားၾကက္အေကာင္ေရ ၁ ေသာင္းေက်ာ္ကို ေမြးျမဴထားေၾကာင္း သိရသည္။
“ဥစားၾကက္ေမြးျမဴေရးဇုန္ေဖာ္ေဆာင္တာဟာ တိုင္းေဒသႀကီးအတြင္းက ျပည္သူေတြ ေဈးႏႈန္းသက္သာစြာ စားသုံးႏိုင္ဖို႔ ရည္႐ြယ္တာျဖစ္ပါတယ္။ ၾကက္ၿခံေတြကိုလည္း ထပ္ၿပီးတိုးခ်ဲ႕သြားမွာျဖစ္ပါတယ္” ဟု မေကြးတိုင္းေဒသႀကီး သမဝါယမအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဆက္လက္ၿပီး ဥစားၾကက္ေမြးျမဴေရးဇုန္အတြင္း ၾကက္ၿခံေပါင္း ၃၀ ခန႔္အထိ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ဥစားၾကက္ေမြးျမဴေရးဇုန္မွ ထြက္ရွိသည့္ ၾကက္ဥမ်ားကို အ႐ြယ္အစားေပၚမူတည္ကာ တစ္လုံးလွ်င္ ေငြက်ပ္ ၃၀၀ မွ ၄၀၀ အထိ ေရာင္းခ်ေပးေနေၾကာင္း ၎က ေျပာသည္။
လက္ရွိမွာ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ အေနျဖင့္ ေ႐ႊတင့္တူး စိုက္ပ်ိဳးေရးေမြးျမဴေရးဇုန္ကို ပထမအဆင့္အျဖစ္ ေျမလြတ္ေျမ႐ိုင္း ဧက ၁၅၀ ေပၚ၌ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ဥစားၾကက္ေမြးျမဴေရးဇုန္အပါအဝင္ စပါးစိုက္ပ်ိဳးေရးဇုန္မ်ားပါဝင္ေၾကာင္း သိရသည္။
ထို႔အျပင္ ဒုတိယအဆင့္အျဖစ္ ဧက ၂၀၀ ေပၚ၌ စပါးစိုက္ပ်ိဳးေရးဇုန္အပါအဝင္ ဝက္ေမြးျမဴေရးႏွင့္ ငါးေမြးျမဴေရးဇုန္မ်ားကိုပါ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ဟု သိရသည္။