မန္တလေးမြို့ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်တွင် ဂက်စ်အိုးခေါင်းပွင့်၍ မီးကူးစက်လောင်ကျွမ်းရာမှ တစ်ဦးဒဏ်ရာရ၍ သိန်း (၇၀) ကျော်ဖိုး မီးလောင်ဆုံးရှုံး

532

သန့်ဇင်(NP News)-ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်တွင် ဂက်စ်အိုးခေါင်းပွင့်၍ မီးကူးစက်လောင်ကျွမ်းရာမှ တစ်ဦးဒဏ်ရာရ၍ သိန်း (၇၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဒီဇင်ဘာ ၄ ရက်)၊ နံနက် (၇) နာရီ (၃၈) မိနစ်အချိန်ခန့်က မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၅၈) လမ်း၊ (၄၃) လမ်း× (၁၀၁) လမ်းကြားရှိ ပေါက်ကျိုင်း လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ဖက်ရည်ဆိုင်ရှိ စားဖိုဆောင်တွင် (40) Kg Gas အိုး ခေါင်းပွင့်ထွက်ပြီး ဂက်စ်များယိုစိမ့်ရာမှ အနီးရှိမီးဖိုမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် (၁၆) နှစ်အရွယ် ကိုအောင်ငြိမ်းချမ်းတွင် မျက်နှာနှင့်လည်ပင်း၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက် မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် အိုးဝေဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ပေ (၃၀) × ပေ (၆၀) သွပ်မိုး၊ ထန်းလုံးတိုင်၊ မြေစိုက် အဆောက်အဦ (၁) လုံးနှင့် ပေ (၁၀)× ပေ (၄၀) နံကပ် (၁) ထပ် အဆောက် အဦ (၁) လုံး အပါအဝင် ပေ (၆၀) × ပေ (၅၀) RC(၂)ထပ် အဆောက်အဦအပေါ်ထပ်ရှိ (၁၅) ပေပတ်လည် အိပ်ခန်းအတွင်းရှိ မျက်နှာကြက်နှင့် အတွင်းပစ္စည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ငွေကျပ် (၇၄) သိန်းခန့် မီးလောင်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ယင်းမီးလောင်မှုအား Level -1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မိနစ်(၃၀)ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးၿမိဳ႕ ေပါက္က်ိဳင္းလက္ဖက္ရည္ဆိုင္တြင္ ဂက္စ္အိုးေခါင္းပြင့္၍ မီးကူးစက္ေလာင္ကြၽမ္းရာမွ တစ္ဦးဒဏ္ရာရ၍ သိန္း (၇၀) ေက်ာ္ဖိုး မီးေလာင္ဆုံးရႈံး
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၄
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ ေပါက္က်ိဳင္းလက္ဖက္ရည္ဆိုင္တြင္ ဂက္စ္အိုးေခါင္းပြင့္၍ မီးကူးစက္ေလာင္ကြၽမ္းရာမွ တစ္ဦးဒဏ္ရာရ၍ သိန္း (၇၀) ေက်ာ္ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(ဒီဇင္ဘာ ၄ ရက္)၊ နံနက္ (၇) နာရီ (၃၈) မိနစ္အခ်ိန္ခန႔္က မဟာေအာင္ေျမ ၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္၊ (၅၈) လမ္း၊ (၄၃) လမ္း× (၁၀၁) လမ္းၾကားရွိ ေပါက္က်ိဳင္း လက္ဖက္ရည္ဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လက္ဖက္ရည္ဆိုင္ရွိ စားဖိုေဆာင္တြင္ (40) Kg Gas အိုး ေခါင္းပြင့္ထြက္ၿပီး ဂက္စ္မ်ားယိုစိမ့္ရာမွ အနီးရွိမီးဖိုမွတစ္ဆင့္ မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မီးေလာင္မႈေၾကာင့္ အသက္ (၁၆) ႏွစ္အ႐ြယ္ ကိုေအာင္ၿငိမ္းခ်မ္းတြင္ မ်က္ႏွာႏွင့္လည္ပင္း၊ လက္ႏွစ္ဖက္၊ ေျခေထာက္ႏွစ္ဖက္ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ အိုးေဝျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။
အဆိုပါမီးေလာင္မႈေၾကာင့္ ေပ (၃၀) × ေပ (၆၀) သြပ္မိုး၊ ထန္းလုံးတိုင္၊ ေျမစိုက္ အေဆာက္အဦ (၁) လုံးႏွင့္ ေပ (၁၀)× ေပ (၄၀) နံကပ္ (၁) ထပ္ အေဆာက္ အဦ (၁) လုံး အပါအဝင္ ေပ (၆၀) × ေပ (၅၀) RC(၂)ထပ္ အေဆာက္အဦအေပၚထပ္ရွိ (၁၅) ေပပတ္လည္ အိပ္ခန္းအတြင္းရွိ မ်က္ႏွာၾကက္ႏွင့္ အတြင္းပစၥည္း မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး စုစုေပါင္း ေငြက်ပ္ (၇၄) သိန္းခန႔္ မီးေလာင္ဆုံးရႈံး ခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယင္းမီးေလာင္မႈအား Level -1 အဆင့္ျဖင့္ မီးျငႇိမ္းသတ္ခဲ့ရာ မိနစ္(၃၀)ခန႔္အၾကာတြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။