ပင်လယ်နက်အတွင်းသွားလာနေတဲ့ ရုရှားအလံတင်သင်္ဘောတစ်စီး ဒရုန်းနဲ့တိုက်ခိုက်ခံရ

296

Pika (NP News)-ဒီဇင်ဘာ ၄
ဂျော်ဂျီယာနိုင်ငံကို ဦးတည်သွားလာနေတဲ့ ရုရှားအလံတင်သင်္ဘောတစ်စီးဟာ ပင်လယ်နက်အတွင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ တူရကီအရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဟာ ပင်လယ်နက်အတွင်းမှာရှိတဲ့ ရုရှားရဲ့ကုန်တင်သင်္ဘောတွေကို ဒရုန်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ စွပ်စွဲပြောဆိုခဲ့ပြီးနောက် ယခုလိုသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။နေကြာဆီတွေတင်ဆောင်လာတဲ့ ရုရှားအလံတင် MIDVOLGA-2သင်္ဘောဟာ တူရကီနိုင်ငံကမ်းရိုးတန်းကနေ မိုင်(၈၀)အကွာမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ တူရကီနိုင်ငံ သယ်ယူပို့ဆောင်ရေးနဲ့အခြေခံအဆောက်အအုံဝန်ကြီးဌာနရဲ့ ရေကြောင်းရေးရာ အထွေထွေညွှန်ကြားရေးမှူးရုံးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။တူရကီအရာရှိတစ်ဦးက”လက်ရှိအချိန်အထိတော့ ရုရှားအလံတင်သင်္ဘောရဲ့ ပျက်စီးဆုံးရှုံးမှုတွေအကြောင်းကို အသေးစိတ်မသိရှိရသေးပါဘူး။ရုရှားအလံတင်သင်္ဘောက သူ့ရဲ့လမ်းကြောင်းအတိုင်းဆက်သွားနေတယ်ဆိုတာကိုပဲ သိရှိထားရပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ပင်လယ်နက်အတွင်းမှာသွားလာနေတဲ့ ရုရှားအလံတင်သင်္ဘောဟာ ဒရုန်းတစ်စင်းရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့တယ်လို့ ရုရှားရဲ့ ပင်လယ်နဲ့ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဖက်ဒရယ်အေဂျင်စီက နောက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ပင္လယ္နက္အတြင္းသြားလာေနတဲ့ ႐ုရွားအလံတင္သေဘၤာတစ္စီး ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရ
Pika (NP News)-ဒီဇင္ဘာ ၄
ေဂ်ာ္ဂ်ီယာႏိုင္ငံကို ဦးတည္သြားလာေနတဲ့ ႐ုရွားအလံတင္သေဘၤာတစ္စီးဟာ ပင္လယ္နက္အတြင္းမွာ တိုက္ခိုက္ခံခဲ့ရတယ္လို႔ တူရကီအရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ယူကရိန္းတပ္ဖြဲ႕ေတြဟာ ပင္လယ္နက္အတြင္းမွာရွိတဲ့ ႐ုရွားရဲ႕ကုန္တင္သေဘၤာေတြကို ဒ႐ုန္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားအာဏာပိုင္ေတြက ၿပီးခဲ့တဲ့သီတင္းပတ္မွာ စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုသတင္းေတြထြက္ေပၚလာတာျဖစ္ပါတယ္။ေနၾကာဆီေတြတင္ေဆာင္လာတဲ့ ႐ုရွားအလံတင္ MIDVOLGA-2သေဘၤာဟာ တူရကီႏိုင္ငံကမ္း႐ိုးတန္းကေန မိုင္(၈၀)အကြာမွာ တိုက္ခိုက္ခံခဲ့ရတာျဖစ္တယ္လို႔ တူရကီႏိုင္ငံ သယ္ယူပို႔ေဆာင္ေရးနဲ႔အေျခခံအေဆာက္အအုံဝန္ႀကီးဌာနရဲ႕ ေရေၾကာင္းေရးရာ အေထြေထြၫႊန္ၾကားေရးမႉး႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။တူရကီအရာရွိတစ္ဦးက”လက္ရွိအခ်ိန္အထိေတာ့ ႐ုရွားအလံတင္သေဘၤာရဲ႕ ပ်က္စီးဆုံးရႈံးမႈေတြအေၾကာင္းကို အေသးစိတ္မသိရွိရေသးပါဘူး။႐ုရွားအလံတင္သေဘၤာက သူ႔ရဲ႕လမ္းေၾကာင္းအတိုင္းဆက္သြားေနတယ္ဆိုတာကိုပဲ သိရွိထားရပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ပင္လယ္နက္အတြင္းမွာသြားလာေနတဲ့ ႐ုရွားအလံတင္သေဘၤာဟာ ဒ႐ုန္းတစ္စင္းရဲ႕တိုက္ခိုက္မႈကို ခံခဲ့ရတာျဖစ္ၿပီး ထိခိုက္ပ်က္စီးမႈအနည္းငယ္ရွိခဲ့တယ္လို႔ ႐ုရွားရဲ႕ ပင္လယ္နဲ႔ျပည္တြင္းေရေၾကာင္း သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ ဖက္ဒရယ္ေအဂ်င္စီက ေနာက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။