ပြည်သူ့ပါတီမှ ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ဌေး ကွယ်လွန်

 555

သန့်ဇင်(NP News)-ဒီဇင်ဘာ ၄
ပြည်သူ့ပါတီမှ ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ဌေးသည် ယမန်နေ့(ဒီဇင်ဘာ ၃ရက်)၊ ည ၁၀ နာရီ ၂၀မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ဌေးသည် ပုသိမ်မြို့၊ တံတားကြီးတန်းရပ်ကွက်၊ အိမ်အမှတ် (၁၃၄၄-ဃ)တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏နေအိမ်တွင်ပင် (၉၆)ပါး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ပြည်သူ့ပါတီမှ တိုင်းဒေသကြီးလွှတ်တော်အတွက် FPTP စနစ်ဖြင့် ကိုယ်စားလှယ်လောင်းဝင်ရောက် ယှဉ်ပြိုင်မည့်သူ့ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၆၁) နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဦးမြင့်ဌေး၏ ရုပ်အလောင်းကို မနက်ဖြန်(ဒီဇင်ဘာ ၅ရက်)၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် သရက်ချောင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သန့်ဇင်(NP News)-ဒီဇင်ဘာ ၎

Related news

© 2021. All rights reserved.