အိမ်ခြံမြေ၊ စက်မှုဇုန်နှင့် တရားမဝင်ငွေကြေးဈေးကွက်များသို့ ကျားဖျန့်ငွေ စီးဝင်လာနိုင်ခြေ မြင့်မား (သတင်းဆောင်းပါး)

105

စော (NP News)ဒီဇင်ဘာ၄
မြန်မာနှင့်ထိုင်း မြဝတီနယ်စပ်ရှိ ကျားဖျန့်ရုံများကို စစ်ဆင်ရေးအသွင်ဖြင့် ဝင်ရောက်စီးနင်းရှာဖွေ မှုများလုပ်ဆောင်နေခြင်းကြောင့် ယခင်က ကျားဖျန့် လုပ်ကိုင်ဖူးသူနောက်လိုက်များမှာ ပြည်တွင်းသို့ဝင် ရောက်ကာ ရန်ကုန်၊ မန္တလေး အစရှိသောမြို့ကြီးများတွင် ကျားဖျန့်လုပ်ငန်းများ လုပ်ကိုင်လာနိုင် ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
လတ်တလောတွင် အိမ်ခြံမြေနှင့် ကား လောကအတွင်းသို့ နိုင်ငံခြားငွေဖြင့် ဝင်ရောက်ဈေး ကစားခြင်းများဖြစ်ပေါ်လာနိုင်ပြီး တရုတ်စကားနှင့် မြန်မာစကားကျွမ်းကျင်သူများ ဝင်ရောက်လာနိုင် ကြောင်းသိရသည်။ ဒီဂျစ်တယ်ငွေကြေးများဖြစ်သည့် Bitcoin နှင့် USDT များ ဈေးကွက်အတွင်း ဝင် ရောက်လာနိုင်ပြီး ဈေးကွက်အတွင်း ဈေးကစားမှုများကြုံတွေ့နိုင်ကြောင်း သုံးသပ်ချက်များရှိနေသည်။
“အရင်တုန်းက တစ်သိန်းသုံးသောင်းကျော်အထိ ပေါက်တယ်။ Bitcoin လို့ပြောတာပေါ့။ အခုက (၉)သောင်းအထိကိုဆင်းသွားတာ။ ဘာလို့ဆို ရောင်း လိုအားအရမ်းများရင် ဈေးကျမှာပဲ။ မကိုင်ထား တော့ဘူး။ မကိုင်ထားတဲ့အတွက် ဈေးကျမှာပဲ။ ဈေးကျတဲ့အပြင် ဘာဖြစ်လာလဲဆိုတော့ အပြင်ကိုပဲ ထုတ်မပြောတာလား။ ဘယ်လိုလဲတော့မသိဘူး။ အပြင်မှာ ဒေါ်လာအရွက်တွေနဲ့ USDT တွေနဲ့ လဲတာ များလာတယ်။ ဥပမာဆိုရင် အစ်ကိုက ကျွန်တော့်ကို ဒေါ်လာတစ်သောင်းပေးမယ်ပေါ့နော်။ အစ်ကို့ကို Crypto currency USDT နဲ့ဒေါ်လာတစ်သောင်းနဲ့တစ်ထောင် ဒါမှမဟုတ် ဒေါ်လာတစ်သောင်းနဲ့ ငါးရာ ကို ပေးလိုက်မယ်။ အဓိကက Exchange ခ။ ဘာဖြစ်လာလဲဆိုတော့ ရန်ကုန်မြို့ထဲမှာ တချို့ တိုက်ခန်း တွေ၊ ကွန်ဒိုတွေက ဒေါ်လာနဲ့ဝယ်ရတဲ့ဟာတွေရှိတယ်။ ရောင်းနေတာ။ ပြီးရင် အဲဒီလိုဟာတွေရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီမှာဆိုရင် အများဆုံးဝင်တာက အရှေ့ဒဂုံလို့ခေါ်တာလား၊ တောင်ဒဂုံလို့ ခေါ်တာလား အခုလုပ်နေတာရှိတယ်။ အဲဒီဘက်တွေက တရုတ်တွေ နောက်ပိုင်းဝင်လာနိုင်တယ်။ မြို့ သစ်တည်မယ့်နေရာတွေမှာ တရုတ်တွေဝင်လာနိုင်တယ်”ဟု နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြော သည်။
ယခုအခါ တရားမဝင် Dark web များတွင် ဒီဂျစ်တယ်ငွေကြေးအရောင်းအဝယ်များရှိနေပြီး မြန်မာငွေဖြင့် ပြောင်းလဲသုံးစွဲလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကမှု တရားမ ဝင် ဒီဂျစ်တယ်ငွေကြေးများအသုံးမပြုရန် ထုတ်ပြန် ချက်တစ်ရပ်ထုတ်ပြန်ထားကြောင်းသိရသည်။ လက် ရှိ အရောင်းအဝယ်ပြုလုပ်နေကြသောအခြေအနေကို နည်းပညာကျွမ်းကျင်သူတစ်ဦးက ယခုကဲ့သို့ ပြော သည်။
“အဆိုးဆုံး နောက်ဆုံးအခြေအနေအထိ Face to Face လွှဲတာမျိုးတွေနဲ့ရတယ်။ ကျွန်တော် ငွေ အမောင့်များတယ်။ အစ်မဆီက ဒေါ်လာတစ်သိန်း ဖိုးဝယ်မယ်။ အပြင်က Payment တွေနဲ့မယုံဘူး။ K pay နဲ့ Wave Money တို့ တခြားဟာတွေအများကြီးရှိတယ်။ အဲဒါတွေအပြင်ကို မာစတာတို့ဗီဇာကတ် တို့ကနေ Bitcoin ကဝယ်လို့ရတယ်။ ငွေအမောင့်များတယ်။ Face to Face လည်းရတယ်။ ကျွန်တော်နဲ့ အစ်ကိုနဲ့တွေ့တယ်။ ကျွန်တော်က ဒေါ်လာတစ်သိန်း ပေးလိုက်တယ်၊ ရော့ Cash စစ်၊ သူ့ Bitcoin ကျွန် တော်ရဲ့ Wallet ထဲထည့် အဲဒီလိုမျိုးသွားကြတာ” ဟုဆိုသည်။
အိမ်ခြံမြေဈေးကွက်အပြင် စက်ရုံအလုပ်ရုံ ဂိုဒေါင်များကိုရှာဖွေကာ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိ သည့် စက်ရုံနှင့်ဂိုဒေါင်များကို ငှားရမ်းခြင်းနှင့်ဝယ်ယူ ခြင်းများဖြင့် ကျားဖျန့်စင်တာများထူထောင်လာနိုင် ကြောင်း သိရသည်။ နယ်စပ်မှ ကျားဖျန့်စင်တာများမှာ ဖျက်သိမ်းခြင်းခံရသဖြင့် ကျားဖျန့်လုပ်ငန်း ကျွမ်း ကျင်သော မန်နေဂျာအဆင့်ရှိသူများက ပြည်တွင်းမြို့ကြီးများတွင် ကျားဖျန့်လုပ်ငန်းများလုပ်ကိုင်လာ နိုင်ကြောင်း ခန့်မှန်းမှုများထွက်ပေါ်နေသည်။
“ပြည်တွင်းအထည်ချုပ်တွေက မီးမရတာနဲ့ဆိုတော့ မလည်ပတ်နိုင်ဘူး။ အထည်ချုပ်အဟောင်း တွေကိုလည်းလိုက်ဝယ်နေတယ်။ အဓိကက အထည် ချုပ်ကခုံတွေကိုဖြုတ်ပြီးတော့ သူတို့က ကွန်ပျူ တာတွေနဲ့ကျားဖျန့်စင်တာတွေလုပ်နေတယ်။ အဲဒါကို ဘယ်လိုဖမ်းလို့ရလဲလို့ ကျွန်တော်ကိုမေးရင် နှစ်ခု ပဲ၊ ဖမ်းလို့ရတယ်။ အထည်ချုပ်က ပါဝါစားတဲ့ဟာ တစ်နေ့ကို ယူနစ် (၁၀ဝဝ) ဆိုတာ နမူနာပြောပြတာ။ ကျားဖျန့်တွေရောက်လာရင် ယူနစ်(၁၀ဝဝဝ)လောက် ဖြစ်သွားနိုင်တယ်။ ကွန်ပျူတာကပိုစားတာကိုး။ နောက်တစ်ခု အင်တာနက်အထည်ချုပ်က အင်တာနက်က အနည်းဆုံး မန်နေဂျာတွေ၊ သူဌေးတွေသုံးတဲ့ အင်တာနက်နဲ့ system တွေကြည့်ဖို့ဆိုရင်တော့ (50)Mbps လောက်ဆိုလောက်ပြီ။ (50)Mbps ဆို အိမ် သုံးနဲ့ဆို တစ်သိန်းလောက်ပဲကျမှာ။ တကယ်လို့ ကျားဖျန့်တွေဝင်လာရင် အဲဒီနေရာက အင်တာနက်က အနည်းဆုံး 2GB/ 3GB တို့ဝယ်ရမယ်လေ။ အင်တာနက်သုံးတဲ့ဟာတွေ၊ လျှပ်စစ်သုံးတဲ့ဟာတွေ များ လာနိုင်တာကိုပြောချင်တာ”ဟု နည်းပညာသမားတစ်ဦးက လက်ရှိအခြေအနေကိုသုံးသပ်သည်။
ကျားဖျန့်ဂိုဏ်းခေါင်ဆောင်များမှာ ပြည်တွင်းသို့ ဝင်ရောက်လာနိုင်ခြင်းမရှိသော်လည်း တရုတ် စကားကျွမ်းကျင်သူ ရှမ်းတရုတ်နွယ်ဖွားများက ကျား ဖျန့်လုပ်ငန်းများ ပြည်တွင်းသို့ပြောင်းရွှေ့လုပ်ကိုင် လာနိုင်ကြောင်းသိရသည်။ ထို့ပြင် မန္တလေးတွင် ရှမ်း တရုတ်နွယ် ရှမ်းပြည်မြောက်ပိုင်းသားများသည် ဒီဂျစ်တယ်ငွေကြေးတစ်ခုဖြစ်သည့် USDT များကိုင်ဆောင်ကာ ဈေးကွက်အတွင်းဝင်ရောက်လာနေ ကြောင်း သိရသည်။
“အရင်ကဆို Binance Account ဖွင့်ရခက်တယ်။ အခုက Binance Account ဖွင့်တာ လိုင်စင်ရှိ တာနဲ့ရတယ်။ ယာဉ်မောင်းလိုင်စင်၊ Passport ရှိတာနဲ့ရတယ်။ ဒီစကားက ထိလွယ်ရှလွယ် Binance အပိုင်းက။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကပြောပြလိုက်ပေမယ့် လိုက်ဖွင့်တာလည်း ဖြစ်ကောင်းဖြစ်နိုင် တယ်။ အဲဒီတော့ ဖွင့်ရတာလွယ်လာတယ်။ K Pay ဆို မှတ်ပုံတင်နဲ့ဖွင့်တယ်။ ဖွင့်ပြီး ကန့်သတ်ချက်နဲ့ အထုတ်အသွင်းလုပ်ရတာ။ Binance က စစချင်းဖွင့်ပြီဆိုတာနဲ့ 1 Billion လောက်ထိဆင်းလို့ ရတယ်။ အဲဒီတော့ USDT ကို အရင်ရှိပြီးသား ရှမ်းမြောက်ကကောင်တွေဆိုရင် ကျောက်စိမ်းတူးရင် တူးမယ် ဘိန်း ဖြူ လုပ်ရင်လုပ်မယ်။ အဲဒီမှာ ရှိပြီးသား မြန်မာငွေတွေရှိတယ်။ ဒီဘက်က USDT ရထားပြီးသား အ ကောင်တွေက လွှဲတယ်။ ဟိုဘက်ကနေ မြန်မာငွေကိုပြန်ပေးတယ်။ အဲဒီတော့ ဒီကကောင်တွေက USDT ရှမ်းမြောက်ကရသွားပြီဆိုရင် Criminal Asset တစ်ခုခုမှာ ပေးချေရမှာကို USDT နဲ့ပေးချေမှာ။ ဥပမာ မူးယစ်ဆေးဝါးထုတ်ဖို့ Formula ဝယ်မှာလား။ လူကုန်ကူးဖို့လား။ အဲဒီအတွက်ကို ပြန်ချေတာ။ အဲဒီလိုမျိုးလည်နေတာ ပတ်ချာလည်။ စိုးရိမ်ခြေအမှတ်ကို ရောက်နေပြီ မြန်မာနိုင်ငံက။ ဒီအတိုင်းဆက် သွားရင် အိမ်ခြံမြေဈေးတွေလည်း ကမောက်ကမတွေ ဖြစ်လာနိုင်သလို ကားလောကမှာလည်း ကမောက်ကမ တွေဖြစ်နိုင်တယ်”ဟု နည်းပညာသမားတစ်ဦးက သုံးသပ်သည်။
ကျားဖျန့်အပါအဝင် တရားမဝင်လုပ်ငန်းများမှရရှိသောငွေများဖြင့် ပြည်တွင်း၌ ဟိုတယ်အလုံး ပုဒ်ပြတ်ငှားရမ်းခြင်းများ၊ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများ၊ ကားဝယ်ယူခြင်းများရှိလာနိုင်ကြောင်း သုံးသပ်မှု များရှိနေသည်။ ဒီဂျစ်တယ်ငွေကြေးကို မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာသို့ အလွယ်တကူ ပြောင်းလဲနိုင်ခြင်းကြောင့် ပြည်တွင်း အိမ်ခြံမြေဈေးကွက်အတွင်း အပြောင်းအလဲများဖြစ်လာနိုင်ကြောင်း သိရသည်။
“ကျားဖျန့်တွေအကုန်လုံးက ကားလမ်းက နေပြီးတော့ ရန်ကုန်ထဲကိုဝင်လာတာမဟုတ်ဘူး။ မော်လမြိုင်ကနေတစ်ဆင့် လေယာဉ်နဲ့ ရန်ကုန်ကို ဝင်လာတာအများစုက။ ပုံမှန် သမားရိုးကျသုံးနေတဲ့ USB တို့ လက်တော့တို့ထက် ထူးဆန်းတဲ့ဟာတွေ သူတို့ထဲမှာပါလာနိုင်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ ကျွန်တော်တို့ ဆင်းကတ်ကိုတစ်နေရာတည်းကနေ ပြီးတော့ ကားနဲ့ပေတစ်ထောင်ပတ်ချာလည်၊ ပေနှစ် ထောင်ပတ်ချာလည် SMS လိုက်ပို့တဲ့ဟာမျိုး၊ နောက်တစ်ခုက အဲဒီလိုဟာမျိုးလည်း သူတို့ပါလာ နိုင် တယ်။ ဒါတွေကိုလည်း လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ သေချာစစ်သင့်တယ်”ဟု ကျားဖျန့်အရေးကျွမ်း ကျင်သူတစ်ဦးကပြောသည်။
ဒီဂျစ်တယ်ငွေကြေးသည် ပြည်တွင်းဈေးကွက်သို့ အလွယ်တကူဝင်ရောက်နေကြောင်းနှင့် ယင်း ဒီဂျစ်တယ်ငွေများဖြစ်သည့် Bitcoin နှင့် USDT များကိုအသုံးပြုကာ ဈေးကွက်အတွင်း ဈေးကစားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းသိရသည်။ ထို့ပြင် တရားမဝင်လုပ်ငန်းများ ပြည်တွင်း၌ ပြောင်းရွှေ့လုပ်ကိုင်လာ နိုင်ခြင်းကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အထူးဂရုပြုရမည့်အခြေအနေဖြစ်ကြောင်း နည်း ပညာကျွမ်းကျင်သူများနှင့်ကျားဖျန့်အရေး စောင့်ကြည့်လေလာသူများက သုံးသပ်ပြောကြားသည်။
(၂၀၂၃)ခုနှစ် အောက်တိုဘာလ (၅) ရက်မှ (၂၀၂၅)ခုနှစ် နိုဝင်ဘာလ (၂၆)ရက်အထိ နိုင်ငံပေါင်း (၅၂) နိုင်ငံမှ နိုင်ငံခြားသား (၆၈၅၈၂)ဦးကို လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ မြဝတီဒေသမှာ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် ဒုစရိုက်လုပ်ငန်းများ ပြန်လည်အခြေမချနိုင်စေရန်အတွက် တရားမဝင် ဆောက်လုပ်ထားတဲ့အဆောက်အအုံတွေကို အပြီးတိုင်ဖြိုချဖျက်ဆီးရှင်းလင်းခြင်းများ ဆောင်ရွက်နေကြောင်းနှင့် KK Park နယ်မြေထဲ (၂၅၆)လုံးကို ဖြိုချဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး ကျန်ရှိ သည့်(၃၇၉)လုံးကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံ ခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

Zawgyi Version:
အိမ္ၿခံေျမ၊ စက္မႈဇုန္ႏွင့္ တရားမဝင္ေငြေၾကးေဈးကြက္မ်ားသို႔ က်ားဖ်န႔္ေငြ စီးဝင္လာႏိုင္ေျခ ျမင့္မား
(သတင္းေဆာင္းပါး)
ေစာ (NP News)ဒီဇင္ဘာ၄
ျမန္မာႏွင့္ထိုင္း ျမဝတီနယ္စပ္ရွိ က်ားဖ်န႔္႐ုံမ်ားကို စစ္ဆင္ေရးအသြင္ျဖင့္ ဝင္ေရာက္စီးနင္းရွာေဖြ မႈမ်ားလုပ္ေဆာင္ေနျခင္းေၾကာင့္ ယခင္က က်ားဖ်န႔္ လုပ္ကိုင္ဖူးသူေနာက္လိုက္မ်ားမွာ ျပည္တြင္းသို႔ဝင္ ေရာက္ကာ ရန္ကုန္၊ မႏၲေလး အစရွိေသာၿမိဳ႕ႀကီးမ်ားတြင္ က်ားဖ်န႔္လုပ္ငန္းမ်ား လုပ္ကိုင္လာႏိုင္ ေၾကာင္း နည္းပညာကြၽမ္းက်င္သူမ်ားက သုံးသပ္ေျပာၾကားသည္။
လတ္တေလာတြင္ အိမ္ၿခံေျမႏွင့္ ကား ေလာကအတြင္းသို႔ ႏိုင္ငံျခားေငြျဖင့္ ဝင္ေရာက္ေဈး ကစားျခင္းမ်ားျဖစ္ေပၚလာႏိုင္ၿပီး တ႐ုတ္စကားႏွင့္ ျမန္မာစကားကြၽမ္းက်င္သူမ်ား ဝင္ေရာက္လာႏိုင္ ေၾကာင္းသိရသည္။ ဒီဂ်စ္တယ္ေငြေၾကးမ်ားျဖစ္သည့္ Bitcoin ႏွင့္ USDT မ်ား ေဈးကြက္အတြင္း ဝင္ ေရာက္လာႏိုင္ၿပီး ေဈးကြက္အတြင္း ေဈးကစားမႈမ်ားႀကဳံေတြ႕ႏိုင္ေၾကာင္း သုံးသပ္ခ်က္မ်ားရွိေနသည္။
“အရင္တုန္းက တစ္သိန္းသုံးေသာင္းေက်ာ္အထိ ေပါက္တယ္။ Bitcoin လို႔ေျပာတာေပါ့။ အခုက (၉)ေသာင္းအထိကိုဆင္းသြားတာ။ ဘာလို႔ဆို ေရာင္း လိုအားအရမ္းမ်ားရင္ ေဈးက်မွာပဲ။ မကိုင္ထား ေတာ့ဘူး။ မကိုင္ထားတဲ့အတြက္ ေဈးက်မွာပဲ။ ေဈးက်တဲ့အျပင္ ဘာျဖစ္လာလဲဆိုေတာ့ အျပင္ကိုပဲ ထုတ္မေျပာတာလား။ ဘယ္လိုလဲေတာ့မသိဘူး။ အျပင္မွာ ေဒၚလာအ႐ြက္ေတြနဲ႔ USDT ေတြနဲ႔ လဲတာ မ်ားလာတယ္။ ဥပမာဆိုရင္ အစ္ကိုက ကြၽန္ေတာ့္ကို ေဒၚလာတစ္ေသာင္းေပးမယ္ေပါ့ေနာ္။ အစ္ကို႔ကို Crypto currency USDT နဲ႔ေဒၚလာတစ္ေသာင္းနဲ႔တစ္ေထာင္ ဒါမွမဟုတ္ ေဒၚလာတစ္ေသာင္းနဲ႔ ငါးရာ ကို ေပးလိုက္မယ္။ အဓိကက Exchange ခ။ ဘာျဖစ္လာလဲဆိုေတာ့ ရန္ကုန္ၿမိဳ႕ထဲမွာ တခ်ိဳ႕ တိုက္ခန္း ေတြ၊ ကြန္ဒိုေတြက ေဒၚလာနဲ႔ဝယ္ရတဲ့ဟာေတြရွိတယ္။ ေရာင္းေနတာ။ ၿပီးရင္ အဲဒီလိုဟာေတြရွိတယ္။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ ဒီမွာဆိုရင္ အမ်ားဆုံးဝင္တာက အေရွ႕ဒဂုံလို႔ေခၚတာလား၊ ေတာင္ဒဂုံလို႔ ေခၚတာလား အခုလုပ္ေနတာရွိတယ္။ အဲဒီဘက္ေတြက တ႐ုတ္ေတြ ေနာက္ပိုင္းဝင္လာႏိုင္တယ္။ ၿမိဳ႕ သစ္တည္မယ့္ေနရာေတြမွာ တ႐ုတ္ေတြဝင္လာႏိုင္တယ္”ဟု နည္းပညာကြၽမ္းက်င္သူတစ္ဦးက ေျပာ သည္။
ယခုအခါ တရားမဝင္ Dark web မ်ားတြင္ ဒီဂ်စ္တယ္ေငြေၾကးအေရာင္းအဝယ္မ်ားရွိေနၿပီး ျမန္မာေငြျဖင့္ ေျပာင္းလဲသုံးစြဲလာႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကမႈ တရားမ ဝင္ ဒီဂ်စ္တယ္ေငြေၾကးမ်ားအသုံးမျပဳရန္ ထုတ္ျပန္ ခ်က္တစ္ရပ္ထုတ္ျပန္ထားေၾကာင္းသိရသည္။ လက္ ရွိ အေရာင္းအဝယ္ျပဳလုပ္ေနၾကေသာအေျခအေနကို နည္းပညာကြၽမ္းက်င္သူတစ္ဦးက ယခုကဲ့သို႔ ေျပာ သည္။
“အဆိုးဆုံး ေနာက္ဆုံးအေျခအေနအထိ Face to Face လႊဲတာမ်ိဳးေတြနဲ႔ရတယ္။ ကြၽန္ေတာ္ ေငြ အေမာင့္မ်ားတယ္။ အစ္မဆီက ေဒၚလာတစ္သိန္း ဖိုးဝယ္မယ္။ အျပင္က Payment ေတြနဲ႔မယုံဘူး။ K pay နဲ႔ Wave Money တို႔ တျခားဟာေတြအမ်ားႀကီးရွိတယ္။ အဲဒါေတြအျပင္ကို မာစတာတို႔ဗီဇာကတ္ တို႔ကေန Bitcoin ကဝယ္လို႔ရတယ္။ ေငြအေမာင့္မ်ားတယ္။ Face to Face လည္းရတယ္။ ကြၽန္ေတာ္နဲ႔ အစ္ကိုနဲ႔ေတြ႕တယ္။ ကြၽန္ေတာ္က ေဒၚလာတစ္သိန္း ေပးလိုက္တယ္၊ ေရာ့ Cash စစ္၊ သူ႔ Bitcoin ကြၽန္ ေတာ္ရဲ႕ Wallet ထဲထည့္ အဲဒီလိုမ်ိဳးသြားၾကတာ” ဟုဆိုသည္။
အိမ္ၿခံေျမေဈးကြက္အျပင္ စက္႐ုံအလုပ္႐ုံ ဂိုေဒါင္မ်ားကိုရွာေဖြကာ လုပ္ငန္းလုပ္ကိုင္ျခင္းမရွိ သည့္ စက္႐ုံႏွင့္ဂိုေဒါင္မ်ားကို ငွားရမ္းျခင္းႏွင့္ဝယ္ယူ ျခင္းမ်ားျဖင့္ က်ားဖ်န႔္စင္တာမ်ားထူေထာင္လာႏိုင္ ေၾကာင္း သိရသည္။ နယ္စပ္မွ က်ားဖ်န႔္စင္တာမ်ားမွာ ဖ်က္သိမ္းျခင္းခံရသျဖင့္ က်ားဖ်န႔္လုပ္ငန္း ကြၽမ္း က်င္ေသာ မန္ေနဂ်ာအဆင့္ရွိသူမ်ားက ျပည္တြင္းၿမိဳ႕ႀကီးမ်ားတြင္ က်ားဖ်န႔္လုပ္ငန္းမ်ားလုပ္ကိုင္လာ ႏိုင္ေၾကာင္း ခန႔္မွန္းမႈမ်ားထြက္ေပၚေနသည္။
“ျပည္တြင္းအထည္ခ်ဳပ္ေတြက မီးမရတာနဲ႔ဆိုေတာ့ မလည္ပတ္ႏိုင္ဘူး။ အထည္ခ်ဳပ္အေဟာင္း ေတြကိုလည္းလိုက္ဝယ္ေနတယ္။ အဓိကက အထည္ ခ်ဳပ္ကခုံေတြကိုျဖဳတ္ၿပီးေတာ့ သူတို႔က ကြန္ပ်ဴ တာေတြနဲ႔က်ားဖ်န႔္စင္တာေတြလုပ္ေနတယ္။ အဲဒါကို ဘယ္လိုဖမ္းလို႔ရလဲလို႔ ကြၽန္ေတာ္ကိုေမးရင္ ႏွစ္ခု ပဲ၊ ဖမ္းလို႔ရတယ္။ အထည္ခ်ဳပ္က ပါဝါစားတဲ့ဟာ တစ္ေန႔ကို ယူနစ္ (၁၀ဝဝ) ဆိုတာ နမူနာေျပာျပတာ။ က်ားဖ်န႔္ေတြေရာက္လာရင္ ယူနစ္(၁၀ဝဝဝ)ေလာက္ ျဖစ္သြားႏိုင္တယ္။ ကြန္ပ်ဴတာကပိုစားတာကိုး။ ေနာက္တစ္ခု အင္တာနက္အထည္ခ်ဳပ္က အင္တာနက္က အနည္းဆုံး မန္ေနဂ်ာေတြ၊ သူေဌးေတြသုံးတဲ့ အင္တာနက္နဲ႔ system ေတြၾကည့္ဖို႔ဆိုရင္ေတာ့ (50)Mbps ေလာက္ဆိုေလာက္ၿပီ။ (50)Mbps ဆို အိမ္ သုံးနဲ႔ဆို တစ္သိန္းေလာက္ပဲက်မွာ။ တကယ္လို႔ က်ားဖ်န႔္ေတြဝင္လာရင္ အဲဒီေနရာက အင္တာနက္က အနည္းဆုံး 2GB/ 3GB တို႔ဝယ္ရမယ္ေလ။ အင္တာနက္သုံးတဲ့ဟာေတြ၊ လွ်ပ္စစ္သုံးတဲ့ဟာေတြ မ်ား လာႏိုင္တာကိုေျပာခ်င္တာ”ဟု နည္းပညာသမားတစ္ဦးက လက္ရွိအေျခအေနကိုသုံးသပ္သည္။
က်ားဖ်န႔္ဂိုဏ္းေခါင္ေဆာင္မ်ားမွာ ျပည္တြင္းသို႔ ဝင္ေရာက္လာႏိုင္ျခင္းမရွိေသာ္လည္း တ႐ုတ္ စကားကြၽမ္းက်င္သူ ရွမ္းတ႐ုတ္ႏြယ္ဖြားမ်ားက က်ား ဖ်န႔္လုပ္ငန္းမ်ား ျပည္တြင္းသို႔ေျပာင္းေ႐ႊ႕လုပ္ကိုင္ လာႏိုင္ေၾကာင္းသိရသည္။ ထို႔ျပင္ မႏၲေလးတြင္ ရွမ္း တ႐ုတ္ႏြယ္ ရွမ္းျပည္ေျမာက္ပိုင္းသားမ်ားသည္ ဒီဂ်စ္တယ္ေငြေၾကးတစ္ခုျဖစ္သည့္ USDT မ်ားကိုင္ေဆာင္ကာ ေဈးကြက္အတြင္းဝင္ေရာက္လာေန ေၾကာင္း သိရသည္။
“အရင္ကဆို Binance Account ဖြင့္ရခက္တယ္။ အခုက Binance Account ဖြင့္တာ လိုင္စင္ရွိ တာနဲ႔ရတယ္။ ယာဥ္ေမာင္းလိုင္စင္၊ Passport ရွိတာနဲ႔ရတယ္။ ဒီစကားက ထိလြယ္ရွလြယ္ Binance အပိုင္းက။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္ကေျပာျပလိုက္ေပမယ့္ လိုက္ဖြင့္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ တယ္။ အဲဒီေတာ့ ဖြင့္ရတာလြယ္လာတယ္။ K Pay ဆို မွတ္ပုံတင္နဲ႔ဖြင့္တယ္။ ဖြင့္ၿပီး ကန႔္သတ္ခ်က္နဲ႔ အထုတ္အသြင္းလုပ္ရတာ။ Binance က စစခ်င္းဖြင့္ၿပီဆိုတာနဲ႔ 1 Billion ေလာက္ထိဆင္းလို႔ ရတယ္။ အဲဒီေတာ့ USDT ကို အရင္ရွိၿပီးသား ရွမ္းေျမာက္ကေကာင္ေတြဆိုရင္ ေက်ာက္စိမ္းတူးရင္ တူးမယ္ ဘိန္း ျဖဴ လုပ္ရင္လုပ္မယ္။ အဲဒီမွာ ရွိၿပီးသား ျမန္မာေငြေတြရွိတယ္။ ဒီဘက္က USDT ရထားၿပီးသား အ ေကာင္ေတြက လႊဲတယ္။ ဟိုဘက္ကေန ျမန္မာေငြကိုျပန္ေပးတယ္။ အဲဒီေတာ့ ဒီကေကာင္ေတြက USDT ရွမ္းေျမာက္ကရသြားၿပီဆိုရင္ Criminal Asset တစ္ခုခုမွာ ေပးေခ်ရမွာကို USDT နဲ႔ေပးေခ်မွာ။ ဥပမာ မူးယစ္ေဆးဝါးထုတ္ဖို႔ Formula ဝယ္မွာလား။ လူကုန္ကူးဖို႔လား။ အဲဒီအတြက္ကို ျပန္ေခ်တာ။ အဲဒီလိုမ်ိဳးလည္ေနတာ ပတ္ခ်ာလည္။ စိုးရိမ္ေျခအမွတ္ကို ေရာက္ေနၿပီ ျမန္မာႏိုင္ငံက။ ဒီအတိုင္းဆက္ သြားရင္ အိမ္ၿခံေျမေဈးေတြလည္း ကေမာက္ကမေတြ ျဖစ္လာႏိုင္သလို ကားေလာကမွာလည္း ကေမာက္ကမ ေတြျဖစ္ႏိုင္တယ္”ဟု နည္းပညာသမားတစ္ဦးက သုံးသပ္သည္။
က်ားဖ်န႔္အပါအဝင္ တရားမဝင္လုပ္ငန္းမ်ားမွရရွိေသာေငြမ်ားျဖင့္ ျပည္တြင္း၌ ဟိုတယ္အလုံး ပုဒ္ျပတ္ငွားရမ္းျခင္းမ်ား၊ ကြန္ဒိုတိုက္ခန္းဝယ္ယူမႈမ်ား၊ ကားဝယ္ယူျခင္းမ်ားရွိလာႏိုင္ေၾကာင္း သုံးသပ္မႈ မ်ားရွိေနသည္။ ဒီဂ်စ္တယ္ေငြေၾကးကို ေမွာင္ခိုေဈးကြက္တြင္ အေမရိကန္ေဒၚလာသို႔ အလြယ္တကူ ေျပာင္းလဲႏိုင္ျခင္းေၾကာင့္ ျပည္တြင္း အိမ္ၿခံေျမေဈးကြက္အတြင္း အေျပာင္းအလဲမ်ားျဖစ္လာႏိုင္ေၾကာင္း သိရသည္။
“က်ားဖ်န႔္ေတြအကုန္လုံးက ကားလမ္းက ေနၿပီးေတာ့ ရန္ကုန္ထဲကိုဝင္လာတာမဟုတ္ဘူး။ ေမာ္လၿမိဳင္ကေနတစ္ဆင့္ ေလယာဥ္နဲ႔ ရန္ကုန္ကို ဝင္လာတာအမ်ားစုက။ ပုံမွန္ သမား႐ိုးက်သုံးေနတဲ့ USB တို႔ လက္ေတာ့တို႔ထက္ ထူးဆန္းတဲ့ဟာေတြ သူတို႔ထဲမွာပါလာႏိုင္တယ္။ ဘယ္လိုမ်ိဳးလဲဆိုေတာ့ ကြၽန္ေတာ္တို႔ ဆင္းကတ္ကိုတစ္ေနရာတည္းကေန ၿပီးေတာ့ ကားနဲ႔ေပတစ္ေထာင္ပတ္ခ်ာလည္၊ ေပႏွစ္ ေထာင္ပတ္ခ်ာလည္ SMS လိုက္ပို႔တဲ့ဟာမ်ိဳး၊ ေနာက္တစ္ခုက အဲဒီလိုဟာမ်ိဳးလည္း သူတို႔ပါလာ ႏိုင္ တယ္။ ဒါေတြကိုလည္း လုံၿခဳံေရးဝန္ထမ္းေတြအေနနဲ႔ ေသခ်ာစစ္သင့္တယ္”ဟု က်ားဖ်န႔္အေရးကြၽမ္း က်င္သူတစ္ဦးကေျပာသည္။
ဒီဂ်စ္တယ္ေငြေၾကးသည္ ျပည္တြင္းေဈးကြက္သို႔ အလြယ္တကူဝင္ေရာက္ေနေၾကာင္းႏွင့္ ယင္း ဒီဂ်စ္တယ္ေငြမ်ားျဖစ္သည့္ Bitcoin ႏွင့္ USDT မ်ားကိုအသုံးျပဳကာ ေဈးကြက္အတြင္း ေဈးကစားမႈမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္းသိရသည္။ ထို႔ျပင္ တရားမဝင္လုပ္ငန္းမ်ား ျပည္တြင္း၌ ေျပာင္းေ႐ႊ႕လုပ္ကိုင္လာ ႏိုင္ျခင္းေၾကာင္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ အထူးဂ႐ုျပဳရမည့္အေျခအေနျဖစ္ေၾကာင္း နည္း ပညာကြၽမ္းက်င္သူမ်ားႏွင့္က်ားဖ်န႔္အေရး ေစာင့္ၾကည့္ေလလာသူမ်ားက သုံးသပ္ေျပာၾကားသည္။
(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ (၅) ရက္မွ (၂၀၂၅)ခုႏွစ္ ႏိုဝင္ဘာလ (၂၆)ရက္အထိ ႏိုင္ငံေပါင္း (၅၂) ႏိုင္ငံမွ ႏိုင္ငံျခားသား (၆၈၅၈၂)ဦးကို လႊဲေျပာင္းေပးခဲ့ေၾကာင္းသိရသည္။ ျမဝတီေဒသမွာ Online လိမ္လည္ေလာင္းကစားမႈလုပ္ငန္းမ်ားႏွင့္ ဒုစ႐ိုက္လုပ္ငန္းမ်ား ျပန္လည္အေျခမခ်ႏိုင္ေစရန္အတြက္ တရားမဝင္ ေဆာက္လုပ္ထားတဲ့အေဆာက္အအုံေတြကို အၿပီးတိုင္ၿဖိဳခ်ဖ်က္ဆီးရွင္းလင္းျခင္းမ်ား ေဆာင္႐ြက္ေနေၾကာင္းႏွင့္ KK Park နယ္ေျမထဲ (၂၅၆)လုံးကို ၿဖိဳခ်ဖ်က္ဆီးရွင္းလင္းႏိုင္ခဲ့ၿပီး က်န္ရွိ သည့္(၃၇၉)လုံးကိုလည္း ဆက္လက္ၿဖိဳခ်ဖ်က္ဆီးသြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံ ၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားသည္။