လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓားပြတိုက်ခံရ၍ ရွှေထည်ပစ္စည်းများ နှင့် ငွေကျပ်သိန်း (၁၀၀၀) ဖိုးခန့် ပါသွား

 2489

သန့်ဇင်(NP News)-ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ရွှေဇင်ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ နှင့် ငွေကျပ်သိန်း (၁၀၀၀) ဖိုးခန့် ကို အမျိုးသား(၃)ဦးက ယနေ့(ဒီဇင်ဘာ ၅ရက်) နံနက် (၉) နာရီတွင် သေနတ်ပြကာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
လသာမြို့နယ်၊အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလလမ်း ရှိ အဆိုပါ ရွှေဆိုင်၌ ဆိုင်ရှေ့ကား လမ်းမပေါ်တွင် ကားပေါ်မှရွှေထည်ပစ္စည်းများသယ်ဆောင်နေစဉ် အမျိုးသားလူငယ်(၃)ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ် ပြကာ ဓားပြတိုက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြစ်မှုကျူးလွန်သူ (၂)ယောက်နဲ့ ရှေ့ကဆိုင်ကယ်မောင်းတဲ့လူပါတယ်။ လသာမြို့နယ်ထဲက ရွှေဇင်ရွှေဆိုင်ကို လုယက်သွားတဲ့သူတွေပါ။ ဗန္ဒုလလမ်းအတိုင်း မောင်းနှင်သွားပြီးတော့ ရွှေတိဂုံဘုရားရောက်တဲ့အခါမှာ အနော်ရထာလမ်းအတိုင်းမောင်းသွားပါတယ်”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP Newsကို ပြောသည်။
ထိုသို့ ဓားပြတိုက်လုယက်ခံရမှုကြောင့် တန်ဖိုးစီစစ်ဆဲ ရွှေထုပ်(၁)ထုပ် နှင့် ငွေကျပ်သိန်း (၁၀၀၀) ပါသွားပြီး လက်ရှိတွင် ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version:
လသာၿမိဳ႕နယ္ ေ႐ႊဇင္ေ႐ႊဆိုင္ ဓားျပတိုက္ခံရ၍ ေ႐ႊထည္ပစၥည္းမ်ား ႏွင့္ ေငြက်ပ္သိန္း (၁၀၀၀) ဖိုးခန႔္ ပါသြား
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၅
ရန္ကုန္တိုင္းေဒသႀကီး၊ လသာၿမိဳ႕နယ္ ေ႐ႊဇင္ေ႐ႊဆိုင္မွ ေ႐ႊထည္ပစၥည္းမ်ား ႏွင့္ ေငြက်ပ္သိန္း (၁၀၀၀) ဖိုးခန႔္ ကို အမ်ိဳးသား(၃)ဦးက ယေန႔(ဒီဇင္ဘာ ၅ရက္) နံနက္ (၉) နာရီတြင္ ေသနတ္ျပကာ ဓားျပတိုက္ လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
လသာၿမိဳ႕နယ္၊အမွတ္(၃)ရပ္ကြက္၊မဟာဗႏၶဳလလမ္း ရွိ အဆိုပါ ေ႐ႊဆိုင္၌ ဆိုင္ေရွ႕ကား လမ္းမေပၚတြင္ ကားေပၚမွေ႐ႊထည္ပစၥည္းမ်ားသယ္ေဆာင္ေနစဥ္ အမ်ိဳးသားလူငယ္(၃)ဦးက ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ေသနတ္ ျပကာ ဓားျပတိုက္လုယက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျပစ္မႈက်ဴးလြန္သူ (၂)ေယာက္နဲ႔ ေရွ႕ကဆိုင္ကယ္ေမာင္းတဲ့လူပါတယ္။ လသာၿမိဳ႕နယ္ထဲက ေ႐ႊဇင္ေ႐ႊဆိုင္ကို လုယက္သြားတဲ့သူေတြပါ။ ဗႏၵဳလလမ္းအတိုင္း ေမာင္းႏွင္သြားၿပီးေတာ့ ေ႐ႊတိဂုံဘုရားေရာက္တဲ့အခါမွာ အေနာ္ရထာလမ္းအတိုင္းေမာင္းသြားပါတယ္”ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP Newsကို ေျပာသည္။
ထိုသို႔ ဓားျပတိုက္လုယက္ခံရမႈေၾကာင့္ တန္ဖိုးစီစစ္ဆဲ ေ႐ႊထုပ္(၁)ထုပ္ ႏွင့္ ေငြက်ပ္သိန္း (၁၀၀၀) ပါသြားၿပီး လက္ရွိတြင္ ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.