သံဃာတော်များကို ကိုယ်တိုင်ကားမမောင်းရန် ညွှန်ကြားချက်ထုတ်ပြန်ထားသော်လည်း လိုက်နာမှု အားနည်းနေ

240

စော (NP News)-ဒီဇင်ဘာ ၄
သံဃာတော်များကို ကိုယ်တိုင် ကား မမောင်းရန် ညွှန်ကြားချက်ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် လိုက်နာမှုအားနည်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်က ပွင့်ဖြူ မြို့ နယ်ရှိ ကျောင်းထိုင်ဆရာတော်ထံသို့ ကျောင်းတိုက်သုံး မော်တော်ယာဉ်များကို ကိုယ်တိုင်မောင်းခြင်း၊ ဘုန်းတော်ကြီးများမပါရှိဘဲ လူပုဂ္ဂိုလ်များသာ သုံးစွဲခြင်း၊ အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်း များစသည့် သမဏသာရုပ္ပမဖြစ်သော အပြုအမူများကို ပွင့်ဖြူမြို့နယ်အတွင်း၌ တွေ့ရှိရ၍ မပြုလုပ်ရန် ညွှန်ကြားချက်တစ်စောင်ကိုဆက်ကပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားလွှာထွက်ရှိပြီးသည်မှစ၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း ဖော်ပြချက်အရ သိရသည်။ “ကိုယ်တိုင်မောင်းတာတွေရှိတယ်။ များသောအားဖြင့်ကတော့ ငယ်ဖြူတွေကရှားတယ်။ ကြီးမှ ဝတ်တာတွေက များတယ်။ လူဘဝမှာ မောင်းတတ်ခဲ့ပြီဗျာ မောင်းတတ်တော့ တချို့ကလည်း ကား ဒရိုင်ဘာမရှိတဲ့အခါကျတော့ ဟိုနားဒီနား။ ဟိုနား ဒီနားကနေ ဝေးဝေးသွားတဲ့သဘောတွေဖြစ်တာပေါ့။ အဲဒီသဘောလေးတွေပေါ့”ဟု ဆရာတော် တစ်ပါးက မိန့်တော်မူသည်။
ထိုကဲ့သို့ မော်တော်ယာဉ်များ ကိုယ်တိုင်မောင်းနှင်ခြင်းမပြုရန်၊ မိမိကျောင်းသုံး မော်တော်ယာဉ် ကို ဘုန်းတော်ကြီးများမပါဘဲ အသုံးမပြုရန်နှင့် အရက်သေစာ သောက်စားခြင်းတို့ကို ကျူးလွန်မှု မပြု ရန်တို့ကို ယခင်က နိုင်ငံတော်ဗဟိုမှ တိုင်းနှင့် ပြည်နယ်၊ မြို့နယ်အဆင့်ဆင့်သို့ ညွှန်ကြားထားခြင်းဖြစ် ကြောင်း သိရသည်။
“ဒါကတော့ နေရာတိုင်းမရှိဘူးလေ။ နေရာတိုင်းမရှိတော့ ညွှန်ကြားတာကတော့ ထုတ်ပြီးသား ပဲ။ ထုတ်ပြီးသားဆိုတော့ စည်းကမ်းကို မတင်းကြပ်တာပဲရှိတယ်။ ဥပမာတစ်ခု မန္တလေးတို့ဆို တင်း ကြပ်တယ်လေ။ မန္တလေးတို့ တင်းကြပ်တယ်ဆိုတာက အာဏာပိုင်အဖွဲ့အစည်းက တင်းတာ မဟုတ်ဘူး။ သီးသန့် သံဃာအဖွဲ့အစည်းတစ်ဖွဲ့ကနေပြီးတော့ အဲဒီလိုသံဃာတွေ ကိုယ်တိုင်မောင်းတယ်ဆိုရင် အဲဒါ တွေဖမ်းတယ်လေ။ ဖမ်းပြီးတော့ တစ်လတန်သည် ဒဏ်ခတ်ထားတာ အဲဒီကျောင်းတိုင် ဘုန်းကြီးတွေရဲ့ ထောက်ခံစာယူထားတာ အဲဒီလိုမှပြန်ထုတ်လို့ရတာ အဲဒါတွေက သံဃာတွေကနေပြီးတော့ ကိုင်တာ။ တခြားမြို့နယ်တွေကျတော့ သံဃာအဖွဲ့အစည်းက မကိုင်တဲ့အခါကျတော့ အာဏာပိုင်အဖွဲ့အစည်းက မတင်းကြပ်ဘူး”ဟု ဆက်လက်မိန့်သည်။
ယခုရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပျော်ဘွယ်ရှိ ပြည်တော် အေးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင် မုနိန္ဒကို KTV အခန်းတွင် သာသနာတော်ထိန်းသိမ်း စောင့်ရှောက်သည့်အဖွဲ့က ဖမ်းဆီးရမိခဲ့သည့်အတွက် လူဝတ်လဲကာ ပျော်ဘွယ်ရဲစခန်းတွင် အမှုဖွင့် ဖမ်း ဆီးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာလကလည်း မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့်ပြည်နယ်၊ မြိုနယ်များရှိ ကျောင်းတိုက် အသီးသီးမှ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ဖိုးသူတော်များအနေဖြင့် TikTok နှင့် Social Media များပေါ်တွင် ဗုဒ္ဓဘာသာ သာသနာတော်ကို ထိခိုက်ညှိုးနွမ်းစေသည့် သမဏသာရုပ္ပ မဖြစ်သည့် TikTok ကစားခြင်း၊ Cele လုပ်ခြင်းတို့ကို မပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

Zawgyi Version:
သံဃာေတာ္မ်ားကို ကိုယ္တိုင္ကားမေမာင္းရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားေသာ္လည္း လိုက္နာမႈ အားနည္းေန
ေစာ (NP News)-ဒီဇင္ဘာ ၄
သံဃာေတာ္မ်ားကို ကိုယ္တိုင္ ကား မေမာင္းရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားေသာ္လည္း ေျမျပင္တြင္ လိုက္နာမႈအားနည္းေနေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၁)ရက္က ပြင့္ျဖဴ ၿမိဳ႕ နယ္ရွိ ေက်ာင္းထိုင္ဆရာေတာ္ထံသို႔ ေက်ာင္းတိုက္သုံး ေမာ္ေတာ္ယာဥ္မ်ားကို ကိုယ္တိုင္ေမာင္းျခင္း၊ ဘုန္းေတာ္ႀကီးမ်ားမပါရွိဘဲ လူပုဂၢိဳလ္မ်ားသာ သုံးစြဲျခင္း၊ အရက္ေသစာ ေသာက္စား၍ ေမာင္းႏွင္ျခင္း မ်ားစသည့္ သမဏသာ႐ုပၸမျဖစ္ေသာ အျပဳအမူမ်ားကို ပြင့္ျဖဴၿမိဳ႕နယ္အတြင္း၌ ေတြ႕ရွိရ၍ မျပဳလုပ္ရန္ ၫႊန္ၾကားခ်က္တစ္ေစာင္ကိုဆက္ကပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ၫႊန္ၾကားလႊာထြက္ရွိၿပီးသည္မွစ၍ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပခ်က္အရ သိရသည္။ “ကိုယ္တိုင္ေမာင္းတာေတြရွိတယ္။ မ်ားေသာအားျဖင့္ကေတာ့ ငယ္ျဖဴေတြကရွားတယ္။ ႀကီးမွ ဝတ္တာေတြက မ်ားတယ္။ လူဘဝမွာ ေမာင္းတတ္ခဲ့ၿပီဗ်ာ ေမာင္းတတ္ေတာ့ တခ်ိဳ႕ကလည္း ကား ဒ႐ိုင္ဘာမရွိတဲ့အခါက်ေတာ့ ဟိုနားဒီနား။ ဟိုနား ဒီနားကေန ေဝးေဝးသြားတဲ့သေဘာေတြျဖစ္တာေပါ့။ အဲဒီသေဘာေလးေတြေပါ့”ဟု ဆရာေတာ္ တစ္ပါးက မိန႔္ေတာ္မူသည္။
ထိုကဲ့သို႔ ေမာ္ေတာ္ယာဥ္မ်ား ကိုယ္တိုင္ေမာင္းႏွင္ျခင္းမျပဳရန္၊ မိမိေက်ာင္းသုံး ေမာ္ေတာ္ယာဥ္ ကို ဘုန္းေတာ္ႀကီးမ်ားမပါဘဲ အသုံးမျပဳရန္ႏွင့္ အရက္ေသစာ ေသာက္စားျခင္းတို႔ကို က်ဴးလြန္မႈ မျပဳ ရန္တို႔ကို ယခင္က ႏိုင္ငံေတာ္ဗဟိုမွ တိုင္းႏွင့္ ျပည္နယ္၊ ၿမိဳ႕နယ္အဆင့္ဆင့္သို႔ ၫႊန္ၾကားထားျခင္းျဖစ္ ေၾကာင္း သိရသည္။
“ဒါကေတာ့ ေနရာတိုင္းမရွိဘူးေလ။ ေနရာတိုင္းမရွိေတာ့ ၫႊန္ၾကားတာကေတာ့ ထုတ္ၿပီးသား ပဲ။ ထုတ္ၿပီးသားဆိုေတာ့ စည္းကမ္းကို မတင္းၾကပ္တာပဲရွိတယ္။ ဥပမာတစ္ခု မႏၲေလးတို႔ဆို တင္း ၾကပ္တယ္ေလ။ မႏၲေလးတို႔ တင္းၾကပ္တယ္ဆိုတာက အာဏာပိုင္အဖြဲ႕အစည္းက တင္းတာ မဟုတ္ဘူး။ သီးသန႔္ သံဃာအဖြဲ႕အစည္းတစ္ဖြဲ႕ကေနၿပီးေတာ့ အဲဒီလိုသံဃာေတြ ကိုယ္တိုင္ေမာင္းတယ္ဆိုရင္ အဲဒါ ေတြဖမ္းတယ္ေလ။ ဖမ္းၿပီးေတာ့ တစ္လတန္သည္ ဒဏ္ခတ္ထားတာ အဲဒီေက်ာင္းတိုင္ ဘုန္းႀကီးေတြရဲ႕ ေထာက္ခံစာယူထားတာ အဲဒီလိုမွျပန္ထုတ္လို႔ရတာ အဲဒါေတြက သံဃာေတြကေနၿပီးေတာ့ ကိုင္တာ။ တျခားၿမိဳ႕နယ္ေတြက်ေတာ့ သံဃာအဖြဲ႕အစည္းက မကိုင္တဲ့အခါက်ေတာ့ အာဏာပိုင္အဖြဲ႕အစည္းက မတင္းၾကပ္ဘူး”ဟု ဆက္လက္မိန႔္သည္။
ယခုရက္ပိုင္းအတြင္းက မႏၲေလးတိုင္းေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္ ေပ်ာ္ဘြယ္ရွိ ျပည္ေတာ္ ေအးေက်ာင္းတိုက္မွ ေက်ာင္းထိုင္ဆရာေတာ္ အရွင္ မုနိႏၵကို KTV အခန္းတြင္ သာသနာေတာ္ထိန္းသိမ္း ေစာင့္ေရွာက္သည့္အဖြဲ႕က ဖမ္းဆီးရမိခဲ့သည့္အတြက္ လူဝတ္လဲကာ ေပ်ာ္ဘြယ္ရဲစခန္းတြင္ အမႈဖြင့္ ဖမ္း ဆီးလိုက္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ေအာက္တိုဘာလကလည္း ျမန္မာႏိုင္ငံတစ္ဝန္း တိုင္းေဒသႀကီးႏွင့္ျပည္နယ္၊ ၿမိဳနယ္မ်ားရွိ ေက်ာင္းတိုက္ အသီးသီးမွ ရဟန္း၊ သာမေဏ၊ သီလရွင္၊ ဖိုးသူေတာ္မ်ားအေနျဖင့္ TikTok ႏွင့္ Social Media မ်ားေပၚတြင္ ဗုဒၶဘာသာ သာသနာေတာ္ကို ထိခိုက္ညႇိဳးႏြမ္းေစသည့္ သမဏသာ႐ုပၸ မျဖစ္သည့္ TikTok ကစားျခင္း၊ Cele လုပ္ျခင္းတို႔ကို မျပဳလုပ္ရန္ ၫႊန္ၾကားထားေၾကာင္း သိရသည္။