ယူကရိန်း-အမေရိကန်ဆွေးနွေးပွဲအတွင်း အဓိကပြဿနာတွေကို ဖြေရှင်းနိုင်တာမျိုးမရှိခဲ့ဘူးလို့ WSJ ရေးသားဖော်ပြ

 120

Pika (NP News) - ဒီဇင်ဘာ ၄

ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ယူကရိန်းနဲ့အမေရိကန်ကြားလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေ အပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေကို ဖြေရှင်းနိုင်တာမျိုးမရှိသေးဘူးလို့ အရာရှိတစ်ချို့ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး Wall Street Journal သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
ယူကရိန်းနဲ့ အမေရိကန်တို့ရဲ့ညှိနှိုင်းဆွေးနွေးရေးသမားတွေဟာ ယူကရိန်းရဲ့ရွေးကောက်ပွဲအချိန်ဇယားနဲ့ နယ်မြေ ဆိုင်ရာပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ယူကရိန်းရဲ့ထိပ်တန်းလုံခြုံရေးအရာရှိ ယူစတန်ရူမာရော့ဗ်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို၊ ထိပ်တန်းသံတမန် စတိဗ်ဝစ် အော့ဖ်၊ အကြံပေး ဂျဲကူရှနာတို့နဲ့အတူ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့လုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေရှိ ခဲ့ပေမယ့်လည်း ဆက်လက်လုပ်ဆောင်ရမယ့် အလုပ်တွေရှိသေးတယ်လို့ မာကိုရူဘီအိုက ထုတ်ပြန်ပြောကြားခဲ့ ပါ တယ်။ အမေရိကန်နဲ့လုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲတွေဟာ လွယ်ကူတာမျိုးမရှိဘဲ နည်းလမ်းတွေနဲ့ ဖြေရှင်းနည်း တွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက‌ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္း-အေမရိကန္ေဆြးေႏြးပြဲအတြင္း အဓိကျပႆနာေတြကို ေျဖရွင္းႏိုင္တာမ်ိဳးမရွိခဲ့ဘူးလို႔ WSJ ေရးသားေဖာ္ျပ
Pika (NP News) - ဒီဇင္ဘာ ၄
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ယူကရိန္းနဲ႔အေမရိကန္ၾကားလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြ အၿပီး ယူကရိန္းအတြက္ လုံၿခဳံေရးအာမခံခ်က္ေတြကို ေျဖရွင္းႏိုင္တာမ်ိဳးမရွိေသးဘူးလို႔ အရာရွိတစ္ခ်ိဳ႕ရဲ႕ ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး Wall Street Journal သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
ယူကရိန္းနဲ႔ အေမရိကန္တို႔ရဲ႕ညႇိႏႈိင္းေဆြးေႏြးေရးသမားေတြဟာ ယူကရိန္းရဲ႕ေ႐ြးေကာက္ပြဲအခ်ိန္ဇယားနဲ႔ နယ္ေျမ ဆိုင္ရာျပႆနာေတြကိုလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ ယူကရိန္းရဲ႕ထိပ္တန္းလုံၿခဳံေရးအရာရွိ ယူစတန္႐ူမာေရာ့ဗ္ဦးေဆာင္တဲ့ကိုယ္စားလွယ္အဖြဲ႕ဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအို၊ ထိပ္တန္းသံတမန္ စတိဗ္ဝစ္ ေအာ့ဖ္၊ အႀကံေပး ဂ်ဲကူရွနာတို႔နဲ႔အတူ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းကိုယ္စားလွယ္အဖြဲ႕နဲ႔လုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲဟာ အျပဳသေဘာေဆာင္တဲ့အက်ိဳးသက္ေရာက္မႈေတြရွိ ခဲ့ေပမယ့္လည္း ဆက္လက္လုပ္ေဆာင္ရမယ့္ အလုပ္ေတြရွိေသးတယ္လို႔ မာကို႐ူဘီအိုက ထုတ္ျပန္ေျပာၾကားခဲ့ ပါ တယ္။ အေမရိကန္နဲ႔လုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲေတြဟာ လြယ္ကူတာမ်ိဳးမရွိဘဲ နည္းလမ္းေတြနဲ႔ ေျဖရွင္းနည္း ေတြကို ဆက္လက္ရွာေဖြေနဆဲျဖစ္တယ္လို႔ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ခုက‌ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.