လိမ်လည်မှုနဲ့ဖမ်းဆီးခံရတဲ့ ထိုင်းရုပ်ရှင်မင်းသမီး အာမခံနဲ့ပြန်လွတ်မြောက်

 485

Pika (NP News) - ဒီဇင်ဘာ ၅

ထိုင်းနာမည်ကျော်ရုပ်ရှင်မင်းသမီတစ်ဦးဖြစ်တဲ့ နာနာဟာ အာမခံနဲ့ပြန်လည်လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။
မင်းသမီး နာနာ အင်တာချိုင်းဟာ ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးခံရပြီး ထိုင်းဘတ် (၁)သန်းနဲ့ အာမခံ ရယူကာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ နာနာဟာ ၎င်းအပေါ်စွပ်စွဲထားတဲ့ ငွေကြေးလိမ်လည်မှုစွဲချက်များကို
ဆက်လက်ငြင်းဆန်နေဆဲဖြစ်ရာ ထိုင်းရဲတပ်ဖွဲ့က ၎င်းနဲ့အတူ ပါဝင်ခဲ့သူများကို ရှာဖွေလျက်ရှိနေတယ်လို့ သိရပါတယ်။
ထိုင်း ရာဇဝတ်တရားရုံးဟာ နာနာကို ဒီဇင်ဘာ (၄) ရက်မှာ အာမခံနဲ့ပြန်လွတ်ပေးခဲ့ပေမယ့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံပြင်ပကို ထွက်ခွင့်မရှိဘူးလို့ သိရပါတယ်။ ထိုင်းရုပ်ရှင်မင်းသမီးဟာ အသိမိတ်ဆွေများထံကနေ ထိုင်းဘတ်ငွေ သန်းချီ ချေးငှားလိမ်လည်မှုများကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး လက်ရှိအချိန်မှာ ထိုင်းတရားရုံးက မင်းသမီးကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစစ်ဆေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Zawgyi Version:
လိမ္လည္မႈနဲ႔ဖမ္းဆီးခံရတဲ့ ထိုင္း႐ုပ္ရွင္မင္းသမီး အာမခံနဲ႔ျပန္လြတ္ေျမာက္
Pika (NP News) - ဒီဇင္ဘာ ၅
ထိုင္းနာမည္ေက်ာ္႐ုပ္ရွင္မင္းသမီတစ္ဦးျဖစ္တဲ့ နာနာဟာ အာမခံနဲ႔ျပန္လည္လြတ္ေျမာက္ခဲ့တယ္လို႔သိရပါတယ္။
မင္းသမီး နာနာ အင္တာခ်ိဳင္းဟာ ေငြေၾကးလိမ္လည္မႈမ်ား က်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဖမ္းဆီးခံရၿပီး ထိုင္းဘတ္ (၁)သန္းနဲ႔ အာမခံ ရယူကာ ျပန္လည္လြတ္ေျမာက္လာခဲ့တာျဖစ္ပါတယ္။ နာနာဟာ ၎အေပၚစြပ္စြဲထားတဲ့ ေငြေၾကးလိမ္လည္မႈစြဲခ်က္မ်ားကို
ဆက္လက္ျငင္းဆန္ေနဆဲျဖစ္ရာ ထိုင္းရဲတပ္ဖြဲ႕က ၎နဲ႔အတူ ပါဝင္ခဲ့သူမ်ားကို ရွာေဖြလ်က္ရွိေနတယ္လို႔ သိရပါတယ္။
ထိုင္း ရာဇဝတ္တရား႐ုံးဟာ နာနာကို ဒီဇင္ဘာ (၄) ရက္မွာ အာမခံနဲ႔ျပန္လြတ္ေပးခဲ့ေပမယ့္ ခြင့္ျပဳခ်က္မရွိဘဲ ႏိုင္ငံျပင္ပကို ထြက္ခြင့္မရွိဘူးလို႔ သိရပါတယ္။ ထိုင္း႐ုပ္ရွင္မင္းသမီးဟာ အသိမိတ္ေဆြမ်ားထံကေန ထိုင္းဘတ္ေငြ သန္းခ်ီ ေခ်းငွားလိမ္လည္မႈမ်ားက်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲခံထားရၿပီး လက္ရွိအခ်ိန္မွာ ထိုင္းတရား႐ုံးက မင္းသမီးကို စိတ္ပိုင္းဆိုင္ရာက်န္းမာေရးစစ္ေဆးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.