တာဝေးသုံး တိုက်ခိုက်ရေးဒရုန်းတွေကို တီထွင်ထုတ်လုပ်ဖို့ အိန္ဒိယစီစဉ်နေ

104

Pika (NP News) - ဒီဇင်ဘာ ၄
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းထုတ်အင်ဂျင်တွေကို တပ်ဆင်အသုံးပြုမယ့် တာဝေးသုံး ဒရုန်းတွေကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနဲ့ တီထွင်ဖန်တီးထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ Economic Times သတင်းစာက ရေးသား ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံပိုင် အမျိုးသားအာကာသဓါတ်ခွဲခန်း(NAL)ဟာ ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ Wankel အင်ဂျင်တွေကို တာဝေးသုံးဒရုန်းအသစ်တွေမှာ တပ်ဆင်အသုံးပြုဖို့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုနဲ့ သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ Economic Times က ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ ဟာ နိုင်ငံအတွင်းမှာရှိတဲ့ ဒရုန်းအမျိုးအစားတွေအားလုံးအတွက် အင်ဂျင်တွေနဲ့ပတ်သက်ပြီး နိုင်ငံခြားကုမ္ပဏီတွေ အပေါ် မှီခိုနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ (NAL) ဟာ ၎င်းရဲ့မြင်းကောင်ရေအား(၃၀)ထွက်တဲ့ Wankel အင်ဂျင်တွေအတွက် နည်းပညာကို အချိန်(၉)နာရီအထိ ပျံသန်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ဒရုန်းတွေမှာ တပ်ဆင် အသုံးပြုဖို့ လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အဲဒီဒရုန်းအသစ်တွေဟာ မိုင်ပေါင်း(၅၆၀)ကျော်အကွာမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်မယ်လို့ အိန္ဒိယ အစိုးရက မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ အဲဒီဒရုန်းစီမံကိန်းအတွက် ပုဂ္ဂလိကမိတ်ဖက်ကုမ္ပဏီက Solar Defense and Aerospace Limited (SDAL) ကုမ္ပဏီဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလမှာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအစိုးရက ကာကွယ်ရေးပိုင်းကို မြှင့်တင်ဖို့ ဆက်တိုက်လုပ်ဆောင်လာခဲ့မှုနဲ့အတူ ယခုလိုသတင်းတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
တာေဝးသုံး တိုက္ခိုက္ေရးဒ႐ုန္းေတြကို တီထြင္ထုတ္လုပ္ဖို႔ အိႏၵိယစီစဥ္ေန
Pika (NP News) - ဒီဇင္ဘာ ၄
အိႏၵိယႏိုင္ငံဟာ ျပည္တြင္းထုတ္အင္ဂ်င္ေတြကို တပ္ဆင္အသုံးျပဳမယ့္ တာေဝးသုံး ဒ႐ုန္းေတြကို အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ တီထြင္ဖန္တီးထုတ္လုပ္ဖို႔ စီစဥ္ေနတယ္လို႔ Economic Times သတင္းစာက ေရးသား ေဖာ္ျပခဲ့ပါတယ္။
အိႏၵိယႏိုင္ငံပိုင္ အမ်ိဳးသားအာကာသဓါတ္ခြဲခန္း(NAL)ဟာ ျပည္တြင္းမွာ တီထြင္ထုတ္လုပ္ထားတဲ့ Wankel အင္ဂ်င္ေတြကို တာေဝးသုံးဒ႐ုန္းအသစ္ေတြမွာ တပ္ဆင္အသုံးျပဳဖို႔ ပုဂၢလိကကုမၸဏီတစ္ခုနဲ႔ သေဘာတူညီခ်က္ တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ Economic Times က ေဖာ္ျပခဲ့ပါတယ္။ လက္ရွိအခ်ိန္အထိ အိႏၵိယႏိုင္ငံ ဟာ ႏိုင္ငံအတြင္းမွာရွိတဲ့ ဒ႐ုန္းအမ်ိဳးအစားေတြအားလုံးအတြက္ အင္ဂ်င္ေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံျခားကုမၸဏီေတြ အေပၚ မွီခိုေနရဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။ (NAL) ဟာ ၎ရဲ႕ျမင္းေကာင္ေရအား(၃၀)ထြက္တဲ့ Wankel အင္ဂ်င္ေတြအတြက္ နည္းပညာကို အခ်ိန္(၉)နာရီအထိ ပ်ံသန္းဖို႔ ဒီဇိုင္းထုတ္ထားတဲ့ဒ႐ုန္းေတြမွာ တပ္ဆင္ အသုံးျပဳဖို႔ လႊဲေျပာင္းေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အဲဒီဒ႐ုန္းအသစ္ေတြဟာ မိုင္ေပါင္း(၅၆၀)ေက်ာ္အကြာမွာရွိတဲ့ ပစ္မွတ္ေတြကို တိုက္ခိုက္ႏိုင္မယ္လို႔ အိႏၵိယ အစိုးရက ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။ အဲဒီဒ႐ုန္းစီမံကိန္းအတြက္ ပုဂၢလိကမိတ္ဖက္ကုမၸဏီက Solar Defense and Aerospace Limited (SDAL) ကုမၸဏီျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ ေမလမွာ အိႏၵိယနဲ႔ ပါကစၥတန္ၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယအစိုးရက ကာကြယ္ေရးပိုင္းကို ျမႇင့္တင္ဖို႔ ဆက္တိုက္လုပ္ေဆာင္လာခဲ့မႈနဲ႔အတူ ယခုလိုသတင္းေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။