မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆင်သေရေသောက်စနစ်၌ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း၂၁ ခု ဆောင်ရွက်ပြီးစီး

169

Pearl (NP News) - ဒီဇင်ဘာ ၄
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆင်သေရေသောက်စနစ်၌ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း၂၁ ခု ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေရေသောက်စနစ်တွင် တူးမြောင်းနှင့် ရေပေးအဆောက်အအုံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ နွေသီးနှံများအား စိုက်ပျိုးရေ ပေးဝေနေသည့်ရာသီချိန်ဖြစ်သဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေရေးအတွက် အရေးပေါ်ယာယီပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့၍ ၂၀၂၄ - ၂၀၂၅ ခုနှစ် ဆည်ရေပေးရာသီတွင် နွေးစပါး ၈၉၃၄ ဧက၊ အခြားသီးနှံ ၁၉၁၉ ဧကနှင့် မိုးစပါး ၁၀၉၆၃ ဧက စိုက်ပျိုးရေပေးဝေစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါ အခိုင်အမာပြန်လည်ပြင်ဆင်နေမှုများ ဆောင်ရွက်လျက်ရှိရာ ဆင်သေဆည်ရေသောက်စနစ် ၌ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းစုစုပေါင်း ၃၈ ခု ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၁ ခုမှာ ဆောင်ရွက်ပြီးစီး၍ ဆောင်ရွက်ဆဲ ၁၀ ခုရှိပြီး ဆောင်ရွက်ရန် ခုနစ်ခု ကျန်ရှိကြောင်း သိရသည်။
ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် ဆည်ရေပေးရာသီတွင် နွေစပါး ၈၉၃၄ ဧကကျော်၊ အခြားသီးနှံ ၂၆၄၆ ဧကကျော် စုစုပေါင်း ဧက ၁၁၅၈၀ ကို စိုက်ပျိုးရေပေးဝေရန် လျာထားလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆင်သေရေလှောင်တမံ အပါ အဝင် ရေလှောင်တမံ ၁၂ ခု၌ စိုက်ပျိုးရေအတွက် ပြည့်စုံလုံလောက်စွာ သိုလှောင်ထားရှိပြီးဖြစ်သဖြင့် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ သီးထပ်စွမ်းအားတိုးမြှင့် စိုက်ပျိုးနိုင်ရေးပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆင်သေရေလွှဲဆည်အစား တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် (အသစ်) ကို နေရာပြောင်းရွှေ့တည်ဆောက်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ခဲ့သည့္ ဆင္ေသေရေသာက္စနစ္၌ ျပဳျပင္တည္ေဆာက္ျခင္းလုပ္ငန္း၂၁ ခု ေဆာင္႐ြက္ၿပီးစီး
Pearl (NP News) - ဒီဇင္ဘာ ၄
မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ခဲ့သည့္ ဆင္ေသေရေသာက္စနစ္၌ ျပဳျပင္တည္ေဆာက္ျခင္းလုပ္ငန္း၂၁ ခု ေဆာင္႐ြက္ၿပီးစီးၿပီျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ ဆင္ေသေရေသာက္စနစ္တြင္ တူးေျမာင္းႏွင့္ ေရေပးအေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးမႈျဖစ္ေပၚခဲ့ရာ ေႏြသီးႏွံမ်ားအား စိုက္ပ်ိဳးေရ ေပးေဝေနသည့္ရာသီခ်ိန္ျဖစ္သျဖင့္ သီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈ မထိခိုက္ေစေရးအတြက္ အေရးေပၚယာယီျပင္ဆင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ခဲ့၍ ၂၀၂၄ - ၂၀၂၅ ခုႏွစ္ ဆည္ေရေပးရာသီတြင္ ေႏြးစပါး ၈၉၃၄ ဧက၊ အျခားသီးႏွံ ၁၉၁၉ ဧကႏွင့္ မိုးစပါး ၁၀၉၆၃ ဧက စိုက္ပ်ိဳးေရေပးေဝစိုက္ပ်ိဳးႏိုင္ခဲ့ေၾကာင္း သိရသည္။
ယခုအခါ အခိုင္အမာျပန္လည္ျပင္ဆင္ေနမႈမ်ား ေဆာင္႐ြက္လ်က္ရွိရာ ဆင္ေသဆည္ေရေသာက္စနစ္ ၌ ျပဳျပင္တည္ေဆာက္ျခင္းလုပ္ငန္းစုစုေပါင္း ၃၈ ခု ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ၂၁ ခုမွာ ေဆာင္႐ြက္ၿပီးစီး၍ ေဆာင္႐ြက္ဆဲ ၁၀ ခုရွိၿပီး ေဆာင္႐ြက္ရန္ ခုနစ္ခု က်န္ရွိေၾကာင္း သိရသည္။
ယခုႏွစ္ ၂၀၂၅-၂၀၂၆ ခုႏွစ္ ဆည္ေရေပးရာသီတြင္ ေႏြစပါး ၈၉၃၄ ဧကေက်ာ္၊ အျခားသီးႏွံ ၂၆၄၆ ဧကေက်ာ္ စုစုေပါင္း ဧက ၁၁၅၈၀ ကို စိုက္ပ်ိဳးေရေပးေဝရန္ လ်ာထားလ်က္ရွိၿပီး ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္အတြင္း ဆင္ေသေရေလွာင္တမံ အပါ အဝင္ ေရေလွာင္တမံ ၁၂ ခု၌ စိုက္ပ်ိဳးေရအတြက္ ျပည့္စုံလုံေလာက္စြာ သိုေလွာင္ထားရွိၿပီးျဖစ္သျဖင့္ ႏိုင္ငံေတာ္အႀကီးအကဲ၏လမ္းၫႊန္ခ်က္ႏွင့္အညီ သီးထပ္စြမ္းအားတိုးျမႇင့္ စိုက္ပ်ိဳးႏိုင္ေရးျပင္ဆင္ျခင္း၊ ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ေသာ ဆင္ေသေရလႊဲဆည္အစား တပ္ကုန္းၿမိဳ႕နယ္ သရက္ကြင္းေက်း႐ြာအနီးရွိ ဆင္ေသေရလႊဲဆည္ (အသစ္) ကို ေနရာေျပာင္းေ႐ႊ႕တည္ေဆာက္ရန္ ျပင္ဆင္ေနေၾကာင္းလည္း သိရသည္။