2025 SEA Games အုပ်စုအဖွင့်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက ဖိလစ်ပိုင်အသင်းကို အနိုင်ရ

8929

သန့်ဇင်(NP News)-ဒီဇင်ဘာ ၅
2025 SEA Games အုပ်စုအဖွင့်ပွဲတွင် ဝင်းသိင်္ဂီထွန်းနှင့် မေထက်လူတို့၏ သွင်းဂိုးများဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းက ဖိလစ်ပိုင်ကို (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် အုပ်စု(B)တွင်ကျရောက်နေပြီး အဖွင့်ပွဲကို အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းနှင့် ယနေ့(ဒီဇင်ဘာ ၅ရက်)၊ ညနေ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့ရှိ IPE Chonburi Stadium တွင် ယှဉ်ပြိုင် ကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းအတွက် အဖွင့်ဂိုးကို အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ပွဲကစားချိန် (၄) မိနစ်တွင် ညာခြေကန်ချက်ဖြင့် လှပသေသပ်စွာသွင်းယူခဲ့ပြီး အနိုင်ဂိုးကို လူစားဝင်လာသော မေထက်လူက (၈၉)မိနစ်တွင် ခေါင်းတိုက်အဆုံးသတ်ပေးခဲ့ကာ ဖိလစ်ပိုင်ဘက်ကလည်း တစ်ဂိုးသွင်းယူခဲ့သည်။
ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်အတွက် မြန်မာ့လက်ရွှေးစင်အမျိုးသမီးဘောလုံးအသင်း၏ ပွဲထွက်လူစာရင်းတွင် ဂိုး-မျိုးမြမြငြိမ်း၊ မေသက် မွန်မြင့်၊ ဖြူဖွေး၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ရူပါခိုင်၊ လင်းလဲ့ဦးတို့ပါဝင် လာခဲ့ပြီး အရံကစားသမားများအဖြစ် ဂိုး-အိစန္ဒာဇော်၊ ဇူးလတ်နဒီတို့ ဖြစ်ပြီး ခင်မာလာထွန်း၊ ဝင်းဝင်း၊ မေထက်လူ၊ နှင်းပွင့်အေး၊ ယုယုနိုင်၊ သန်းသန်းနွယ်၊ ရွှေရီထွန်း၊ မြတ်နိုးခင်၊ ယွန်းဝတီလှိုင်နှင့် လင်းမြင့်မိုရ်တို့ ပါဝင်လာခဲ့သည်။

Zawgyi Version:
2025 SEA Games အုပ္စုအဖြင့္ပြဲတြင္ ျမန္မာအမ်ိဳးသမီးလက္ေ႐ြးစင္ေဘာလုံးအသင္းက ဖိလစ္ပိုင္အသင္းကို အႏိုင္ရ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၅
2025 SEA Games အုပ္စုအဖြင့္ပြဲတြင္ ဝင္းသိဂႌထြန္းႏွင့္ ေမထက္လူတို႔၏ သြင္းဂိုးမ်ားျဖင့္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီး ေဘာလုံးအသင္းက ဖိလစ္ပိုင္ကို (၂) ဂိုး (၁) ဂိုးျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းသည္ အုပ္စု(B)တြင္က်ေရာက္ေနၿပီး အဖြင့္ပြဲကို အင္ဒိုနီးရွားလက္ေ႐ြးစင္အမ်ိဳးသမီး ေဘာလုံးအသင္းႏွင့္ ယေန႔(ဒီဇင္ဘာ ၅ရက္)၊ ညေန ၃ နာရီခြဲတြင္ ထိုင္းႏိုင္ငံ၊ ေခ်ာင္ဘူရီၿမိဳ႕ရွိ IPE Chonburi Stadium တြင္ ယွဥ္ၿပိဳင္ ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာအသင္းအတြက္ အဖြင့္ဂိုးကို အသင္းေခါင္းေဆာင္ ဝင္းသိဂႌထြန္းက ပြဲကစားခ်ိန္ (၄) မိနစ္တြင္ ညာေျခကန္ခ်က္ျဖင့္ လွပေသသပ္စြာသြင္းယူခဲ့ၿပီး အႏိုင္ဂိုးကို လူစားဝင္လာေသာ ေမထက္လူက (၈၉)မိနစ္တြင္ ေခါင္းတိုက္အဆုံးသတ္ေပးခဲ့ကာ ဖိလစ္ပိုင္ဘက္ကလည္း တစ္ဂိုးသြင္းယူခဲ့သည္။
ဖိလစ္ပိုင္အသင္းႏွင့္ပြဲစဥ္အတြက္ ျမန္မာ့လက္ေ႐ႊးစင္အမ်ိဳးသမီးေဘာလုံးအသင္း၏ ပြဲထြက္လူစာရင္းတြင္ ဂိုး-မ်ိဳးျမျမၿငိမ္း၊ ေမသက္ မြန္ျမင့္၊ ျဖဴေဖြး၊ ဇြန္ယုယဦး၊ ေနာ္ထက္ထက္ေဝ၊ ျဖဴျဖဴဝင္း၊ ဝင္းသိဂႌထြန္း၊ စန္းေသာ္ေသာ္၊ ခင္မိုမိုထြန္း၊ ႐ူပါခိုင္၊ လင္းလဲ့ဦးတို႔ပါဝင္ လာခဲ့ၿပီး အရံကစားသမားမ်ားအျဖစ္ ဂိုး-အိစႏၵာေဇာ္၊ ဇူးလတ္နဒီတို႔ ျဖစ္ၿပီး ခင္မာလာထြန္း၊ ဝင္းဝင္း၊ ေမထက္လူ၊ ႏွင္းပြင့္ေအး၊ ယုယုႏိုင္၊ သန္းသန္းႏြယ္၊ ေ႐ႊရီထြန္း၊ ျမတ္ႏိုးခင္၊ ယြန္းဝတီလႈိင္ႏွင့္ လင္းျမင့္မိုရ္တို႔ ပါဝင္လာခဲ့သည္။