၂၀၂၅ခုနှစ် ၁၀လတာအတွင်းကရင်ပြည်နယ်သို့ခရီးသွားဧည့်သည်၅သိန်းဝင်ရောက်

362

ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၄
ကရင်ပြည်နယ်သို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၅ သိန်းကျော်ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံးခွဲမှ သိရသည်။
အဆိုပါအရေအတွက်ဟာ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းခန့် ပိုမိုဝင်ရောက်ခဲ့တာဖြစ်ကြောင်း၊ လက်ရှိတွင် ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ရာသီမရွေး လာရောက်လည်ပတ်နိုင်သော စုစုပေါင်းခရီးစဉ် ၂၆ ခုရှိပြီး ယခုအခါ စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းနှင့် သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပြည်နယ်အတွင်းလာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေက ဘားအံခရီးစဉ်ဒေသနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ခရီးစဉ်တွေကို အများဆုံး လာရောက်လည်ပတ်ကြတာများပါတယ်။ လာလည်ကြတဲ့ ခရီးသွားဧည့်သည်တွေ အဓိကနှစ်သက်တာက မိုးရာသီကာလမှာဆိုရင် ကရင်ပြည်နယ်ရဲ့ စိမ်းစိုလှပတဲ့ ရေမြေတောတောင်သဘာဝ အလှတွေပဲဖြစ်ပါတယ်။ အခုဒီဇင်ဘာလမှာဆိုရင်လည်း ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ရှိတဲ့အတွက် ခရီးသွား ဧည့်သည်တွေ ဝင်ရောက်မှု ပိုများမယ်။ အခုကတည်းက ပြည်နယ်အတွင်းမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေ ကြိုတင်စာရင်းပေးမှုတွေလည်းများနေပါတယ်”လို့ ၎င်းက ပြောသည်။
ပြည်တွင်းရှိ တခြားဒေသများ၌ မိုးရာသီကာလတွင် ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု နည်းပါးသော်လည်း ကရင်ပြည်နယ်၌ မိုးရာသီကာလတွင် စိမ်းစိုလှပသည့် ရေမြေတောတောင်သဘာဝအလှများကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားကြောင်းသိရသည်။ ယခုလာမည့် ဒီဇင်ဘာလတတိယပတ်တွင်လည်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပမည်ဖြစ်ရာ ခရီးသွားဧည့်သည်များသည် ယခုကတည်းက ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၌ ကြိုတင်စာရင်းပေးထားကြောင်း သိရသည်။
လက်ရှိတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ပေါင်း ၁၆ ဖွဲ့ခန့် ဖွဲ့စည်းထားပြီး ပြည်နယ်အတွင်း ခရီးသွားဧည့်သည့် အများဆုံး လာရောက်လည်ပတ်ကြသည့် ဘားအံခရီးစဉ်ဒေသနှင့် အနီးပတ်ဝန်းကျင်ရှိ ခရီးစဉ်များကို စနစ်တကျစီမံဆောင်ရွက်နေကြောင်းလည်း သိရသည်။

Zawgyi Version:
၂၀၂၅ခုႏွစ္ ၁၀လတာအတြင္းကရင္ျပည္နယ္သို႔ခရီးသြားဧည့္သည္၅သိန္းဝင္ေရာက္
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၄
ကရင္ျပည္နယ္သို႔ ယခုႏွစ္ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ ၁၀ လတာကာလအတြင္း ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္ ၅ သိန္းေက်ာ္ဝင္ေရာက္ထားေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာန ကရင္ျပည္နယ္႐ုံးခြဲမွ သိရသည္။
အဆိုပါအေရအတြက္ဟာ ၿပီးခဲ့သည့္ႏွစ္ ကာလတူႏွင့္ ႏႈိင္းယွဥ္ပါက ၃၈ ရာခိုင္ႏႈန္းခန႔္ ပိုမိုဝင္ေရာက္ခဲ့တာျဖစ္ေၾကာင္း၊ လက္ရွိတြင္ ကရင္ျပည္နယ္အတြင္း ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ား ရာသီမေ႐ြး လာေရာက္လည္ပတ္ႏိုင္ေသာ စုစုေပါင္းခရီးစဥ္ ၂၆ ခုရွိၿပီး ယခုအခါ စိုက္ပ်ိဳးေရးကို အေျခခံသည့္ ခရီးသြားလုပ္ငန္းႏွင့္ သဘာဝကိုအေျခခံသည့္ ခရီးသြားလုပ္ငန္းမ်ားကိုလည္း ေဖာ္ေဆာင္လ်က္ရွိေၾကာင္း အထက္ပါဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
“ျပည္နယ္အတြင္းလာေရာက္ၾကတဲ့ ခရီးသြားဧည့္သည္ေတြက ဘားအံခရီးစဥ္ေဒသနဲ႔ အနီးပတ္ဝန္းက်င္မွာရွိတဲ့ ခရီးစဥ္ေတြကို အမ်ားဆုံး လာေရာက္လည္ပတ္ၾကတာမ်ားပါတယ္။ လာလည္ၾကတဲ့ ခရီးသြားဧည့္သည္ေတြ အဓိကႏွစ္သက္တာက မိုးရာသီကာလမွာဆိုရင္ ကရင္ျပည္နယ္ရဲ႕ စိမ္းစိုလွပတဲ့ ေရေျမေတာေတာင္သဘာဝ အလွေတြပဲျဖစ္ပါတယ္။ အခုဒီဇင္ဘာလမွာဆိုရင္လည္း ကရင္ႏွစ္သစ္ကူးပြဲေတာ္က်င္းပဖို႔ရွိတဲ့အတြက္ ခရီးသြား ဧည့္သည္ေတြ ဝင္ေရာက္မႈ ပိုမ်ားမယ္။ အခုကတည္းက ျပည္နယ္အတြင္းမွာရွိတဲ့ ဟိုတယ္နဲ႔ တည္းခိုရိပ္သာေတြ ႀကိဳတင္စာရင္းေပးမႈေတြလည္းမ်ားေနပါတယ္”လို႔ ၎က ေျပာသည္။
ျပည္တြင္းရွိ တျခားေဒသမ်ား၌ မိုးရာသီကာလတြင္ ခရီးသြားဧည့္သည္ လာေရာက္လည္ပတ္မႈ နည္းပါးေသာ္လည္း ကရင္ျပည္နယ္၌ မိုးရာသီကာလတြင္ စိမ္းစိုလွပသည့္ ေရေျမေတာေတာင္သဘာဝအလွမ်ားေၾကာင့္ ခရီးသြားဧည့္သည္ဝင္ေရာက္မႈမ်ားျပားေၾကာင္းသိရသည္။ ယခုလာမည့္ ဒီဇင္ဘာလတတိယပတ္တြင္လည္း ကရင္ႏွစ္သစ္ကူးပြဲေတာ္ က်င္းပမည္ျဖစ္ရာ ခရီးသြားဧည့္သည္မ်ားသည္ ယခုကတည္းက ျပည္နယ္အတြင္းရွိ ဟိုတယ္ႏွင့္တည္းခိုရိပ္သာမ်ား၌ ႀကိဳတင္စာရင္းေပးထားေၾကာင္း သိရသည္။
လက္ရွိတြင္ ခရီးစဥ္ေဒသစီမံခန႔္ခြဲေရးအဖြဲ႕ေပါင္း ၁၆ ဖြဲ႕ခန႔္ ဖြဲ႕စည္းထားၿပီး ျပည္နယ္အတြင္း ခရီးသြားဧည့္သည့္ အမ်ားဆုံး လာေရာက္လည္ပတ္ၾကသည့္ ဘားအံခရီးစဥ္ေဒသႏွင့္ အနီးပတ္ဝန္းက်င္ရွိ ခရီးစဥ္မ်ားကို စနစ္တက်စီမံေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။