တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းနေတဲ့ ထိုင်းဘုရင်အကြောင်း တစေ့တစောင်း (အထုပ္ပတ္တိ)

 253

ဂျန်ဇက် (NP News)-ဒီဇင်ဘာ ၄
ထိုင်းဘုရင်နဲ့ မိဖုရားတို့ဟာ ထိုင်းနဲ့တရုတ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး တိုးတက် ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ နိုဝင်ဘာလအတွင်း မှာတရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်သွား ရောက်ခဲ့ပါတယ်။ ထိုင်းနဲ့ တရုတ်နိုင်ငံကြား သံတမန် ဆက်ဆံရေးတည်ဆောက်မှု နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းဘုရင် ဝီဇယလောင်ကွန်း နဲ့ မိဖုရားတို့ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနဲ့ တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးတည်ထောင်မှုနောက်ပိုင်း ထိုင်းဘုရင် တစ် ပါးက တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်ပထမဆုံးအကြိမ် သွားရောက်တဲ့ခရီးစဉ်လည်းဖြစ်သလို ထိုင်း ဘုရင့်ကြီး ဝီဇယ လောင်ကွန်းအတွက်လည်း ထိုင်းဘုရင့်ထီးနန်း အရိုက်အရာကို ဆက်ခံပြီးနောက် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။
ထိုင်းဘုရင်ကြီးကို တရုတ်သမ္မတ ရှီကျင့် ဖျင်က ကော်ဇော်နီခင်းကာ ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်စေဖို့ အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ထိုင်းဘုရင်ကြီး ဝီဇယလောင် ကွန်းဟာ တရုတ်သမ္မတရှီကျင့်ဖျင်အပြင် တရုတ် ဝန် ကြီးချုပ် Li Qiang အပါအဝင် တရုတ် အစိုးရ တာဝန် ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုင်းဘုရင် ကြီးရဲ့တရုတ်နိုင်ငံကို သွားရောက်ခြင်းကြောင့် ထိုင်းနိုင်ငံအတွက် တရုတ်နိုင်ငံက အဓိကအရေးပါတဲ့နိုင်ငံ အဖြစ်တည်ရှိနေတာကို ဖော်ပြလိုက်တာမျိုး လည်း ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံဒေသအတွင်း နိုင်ငံတွေထဲမှာ အဓိကအရေးပါတဲ့ နိုင်ငံ ဖြစ်သလို ဖွံ့ ဖြိုးမှုရှိတဲ့နိုင်ငံဖြစ်ပေမယ့် ဘုရင်စနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပါတယ်။ ထိုင်းဘုရင်များ ရဲ့ထီးနန်းဆက်ခံမှုဟာ ပထမဆုံး ထိုင်းမင်းဆက်ကို (၁၂၃၈) ခုနှစ်မှာ စတင်တည်ထောင်ခဲ့သော ထီးနန်း ပြောင်းလဲမှု အနည်းငယ်ရှိခဲ့သလို ဘုရင် (၅၅) ပါး အုပ်ချုပ်ခဲ့ကာ လက်ရှိထီးနန်းစိုးစံနေသူမှာ ဝီဇယ လောင်ကွန်ဖြစ်ပါတယ်။ ဝီဇယလောင်ကွန်းဟာ ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံးဖြစ်တဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူယာဒက်ရဲ့အရိုက်အရာကို ဆက်ခံခဲ့သူလည်း ဖြစ်ပါတယ်။ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူ ယာဒက်ဟာ အနှစ် (၇၀) ကြာ ထီးနန်းစိုးစံခဲ့ပြီးနောက် သက်တော် (၈၉) နှစ်အရွယ်မှာ နတ်ရွာစံ ကံ တော်ကုန်သွားပါတယ်။ ထိုင်းဘုရင်ကြီး ဘူမိဘော နတ်ရွာစံခဲ့ပြီးနောက် သားဖြစ်သူ အိမ်ရှေ့စံဖြစ်တဲ့ ဝီဇယ လောင်ကွန်းဟာ (၂၀၁၆) ခုနှစ်မှာ စတင်နန်းတက်ခဲ့ပါတယ်။ နတ်ရွာစံ ဘုရင်ကြီးဘူမိဘောနဲ့ မိဖုရားကြီး သီရိခေတ်တို့ရဲ့တစ်ဦးတည်းသောသားတော်ဖြစ်တဲ့ ထိုင်းဘုရင်ဝီဇယလောင်ကွန်းကို (၁၉၅၂) ခုနှစ် ဇူလိုင် (၂၈) ရက်မှာ ဖွားမြင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရေး အခြေအနေဟာ ဘုရင်နန်းဆက်တည်မြဲပါ့ မလားဆိုပြီး ရှေ့ရေးအတွက် မရေမရာရှိနေတဲ့အချိန်မှာ နန်းလျာဖြစ် နိုင်ဖို့ အရေးကြီးတဲ့သား ယောကျာ်း လေး ဖွားမြင်ခဲ့တာမျိုးလည်းဖြစ်ပါတယ်။ ဝီဇယလောင်ကွန်းဟာ ခမည်းတော်ဘုရင်ကြီးဘူမိဘောလို မမျှော်လင့်ဘဲဘုရင်ဖြစ်လာရတာမျိုးမဟုတ်ဘဲ တစ်နေ့မှာဘုရင်ကျိန်းသေဖြစ်မယ့် နန်းလျာ တစ်ပါး အဖြစ် အသေအချာ ပြုစုပျိုးထောင်ခံခဲ့ရသူ ဖြစ်တယ်လို့သိရပါတယ်။ ၎င်းဟာ ငယ်စဉ်အချိန် တည်းက ဘန်ကောက်မြို့ရှိထိုင်းနန်း တော်ထဲမှာ ပညာဆည်းပူးခဲ့ပြီး (၁၃) နှစ် အရွယ်မှာတော့ ဗြိတိန်နိုင်ငံက ပုဂ္ဂလိကကျောင်းနှစ်ကျောင်းမှာ (၅) နှစ်တာပညာသင်ခဲ့ပါတယ်။ ၎င်းဟာ ထိုင်းနိုင်ငံ ချစ်တရာလန်ဒါ ကျောင်းမှာ (၁၉၅၆) ခုနှစ်မှစတင်ပြီး ပညာသင်ခဲ့သလို (၇) တန်းအောင်မြင်ပြီးနောက် ဗြိတိန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်းများမှာ ထပ်မံတက်ရောက်ခဲ့ကာ (၁၉၇၀) ပြည့်နှစ် ဩဂုတ်လမှာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘုရင့်ကျောင်းတော်မှာ ငါးပတ်ကြာ စစ်သင်တန်းတက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဝီဇယ လောင်ကွန်းဟာ (၁၉၇၂) ခုနှစ်မှာ ဩစတြေးလျနိုင်ငံ ကမ်ဘီရမြို့ရှိ တော်ဝင်စစ်ကောလိပ်သို့ ဝင်ခွင့်ရ ခဲ့ပြီး အဲဒီကျောင်းမှာ ဩစတြေးလျ စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုများနဲ့ နယူးဆောက်ဝေး တက္ကသိုလ်မှ ဘွဲ့ပညာရေးတို့ကို သင်ကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ (၁၉၇၆) ခုနှစ်မှာ ဗိုလ်အဖြစ် ပြန်တမ်းဝင်ခဲ့ပြီး စာပေ ဘာသာရပ်ဖြင့်ဘွဲ့ရခဲ့သလို (၁၉၈၂) ခုနှစ်မှာ ထိုင်းနိုင်ငံရှိ ဆူခိုထိုင်းတက္ကသိုလ်မှာ ဥပဒေဘွဲ့နဲ့ နောက်ထပ်ဘွဲ့တစ်ခုရရှိခဲ့ပါတယ်။
ဝီဇယလောင်ကွန်းဟာ ထိုင်းဘုရင်ကြီးရဲ့သားတော်တစ်ပါးဖြစ်တဲ့အတွက် ငယ်စဉ်ကလေး ဘဝ တည်းက အလိုလိုက်ခံရသူဖြစ်ပေမယ့် ပြည်ပနိုင်ငံတွေက ကျောင်းတွေမှာ ပညာသင်ကြားချိန်မှာ စိန် ခေါ်မှုများရင်ဆိုင်ခဲ့ရပြီး သူများနဲ့အမီလိုက်နိုင်ဖို့ရာ အတော်ကြိုးစားခဲ့ရတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ဖူးပါ တယ်။ ၎င်းဟာ ဗြိတိန်နိုင်ငံ၊ ဩစတြေးလျ နိုင်ငံတို့မှာ ပညာများသင်ယူပြီးနောက် တော်ဝင်ထိုင်းစစ် တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး (၁၉၇၇) မှာ အရာရှိနဲ့ ဗိုလ်ချုပ်ကြီးကောလိပ်ကို တက်ရောက်ခဲ့ပါ တယ်။ ၎င်းဟာ အမေရိကန်၊ ဗြိတိသျှ၊ ဩစတြေးလျ စစ်တပ်များနဲ့ အချိန်ကာလများစွာ လေ့ကျင့်ခဲ့ပြီး လေယာဉ်နဲ့ရဟတ်ယာဉ်မောင်းနှင်ဖို့ အရည်အချင်း ပြည့်မီသူဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ ဝီဇယလောင် ကွန်းဟာ (၁၉၇၈) ခုနှစ်မှာ ထိုင်းဘုရင့်ကိုယ်ရံတော် တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာသူလည်းဖြစ်ပါတယ်။ ၎င်းဟာ အိမ်ရှေ့စံမင်းသားအဖြစ် တာဝန်ယူချိန်အတွင်း ဖခင်ဖြစ်သူဘုရင်ကြီးဘူမီဘောကိုယ်စား အ ခမ်းအနားများစွာကို ကိုယ်စားတက်ရောက်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဝီဇယလောင်ကွန်းဟာ အိမ်ရှေ့စံ မင်းသားအဖြစ်တာဝန်ယူချိန်အတွင်းမှာပဲ အိမ်ရှေ့မင်းသားဆေးရုံများကို တည်ထောင်မှုအပါအဝင် နေရာ (၂၁) နေရာတွင် ဆေးရုံများတည်ထောင်ဖွင့်လှစ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းဟာ စိုက်ပျိုးရေး ကဏ္ဍ ကိုလည်း စိတ်ဝင်စားပြီး “ Mobile Agricu- ltural Clinic Project ”ကိုလုပ်ဆောင်ခဲ့ပြီး အဲဒီစီမံကိန်းက လယ်သမားများကို အထွက်ကောင်းစေဖို့၊ လယ်သမားပြဿနာများကိုဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ခြင်း လည်းဖြစ်ပါတယ်။
အဲဒီစီမံကိန်းဟာ ထိုင်းလယ်သမားတွေကို များစွာအထောက်ကူဖြစ်စေခဲ့ပြီး အဲဒီအဖွဲ့က အကူ အညီလိုအပ်တဲ့နေရာတွေကို လျင်မြန်စွာသွားရောက်ပြီး လယ်သမားတွေကို နည်းပညာအသစ်များဖြင့် အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ ထိုင်းဘုရင်ကြီးဟာ ပညာရေးကို လည်း အားပေးလုပ်ကိုင်သူဖြစ်ပြီး ပညာသင်ဆုအတွက် နှစ်စဉ်နှစ်တိုင်း ထိုင်းဘတ် (၄၂) သန်း လှူဒါန်း ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာရေးသားဖော်ပြထားပါတယ်။ ဝီဇယလောင်ကွန်းဟာ စစ်ရေးကို လည်း စိတ်ဝင်စားသူဖြစ်ပြီး အနောက်အုပ်စုနဲ့ အရှေ့အုပ်စုနိုင်ငံတွေရဲ့ စစ်အေးခေတ်တိုက်ပွဲကို အရှေ့ တောင် အာရှနိုင်ငံတွေ ရင်ဆိုင်နေရချိန်မှာ စစ်ရေးဘက်ကို ပိုအာရုံစိုက်ခဲ့သူဖြစ်တယ်လို့ဆိုကြပါတယ်။ ၎င်းဟာ ထိုင်း၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နဲ့ ဩစတြေးလျနိုင်ငံတွေမှာ အဆင့်မြင့် စစ်သင်တန်းတွေ တက်ရောက် ပြီးနောက်မှာတော့ ထိုင်းစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အရာရှိတစ်ယောက်ဖြစ်လာပါတယ်။ ဝီဇယ လောင်ကွန်းဟာ အရပ်ဘက်သုံး လေယာဉ်ကိုမောင်းနှင်နိုင်တဲ့ လေယာဉ်မှူးတစ်ယောက်အဖြစ် သာမ က တိုက်လေယာဉ်တွေကိုမောင်းနှင်နိုင်စွမ်းရှိသူဖြစ်ပြီး ပြည်ပကို ခရီးသွားရချိန်မှာ ကိုယ်ပိုင် ဘိုးရင်း (၇၃၇) လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပျံသန်းသွားလာသူဖြစ်တယ်လို့ ဆိုကြပါတယ်။ ထိုင်းဘုရင်ကြီး ဘူမိဘောက (၁၉၇၂) မှာ သားတော်ဖြစ်သူဝီဇယလောင်ကွန်းကို အိမ်ရှေ့စံ အ ဖြစ် တရားဝင်ခန့်အပ်ခဲ့ပါ တယ်။ ဝီဇယလောင်ကွန်းဟာ အသက် (၆၄) နှစ်မှာ ထိုင်းဘုရင်ထီးနန်းကို ဆက်ခံခွင့်ရခဲ့တာ ဖြစ်ပါ တယ်။ ထိုင်းဘုရင်ကြီး ဝီဇယလောင်ကွန်းဟာ အိမ်ထောင်ဆက်များသူဖြစ်ကာ (၁၉၇၇) မှာ ညီမဝမ်းကွဲ နဲ့လက်ဆက်ခဲ့ပြီး သမီးတော်တစ်ယောက် ပွားစီးခဲ့ပေမယ့် အိမ်ထောင်ရေး မခိုင်မြဲခဲ့ပါဘူး။ ၎င်းဟာ မိဖုရားအရာမမြောက်တဲ့ ဒုတိယတစ်ယောက်နဲ့ သားသမီး ငါးယောက်ရှိခဲ့ပါတယ်။ သားတစ်ယောက် ဖွားမြင်ခဲ့တဲ့ တတိယ ကြင်ရာတော်နဲ့လည်း ကွဲကွာခဲ့ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ အဲဒီကြင်ရာတော် ဟောင်းဟာ တော်ဝင်ဘွဲ့အမည် ရုပ်သိမ်းခံခဲ့ရသလို အဲဒီကြင်ရာတော်ရဲ့မိသားစုဝင် (၉) ယောက် အဖမ်းခံခဲ့ရပါတယ်။ လက်ရှိလက်တွဲဖော်နဲ့နေထိုင်နေတဲ့ ဘုရင်ဝီဇယလောင်ကွန်းရဲ့ဘဝနေမှုထိုင်မှု ပုံစံတွေဟာ သူ့ဘဝတစ်လျှောက်အမြဲပဲအရိပ်ထိုးနေခဲ့တယ်လို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဘုရင် ကြီး ဝီဇယလောင်ကွန်းဟာ ထိုင်းပြည်သူတွေရဲ့အသည်းနှလုံးကို လွှမ်းမိုးနိုင်ဖို့ဆိုရင် ကွယ်လွန်သူ ခမည်း တော်ရဲ့ပုံရိပ်ကို ဆက်လက်အားပြုရ ဦးမယ်လို့ သုံးသပ်မှုတွေလည်းရှိနေပြီး ဖခင်ကြီးလိုမျိုး ထိုင်း ပြည် သူတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုရရှိနိုင်အောင် ကြိုးပမ်းအားထုတ်မှုများစွာ လုပ်ဆောင်ရမယ်လို့ဆိုကြပါ တယ်။ ထိုင်းဘုရင်ကြီး ဝီဇယလောင်ကွန်းဟာဘုရင်အဖြစ်တာဝန်ယူပြီးနောက် တောင်သူများအ တွက် စိုက်ပျိုးရေး၊ လယ်ယာဖွံ့ဖြိုးရေး စတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လုပ်ကိုင်မယ်လို့ ဝန်ခံပြောဆိုထားသူ ဖြစ်သလို တိုင်းပြည်ကျေးလက်ပိုင်းများနဲ့ မြို့တွေမှာ ဖွံ့ဖြိုးမှုကွာဟချက်တွေကိုကူညီသွားမယ်လို့ ကတိပြုထားသူလည်း ဖြစ်ပါတယ်။
ထိုင်းဘုရင်ကြီးရဲ့တရုတ်နိုင်ငံကို သွားရောက်ခြင်းကြောင့် ထိုင်းနိုင်ငံအတွက် တရုတ်နိုင်ငံက အဓိက အရေးပါတဲ့နိုင်ငံအဖြစ် တည်ရှိနေတာကို ဖော်ပြလိုက်တာမျိုးလည်းဖြစ်နေပါတယ်။ ဝီဇယ လောင်ကွန်းဟာ ထိုင်းနိုင်ငံမှာ စစ်တပ်၊ ဘဏ္ဍာရေး၊ စီးပွားရေးတို့ကို ပိုင်ဆိုင်ထားသူဖြစ်သလိုဘာသာ ရေးယဉ်ကျေးမှု အလေးထားသူတစ်ဦးဖြစ်တယ်လို့ဆိုကြပါတယ်။ ထိုင်းဘုရင်ကြီးဟာ အားကစား လုပ်ရ တာကို ဝါသနာပါသူဖြစ်ပြီး စက်ဘီးစီးနင်းခြင်းကို ဝါသနာ ပါသူဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ သက်ဦးဆံ ပိုင်ဘုရင်စနစ် ကျင့်သုံးတဲ့အတွက် ထိုင်းလူငယ်တွေနဲ့ထိုင်းဘုရင်ကြား ထိပ်တိုက်တွေ့ဆုံမှု များ မကြာခဏဖြစ်ပွားခဲ့ပြီး ထိုင်းလူငယ်အချို့နဲ့ ဒီမိုကရေစီ လိုချင်သူတွေကတော့ ထိုင်းဘုရင်အပေါ် သံသယရှိတယ်လို့ သတင်းများလည်းထွက်ပေါ်ခဲ့ပါတယ်။ ထိုင်း ဘုရင်ကြီး ဝီဇယလောင်ကွန်းဟာ ရှေးရိုး စွဲ အယူအဆ ရှိသူဖြစ်ပြီး ထိုင်းဘုရင်ထီးနန်းကို ကာကွယ်ထိန်းသိမ်းလိုသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိုင်းဘုရင့်ထီးနန်းကို ဝေဖန်ပြစ်တင်သူများကိုပြင်းထန်တဲ့ပြစ်ဒဏ်အပြင် ထောင်ဒဏ်ချမှတ်မှုများ လုပ် ဆောင်နေသူဖြစ်ပါတယ်။
အသက် (၇၃)နှစ် အရွယ်ရှိ ထိုင်းဘုရင်ကြီးဟာ ကမ္ဘာတစ်ဝန်းရှိဘုရင်တွေထဲမှာ ကြွယ်ဝချမ်း သာတဲ့ဘုရင်တစ်ပါးဖြစ်ပြီး အမေရိကန်ဒေါ်လာ (၄၃) ဘီလျံကြွယ်ဝချမ်းသာတယ်လို့သိရပါတယ်။ ထိုင်း ဘုရင်ကြီးဟာ ဗြိတိန်အပါအဝင် အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေထဲမှာပညာသင်ကြားခဲ့သလို အမေ ရိကန်နိုင်ငံရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ခဲ့ပေမယ့် ထိုင်းနိုင်ငံရဲ့အရွေ့ဟာ ယခင်နဲ့မတူဘဲ ပြောင်းလဲလာ နေတယ်လို့ သုံးသပ်မှုများလည်း ရှိနေပါတယ်။ ထိုင်းဘုရင်ကြီးရဲ့ခမည်းတော် ဘူမီဘောလက်ထက် တုန်းက ထိုင်းနိုင်ငံဟာ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ခဲ့ပြီး ထိုင်းဘုရင် ကြီးဘူမီဘောဟာ အမေရိကန်နိုင်ငံကို သွားရောက်တာမျိုးတွေရှိခဲ့ပါတယ်။
ဘုရင်ကြီး ဝီဇယလောင်ကွန်းလက်ထက်မှာတော့ ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ စစ်ရေးမဟာ မိတ်ဖြစ်နေပေမယ့် တရုတ်နဲ့ဆက်ဆံရေးတွေ တဖြည်းဖြည်းနီးစပ်လာပါတယ်။ ဘူမိဘော ဘုရင်ခေတ် (၁၉၆၀) ကျော်က အမေရိကန်သွားခဲ့တဲ့ခရီးစဉ်တွေနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ အဲဒီ စစ် အေးခေတ်က ထိုင်းနိုင်ငံဟာ အမေရိကန်အတွက် အရေးကြီးတဲ့ မဟာမိတ်ဖြစ်ပြီး အင်ဒိုချိုင်းနား စစ်ပွဲ အတွင်းက အမေရိ ကန်စစ်ဆင်ရေးတွေအတွက်လည်း အရေးပါတဲ့ အခြေစိုက်စခန်း ဖြစ်ခဲ့ပါတယ်။ ထိုင်းဟာ ခုချိန်ထိ အမေရိကန်ရဲ့ စစ်ရေးမဟာမိတ် ဖြစ်နေပေမယ့် ဒီနှစ်ပိုင်းအတွင်း တရုတ်နဲ့ ဆက်ဆံ ရေးတွေ တဖြည်းဖြည်းနီးစပ်လာပါတယ်။ တခြားဘက်မှာတော့ ထိုင်းလူ့အခွင့်အရေးအခြေအနေအပေါ် အမေရိကန်ရဲ့ ဝေဖန်မှုနဲ့ သမ္မတထရမ့်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုတွေကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး ထိခိုက်ခဲ့ပါတယ်။လက်ရှိအချိန်မှာ တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ ထိုင်းဘုရင်ကြီးဝီဇယလောင်ကွန်းရဲ့ ခရီးစဉ်ဟာ လူစိတ်ဝင်စားမှုများခဲ့ပြီး ထိုင်းနဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးကို အဖုအထစ်များရှိ လာနိုင်သလားဆိုတဲ့အချက်ကို ဝေဖန်မှုများလည်းရှိနေပါတယ်။
မည်သို့ပင်ဆိုနေစေကာမူ ဘုရင်အဖြစ် ထီး နန်းအရိုက်အရာဆက်ခံပြီးနောက် (၉)နှစ်ကျော် ကာလအတွင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်တဲ့ ထိုင်းဘုရင်ကြီးရဲ့ခရီးစဉ်က ထိုင်းနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုတိုးတက်စေမယ့် လက္ခဏာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးေကာင္းမြန္ေအာင္ ႀကိဳးပမ္းေနတဲ့ ထိုင္းဘုရင္အေၾကာင္း တေစ့တေစာင္း
(အထုပၸတၱိ)
ဂ်န္ဇက္ (NP News)-ဒီဇင္ဘာ ၄
ထိုင္းဘုရင္နဲ႔ မိဖုရားတို႔ဟာ ထိုင္းနဲ႔တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရး တိုးတက္ ေကာင္းမြန္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ႏိုဝင္ဘာလအတြင္း မွာတ႐ုတ္ႏိုင္ငံကို ခ်စ္ၾကည္ေရး ခရီးစဥ္သြား ေရာက္ခဲ့ပါတယ္။ ထိုင္းနဲ႔ တ႐ုတ္ႏိုင္ငံၾကား သံတမန္ ဆက္ဆံေရးတည္ေဆာက္မႈ ႏွစ္ (၅၀) ျပည့္ အထိမ္းအမွတ္အျဖစ္ ထိုင္းဘုရင္ ဝီဇယေလာင္ကြန္း နဲ႔ မိဖုရားတို႔ဟာ တ႐ုတ္ႏိုင္ငံကို သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။ ထိုင္းနဲ႔ တ႐ုတ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရးတည္ေထာင္မႈေနာက္ပိုင္း ထိုင္းဘုရင္ တစ္ ပါးက တ႐ုတ္ႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးစဥ္ပထမဆုံးအႀကိမ္ သြားေရာက္တဲ့ခရီးစဥ္လည္းျဖစ္သလို ထိုင္း ဘုရင့္ႀကီး ဝီဇယ ေလာင္ကြန္းအတြက္လည္း ထိုင္းဘုရင့္ထီးနန္း အ႐ိုက္အရာကို ဆက္ခံၿပီးေနာက္ တ႐ုတ္ႏိုင္ငံကို ပထမဆုံးအႀကိမ္ သြားေရာက္ခဲ့တာလည္းျဖစ္ပါတယ္။
ထိုင္းဘုရင္ႀကီးကို တ႐ုတ္သမၼတ ရွီက်င့္ ဖ်င္က ေကာ္ေဇာ္နီခင္းကာ ႀကိဳဆိုခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးတိုးတက္ေကာင္းမြန္ေစဖို႔ အဓိကထား ေဆြးေႏြးခဲ့ပါတယ္။ ထိုင္းဘုရင္ႀကီး ဝီဇယေလာင္ ကြန္းဟာ တ႐ုတ္သမၼတရွီက်င့္ဖ်င္အျပင္ တ႐ုတ္ ဝန္ ႀကီးခ်ဳပ္ Li Qiang အပါအဝင္ တ႐ုတ္ အစိုးရ တာဝန္ ရွိသူေတြနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ ထိုင္းဘုရင္ ႀကီးရဲ႕တ႐ုတ္ႏိုင္ငံကို သြားေရာက္ျခင္းေၾကာင့္ ထိုင္းႏိုင္ငံအတြက္ တ႐ုတ္ႏိုင္ငံက အဓိကအေရးပါတဲ့ႏိုင္ငံ အျဖစ္တည္ရွိေနတာကို ေဖာ္ျပလိုက္တာမ်ိဳး လည္း ျဖစ္ေနပါတယ္။ ထိုင္းႏိုင္ငံဟာ အာဆီယံေဒသအတြင္း ႏိုင္ငံေတြထဲမွာ အဓိကအေရးပါတဲ့ ႏိုင္ငံ ျဖစ္သလို ဖြံ႕ ၿဖိဳးမႈရွိတဲ့ႏိုင္ငံျဖစ္ေပမယ့္ ဘုရင္စနစ္ကို က်င့္သုံးေနတဲ့ႏိုင္ငံျဖစ္ပါတယ္။ ထိုင္းဘုရင္မ်ား ရဲ႕ထီးနန္းဆက္ခံမႈဟာ ပထမဆုံး ထိုင္းမင္းဆက္ကို (၁၂၃၈) ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ေသာ ထီးနန္း ေျပာင္းလဲမႈ အနည္းငယ္ရွိခဲ့သလို ဘုရင္ (၅၅) ပါး အုပ္ခ်ဳပ္ခဲ့ကာ လက္ရွိထီးနန္းစိုးစံေနသူမွာ ဝီဇယ ေလာင္ကြန္ျဖစ္ပါတယ္။ ဝီဇယေလာင္ကြန္းဟာ ကမာၻေပၚမွာ နန္းသက္အရွည္ဆုံးျဖစ္တဲ့ ထိုင္းဘုရင္ႀကီး ဘူမိေဘာ အဒူယာဒက္ရဲ႕အ႐ိုက္အရာကို ဆက္ခံခဲ့သူလည္း ျဖစ္ပါတယ္။ ထိုင္းဘုရင္ႀကီး ဘူမိေဘာ အဒူ ယာဒက္ဟာ အႏွစ္ (၇၀) ၾကာ ထီးနန္းစိုးစံခဲ့ၿပီးေနာက္ သက္ေတာ္ (၈၉) ႏွစ္အ႐ြယ္မွာ နတ္႐ြာစံ ကံ ေတာ္ကုန္သြားပါတယ္။ ထိုင္းဘုရင္ႀကီး ဘူမိေဘာ နတ္႐ြာစံခဲ့ၿပီးေနာက္ သားျဖစ္သူ အိမ္ေရွ႕စံျဖစ္တဲ့ ဝီဇယ ေလာင္ကြန္းဟာ (၂၀၁၆) ခုႏွစ္မွာ စတင္နန္းတက္ခဲ့ပါတယ္။ နတ္႐ြာစံ ဘုရင္ႀကီးဘူမိေဘာနဲ႔ မိဖုရားႀကီး သီရိေခတ္တို႔ရဲ႕တစ္ဦးတည္းေသာသားေတာ္ျဖစ္တဲ့ ထိုင္းဘုရင္ဝီဇယေလာင္ကြန္းကို (၁၉၅၂) ခုႏွစ္ ဇူလိုင္ (၂၈) ရက္မွာ ဖြားျမင္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံေရး အေျခအေနဟာ ဘုရင္နန္းဆက္တည္ၿမဲပါ့ မလားဆိုၿပီး ေရွ႕ေရးအတြက္ မေရမရာရွိေနတဲ့အခ်ိန္မွာ နန္းလ်ာျဖစ္ ႏိုင္ဖို႔ အေရးႀကီးတဲ့သား ေယာက်ာ္း ေလး ဖြားျမင္ခဲ့တာမ်ိဳးလည္းျဖစ္ပါတယ္။ ဝီဇယေလာင္ကြန္းဟာ ခမည္းေတာ္ဘုရင္ႀကီးဘူမိေဘာလို မေမွ်ာ္လင့္ဘဲဘုရင္ျဖစ္လာရတာမ်ိဳးမဟုတ္ဘဲ တစ္ေန႔မွာဘုရင္က်ိန္းေသျဖစ္မယ့္ နန္းလ်ာ တစ္ပါး အျဖစ္ အေသအခ်ာ ျပဳစုပ်ိဳးေထာင္ခံခဲ့ရသူ ျဖစ္တယ္လို႔သိရပါတယ္။ ၎ဟာ ငယ္စဥ္အခ်ိန္ တည္းက ဘန္ေကာက္ၿမိဳ႕ရွိထိုင္းနန္း ေတာ္ထဲမွာ ပညာဆည္းပူးခဲ့ၿပီး (၁၃) ႏွစ္ အ႐ြယ္မွာေတာ့ ၿဗိတိန္ႏိုင္ငံက ပုဂၢလိကေက်ာင္းႏွစ္ေက်ာင္းမွာ (၅) ႏွစ္တာပညာသင္ခဲ့ပါတယ္။ ၎ဟာ ထိုင္းႏိုင္ငံ ခ်စ္တရာလန္ဒါ ေက်ာင္းမွာ (၁၉၅၆) ခုႏွစ္မွစတင္ၿပီး ပညာသင္ခဲ့သလို (၇) တန္းေအာင္ျမင္ၿပီးေနာက္ ၿဗိတိန္ႏိုင္ငံရွိ ပုဂၢလိကေက်ာင္းမ်ားမွာ ထပ္မံတက္ေရာက္ခဲ့ကာ (၁၉၇၀) ျပည့္ႏွစ္ ဩဂုတ္လမွာ ဩစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ရွိ ဘုရင့္ေက်ာင္းေတာ္မွာ ငါးပတ္ၾကာ စစ္သင္တန္းတက္ေရာက္ခဲ့သူျဖစ္ပါတယ္။ ဝီဇယ ေလာင္ကြန္းဟာ (၁၉၇၂) ခုႏွစ္မွာ ဩစေၾတးလ်ႏိုင္ငံ ကမ္ဘီရၿမိဳ႕ရွိ ေတာ္ဝင္စစ္ေကာလိပ္သို႔ ဝင္ခြင့္ရ ခဲ့ၿပီး အဲဒီေက်ာင္းမွာ ဩစေၾတးလ် စစ္တပ္ရဲ႕ စစ္ေရးေလ့က်င့္မႈမ်ားနဲ႔ နယူးေဆာက္ေဝး တကၠသိုလ္မွ ဘြဲ႕ပညာေရးတို႔ကို သင္ၾကားခဲ့ပါတယ္။ ဒါ့အျပင္ ၎ဟာ (၁၉၇၆) ခုႏွစ္မွာ ဗိုလ္အျဖစ္ ျပန္တမ္းဝင္ခဲ့ၿပီး စာေပ ဘာသာရပ္ျဖင့္ဘြဲ႕ရခဲ့သလို (၁၉၈၂) ခုႏွစ္မွာ ထိုင္းႏိုင္ငံရွိ ဆူခိုထိုင္းတကၠသိုလ္မွာ ဥပေဒဘြဲ႕နဲ႔ ေနာက္ထပ္ဘြဲ႕တစ္ခုရရွိခဲ့ပါတယ္။
ဝီဇယေလာင္ကြန္းဟာ ထိုင္းဘုရင္ႀကီးရဲ႕သားေတာ္တစ္ပါးျဖစ္တဲ့အတြက္ ငယ္စဥ္ကေလး ဘဝ တည္းက အလိုလိုက္ခံရသူျဖစ္ေပမယ့္ ျပည္ပႏိုင္ငံေတြက ေက်ာင္းေတြမွာ ပညာသင္ၾကားခ်ိန္မွာ စိန္ ေခၚမႈမ်ားရင္ဆိုင္ခဲ့ရၿပီး သူမ်ားနဲ႔အမီလိုက္ႏိုင္ဖို႔ရာ အေတာ္ႀကိဳးစားခဲ့ရတယ္လို႔ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါ တယ္။ ၎ဟာ ၿဗိတိန္ႏိုင္ငံ၊ ဩစေၾတးလ် ႏိုင္ငံတို႔မွာ ပညာမ်ားသင္ယူၿပီးေနာက္ ေတာ္ဝင္ထိုင္းစစ္ တပ္မွာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး (၁၉၇၇) မွာ အရာရွိနဲ႔ ဗိုလ္ခ်ဳပ္ႀကီးေကာလိပ္ကို တက္ေရာက္ခဲ့ပါ တယ္။ ၎ဟာ အေမရိကန္၊ ၿဗိတိသွ်၊ ဩစေၾတးလ် စစ္တပ္မ်ားနဲ႔ အခ်ိန္ကာလမ်ားစြာ ေလ့က်င့္ခဲ့ၿပီး ေလယာဥ္နဲ႔ရဟတ္ယာဥ္ေမာင္းႏွင္ဖို႔ အရည္အခ်င္း ျပည့္မီသူျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။ ဝီဇယေလာင္ ကြန္းဟာ (၁၉၇၈) ခုႏွစ္မွာ ထိုင္းဘုရင့္ကိုယ္ရံေတာ္ တပ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္လာသူလည္းျဖစ္ပါတယ္။ ၎ဟာ အိမ္ေရွ႕စံမင္းသားအျဖစ္ တာဝန္ယူခ်ိန္အတြင္း ဖခင္ျဖစ္သူဘုရင္ႀကီးဘူမီေဘာကိုယ္စား အ ခမ္းအနားမ်ားစြာကို ကိုယ္စားတက္ေရာက္ခဲ့ရသူလည္း ျဖစ္ပါတယ္။ ဝီဇယေလာင္ကြန္းဟာ အိမ္ေရွ႕စံ မင္းသားအျဖစ္တာဝန္ယူခ်ိန္အတြင္းမွာပဲ အိမ္ေရွ႕မင္းသားေဆး႐ုံမ်ားကို တည္ေထာင္မႈအပါအဝင္ ေနရာ (၂၁) ေနရာတြင္ ေဆး႐ုံမ်ားတည္ေထာင္ဖြင့္လွစ္ေပးခဲ့သူလည္းျဖစ္ပါတယ္။ ၎ဟာ စိုက္ပ်ိဳးေရး က႑ ကိုလည္း စိတ္ဝင္စားၿပီး “ Mobile Agricu- ltural Clinic Project ”ကိုလုပ္ေဆာင္ခဲ့ၿပီး အဲဒီစီမံကိန္းက လယ္သမားမ်ားကို အထြက္ေကာင္းေစဖို႔၊ လယ္သမားျပႆနာမ်ားကိုေျဖရွင္းေပးႏိုင္ဖို႔ ရည္႐ြယ္ျခင္း လည္းျဖစ္ပါတယ္။
အဲဒီစီမံကိန္းဟာ ထိုင္းလယ္သမားေတြကို မ်ားစြာအေထာက္ကူျဖစ္ေစခဲ့ၿပီး အဲဒီအဖြဲ႕က အကူ အညီလိုအပ္တဲ့ေနရာေတြကို လ်င္ျမန္စြာသြားေရာက္ၿပီး လယ္သမားေတြကို နည္းပညာအသစ္မ်ားျဖင့္ အထြက္ႏႈန္းေကာင္းေအာင္ ေဆာင္႐ြက္ေပးႏိုင္ခဲ့တယ္လို႔သိရပါတယ္။ ထိုင္းဘုရင္ႀကီးဟာ ပညာေရးကို လည္း အားေပးလုပ္ကိုင္သူျဖစ္ၿပီး ပညာသင္ဆုအတြက္ ႏွစ္စဥ္ႏွစ္တိုင္း ထိုင္းဘတ္ (၄၂) သန္း လႉဒါန္း ခဲ့တယ္လို႔ ထိုင္းသတင္းေတြမွာေရးသားေဖာ္ျပထားပါတယ္။ ဝီဇယေလာင္ကြန္းဟာ စစ္ေရးကို လည္း စိတ္ဝင္စားသူျဖစ္ၿပီး အေနာက္အုပ္စုနဲ႔ အေရွ႕အုပ္စုႏိုင္ငံေတြရဲ႕ စစ္ေအးေခတ္တိုက္ပြဲကို အေရွ႕ ေတာင္ အာရွႏိုင္ငံေတြ ရင္ဆိုင္ေနရခ်ိန္မွာ စစ္ေရးဘက္ကို ပိုအာ႐ုံစိုက္ခဲ့သူျဖစ္တယ္လို႔ဆိုၾကပါတယ္။ ၎ဟာ ထိုင္း၊ ၿဗိတိန္ႏိုင္ငံ၊ အေမရိကန္နဲ႔ ဩစေၾတးလ်ႏိုင္ငံေတြမွာ အဆင့္ျမင့္ စစ္သင္တန္းေတြ တက္ေရာက္ ၿပီးေနာက္မွာေတာ့ ထိုင္းစစ္တပ္မွာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အရာရွိတစ္ေယာက္ျဖစ္လာပါတယ္။ ဝီဇယ ေလာင္ကြန္းဟာ အရပ္ဘက္သုံး ေလယာဥ္ကိုေမာင္းႏွင္ႏိုင္တဲ့ ေလယာဥ္မႉးတစ္ေယာက္အျဖစ္ သာမ က တိုက္ေလယာဥ္ေတြကိုေမာင္းႏွင္ႏိုင္စြမ္းရွိသူျဖစ္ၿပီး ျပည္ပကို ခရီးသြားရခ်ိန္မွာ ကိုယ္ပိုင္ ဘိုးရင္း (၇၃၇) ေလယာဥ္ကို ကိုယ္တိုင္ေမာင္းႏွင္ပ်ံသန္းသြားလာသူျဖစ္တယ္လို႔ ဆိုၾကပါတယ္။ ထိုင္းဘုရင္ႀကီး ဘူမိေဘာက (၁၉၇၂) မွာ သားေတာ္ျဖစ္သူဝီဇယေလာင္ကြန္းကို အိမ္ေရွ႕စံ အ ျဖစ္ တရားဝင္ခန႔္အပ္ခဲ့ပါ တယ္။ ဝီဇယေလာင္ကြန္းဟာ အသက္ (၆၄) ႏွစ္မွာ ထိုင္းဘုရင္ထီးနန္းကို ဆက္ခံခြင့္ရခဲ့တာ ျဖစ္ပါ တယ္။ ထိုင္းဘုရင္ႀကီး ဝီဇယေလာင္ကြန္းဟာ အိမ္ေထာင္ဆက္မ်ားသူျဖစ္ကာ (၁၉၇၇) မွာ ညီမဝမ္းကြဲ နဲ႔လက္ဆက္ခဲ့ၿပီး သမီးေတာ္တစ္ေယာက္ ပြားစီးခဲ့ေပမယ့္ အိမ္ေထာင္ေရး မခိုင္ၿမဲခဲ့ပါဘူး။ ၎ဟာ မိဖုရားအရာမေျမာက္တဲ့ ဒုတိယတစ္ေယာက္နဲ႔ သားသမီး ငါးေယာက္ရွိခဲ့ပါတယ္။ သားတစ္ေယာက္ ဖြားျမင္ခဲ့တဲ့ တတိယ ၾကင္ရာေတာ္နဲ႔လည္း ကြဲကြာခဲ့ၿပီး လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကေတာ့ အဲဒီၾကင္ရာေတာ္ ေဟာင္းဟာ ေတာ္ဝင္ဘြဲ႕အမည္ ႐ုပ္သိမ္းခံခဲ့ရသလို အဲဒီၾကင္ရာေတာ္ရဲ႕မိသားစုဝင္ (၉) ေယာက္ အဖမ္းခံခဲ့ရပါတယ္။ လက္ရွိလက္တြဲေဖာ္နဲ႔ေနထိုင္ေနတဲ့ ဘုရင္ဝီဇယေလာင္ကြန္းရဲ႕ဘဝေနမႈထိုင္မႈ ပုံစံေတြဟာ သူ႔ဘဝတစ္ေလွ်ာက္အၿမဲပဲအရိပ္ထိုးေနခဲ့တယ္လို႔ ေဝဖန္မႈေတြလည္းရွိေနပါတယ္။ ဘုရင္ ႀကီး ဝီဇယေလာင္ကြန္းဟာ ထိုင္းျပည္သူေတြရဲ႕အသည္းႏွလုံးကို လႊမ္းမိုးႏိုင္ဖို႔ဆိုရင္ ကြယ္လြန္သူ ခမည္း ေတာ္ရဲ႕ပုံရိပ္ကို ဆက္လက္အားျပဳရ ဦးမယ္လို႔ သုံးသပ္မႈေတြလည္းရွိေနၿပီး ဖခင္ႀကီးလိုမ်ိဳး ထိုင္း ျပည္ သူေတြရဲ႕ ခ်စ္ခင္ႏွစ္သက္မႈကိုရရွိႏိုင္ေအာင္ ႀကိဳးပမ္းအားထုတ္မႈမ်ားစြာ လုပ္ေဆာင္ရမယ္လို႔ဆိုၾကပါ တယ္။ ထိုင္းဘုရင္ႀကီး ဝီဇယေလာင္ကြန္းဟာဘုရင္အျဖစ္တာဝန္ယူၿပီးေနာက္ ေတာင္သူမ်ားအ တြက္ စိုက္ပ်ိဳးေရး၊ လယ္ယာဖြံ႕ၿဖိဳးေရး စတဲ့ စီးပြားေရးလုပ္ငန္းေတြ၊ လုပ္ကိုင္မယ္လို႔ ဝန္ခံေျပာဆိုထားသူ ျဖစ္သလို တိုင္းျပည္ေက်းလက္ပိုင္းမ်ားနဲ႔ ၿမိဳ႕ေတြမွာ ဖြံ႕ၿဖိဳးမႈကြာဟခ်က္ေတြကိုကူညီသြားမယ္လို႔ ကတိျပဳထားသူလည္း ျဖစ္ပါတယ္။
ထိုင္းဘုရင္ႀကီးရဲ႕တ႐ုတ္ႏိုင္ငံကို သြားေရာက္ျခင္းေၾကာင့္ ထိုင္းႏိုင္ငံအတြက္ တ႐ုတ္ႏိုင္ငံက အဓိက အေရးပါတဲ့ႏိုင္ငံအျဖစ္ တည္ရွိေနတာကို ေဖာ္ျပလိုက္တာမ်ိဳးလည္းျဖစ္ေနပါတယ္။ ဝီဇယ ေလာင္ကြန္းဟာ ထိုင္းႏိုင္ငံမွာ စစ္တပ္၊ ဘ႑ာေရး၊ စီးပြားေရးတို႔ကို ပိုင္ဆိုင္ထားသူျဖစ္သလိုဘာသာ ေရးယဥ္ေက်းမႈ အေလးထားသူတစ္ဦးျဖစ္တယ္လို႔ဆိုၾကပါတယ္။ ထိုင္းဘုရင္ႀကီးဟာ အားကစား လုပ္ရ တာကို ဝါသနာပါသူျဖစ္ၿပီး စက္ဘီးစီးနင္းျခင္းကို ဝါသနာ ပါသူျဖစ္ပါတယ္။ ဒါေပမယ့္ ထိုင္းႏိုင္ငံဟာ သက္ဦးဆံ ပိုင္ဘုရင္စနစ္ က်င့္သုံးတဲ့အတြက္ ထိုင္းလူငယ္ေတြနဲ႔ထိုင္းဘုရင္ၾကား ထိပ္တိုက္ေတြ႕ဆုံမႈ မ်ား မၾကာခဏျဖစ္ပြားခဲ့ၿပီး ထိုင္းလူငယ္အခ်ိဳ႕နဲ႔ ဒီမိုကေရစီ လိုခ်င္သူေတြကေတာ့ ထိုင္းဘုရင္အေပၚ သံသယရွိတယ္လို႔ သတင္းမ်ားလည္းထြက္ေပၚခဲ့ပါတယ္။ ထိုင္း ဘုရင္ႀကီး ဝီဇယေလာင္ကြန္းဟာ ေရွး႐ိုး စြဲ အယူအဆ ရွိသူျဖစ္ၿပီး ထိုင္းဘုရင္ထီးနန္းကို ကာကြယ္ထိန္းသိမ္းလိုသူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ထိုင္းဘုရင့္ထီးနန္းကို ေဝဖန္ျပစ္တင္သူမ်ားကိုျပင္းထန္တဲ့ျပစ္ဒဏ္အျပင္ ေထာင္ဒဏ္ခ်မွတ္မႈမ်ား လုပ္ ေဆာင္ေနသူျဖစ္ပါတယ္။
အသက္ (၇၃)ႏွစ္ အ႐ြယ္ရွိ ထိုင္းဘုရင္ႀကီးဟာ ကမာၻတစ္ဝန္းရွိဘုရင္ေတြထဲမွာ ႂကြယ္ဝခ်မ္း သာတဲ့ဘုရင္တစ္ပါးျဖစ္ၿပီး အေမရိကန္ေဒၚလာ (၄၃) ဘီလ်ံႂကြယ္ဝခ်မ္းသာတယ္လို႔သိရပါတယ္။ ထိုင္း ဘုရင္ႀကီးဟာ ၿဗိတိန္အပါအဝင္ အေနာက္အုပ္စု မဟာမိတ္ႏိုင္ငံေတြထဲမွာပညာသင္ၾကားခဲ့သလို အေမ ရိကန္ႏိုင္ငံရဲ႕အဓိကမဟာမိတ္ႏိုင္ငံျဖစ္ခဲ့ေပမယ့္ ထိုင္းႏိုင္ငံရဲ႕အေ႐ြ႕ဟာ ယခင္နဲ႔မတူဘဲ ေျပာင္းလဲလာ ေနတယ္လို႔ သုံးသပ္မႈမ်ားလည္း ရွိေနပါတယ္။ ထိုင္းဘုရင္ႀကီးရဲ႕ခမည္းေတာ္ ဘူမီေဘာလက္ထက္ တုန္းက ထိုင္းႏိုင္ငံဟာ အေမရိကန္နဲ႔ ဆက္ဆံေရးေကာင္းမြန္ေအာင္တည္ေဆာက္ခဲ့ၿပီး ထိုင္းဘုရင္ ႀကီးဘူမီေဘာဟာ အေမရိကန္ႏိုင္ငံကို သြားေရာက္တာမ်ိဳးေတြရွိခဲ့ပါတယ္။
ဘုရင္ႀကီး ဝီဇယေလာင္ကြန္းလက္ထက္မွာေတာ့ ထိုင္းႏိုင္ငံဟာ အေမရိကန္ရဲ႕ စစ္ေရးမဟာ မိတ္ျဖစ္ေနေပမယ့္ တ႐ုတ္နဲ႔ဆက္ဆံေရးေတြ တျဖည္းျဖည္းနီးစပ္လာပါတယ္။ ဘူမိေဘာ ဘုရင္ေခတ္ (၁၉၆၀) ေက်ာ္က အေမရိကန္သြားခဲ့တဲ့ခရီးစဥ္ေတြနဲ႔လည္း ဆန႔္က်င္ဘက္ျဖစ္ေနပါတယ္။ အဲဒီ စစ္ ေအးေခတ္က ထိုင္းႏိုင္ငံဟာ အေမရိကန္အတြက္ အေရးႀကီးတဲ့ မဟာမိတ္ျဖစ္ၿပီး အင္ဒိုခ်ိဳင္းနား စစ္ပြဲ အတြင္းက အေမရိ ကန္စစ္ဆင္ေရးေတြအတြက္လည္း အေရးပါတဲ့ အေျခစိုက္စခန္း ျဖစ္ခဲ့ပါတယ္။ ထိုင္းဟာ ခုခ်ိန္ထိ အေမရိကန္ရဲ႕ စစ္ေရးမဟာမိတ္ ျဖစ္ေနေပမယ့္ ဒီႏွစ္ပိုင္းအတြင္း တ႐ုတ္နဲ႔ ဆက္ဆံ ေရးေတြ တျဖည္းျဖည္းနီးစပ္လာပါတယ္။ တျခားဘက္မွာေတာ့ ထိုင္းလူ႔အခြင့္အေရးအေျခအေနအေပၚ အေမရိကန္ရဲ႕ ေဝဖန္မႈနဲ႔ သမၼတထရမ့္ရဲ႕ သြင္းကုန္ခြန္ တိုးျမႇင့္မႈေတြေၾကာင့္ အေမရိကန္နဲ႔ ဆက္ဆံေရး ထိခိုက္ခဲ့ပါတယ္။လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံကိုသြားေရာက္ခဲ့တဲ့ ထိုင္းဘုရင္ႀကီးဝီဇယေလာင္ကြန္းရဲ႕ ခရီးစဥ္ဟာ လူစိတ္ဝင္စားမႈမ်ားခဲ့ၿပီး ထိုင္းနဲ႔ အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးကို အဖုအထစ္မ်ားရွိ လာႏိုင္သလားဆိုတဲ့အခ်က္ကို ေဝဖန္မႈမ်ားလည္းရွိေနပါတယ္။
မည္သို႔ပင္ဆိုေနေစကာမူ ဘုရင္အျဖစ္ ထီး နန္းအ႐ိုက္အရာဆက္ခံၿပီးေနာက္ (၉)ႏွစ္ေက်ာ္ ကာလအတြင္း တ႐ုတ္ႏိုင္ငံကို ပထမဆုံးအႀကိမ္သြားေရာက္တဲ့ ထိုင္းဘုရင္ႀကီးရဲ႕ခရီးစဥ္က ထိုင္းနဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးကို ပိုမိုတိုးတက္ေစမယ့္ လကၡဏာျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။

Related news

© 2021. All rights reserved.