မှတ်ပုံတင်ထားသော လိပ်စာများတွင် မရှိသည့် ကုမ္ပဏီ (၂၀)ကျော်ကို အမည်ပျက်စာရင်းသွင်း

 43

စော(NP News)- ဒီဇင်ဘာ ၄
MyCo စနစ်တွင် မှတ်ပုံတင်ထားသော လိပ်စာများတွင် မရှိသည့် ကုမ္ပဏီ (၂၅)ခုကို ၂၀၂၆-၂၇ ဘဏ္ဍာနှစ်ကုန်ဆုံးသည်အထိ အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ အချက်အလက်များအရ သိရဿည်။
အဆိုပါ ကုမ္ပဏီ (၂၅)အနက် နိုင်ငံခြားရေးဝန်ကြီးဌာနက THINPINL CO LTD ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက MYANMAR M-M_T JADE COMPANY LIMITED , SUNTEX ASIA COMPANY LIMITED တို့ကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရသည်။
အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်း မှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အစိုးရဌာန၊အဖွဲ့အစည်းများမှချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့်နည်းဥပဒေများ လိုက်နာ ခြင်းမရှိကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက် တွင် ကြေညာသွားမည်ကို အသိပေးထားခဲ့ကြောင်း သိရသည်။
ကုမ္ပဏီများသည် မိမိတို့ ကုမ္ပဏီ မှတ်ပုံတင် လိပ်စာပြောင်းလဲမှုများရှိပါက ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန၏ MyCo စနစ်တွင် ပြန်လည် မှတ်ပုံတင်သွင်းရမည်ဖြစ်ပြီး လိပ်စာပြောင်းလဲမှု မတိုင်မီ ကြိုတင်၍ အဆိုပြုလိပ်စာကို အသိပေးရမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်မှု မလုပ်ပါက သက်ဆိုင်ရာဌာနများမှ ကုမ္ပဏီအား အမည်ပျက်စာရင်းတင်သွင်းခြင်းခံရနိုင်ပြီး ကုမ္ပဏီတွင် ပါဝင်သူများဖြစ်သည့် ရှယ်ယာရှင်များနှင့် ဒါရိုက်တာများကို မလိုလားအပ်သည့် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သောကြောင့် အချိန်မီ ဆောင်ရွက်ကြရန်လည်း အသိပေးထားသည်။

Zawgyi Version:
မွတ္ပုံတင္ထားေသာ လိပ္စာမ်ားတြင္ မရွိသည့္ ကုမၸဏီ (၂၀)ေက်ာ္ကို အမည္ပ်က္စာရင္းသြင္း
ေစာ(NP News)- ဒီဇင္ဘာ ၄
MyCo စနစ္တြင္ မွတ္ပုံတင္ထားေသာ လိပ္စာမ်ားတြင္ မရွိသည့္ ကုမၸဏီ (၂၅)ခုကို ၂၀၂၆-၂၇ ဘ႑ာႏွစ္ကုန္ဆုံးသည္အထိ အမည္ပ်က္စာရင္းသြင္းလိုက္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန ၏ အခ်က္အလက္မ်ားအရ သိရႆည္။
အဆိုပါ ကုမၸဏီ (၂၅)အနက္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက THINPINL CO LTD ၊ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာနက MYANMAR M-M_T JADE COMPANY LIMITED , SUNTEX ASIA COMPANY LIMITED တို႔ကို အမည္ပ်က္စာရင္းသြင္းလိုက္ေၾကာင္း သိရသည္။
အြန္လိုင္းမွတ္ပုံတင္စနစ္တြင္ ဖြဲ႕စည္း မွတ္ပုံတင္ထားေသာ ကုမၸဏီမ်ားအေနျဖင့္ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို ေလးစားလိုက္နာရမည့္အျပင္ မိမိတို႔လုပ္ကိုင္ေဆာင္႐ြက္ေနေသာ လုပ္ငန္းခြင္ႏွင့္သက္ဆိုင္သည့္ အစိုးရဌာန၊အဖြဲ႕အစည္းမ်ားမွခ်မွတ္ထားေသာ အျခားတည္ဆဲဥပေဒႏွင့္နည္းဥပေဒမ်ား လိုက္နာ ျခင္းမရွိေၾကာင္း ေတြ႕ရွိရပါက ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန၏ ဝက္ဘ္ဆိုက္ တြင္ ေၾကညာသြားမည္ကို အသိေပးထားခဲ့ေၾကာင္း သိရသည္။
ကုမၸဏီမ်ားသည္ မိမိတို႔ ကုမၸဏီ မွတ္ပုံတင္ လိပ္စာေျပာင္းလဲမႈမ်ားရွိပါက ကုမၸဏီမ်ား ၫြန္ၾကားမႈ ဦးစီးဌာန၏ MyCo စနစ္တြင္ ျပန္လည္ မွတ္ပုံတင္သြင္းရမည္ျဖစ္ၿပီး လိပ္စာေျပာင္းလဲမႈ မတိုင္မီ ႀကိဳတင္၍ အဆိုျပဳလိပ္စာကို အသိေပးရမည္ျဖစ္ေၾကာင္း သိရသည္။ ထိုကဲ့သို႔ လုပ္ေဆာင္မႈ မလုပ္ပါက သက္ဆိုင္ရာဌာနမ်ားမွ ကုမၸဏီအား အမည္ပ်က္စာရင္းတင္သြင္းျခင္းခံရႏိုင္ၿပီး ကုမၸဏီတြင္ ပါဝင္သူမ်ားျဖစ္သည့္ ရွယ္ယာရွင္မ်ားႏွင့္ ဒါ႐ိုက္တာမ်ားကို မလိုလားအပ္သည့္ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္လာႏိုင္ေသာေၾကာင့္ အခ်ိန္မီ ေဆာင္႐ြက္ၾကရန္လည္း အသိေပးထားသည္။

Related news

© 2021. All rights reserved.