အမေရိကန်၏ အဆိုပြုချက်အချို့ကို လက်ခံကြောင်းနှင့်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ရုရှားအစိုးရ ထုတ်ဖော်ပြောဆို

124

Pika (NP News) - ဒီဇင်ဘာ ၆
ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်သည့် အမေရိကန်၏အဆိုပြုချက်အချို့ကို ရုရှားသမ္မတပူတင်က လက်ခံ ခဲ့သော်လည်း အချို့ကို ငြင်းပယ်ခဲ့ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ သို့သော်လည်း သဘောတူညီချက်ရရှိရန် လိုအပ်သည့်အတိုင်းအတာအထိ အမေရိကန်ညှိနှိုင်းရေးမှူးများနှင့်တွေ့ဆုံရန် ရုရှားက အဆင်သင့်ရှိနေကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ စတိဗ်ဝစ်အော့ဖ်နှင့် အကြံပေး ဂျဲကူရှနာတို့သည် မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒီမစ်ထရီပက်စကော့ဗ်က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဒီမစ်ထရီပက်စကော့ဗ်က “ရုရှားသမ္မတပူတင်နဲ့ အမေရိကန်အရာရှိတွေကြားမှာ တိုက်ရိုက်တွေ့ဆုံမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။တစ်ချို့အဆိုပြုချက်တွေကို ပူတင်က လက်ခံခဲ့ပေမယ့် တစ်ချို့အဆိုပြုချက်တွေကိုတော့ လက်မခံခဲ့ပါဘူး” ဟု ပြောခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းမှုများအတွက် ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုများကို ရုရှားက ကျေးဇူးတင်ကြောင်း နှင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီမစ်ထရီပက်စကော့ဗ်က ထပ်မံပြောကြားခဲ့သည်။ ဒီမစ်ထရီပက်စကော့ဗ်က “ကျွမ်းကျင်သူအဆင့်အနေအထားနဲ့ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ မကြာခင်အချိန်အတွင်းမှာ ရလဒ်အချို့ကို ရရှိလာလိမ့်မယ်လို့တော့ ထင်ပါ တယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
Pika (NP News) - ဒီဇင်ဘာ ၆