ရေးမြို့နယ်က လက်နက်သယ်ယူရေး လမ်းကြောင်းနှင့် နင်းပြားတို့ဘဝ (အင်တာဗျူး)

 320

သုတကျော် (NP News)-ဒီဇင်ဘာ ၄
မွန်ပြည်နယ်အတွင်းက ရေးမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့များရှိနေရာ အဆိုပါအဖွဲ့များအနက် ရေးဘီလူးအဖွဲ့သည်လည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ ပြည်သူများထံမှဆက်ကြေးကောက်ကာ လက် နက်ဖြည့်တင်းပြီး ပြည်သူကို ပြန်လည်ခြိမ်းခြောက်နေပြန်သော အဆိုပါလက်နက်ကိုင်အဖွဲ့တို့၏ အခြေ အနေနှင့် ၎င်းတို့ကိုမီးထိုးပေးနေသော လက်နက်သယ်ယူရေးလမ်းကြောင်း၊ ထိုလက်နက်အားဖြင့် အနိုင် အထက်ပြုကျင့်ခံနေရသော ပြည်သူများ၏ဘဝအခြေအနေတို့နှင့် ပတ်သက်၍ NP News က ဒေသခံ တစ်ဦးထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံးသိချင်တာက လက်ရှိ ရေးမြို့နယ်မှာ ဘာတွေဖြစ်နေလဲဆိုတာပါ။
ဖြေ - ဘာတွေဖြစ်နေလဲဆိုတော့ ကာဖျူးကတော့ ရှိနေတာပေါ့။ လက်နက်ကိုင်အဖွဲ့တွေကတော့ ဆက် ကြေး တောင်းတယ်။ လက်နက်အားကိုးနဲ့အနိုင်ကျင့်တာပေါ့။ ဘုရားသုံးဆူကနေ ရေးကိုသွားတဲ့လမ်းက လက်နက်သယ်တယ်။ လက်နက်သယ်တယ်ဆိုတာက ဘုရားသုံးဆူကနေရေးကိုသွားတဲ့လမ်းကနေ လက်နက်တွေကို ရေးဘီလူးအဖွဲ့အတွက်သယ်ပေးတယ်။ ထားဝယ်ဘက်ခြမ်းကနေ ပုလော၊ ပလောက် ဘက်ကို လက်နက်တွေဝင်တယ်။ အဲဒီကနေတစ်ဆင့် သူတို့အဖွဲ့တွေနဲ့ ချိတ်ဆက်တယ်။
မေး - လက်နက်သယ်တဲ့ကိစ္စကို နည်းနည်း အကျယ်တဝင့် ပြောပြပါလား။
ဖြေ - ဘုရားသုံးဆူကနေ ရေးကိုလာတဲ့လမ်းမှာ ကုန်ပစ္စည်းတွေမှာ၊ နယ်စပ်ကနေသွင်းတဲ့ ယိုးဒယား ပစ္စည်းတွေကနေ ဖာတွေထဲမှာ လက်နက်ခဲယမ်းတွေ ထည့်လာတယ်ပေါ့။ အဲဒီဘက်ကနေဝင်တယ်။ ဘုရား သုံးဆူလမ်းပိတ်သွားရင် ထားဝယ်-ထီးခီးဘက်ကလေ အဲဒီဘက်ကနေ ထားဝယ်၊ ထားဝယ်ကနေ ပု လော၊ ပလောက်ဘက်ကို သူတို့အဖွဲ့ချင်းချိတ်တယ်ပေါ့။ ရေးဘီလူးအဖွဲ့နဲ့ ပုလော၊ ပလောက် PDF ချိတ်ဆက်ပြီး လက်နက်တွေသယ်တယ်။ သူတို့က ဘယ်အချိန်သယ်လဲဆိုတော့ ညဘက်သယ်တယ်။ ကျွန်တော်သိရသလောက်ပေါ့။ တောလမ်းကနေသယ်တာပေါ့။
မေး - အကြမ်းဖျင်းက ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့ ဘယ်နှဖွဲ့လောက်ရှိမလဲ။
ဖြေ - လက်နက်ကိုင်အဖွဲ့က ရှိတယ်။ ကရင်အဖွဲ့ရှိ တယ်။ မွန်အဖွဲ့ရှိတယ်။ အဓိက ရေးဘီလူးအဖွဲ့က နာမည်အကြီးဆုံးပေါ့ အစ်ကို။ သူတို့အားလုံး အဖွဲ့သာကွဲနေတာ ချိတ်ဆက်မှုကရှိနေတယ်။ ပစ္စည်းတွေ သယ်နေတဲ့ကားသမားပြောပုံအရဆိုရင် ဘုရားသုံးဆူ ဘက်ကနေ ပစ္စည်းတွေသယ်ချင်ရင် သူတို့အတွက် လက်နက်ခဲယမ်းကိုလည်းသယ်ပေးရတယ်။ မသယ်ပေးရင် အဲဒီကားကို ပြဿနာရှာတယ်။ အဲဒါကြောင့် သူတို့အဖွဲ့တွေလက်ထဲမှာ လက်နက်ခဲယမ်းတွေပေါများနေတော့ ပြည်သူတွေကိုအနိုင်ကျင့်တာပေါ့။ ပိုက်ဆံလိုရင်၊ လက်နက်ဝယ်ဖို့လိုရင် စာပို့ပြီး ပိုက်ဆံတောင်းတယ်။ ဘယ်လိုရေးပြီးတောင်းလဲဆိုတော့ “ခင်ဗျားတို့ဆိုင်လုံခြုံရေးအတွက် ကြည့်ရှုစောင့် ရှောက်ပေးမယ်။ ကျူပ်တို့ကို ကူညီထောက်ပံ့ပေးပါ” ဆိုပြီးတော့ တစ်ဆိုင်ကိုဘယ်လောက်ပေါ့။ ပိုက်ဆံရှိ တဲ့သူဆိုရင် ရှိသလောက်တောင်းတယ်ပေါ့။
မေး - ဆိုတော့ သူတို့က ကူညီစောင့်ရှောက်ပေးမယ် ပြောတယ်။ သူတို့က တကယ်ကော ကြည့်ရှုစောင့် ရှောက်ပေးသလား။
ဖြေ - အဲဒီလိုမျိုးတော့လည်းမရှိဘူး။ ကာဖျူးချိန်ဆိုရင်လည်း ဘယ်သူမှမထွက်တော့ဘူးလေ။ ပြဿနာ ဖြစ်လာရင် သူတို့အဖွဲ့လည်း အားကိုးလို့မရဘူးလေ။ တစ်ခုခုဖြစ်ရင် ဘယ်သူလုပ်လို့လုပ်မှန်းလည်းမသိ ဘူး ဖြစ်သွားတာ အများကြီးပဲ။
မေး - ဖောက်ထွင်းခံရတာ၊ ဓားပြတိုက်ခံရတာမျိုးလား။
ဖြေ - အမျိုးမျိုးပေါ့။ အနုကြမ်းစီးတာလည်းပါတယ်။ အိမ်ပေါ်တက်ပြီး ဓားပြတိုက်တာမျိုးလည်းရှိတယ်။ ဒီမြို့ပေါ်မှာမဟုတ်ဘဲ မြို့စွန်ကျတဲ့နေရာဆို ဓားပြတိုက်ခံရတာတွေရှိတယ်။ မပြောရဲတာလည်းရှိတယ်။ ပါသွားကြတာလည်းရှိတယ်။ ဘယ်သူလုပ်တယ်ဆို တာ သိတယ်၊ မပြောရဲကြဘူး။ မိသားစုက အသတ်ခံ ထိမှာစိုးလို့ အိမ်တွေပြောင်းပြေးကြတယ် တစ်ပုံကြီးပဲ။ အခု တော်တော်များများက အိမ်တွေပြောင်းပြေး ကြကုန်ပြီ။
မေး - ဆိုတော့ ဒါက ရေးမြို့အစွန့်အဖျားပဲလား။ မြို့နယ်ထဲက ရွာတွေကောလား။
ဖြေ - အစုံပေါ့။ ရေးမြို့ကိုပြောင်းလာတာလည်းရှိတယ်။ တခြားမြို့ကို ပြောင်းသွားတာလည်းရှိတယ်။ အဓိကကတော့ ဘုရားသုံးဆူလမ်းကနေ လက်နက်ခဲ ယမ်းတွေဝင်နေတယ်။ ပြီးတော့ ထားဝယ်-ထီးခီး ဘက်ကနေ ဝင်တယ်။ သူတို့အတွက်က လက်နက် မရှားဘူး အစ်ကိုရ။ အဲဒီလိုပုံစံဖြစ်နေတယ်။ ကြောက် နေရတာက PDF တွေကိုကြောက်နေရတယ်။ သူတို့ အရပ်ဝတ်နဲ့သွားလာနေရင် ကျွန်တော်တို့က စကား ကိုမပြောရဲဘူး။ သူ့လူများရှိနေမလားပေါ့။ ခုနက အစ်ကို ကျွန်တော့်ကိုဖုန်းခေါ်တုန်းကလည်း မပြောရဲ ဘူး။ သူတို့က သူလျှိုလွှတ်ထားတာလည်းအများကြီး။ ရေး မြို့ပေါ်လည်းလွှတ်ထားတယ်။ အရပ်ဝတ်နဲ့ သွားနေတယ် သူတို့မှန်းကို ကိုယ်ကမသိဘူး။ တစ်ခါတလေကျရင် လက်ပါးစေတွေ ပိုက်ဆံပေးပြီး သတင်းပေးလွှတ် ထားတာအများကြီးရှိတယ်။ ကားသမားတွေကိုလည်း ခြိမ်းခြောက်ခံရတယ်။ မင်းတို့ လက်နက်သယ်ပေးရင် သယ်ပေး၊ မသယ်ပေးရင်မီးရှို့မယ်ဆိုတော့ ကားသမားတွေကလည်း စီးပွားရေး အတွက်လည်းကြည့်ရသေးတယ်။ ကြည့်တော့ သယ်လာပေးတယ် အဲဒီလိုပေါ့။
မေး - PDF တွေရောက်မလာခင်က ရေးမြို့ စီးပွားရေးက ဘယ်လိုရှိပါသလဲ။
ဖြေ - သူတို့မရှိခင်တုန်းကတော့ စီးပွားရေးက ကောင်းကောင်းမွန်မွန်နဲ့လည်ပတ်နေတာပေါ့ အစ်ကို။ အေးအေးချမ်းချမ်းပဲ။ အစ်ကိုစဉ်းစားကြည့် မနက် (၆) နာရီ၊ ည (၆) နာရီ နောက်ပိုင်းကျရင် ဈေးရောင်း တဲ့သူ၊ အလုပ်လုပ်တဲ့သူက ဘယ်လိုမှ အဆင်မပြေကြဘူးလေ။ ညဘက်ထမင်းဆိုင် ဖွင့်တဲ့သူတွေ ကျတော့လည်း စီးပွားရေးတွေပျက်ကုန်တာပေါ့။
မေး - PDF တွေကိုကြောက်ရတယ်ဆိုတာက အဓိကကျတော့ ပြည်သူတွေကို ဘယ်လိုခြိမ်းခြောက်လဲ။
ဖြေ - အလှူခံတာလည်းမဟုတ်ဘူး။ ခုနက ပြောသ လို အနုနည်းနဲ့ဓားပြတိုက်တဲ့ပုံစံပဲ။ စာပို့တယ်။ သူတို့ က သတ်မှတ်ပေးလိုက်တယ်။ ပိုက်ဆံရှိတဲ့အိမ်လား၊ မရှိတဲ့အိမ်လား ကြည့်ပြီးတော့ တစ်အိမ်ကို ဘယ်လောက်လဲ အပြီးရေးလိုက်တယ်။ သူတို့လူနဲ့လွှတ်ပြီး စာပေးလိုက်တယ်။ အဲဒီလိုတောင်းတာကို သတင်းပေါက်ရင်၊ ဘယ်အိမ်ကသတင်းပေးလဲကြားရင် အဲဒီအိမ်ကို သူတို့က လူကိုပြန်ပေးဆွဲမယ်၊ အသက် ရန်ရှာတာလည်းရှိခဲ့တယ်။
မေး - လူပြန်ပေး၊ ငွေအတင်းတောင်းဆိုတော့ လူပြန်ပေးအဖွဲ့၊ ဓားပြအဖွဲ့ ဆန်လာတာပေါ့။ အဲဒီလို ကောက်ချက်ချနိုင်လား။
ဖြေ - အဲဒီလိုပုံစံဖြစ်နေတယ်။ ဘယ်လိုပြောမလဲဆိုတော့ အစိုးရမရောက်ခင် ကိုယ့်ကိုသတ်သွားမယ့်အ ခြေအနေ။ အဲဒီလိုဖြစ်နေတယ်။ နေ့ဘက်လှုပ်ရှားတဲ့ အဖွဲ့ရှိတယ်၊ ညဘက်လှုပ်ရှားတဲ့အဖွဲ့ရှိတယ်။ နေ့ လယ်ဆိုရင် ကလေးလေးတွေကအစ သတင်းပေးသ ဘောလွှတ်ထားတယ်။ အခုက လူတိုင်းကို ကြောက် ပြီး ချိုချိုသာသာဆက်ဆံနေရတယ်။ သူတို့လူများဖြစ်နေလား၊ တစ်ခုခုမကျေနပ်လို့ တစ်ခုခုချွန်လိုက် တာမျိုးလည်းဖြစ်နိုင်တယ်။ ဒီမြို့ကပြောင်းဖို့ဆိုတာကလည်း စီးပွားရေးက အခြေကျနေတော့ အဆင် မပြေနိုင်ဘူးလေ။ ရေးမြို့ရဲ့အစွန်အဖျားကလူတွေတော့ ပိုဆိုးတာပေါ့။ မိန်းကလေးတွေဆိုရင် ညနေ (၄) နာရီလောက်တည်းက အပြင်မထွက်ရဲကြတော့ဘူး။
မေး - ဘာလို့ မိန်းကလေးတွေက အပြင်မထွက်ရဲတာ လဲ။
ဖြေ - သူတို့အန္တရာယ်ကိုကြောက်လို့။ သူတို့က ဒီ ကောင်မလေးတစ်ယောက်ကို ကြိုက်ပြီဆိုရင် လူမသိ ဘဲခေါ်သွားတယ်။ လူပျောက်တာတွေအများကြီးပဲ ရေးမှာ။ အထူးသဖြင့် မိန်းကလေးတွေ ပျောက်တာ များတယ်။
မေး - ပျောက်တော့ကော ဘယ်လိုလိုက်ရှာကြလဲ။ သတင်းမရဘဲ လုံးဝကို ပျောက်သွားတာလား။
ဖြေ - သတင်းကြားတာက တချို့ကျတော့လည်း တောထဲမှာ သူတို့မယားဖြစ်သွားပြီကြားတယ်။ ဒါပေမဲ့ အဆက်အသွယ်မရဘူး အဲဒီလိုမျိုးတွေ။ တချို့ကျ တော့လည်း သတင်းမရဘူး။
မေး - ခုနကပြောတဲ့ လူတိုင်းကို ချိုချိုသာသာဆက်ဆံရတယ်ဆိုတာလေ။ ဂျပန်ခေတ်က ကိုယ်နဲ့မကြည် ရင် အလိုတော်ရိတွေက ဂျပန်ကို သွားသတင်းပေးသ လိုဖြစ်နေတာပေါ့။ ဆိုတော့ ဂျပန်ခေတ်လိုတောင် ဖြစ်နေတာပေါ့။
ဖြေ - ဟုတ်တယ် ဟုတ်တယ်။ အခုက အစိုးရကို မကြောက်ရဘူး။ ရဲစခန်းတွေဘာတွေက သူတို့အလုပ် သူတို့လုပ်တယ်။ ကြောက်နေရတာက PDF ကို ဖြစ် နေတယ်။ လက်နက်တွေများနေတာကိုး။ ပိုက်ဆံလို လည်းမရှားဘူး။ ပြည်သူတွေဆီကတောင်းတယ်။ ဘယ်လောက်ဆိုပြီး ဝေပုံကျတောင်းတယ်။ အဓိက ပြောချင်တာက သူတို့ လူအင်အားဘယ်လောက်များ များ လက်နက်အားကိုးမရှိရင် ထကြွနိုင်မှာမဟုတ် ဘူး။ အခုက ကျွန်တော်တို့အသိကားသမားတွေဆို လက်နက်သယ်ပေးရတယ်။
မေး - အခုနောက်ပိုင်း ကြားနေရတာပေါ့လေ။ လက် နက်မကိုင်ခင်က ဆင်းရဲတယ်။ လက်နက်ကိုင်ပြီးတော့ ချမ်းသာသွားတာပေါ့လေ။ ဒီလိုမျိုးက ရေးမှာကော ရှိလား။
ဖြေ - ရှိတာပေါ့အစ်ကိုရယ်။ သူတို့တွေက ပိုင်ဆိုင်မှု တွေက မပြောတတ်ဘူး။ တစ်အိမ်ကို ငါးသိန်းပဲထား ဘယ်လောက်ရမလဲဆိုတာ စဉ်းစားကြည့်လေအစ်ကို။ သူတို့က ပိုက်ဆံကို ဖောဖောသီသီသုံးတယ်။ ကိုယ် တွေကရှာရတယ်။ အဓိက ကျွန်တော်မကြိုက်တာက လက်နက်တွေ အလွယ်တကူစီးဆင်းလို့ရတဲ့ လမ်း ကြောင်းများနေတာ။
မေး - ခုနက သူတို့ ရေးမြို့ထဲအထိဝင်ပြီးစာပို့တယ် ဆိုတာလေ။ အဲဒီလိုကျတော့ ဘယ်လိုမျိုးစာပို့တာ လဲ။ သူတို့ စာပို့တဲ့ပုံစံက ဘယ်လိုမျိုးလဲ။
ဖြေ - သာမန်အဝတ်အစားနဲ့လာတယ်။ သိတောင် မသိလိုက်ဘူး။ စာကို စားပွဲပေါ်တင်ထားခဲ့တယ်။ ဖတ်ကြည့်တော့မှ သူတို့ဖြစ်နေတယ် အဲဒီလိုပေါ့ အစ်ကို။
မေး - အကြမ်းဖျင်းအားဖြင့် ပိုက်ဆံပေးရတာက အလွှာလိုက် ဘယ်လိုရှိလဲ။
ဖြေ - အချိုးအစားက ပိုက်ဆံရှိရင်ရှိသလောက် အချိုးအစားသတ်မှတ်ပြီး သူတို့လိုရင်တောင်းတာပဲ။ ပိုက်ဆံမရှိတဲ့ နောက်ဆုံးကွမ်းယာဆိုင်တွေကအစ ငါးသောင်းလောက်ထည့်ရတာပဲ။
မေး - ရေးဘီလူးတို့က အစောပိုင်းမှာ ကျောင်းမတက် ဖို့နဲ့ ကျောင်းတွေကိုဖောက်ခွဲမယ်တောင် ခြိမ်း ခြောက်ခဲ့ဖူးတော့ အခုပညာရေးအခြေအနေကကော ဘယ် လိုရှိပါသလဲ။
ဖြေ - ပညာရေးအခြေအနေကတော့ ကောင်းပါတယ်။ ဒီအတိုင်းပဲသွားလာနေကြတယ်။ ဘယ်လိုပြော မလဲ ပုံမှန်တော့လည်ပတ်နေတာပေါ့။ တချို့မိဘတွေကလည်း သားသမီးကို ရေးမှာမထားဘဲ ရန်ကုန် တို့၊ မော်လမြိုင်တို့မှာ ကျောင်းသွားထားကြတယ်။
မေး - ရေးဘီလူးတို့က အွန်လိုင်းမှာ ပြည်သူကို အမြဲ ကာကွယ်စောင့်ရှောက်တယ်ဆိုပြီး အသံကောင်း လွှင့်လေ့ရှိတယ်။ မြေပြင်နဲ့သူတို့ဝါဒဖြန့်တာ ကွဲလွဲနေတာ ပေါ့။
ဖြေ - အဲဒီလိုပြောနိုင်တယ်။ သူတို့က ပြည်သူကို စောင့်ရှောက်မယ်ဆိုပြီး ပိုက်ဆံတောင်းတယ်။ ပိုက်ဆံ မပေးရင်တော့ မစောင့်ရှောက်ချင်တဲ့သဘောပေါ့။ အဲဒီလိုပုံစံဖြစ်နေတယ်။ အကျိုးလိုလို့ ညောင်ရေ လောင်းသလိုဖြစ်နေတယ်။ ပြည်သူတွေကိုစောင့် ရှောက်မယ်ဆိုရင် ပြည်သူတွေဆီကအကျိုးစီးပွားကို မထိခိုက်နဲ့လေ။ အခုကျွန်တော်တို့အကျိုးစီးပွားတွေ ထိခိုက်လာတယ်။ အမျိုးမျိုးစောင့်ကြည့်နေတယ်။ ဆိုင်တွေဆိုရင် ရောင်းမကောင်းတာတွေ ဘာတွေ သွားလိမ်လို့မရဘူး။ ရောင်းကောင်းပြီဆိုရင် ဆက် ကြေးတောင်းတာက ပိုမြင့်လာတယ်။
မေး - ရေးမြို့ကနေ ထွက်သွားတဲ့လူတွေကကော ဘယ်မြို့တွေဘက်သွားနေကြလဲ။ ဘယ်လိုလူမျိုးတွေ ထွက်နေကြလဲ။
ဖြေ - လူငယ်တွေဆိုရင် မိန်းကလေးအများစုကတော့ ရန်ကုန်ထွက်ကြတာများတယ်၊ ဝန်ထမ်းသွားလုပ် ကြတယ်။ မြို့မှာက အသက်ကြီးပိုင်းတွေ၊ စီးပွားရေးကို အရင်တည်းကလုပ်နေတဲ့သူတွေရှိမှာပေါ့။ အမျိုး သမီးတွေကတော့ များသောအားဖြင့် ရန်ကုန်တက်ပြီး သင်တန်းတက်တာတို့ဘာတို့လည်းရှိတယ်။ မိဘတွေ ကလည်း လွှတ်ထားတာပေါ့။ မိန်းကလေးတွေ အန္တရာယ်များတော့ ပေးသွားတာများတယ်။ ပုလော၊ ပလောက်သွားတဲ့ အလယ်စခန်းတို့ အဲဒီဘက်တွေမှာ တချို့ရွာတွေမှာ တစ်ရွာလုံးပျက်စီးသွား တာရှိတယ်။ ရှမ်းပြည်(ထိုင်းနိုင်ငံ)တက်သွားတဲ့လူတွေနဲ့ မရှိကြ တော့ဘူး။
မေး - ရွာကို ပျက်သွားတာပေါ့။
ဖြေ - လေး၊ ငါး ရွာလောက်ရှိမယ်။ မနေရဲကြတော့ ဘူး။ ပြေးသွားကြတယ်။ အဲဒီလိုမျိုး။
မေး - ရေးမြို့နယ်မှာ ဘယ်လိုရာဇဝတ်မှုမျိုးတွေရှိ နေတယ်ကြားလဲ။
ဖြေ - လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု တွေရှိတယ်။ ရော်ဘာခြံတွေဆိုရင် ညဘက်တွေ အ စေးမခြစ်ရဲတော့ဘူး။ အစေးခြစ်တာနဲ့ သူတို့က မင်း တို့ရော်ဘာခြံကို အစေးပေးခြစ်မယ်။ အဲဒီအတွက် ဆက်ကြေးဘယ်လောက်ပေးဆိုပြီး ပေးရတယ်။ မပေးထားတဲ့ရော်ဘာခြံဆို အစေးခြစ်လို့မရဘူး။ အစောင့်ထားရင် ပစ်သတ်လိုက်တယ်။
မေး - အလုပ်မလုပ်ရတဲ့ ရော်ဘာခြံတွေ များနေလား။
ဖြေ -များသွားပြီအစ်ကို။ တချို့ဆိုရင် ရော်ဘာပင်တွေ ခုတ်ပြီးတော့ စားသောက်ဆိုင်မြေကွက်တွေ ရောင်းစားနေတာ။ စီးပွားရေးက တော်တော်ကျပ်သွားပြီ အစ်ကို။
မေး - ရော်ဘာခြံတွေမှာ ဘာလို့ပေးမနေတာလဲ။
ဖြေ - ညဘက် သူတို့သွားလာနေကြတယ်လေ။
မေး - အစောပိုင်းမှာတော့ ပြည်သူတွေထဲ လက်နက် ကိုင်တွေကိုထောက်ခံခဲ့တာရှိတယ်။ ရေးဘီးလူးလို မျိုးပေါ့။ ကာလတစ်ခုကြာပြီးတဲ့နောက်ကော ထောက် ခံမှုက ဘယ်လိုရှိလဲ။
ဖြေ - မထောက်ခံကြတော့ဘူး အစ်ကို။
မေး - ဘာကြောင့်လဲ။
ဖြေ - ရှာသမျှအားလုံးက သူတို့အတွက်ရှာပေးသလို ဖြစ်နေတယ်။ သူတို့ရဲ့အစေအပါးပုံစံဖြစ်နေတယ်။ သူတို့ရဲ့ဝန်ထမ်းလိုဖြစ်နေတယ်။ သူတို့က သူဌေးဖြစ်နေတယ်။
အချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version:
ေရးၿမိဳ႕နယ္က လက္နက္သယ္ယူေရး လမ္းေၾကာင္းႏွင့္ နင္းျပားတို႔ဘဝ
(အင္တာဗ်ဴး)
သုတေက်ာ္ (NP News)-ဒီဇင္ဘာ ၄
မြန္ျပည္နယ္အတြင္းက ေရးၿမိဳ႕နယ္တြင္ လက္နက္ကိုင္အဖြဲ႕မ်ားရွိေနရာ အဆိုပါအဖြဲ႕မ်ားအနက္ ေရးဘီလူးအဖြဲ႕သည္လည္း တစ္ဖြဲ႕အပါအဝင္ျဖစ္သည္။ ျပည္သူမ်ားထံမွဆက္ေၾကးေကာက္ကာ လက္ နက္ျဖည့္တင္းၿပီး ျပည္သူကို ျပန္လည္ၿခိမ္းေျခာက္ေနျပန္ေသာ အဆိုပါလက္နက္ကိုင္အဖြဲ႕တို႔၏ အေျခ အေနႏွင့္ ၎တို႔ကိုမီးထိုးေပးေနေသာ လက္နက္သယ္ယူေရးလမ္းေၾကာင္း၊ ထိုလက္နက္အားျဖင့္ အႏိုင္ အထက္ျပဳက်င့္ခံေနရေသာ ျပည္သူမ်ား၏ဘဝအေျခအေနတို႔ႏွင့္ ပတ္သက္၍ NP News က ေဒသခံ တစ္ဦးထံ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ပထမဆုံးသိခ်င္တာက လက္ရွိ ေရးၿမိဳ႕နယ္မွာ ဘာေတြျဖစ္ေနလဲဆိုတာပါ။
ေျဖ - ဘာေတြျဖစ္ေနလဲဆိုေတာ့ ကာဖ်ဴးကေတာ့ ရွိေနတာေပါ့။ လက္နက္ကိုင္အဖြဲ႕ေတြကေတာ့ ဆက္ ေၾကး ေတာင္းတယ္။ လက္နက္အားကိုးနဲ႔အႏိုင္က်င့္တာေပါ့။ ဘုရားသုံးဆူကေန ေရးကိုသြားတဲ့လမ္းက လက္နက္သယ္တယ္။ လက္နက္သယ္တယ္ဆိုတာက ဘုရားသုံးဆူကေနေရးကိုသြားတဲ့လမ္းကေန လက္နက္ေတြကို ေရးဘီလူးအဖြဲ႕အတြက္သယ္ေပးတယ္။ ထားဝယ္ဘက္ျခမ္းကေန ပုေလာ၊ ပေလာက္ ဘက္ကို လက္နက္ေတြဝင္တယ္။ အဲဒီကေနတစ္ဆင့္ သူတို႔အဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္တယ္။
ေမး - လက္နက္သယ္တဲ့ကိစၥကို နည္းနည္း အက်ယ္တဝင့္ ေျပာျပပါလား။
ေျဖ - ဘုရားသုံးဆူကေန ေရးကိုလာတဲ့လမ္းမွာ ကုန္ပစၥည္းေတြမွာ၊ နယ္စပ္ကေနသြင္းတဲ့ ယိုးဒယား ပစၥည္းေတြကေန ဖာေတြထဲမွာ လက္နက္ခဲယမ္းေတြ ထည့္လာတယ္ေပါ့။ အဲဒီဘက္ကေနဝင္တယ္။ ဘုရား သုံးဆူလမ္းပိတ္သြားရင္ ထားဝယ္-ထီးခီးဘက္ကေလ အဲဒီဘက္ကေန ထားဝယ္၊ ထားဝယ္ကေန ပု ေလာ၊ ပေလာက္ဘက္ကို သူတို႔အဖြဲ႕ခ်င္းခ်ိတ္တယ္ေပါ့။ ေရးဘီလူးအဖြဲ႕နဲ႔ ပုေလာ၊ ပေလာက္ PDF ခ်ိတ္ဆက္ၿပီး လက္နက္ေတြသယ္တယ္။ သူတို႔က ဘယ္အခ်ိန္သယ္လဲဆိုေတာ့ ညဘက္သယ္တယ္။ ကြၽန္ေတာ္သိရသေလာက္ေပါ့။ ေတာလမ္းကေနသယ္တာေပါ့။
ေမး - အၾကမ္းဖ်င္းက ေရးၿမိဳ႕နယ္မွာ လက္နက္ကိုင္အဖြဲ႕ ဘယ္ႏွဖြဲ႕ေလာက္ရွိမလဲ။
ေျဖ - လက္နက္ကိုင္အဖြဲ႕က ရွိတယ္။ ကရင္အဖြဲ႕ရွိ တယ္။ မြန္အဖြဲ႕ရွိတယ္။ အဓိက ေရးဘီလူးအဖြဲ႕က နာမည္အႀကီးဆုံးေပါ့ အစ္ကို။ သူတို႔အားလုံး အဖြဲ႕သာကြဲေနတာ ခ်ိတ္ဆက္မႈကရွိေနတယ္။ ပစၥည္းေတြ သယ္ေနတဲ့ကားသမားေျပာပုံအရဆိုရင္ ဘုရားသုံးဆူ ဘက္ကေန ပစၥည္းေတြသယ္ခ်င္ရင္ သူတို႔အတြက္ လက္နက္ခဲယမ္းကိုလည္းသယ္ေပးရတယ္။ မသယ္ေပးရင္ အဲဒီကားကို ျပႆနာရွာတယ္။ အဲဒါေၾကာင့္ သူတို႔အဖြဲ႕ေတြလက္ထဲမွာ လက္နက္ခဲယမ္းေတြေပါမ်ားေနေတာ့ ျပည္သူေတြကိုအႏိုင္က်င့္တာေပါ့။ ပိုက္ဆံလိုရင္၊ လက္နက္ဝယ္ဖို႔လိုရင္ စာပို႔ၿပီး ပိုက္ဆံေတာင္းတယ္။ ဘယ္လိုေရးၿပီးေတာင္းလဲဆိုေတာ့ “ခင္ဗ်ားတို႔ဆိုင္လုံၿခဳံေရးအတြက္ ၾကည့္ရႈေစာင့္ ေရွာက္ေပးမယ္။ က်ဴပ္တို႔ကို ကူညီေထာက္ပံ့ေပးပါ” ဆိုၿပီးေတာ့ တစ္ဆိုင္ကိုဘယ္ေလာက္ေပါ့။ ပိုက္ဆံရွိ တဲ့သူဆိုရင္ ရွိသေလာက္ေတာင္းတယ္ေပါ့။
ေမး - ဆိုေတာ့ သူတို႔က ကူညီေစာင့္ေရွာက္ေပးမယ္ ေျပာတယ္။ သူတို႔က တကယ္ေကာ ၾကည့္ရႈေစာင့္ ေရွာက္ေပးသလား။
ေျဖ - အဲဒီလိုမ်ိဳးေတာ့လည္းမရွိဘူး။ ကာဖ်ဴးခ်ိန္ဆိုရင္လည္း ဘယ္သူမွမထြက္ေတာ့ဘူးေလ။ ျပႆနာ ျဖစ္လာရင္ သူတို႔အဖြဲ႕လည္း အားကိုးလို႔မရဘူးေလ။ တစ္ခုခုျဖစ္ရင္ ဘယ္သူလုပ္လို႔လုပ္မွန္းလည္းမသိ ဘူး ျဖစ္သြားတာ အမ်ားႀကီးပဲ။
ေမး - ေဖာက္ထြင္းခံရတာ၊ ဓားျပတိုက္ခံရတာမ်ိဳးလား။
ေျဖ - အမ်ိဳးမ်ိဳးေပါ့။ အႏုၾကမ္းစီးတာလည္းပါတယ္။ အိမ္ေပၚတက္ၿပီး ဓားျပတိုက္တာမ်ိဳးလည္းရွိတယ္။ ဒီၿမိဳ႕ေပၚမွာမဟုတ္ဘဲ ၿမိဳ႕စြန္က်တဲ့ေနရာဆို ဓားျပတိုက္ခံရတာေတြရွိတယ္။ မေျပာရဲတာလည္းရွိတယ္။ ပါသြားၾကတာလည္းရွိတယ္။ ဘယ္သူလုပ္တယ္ဆို တာ သိတယ္၊ မေျပာရဲၾကဘူး။ မိသားစုက အသတ္ခံ ထိမွာစိုးလို႔ အိမ္ေတြေျပာင္းေျပးၾကတယ္ တစ္ပုံႀကီးပဲ။ အခု ေတာ္ေတာ္မ်ားမ်ားက အိမ္ေတြေျပာင္းေျပး ၾကကုန္ၿပီ။
ေမး - ဆိုေတာ့ ဒါက ေရးၿမိဳ႕အစြန႔္အဖ်ားပဲလား။ ၿမိဳ႕နယ္ထဲက ႐ြာေတြေကာလား။
ေျဖ - အစုံေပါ့။ ေရးၿမိဳ႕ကိုေျပာင္းလာတာလည္းရွိတယ္။ တျခားၿမိဳ႕ကို ေျပာင္းသြားတာလည္းရွိတယ္။ အဓိကကေတာ့ ဘုရားသုံးဆူလမ္းကေန လက္နက္ခဲ ယမ္းေတြဝင္ေနတယ္။ ၿပီးေတာ့ ထားဝယ္-ထီးခီး ဘက္ကေန ဝင္တယ္။ သူတို႔အတြက္က လက္နက္ မရွားဘူး အစ္ကိုရ။ အဲဒီလိုပုံစံျဖစ္ေနတယ္။ ေၾကာက္ ေနရတာက PDF ေတြကိုေၾကာက္ေနရတယ္။ သူတို႔ အရပ္ဝတ္နဲ႔သြားလာေနရင္ ကြၽန္ေတာ္တို႔က စကား ကိုမေျပာရဲဘူး။ သူ႔လူမ်ားရွိေနမလားေပါ့။ ခုနက အစ္ကို ကြၽန္ေတာ့္ကိုဖုန္းေခၚတုန္းကလည္း မေျပာရဲ ဘူး။ သူတို႔က သူလွ်ိဳလႊတ္ထားတာလည္းအမ်ားႀကီး။ ေရး ၿမိဳ႕ေပၚလည္းလႊတ္ထားတယ္။ အရပ္ဝတ္နဲ႔ သြားေနတယ္ သူတို႔မွန္းကို ကိုယ္ကမသိဘူး။ တစ္ခါတေလက်ရင္ လက္ပါးေစေတြ ပိုက္ဆံေပးၿပီး သတင္းေပးလႊတ္ ထားတာအမ်ားႀကီးရွိတယ္။ ကားသမားေတြကိုလည္း ၿခိမ္းေျခာက္ခံရတယ္။ မင္းတို႔ လက္နက္သယ္ေပးရင္ သယ္ေပး၊ မသယ္ေပးရင္မီးရႈိ႕မယ္ဆိုေတာ့ ကားသမားေတြကလည္း စီးပြားေရး အတြက္လည္းၾကည့္ရေသးတယ္။ ၾကည့္ေတာ့ သယ္လာေပးတယ္ အဲဒီလိုေပါ့။
ေမး - PDF ေတြေရာက္မလာခင္က ေရးၿမိဳ႕ စီးပြားေရးက ဘယ္လိုရွိပါသလဲ။
ေျဖ - သူတို႔မရွိခင္တုန္းကေတာ့ စီးပြားေရးက ေကာင္းေကာင္းမြန္မြန္နဲ႔လည္ပတ္ေနတာေပါ့ အစ္ကို။ ေအးေအးခ်မ္းခ်မ္းပဲ။ အစ္ကိုစဥ္းစားၾကည့္ မနက္ (၆) နာရီ၊ ည (၆) နာရီ ေနာက္ပိုင္းက်ရင္ ေဈးေရာင္း တဲ့သူ၊ အလုပ္လုပ္တဲ့သူက ဘယ္လိုမွ အဆင္မေျပၾကဘူးေလ။ ညဘက္ထမင္းဆိုင္ ဖြင့္တဲ့သူေတြ က်ေတာ့လည္း စီးပြားေရးေတြပ်က္ကုန္တာေပါ့။
ေမး - PDF ေတြကိုေၾကာက္ရတယ္ဆိုတာက အဓိကက်ေတာ့ ျပည္သူေတြကို ဘယ္လိုၿခိမ္းေျခာက္လဲ။
ေျဖ - အလႉခံတာလည္းမဟုတ္ဘူး။ ခုနက ေျပာသ လို အႏုနည္းနဲ႔ဓားျပတိုက္တဲ့ပုံစံပဲ။ စာပို႔တယ္။ သူတို႔ က သတ္မွတ္ေပးလိုက္တယ္။ ပိုက္ဆံရွိတဲ့အိမ္လား၊ မရွိတဲ့အိမ္လား ၾကည့္ၿပီးေတာ့ တစ္အိမ္ကို ဘယ္ေလာက္လဲ အၿပီးေရးလိုက္တယ္။ သူတို႔လူနဲ႔လႊတ္ၿပီး စာေပးလိုက္တယ္။ အဲဒီလိုေတာင္းတာကို သတင္းေပါက္ရင္၊ ဘယ္အိမ္ကသတင္းေပးလဲၾကားရင္ အဲဒီအိမ္ကို သူတို႔က လူကိုျပန္ေပးဆြဲမယ္၊ အသက္ ရန္ရွာတာလည္းရွိခဲ့တယ္။
ေမး - လူျပန္ေပး၊ ေငြအတင္းေတာင္းဆိုေတာ့ လူျပန္ေပးအဖြဲ႕၊ ဓားျပအဖြဲ႕ ဆန္လာတာေပါ့။ အဲဒီလို ေကာက္ခ်က္ခ်ႏိုင္လား။
ေျဖ - အဲဒီလိုပုံစံျဖစ္ေနတယ္။ ဘယ္လိုေျပာမလဲဆိုေတာ့ အစိုးရမေရာက္ခင္ ကိုယ့္ကိုသတ္သြားမယ့္အ ေျခအေန။ အဲဒီလိုျဖစ္ေနတယ္။ ေန႔ဘက္လႈပ္ရွားတဲ့ အဖြဲ႕ရွိတယ္၊ ညဘက္လႈပ္ရွားတဲ့အဖြဲ႕ရွိတယ္။ ေန႔ လယ္ဆိုရင္ ကေလးေလးေတြကအစ သတင္းေပးသ ေဘာလႊတ္ထားတယ္။ အခုက လူတိုင္းကို ေၾကာက္ ၿပီး ခ်ိဳခ်ိဳသာသာဆက္ဆံေနရတယ္။ သူတို႔လူမ်ားျဖစ္ေနလား၊ တစ္ခုခုမေက်နပ္လို႔ တစ္ခုခုခြၽန္လိုက္ တာမ်ိဳးလည္းျဖစ္ႏိုင္တယ္။ ဒီၿမိဳ႕ကေျပာင္းဖို႔ဆိုတာကလည္း စီးပြားေရးက အေျခက်ေနေတာ့ အဆင္ မေျပႏိုင္ဘူးေလ။ ေရးၿမိဳ႕ရဲ႕အစြန္အဖ်ားကလူေတြေတာ့ ပိုဆိုးတာေပါ့။ မိန္းကေလးေတြဆိုရင္ ညေန (၄) နာရီေလာက္တည္းက အျပင္မထြက္ရဲၾကေတာ့ဘူး။
ေမး - ဘာလို႔ မိန္းကေလးေတြက အျပင္မထြက္ရဲတာ လဲ။
ေျဖ - သူတို႔အႏၲရာယ္ကိုေၾကာက္လို႔။ သူတို႔က ဒီ ေကာင္မေလးတစ္ေယာက္ကို ႀကိဳက္ၿပီဆိုရင္ လူမသိ ဘဲေခၚသြားတယ္။ လူေပ်ာက္တာေတြအမ်ားႀကီးပဲ ေရးမွာ။ အထူးသျဖင့္ မိန္းကေလးေတြ ေပ်ာက္တာ မ်ားတယ္။
ေမး - ေပ်ာက္ေတာ့ေကာ ဘယ္လိုလိုက္ရွာၾကလဲ။ သတင္းမရဘဲ လုံးဝကို ေပ်ာက္သြားတာလား။
ေျဖ - သတင္းၾကားတာက တခ်ိဳ႕က်ေတာ့လည္း ေတာထဲမွာ သူတို႔မယားျဖစ္သြားၿပီၾကားတယ္။ ဒါေပမဲ့ အဆက္အသြယ္မရဘူး အဲဒီလိုမ်ိဳးေတြ။ တခ်ိဳ႕က် ေတာ့လည္း သတင္းမရဘူး။
ေမး - ခုနကေျပာတဲ့ လူတိုင္းကို ခ်ိဳခ်ိဳသာသာဆက္ဆံရတယ္ဆိုတာေလ။ ဂ်ပန္ေခတ္က ကိုယ္နဲ႔မၾကည္ ရင္ အလိုေတာ္ရိေတြက ဂ်ပန္ကို သြားသတင္းေပးသ လိုျဖစ္ေနတာေပါ့။ ဆိုေတာ့ ဂ်ပန္ေခတ္လိုေတာင္ ျဖစ္ေနတာေပါ့။
ေျဖ - ဟုတ္တယ္ ဟုတ္တယ္။ အခုက အစိုးရကို မေၾကာက္ရဘူး။ ရဲစခန္းေတြဘာေတြက သူတို႔အလုပ္ သူတို႔လုပ္တယ္။ ေၾကာက္ေနရတာက PDF ကို ျဖစ္ ေနတယ္။ လက္နက္ေတြမ်ားေနတာကိုး။ ပိုက္ဆံလို လည္းမရွားဘူး။ ျပည္သူေတြဆီကေတာင္းတယ္။ ဘယ္ေလာက္ဆိုၿပီး ေဝပုံက်ေတာင္းတယ္။ အဓိက ေျပာခ်င္တာက သူတို႔ လူအင္အားဘယ္ေလာက္မ်ား မ်ား လက္နက္အားကိုးမရွိရင္ ထႂကြႏိုင္မွာမဟုတ္ ဘူး။ အခုက ကြၽန္ေတာ္တို႔အသိကားသမားေတြဆို လက္နက္သယ္ေပးရတယ္။
ေမး - အခုေနာက္ပိုင္း ၾကားေနရတာေပါ့ေလ။ လက္ နက္မကိုင္ခင္က ဆင္းရဲတယ္။ လက္နက္ကိုင္ၿပီးေတာ့ ခ်မ္းသာသြားတာေပါ့ေလ။ ဒီလိုမ်ိဳးက ေရးမွာေကာ ရွိလား။
ေျဖ - ရွိတာေပါ့အစ္ကိုရယ္။ သူတို႔ေတြက ပိုင္ဆိုင္မႈ ေတြက မေျပာတတ္ဘူး။ တစ္အိမ္ကို ငါးသိန္းပဲထား ဘယ္ေလာက္ရမလဲဆိုတာ စဥ္းစားၾကည့္ေလအစ္ကို။ သူတို႔က ပိုက္ဆံကို ေဖာေဖာသီသီသုံးတယ္။ ကိုယ္ ေတြကရွာရတယ္။ အဓိက ကြၽန္ေတာ္မႀကိဳက္တာက လက္နက္ေတြ အလြယ္တကူစီးဆင္းလို႔ရတဲ့ လမ္း ေၾကာင္းမ်ားေနတာ။
ေမး - ခုနက သူတို႔ ေရးၿမိဳ႕ထဲအထိဝင္ၿပီးစာပို႔တယ္ ဆိုတာေလ။ အဲဒီလိုက်ေတာ့ ဘယ္လိုမ်ိဳးစာပို႔တာ လဲ။ သူတို႔ စာပို႔တဲ့ပုံစံက ဘယ္လိုမ်ိဳးလဲ။
ေျဖ - သာမန္အဝတ္အစားနဲ႔လာတယ္။ သိေတာင္ မသိလိုက္ဘူး။ စာကို စားပြဲေပၚတင္ထားခဲ့တယ္။ ဖတ္ၾကည့္ေတာ့မွ သူတို႔ျဖစ္ေနတယ္ အဲဒီလိုေပါ့ အစ္ကို။
ေမး - အၾကမ္းဖ်င္းအားျဖင့္ ပိုက္ဆံေပးရတာက အလႊာလိုက္ ဘယ္လိုရွိလဲ။
ေျဖ - အခ်ိဳးအစားက ပိုက္ဆံရွိရင္ရွိသေလာက္ အခ်ိဳးအစားသတ္မွတ္ၿပီး သူတို႔လိုရင္ေတာင္းတာပဲ။ ပိုက္ဆံမရွိတဲ့ ေနာက္ဆုံးကြမ္းယာဆိုင္ေတြကအစ ငါးေသာင္းေလာက္ထည့္ရတာပဲ။
ေမး - ေရးဘီလူးတို႔က အေစာပိုင္းမွာ ေက်ာင္းမတက္ ဖို႔နဲ႔ ေက်ာင္းေတြကိုေဖာက္ခြဲမယ္ေတာင္ ၿခိမ္း ေျခာက္ခဲ့ဖူးေတာ့ အခုပညာေရးအေျခအေနကေကာ ဘယ္ လိုရွိပါသလဲ။
ေျဖ - ပညာေရးအေျခအေနကေတာ့ ေကာင္းပါတယ္။ ဒီအတိုင္းပဲသြားလာေနၾကတယ္။ ဘယ္လိုေျပာ မလဲ ပုံမွန္ေတာ့လည္ပတ္ေနတာေပါ့။ တခ်ိဳ႕မိဘေတြကလည္း သားသမီးကို ေရးမွာမထားဘဲ ရန္ကုန္ တို႔၊ ေမာ္လၿမိဳင္တို႔မွာ ေက်ာင္းသြားထားၾကတယ္။
ေမး - ေရးဘီလူးတို႔က အြန္လိုင္းမွာ ျပည္သူကို အၿမဲ ကာကြယ္ေစာင့္ေရွာက္တယ္ဆိုၿပီး အသံေကာင္း လႊင့္ေလ့ရွိတယ္။ ေျမျပင္နဲ႔သူတို႔ဝါဒျဖန႔္တာ ကြဲလြဲေနတာ ေပါ့။
ေျဖ - အဲဒီလိုေျပာႏိုင္တယ္။ သူတို႔က ျပည္သူကို ေစာင့္ေရွာက္မယ္ဆိုၿပီး ပိုက္ဆံေတာင္းတယ္။ ပိုက္ဆံ မေပးရင္ေတာ့ မေစာင့္ေရွာက္ခ်င္တဲ့သေဘာေပါ့။ အဲဒီလိုပုံစံျဖစ္ေနတယ္။ အက်ိဳးလိုလို႔ ေညာင္ေရ ေလာင္းသလိုျဖစ္ေနတယ္။ ျပည္သူေတြကိုေစာင့္ ေရွာက္မယ္ဆိုရင္ ျပည္သူေတြဆီကအက်ိဳးစီးပြားကို မထိခိုက္နဲ႔ေလ။ အခုကြၽန္ေတာ္တို႔အက်ိဳးစီးပြားေတြ ထိခိုက္လာတယ္။ အမ်ိဳးမ်ိဳးေစာင့္ၾကည့္ေနတယ္။ ဆိုင္ေတြဆိုရင္ ေရာင္းမေကာင္းတာေတြ ဘာေတြ သြားလိမ္လို႔မရဘူး။ ေရာင္းေကာင္းၿပီဆိုရင္ ဆက္ ေၾကးေတာင္းတာက ပိုျမင့္လာတယ္။
ေမး - ေရးၿမိဳ႕ကေန ထြက္သြားတဲ့လူေတြကေကာ ဘယ္ၿမိဳ႕ေတြဘက္သြားေနၾကလဲ။ ဘယ္လိုလူမ်ိဳးေတြ ထြက္ေနၾကလဲ။
ေျဖ - လူငယ္ေတြဆိုရင္ မိန္းကေလးအမ်ားစုကေတာ့ ရန္ကုန္ထြက္ၾကတာမ်ားတယ္၊ ဝန္ထမ္းသြားလုပ္ ၾကတယ္။ ၿမိဳ႕မွာက အသက္ႀကီးပိုင္းေတြ၊ စီးပြားေရးကို အရင္တည္းကလုပ္ေနတဲ့သူေတြရွိမွာေပါ့။ အမ်ိဳး သမီးေတြကေတာ့ မ်ားေသာအားျဖင့္ ရန္ကုန္တက္ၿပီး သင္တန္းတက္တာတို႔ဘာတို႔လည္းရွိတယ္။ မိဘေတြ ကလည္း လႊတ္ထားတာေပါ့။ မိန္းကေလးေတြ အႏၲရာယ္မ်ားေတာ့ ေပးသြားတာမ်ားတယ္။ ပုေလာ၊ ပေလာက္သြားတဲ့ အလယ္စခန္းတို႔ အဲဒီဘက္ေတြမွာ တခ်ိဳ႕႐ြာေတြမွာ တစ္႐ြာလုံးပ်က္စီးသြား တာရွိတယ္။ ရွမ္းျပည္(ထိုင္းႏိုင္ငံ)တက္သြားတဲ့လူေတြနဲ႔ မရွိၾက ေတာ့ဘူး။
ေမး - ႐ြာကို ပ်က္သြားတာေပါ့။
ေျဖ - ေလး၊ ငါး ႐ြာေလာက္ရွိမယ္။ မေနရဲၾကေတာ့ ဘူး။ ေျပးသြားၾကတယ္။ အဲဒီလိုမ်ိဳး။
ေမး - ေရးၿမိဳ႕နယ္မွာ ဘယ္လိုရာဇဝတ္မႈမ်ိဳးေတြရွိ ေနတယ္ၾကားလဲ။
ေျဖ - လူသတ္မႈ၊ လုယက္မႈ၊ မုဒိမ္းမႈ၊ ျပန္ေပးဆြဲမႈ ေတြရွိတယ္။ ေရာ္ဘာၿခံေတြဆိုရင္ ညဘက္ေတြ အ ေစးမျခစ္ရဲေတာ့ဘူး။ အေစးျခစ္တာနဲ႔ သူတို႔က မင္း တို႔ေရာ္ဘာၿခံကို အေစးေပးျခစ္မယ္။ အဲဒီအတြက္ ဆက္ေၾကးဘယ္ေလာက္ေပးဆိုၿပီး ေပးရတယ္။ မေပးထားတဲ့ေရာ္ဘာၿခံဆို အေစးျခစ္လို႔မရဘူး။ အေစာင့္ထားရင္ ပစ္သတ္လိုက္တယ္။
ေမး - အလုပ္မလုပ္ရတဲ့ ေရာ္ဘာၿခံေတြ မ်ားေနလား။
ေျဖ -မ်ားသြားၿပီအစ္ကို။ တခ်ိဳ႕ဆိုရင္ ေရာ္ဘာပင္ေတြ ခုတ္ၿပီးေတာ့ စားေသာက္ဆိုင္ေျမကြက္ေတြ ေရာင္းစားေနတာ။ စီးပြားေရးက ေတာ္ေတာ္က်ပ္သြားၿပီ အစ္ကို။
ေမး - ေရာ္ဘာၿခံေတြမွာ ဘာလို႔ေပးမေနတာလဲ။
ေျဖ - ညဘက္ သူတို႔သြားလာေနၾကတယ္ေလ။
ေမး - အေစာပိုင္းမွာေတာ့ ျပည္သူေတြထဲ လက္နက္ ကိုင္ေတြကိုေထာက္ခံခဲ့တာရွိတယ္။ ေရးဘီးလူးလို မ်ိဳးေပါ့။ ကာလတစ္ခုၾကာၿပီးတဲ့ေနာက္ေကာ ေထာက္ ခံမႈက ဘယ္လိုရွိလဲ။
ေျဖ - မေထာက္ခံၾကေတာ့ဘူး အစ္ကို။
ေမး - ဘာေၾကာင့္လဲ။
ေျဖ - ရွာသမွ်အားလုံးက သူတို႔အတြက္ရွာေပးသလို ျဖစ္ေနတယ္။ သူတို႔ရဲ႕အေစအပါးပုံစံျဖစ္ေနတယ္။ သူတို႔ရဲ႕ဝန္ထမ္းလိုျဖစ္ေနတယ္။ သူတို႔က သူေဌးျဖစ္ေနတယ္။
အခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.