စစ်ဘေးသင့် မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးသို့ ရောက်ရှိ။ ဘိန်းစီးပွားရေး ပြန်လည်အားကောင်းလာခြင်းမှာ မြန်မာ့အနာဂတ်ကို ပုံဖော်နေဟု ဆို

72

HtayOung(NP News)ဒီဇင်ဘာ-၄
စစ်ဘေးသင့် မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၁၀ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ယခုနောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြ ထားတယ်လို့ “အယ်လ်ဂျားဇီးယား” (3 December 2025) က ရေးပါတယ်။
UNODC စစ်တမ်းအရ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုမှာ ဧက ၁၃၁,၂၀၀ ခန့်ရှိပြီး ယခင်နှစ်ထက် ၁၇% တိုးလာကြောင်း တွေ့မြင်ရပါတယ်။ စစ်ဒဏ်ခံစားနေရတဲ့ နိုင်ငံအတွင်း အဓိက ဘိန်းစိုက်ဒေသအားလုံး မှာ စိုက်ပျိုးမှုတိုးချဲ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစီးပွားရေးဟာ ပြန်လည်အားကောင်းလာပြီး လာမယ့် နှစ်များမှာ ဆက်လက်တိုးတက်နိုင်ကြောင်း ညွှန်ပြနေပါတယ်။
တာလီဘန်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာ ၂၀၂၂-ခုနှစ်မှာ စတင် အသက်ဝင်လာပြီး လုံခြုံရေး တပ်များရဲ့ နှိမ်နင်းမှုကြောင့် ဘိန်းခင်းများမှာ နိုင်ငံ့အရှေ့မြောက်ပိုင်းကို ရွှေပြောင်းသွားပါတယ်။ ဘိန်းစိုက်သူ များမှာ ဖမ်းဆီးခံရခြင်း- ဒဏ်ရာရရှိခြင်းနဲ့ ပစ်ဿတ်ခံရခြင်းတို့ကို ရင်ဆိုင်နေရသည့်တိုင် နှစ်စဉ်ဘိန်းတန်ချိန် ၄၆၀၀ ကျော်ကိုတော့ မှန်မှန်ကြီး ရိတ်သိမ်းနိုင်ပါတယ်။ ဒီအတွက် နှိမ်နင်းနေတဲ့အပြင် ဘိန်းအစား ထိုးသီးနှံ စိုက်ပျိုးရေးကို အကူအညီပေးကြဖို့ ကုလသမဂ္ဂမှတဆင့် တာလီဘန်တို့က တောင်းဆိုပါတယ်။ ဒါပေမယ့် အမေ ရိကန်နဲ့ အနောက်အုပ်စုလို ချမ်းသာသြဇာကြီးတိုင်းပြည်များက ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကြောင့် ကျန်ကမ္ဘာ့ နိုင်ငံများက မကြားဟန်ဆောင်နေကြပါတယ်။
တစ်ပြိုင်တည်းမှာပဲ အာဖဂန်ရဲ့ မူးယစ်ဆေးဝါးပြဿနာမှာ ထုတ်လုပ်ရလွယ်ကူပြီး ရှာဖွေရန်ခက်ခဲတဲ့ စိတ်ကြွ ဓါတုဆေးဝါးများလည်း ပါဝင်လာပါတယ်။ ၂၀၂၄-ခုနှစ် အာဖဂန်နဲ့ အိမ်နီးချင်းနိုင်ငံများမှာ သိမ်းဆည်းနိုင်မှုအရ စိတ်ကြွဆေးထွက်ရှိဟာ ယမန်နှစ်ကထက် ၅၀% တိုးလာပါတယ်။ စိတ်ကြွဆေး ကမ္ဘာ့အများဆုံး ထွက်ရှိရာ မြန်မာနိုင်ငံကတော့ ယခင်အတိုင်း ကမ္ဘာ့ပထမနေရာမှာ ဆက်လက်ရပ်တည်နေတဲ့အပြင် ဘိန်းထွက်ရှိမှုပါ အပင်လိမ်လာပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ “အိုက်စ်” ခေါ် မက်သာအမ်ဖီတာမင်းပုံဆောင်ခဲတွေဟာ သြစတြေးလျ လမ်းမတွေပေါ်မှာ လျှံထွက်နေပါတယ်။
မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်တောင်ပိုင်း တောင်ကုန်းတွေမှာ ဘိန်းခင်းတွေချည့်ဖြစ်နေပါတယ်။ တရုတ်ကုန် သည်တွေက ဘိန်းစိုက်ဖို့ ငွေကြိုပေးပြီး ဒေသခံလက်နက်ကိုင်တွေက ဘိန်းနဲ့ပဲ အခွန်ကောက်ပါတယ်။ ဖယ်ခုံ မြို့အနီး တောင်တက်လမ်းများတလျောက် မူးယစ်ဆေးတင်ပို့မှုဟာ ဒေသခံများအတွက် ရိုးရာဓလေ့ဖြစ်နေပါ တယ်။ အဲ့ဒီလမ်းကြောင်းတွေဟာ အိမ်နီးချင်း တရုတ်-လာအို-ထိုင်းတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်လို့ နယ်မြေကွင်းဆင်းလေ့လာသူ အယ်လ်ဂျာဇီးယားက ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှု ၂၀% ကျဆင်းသွားပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့တရားမဝင် ဘိန်းစိုက်ပျိုးမှုရဲ့ အဓိကရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် စိုက်ပျိုးဧရိယာ တိုးလာသည့်တိုင် တစ်ဧက ဘိန်းထွက်ရှိမှုပမာ ဏမှာ တစ်ပြေးညီနှုန်းထားနဲ့ တိုးတက်နေခြင်းတော့ မရှိပါဘူး။ အဲ့ဒီလို ဖြစ်ရခြင်းက မြန်မာနိုင်ငံဟာ ပဋိပက္ခ နဲ့ မလုံခြုံမှုများ ပိုမိုကြုံတွေ့နေရတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ UNODC က ပြောပါတယ်။ တိုက်ပွဲများနဲ့ မ တည်ငြိမ်မှုများကြောင့် စိုက်ပျိုးသူများအနေနဲ့ သူတို့ဘိန်းခင်းတွေကို ဂရုစိုက်ဖို့ အထွက်နှုန်း ကောင်းကောင်း ရအောင် ထိန်းသိမ်းဖို့ ခက်ခဲစေပါတယ်။
ဘိန်းစိုက်ပျိုးမှု တိုးတက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုမှာ ဘိန်းဈေးကောင်းလာခြင်းကြောင့် ဖြစ်ပါ တယ်။ ၂၀၁၉ ခုနှစ် လတ်ဆတ်တဲ့ ဘိန်းဖြူ တစ်ကီလိုဂရမ်ရဲ့ ဈေးနှုန်းမှာ ဒေါ်လာ ၁၄၅ ခန့်ရှိပေမယ့် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၃၂၉ အထိ မြင့်တက်လာခဲ့ပါတယ်။ ပဋိပက္ခဇုန်များနဲ့ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင် နေရတဲ့ တောင်သူများစွာအတွက် အခုလိုမြင့်မားတဲ့ဈေးနှုန်းဟာ ဘိန်းစိုက်ပျိုးရန် ခိုင်မာတဲ့ လှုံ့ဆော်မှုတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ထုတ်လုပ်လိုက်တဲ့ ဟီးရိုးအင်းတွေဟာ ယခင် အာဖဂန်နစ္စတန်တင်ပို့ခဲ့တဲ့ နိုင်ငံတကာ ဈေးကွက် မျာမှာ နေရာယူလာကြောင်း UNODC ကလည်း သတိပေးထားပါတယ်။ ထိုင်းနိုင်ငံမှတဆင့် ရောက်ရှိ လာတဲ့ ခရီးသည်များထံမှ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဟီးရိုးအင်း ၆၀ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဥရောပအရာရှိများက သတင်းပေးပို့ခဲ့ပါတယ်။
အဲ့ဒီလမ်းကြောင်းဟာ ပဋိပက္ခများဖြစ်ပွားနေခြင်း၊ (လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဒေသခံတောင်သူများ) ရှင်သန်ရပ်တည်ရေး လိုအပ်ချက်များနဲ့ ဆွဲဆောင်မှုကောင်းတဲ့ ဈေးနှုန်းများကြောင့် ပေါ်ပေါက်လာခြင်းဖြစ် တယ်လို့ UNODC က ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ မြင့်တက်လာနေတဲ့ ဘိန်းထုတ်လုပ်မှုဟာ ဒေသတွင်းနဲ့ ကမ္ဘာ တစ်ဝှမ်းရှိ မူးယစ်ဆေးဝါး ဈေးကွက်များကို သက်ရောက်စေမှာဖြစ်ပြီး အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်နေပြီလို့ သတိပေးပါတယ်။
..

Zawgyi Version:
စစ္ေဘးသင့္ ျမန္မာႏိုင္ငံတြင္ ၁၀ ႏွစ္အတြင္း ဘိန္းစိုက္ပ်ိဳးမႈ အျမင့္ဆုံးသို႔ ေရာက္ရွိ။ ဘိန္းစီးပြားေရး ျပန္လည္အားေကာင္းလာျခင္းမွာ ျမန္မာ့အနာဂတ္ကို ပုံေဖာ္ေနဟု ဆို
HtayOung(NP News)ဒီဇင္ဘာ-၄
စစ္ေဘးသင့္ ျမန္မာႏိုင္ငံရဲ႕ ဘိန္းစိုက္ပ်ိဳးမႈဟာ ၁၀ ႏွစ္အတြင္း အျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိလာခဲ့ေၾကာင္း ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ယခုေနာက္ဆုံး အစီရင္ခံစာမွာ ေဖာ္ျပ ထားတယ္လို႔ “အယ္လ္ဂ်ားဇီးယား” (3 December 2025) က ေရးပါတယ္။
UNODC စစ္တမ္းအရ ၂၀၂၅ ခုႏွစ္ ျမန္မာႏိုင္ငံရဲ႕ ဘိန္းစိုက္ပ်ိဳးမႈမွာ ဧက ၁၃၁,၂၀၀ ခန႔္ရွိၿပီး ယခင္ႏွစ္ထက္ ၁၇% တိုးလာေၾကာင္း ေတြ႕ျမင္ရပါတယ္။ စစ္ဒဏ္ခံစားေနရတဲ့ ႏိုင္ငံအတြင္း အဓိက ဘိန္းစိုက္ေဒသအားလုံး မွာ စိုက္ပ်ိဳးမႈတိုးခ်ဲ႕လာခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဘိန္းစီးပြားေရးဟာ ျပန္လည္အားေကာင္းလာၿပီး လာမယ့္ ႏွစ္မ်ားမွာ ဆက္လက္တိုးတက္ႏိုင္ေၾကာင္း ၫႊန္ျပေနပါတယ္။
တာလီဘန္အစိုးရရဲ႕ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးဟာ ၂၀၂၂-ခုႏွစ္မွာ စတင္ အသက္ဝင္လာၿပီး လုံၿခဳံေရး တပ္မ်ားရဲ႕ ႏွိမ္နင္းမႈေၾကာင့္ ဘိန္းခင္းမ်ားမွာ ႏိုင္ငံ့အေရွ႕ေျမာက္ပိုင္းကို ေ႐ႊေျပာင္းသြားပါတယ္။ ဘိန္းစိုက္သူ မ်ားမွာ ဖမ္းဆီးခံရျခင္း- ဒဏ္ရာရရွိျခင္းနဲ႔ ပစ္ႆတ္ခံရျခင္းတို႔ကို ရင္ဆိုင္ေနရသည့္တိုင္ ႏွစ္စဥ္ဘိန္းတန္ခ်ိန္ ၄၆၀၀ ေက်ာ္ကိုေတာ့ မွန္မွန္ႀကီး ရိတ္သိမ္းႏိုင္ပါတယ္။ ဒီအတြက္ ႏွိမ္နင္းေနတဲ့အျပင္ ဘိန္းအစား ထိုးသီးႏွံ စိုက္ပ်ိဳးေရးကို အကူအညီေပးၾကဖို႔ ကုလသမဂၢမွတဆင့္ တာလီဘန္တို႔က ေတာင္းဆိုပါတယ္။ ဒါေပမယ့္ အေမ ရိကန္နဲ႔ အေနာက္အုပ္စုလို ခ်မ္းသာၾသဇာႀကီးတိုင္းျပည္မ်ားက ဒဏ္ခတ္ပိတ္ဆို႔ထားျခင္းေၾကာင့္ က်န္ကမာၻ႔ ႏိုင္ငံမ်ားက မၾကားဟန္ေဆာင္ေနၾကပါတယ္။
တစ္ၿပိဳင္တည္းမွာပဲ အာဖဂန္ရဲ႕ မူးယစ္ေဆးဝါးျပႆနာမွာ ထုတ္လုပ္ရလြယ္ကူၿပီး ရွာေဖြရန္ခက္ခဲတဲ့ စိတ္ႂကြ ဓါတုေဆးဝါးမ်ားလည္း ပါဝင္လာပါတယ္။ ၂၀၂၄-ခုႏွစ္ အာဖဂန္နဲ႔ အိမ္နီးခ်င္းႏိုင္ငံမ်ားမွာ သိမ္းဆည္းႏိုင္မႈအရ စိတ္ႂကြေဆးထြက္ရွိဟာ ယမန္ႏွစ္ကထက္ ၅၀% တိုးလာပါတယ္။ စိတ္ႂကြေဆး ကမာၻ႔အမ်ားဆုံး ထြက္ရွိရာ ျမန္မာႏိုင္ငံကေတာ့ ယခင္အတိုင္း ကမာၻ႔ပထမေနရာမွာ ဆက္လက္ရပ္တည္ေနတဲ့အျပင္ ဘိန္းထြက္ရွိမႈပါ အပင္လိမ္လာပါတယ္။ ျမန္မာႏိုင္ငံက ထြက္ရွိတဲ့ “အိုက္စ္” ေခၚ မက္သာအမ္ဖီတာမင္းပုံေဆာင္ခဲေတြဟာ ၾသစေၾတးလ် လမ္းမေတြေပၚမွာ လွ်ံထြက္ေနပါတယ္။
ျမန္မာႏိုင္ငံအေရွ႕ပိုင္း ရွမ္းျပည္ေတာင္ပိုင္း ေတာင္ကုန္းေတြမွာ ဘိန္းခင္းေတြခ်ည့္ျဖစ္ေနပါတယ္။ တ႐ုတ္ကုန္ သည္ေတြက ဘိန္းစိုက္ဖို႔ ေငြႀကိဳေပးၿပီး ေဒသခံလက္နက္ကိုင္ေတြက ဘိန္းနဲ႔ပဲ အခြန္ေကာက္ပါတယ္။ ဖယ္ခုံ ၿမိဳ႕အနီး ေတာင္တက္လမ္းမ်ားတေလ်ာက္ မူးယစ္ေဆးတင္ပို႔မႈဟာ ေဒသခံမ်ားအတြက္ ႐ိုးရာဓေလ့ျဖစ္ေနပါ တယ္။ အဲ့ဒီလမ္းေၾကာင္းေတြဟာ အိမ္နီးခ်င္း တ႐ုတ္-လာအို-ထိုင္းတို႔နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတယ္လို႔ နယ္ေျမကြင္းဆင္းေလ့လာသူ အယ္လ္ဂ်ာဇီးယားက ေျပာပါတယ္။
အာဖဂန္နစၥတန္မွာ ဘိန္းစိုက္ပ်ိဳးမႈ ၂၀% က်ဆင္းသြားၿပီး ျမန္မာႏိုင္ငံဟာ ကမာၻ႔တရားမဝင္ ဘိန္းစိုက္ပ်ိဳးမႈရဲ႕ အဓိကရင္းျမစ္ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ စိုက္ပ်ိဳးဧရိယာ တိုးလာသည့္တိုင္ တစ္ဧက ဘိန္းထြက္ရွိမႈပမာ ဏမွာ တစ္ေျပးညီႏႈန္းထားနဲ႔ တိုးတက္ေနျခင္းေတာ့ မရွိပါဘူး။ အဲ့ဒီလို ျဖစ္ရျခင္းက ျမန္မာႏိုင္ငံဟာ ပဋိပကၡ နဲ႔ မလုံၿခဳံမႈမ်ား ပိုမိုႀကဳံေတြ႕ေနရတဲ့အတြက္ေၾကာင့္ျဖစ္တယ္လို႔ UNODC က ေျပာပါတယ္။ တိုက္ပြဲမ်ားနဲ႔ မ တည္ၿငိမ္မႈမ်ားေၾကာင့္ စိုက္ပ်ိဳးသူမ်ားအေနနဲ႔ သူတို႔ဘိန္းခင္းေတြကို ဂ႐ုစိုက္ဖို႔ အထြက္ႏႈန္း ေကာင္းေကာင္း ရေအာင္ ထိန္းသိမ္းဖို႔ ခက္ခဲေစပါတယ္။
ဘိန္းစိုက္ပ်ိဳးမႈ တိုးတက္လာရျခင္းရဲ႕ အဓိကအေၾကာင္းရင္းတစ္ခုမွာ ဘိန္းေဈးေကာင္းလာျခင္းေၾကာင့္ ျဖစ္ပါ တယ္။ ၂၀၁၉ ခုႏွစ္ လတ္ဆတ္တဲ့ ဘိန္းျဖဴ တစ္ကီလိုဂရမ္ရဲ႕ ေဈးႏႈန္းမွာ ေဒၚလာ ၁၄၅ ခန႔္ရွိေပမယ့္ ၂၀၂၅ ခုႏွစ္မွာ ေဒၚလာ ၃၂၉ အထိ ျမင့္တက္လာခဲ့ပါတယ္။ ပဋိပကၡဇုန္မ်ားနဲ႔ ဆင္းရဲမြဲေတမႈမ်ဥ္းေအာက္မွာ ေနထိုင္ ေနရတဲ့ ေတာင္သူမ်ားစြာအတြက္ အခုလိုျမင့္မားတဲ့ေဈးႏႈန္းဟာ ဘိန္းစိုက္ပ်ိဳးရန္ ခိုင္မာတဲ့ လႈံ႕ေဆာ္မႈတစ္ခု ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွ ထုတ္လုပ္လိုက္တဲ့ ဟီး႐ိုးအင္းေတြဟာ ယခင္ အာဖဂန္နစၥတန္တင္ပို႔ခဲ့တဲ့ ႏိုင္ငံတကာ ေဈးကြက္ မ်ာမွာ ေနရာယူလာေၾကာင္း UNODC ကလည္း သတိေပးထားပါတယ္။ ထိုင္းႏိုင္ငံမွတဆင့္ ေရာက္ရွိ လာတဲ့ ခရီးသည္မ်ားထံမွ ျမန္မာႏိုင္ငံနဲ႔ ဆက္စပ္ေနတဲ့ ဟီး႐ိုးအင္း ၆၀ ကီလိုဂရမ္ခန႔္ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ဥေရာပအရာရွိမ်ားက သတင္းေပးပို႔ခဲ့ပါတယ္။
အဲ့ဒီလမ္းေၾကာင္းဟာ ပဋိပကၡမ်ားျဖစ္ပြားေနျခင္း၊ (လက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔ ေဒသခံေတာင္သူမ်ား) ရွင္သန္ရပ္တည္ေရး လိုအပ္ခ်က္မ်ားနဲ႔ ဆြဲေဆာင္မႈေကာင္းတဲ့ ေဈးႏႈန္းမ်ားေၾကာင့္ ေပၚေပါက္လာျခင္းျဖစ္ တယ္လို႔ UNODC က ဆိုပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ျမင့္တက္လာေနတဲ့ ဘိန္းထုတ္လုပ္မႈဟာ ေဒသတြင္းနဲ႔ ကမာၻ တစ္ဝွမ္းရွိ မူးယစ္ေဆးဝါး ေဈးကြက္မ်ားကို သက္ေရာက္ေစမွာျဖစ္ၿပီး အေရးတႀကီး ကိုင္တြယ္ေဆာင္႐ြက္ရန္ လိုအပ္ေနၿပီလို႔ သတိေပးပါတယ္။
..