သတိပေးပြီးနောက်ရက်ပိုင်းအကြာတွင် အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းကို ပြန်လည်တိုက်ခိုက်

 55

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၆

အစ္စရေးစစ်တပ်သည် သတိပေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ လက်နက်သိုလှောင်ရေးစခန်းများကို လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အစ္စရေးနှင့် လက်ဘနွန်နိုင်ငံ၏ အရပ်ဘက်ကိုယ်စားလှယ်များ ၁ဝ စုနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အစ္စရေးက လစ်ဘနွန်တောင်ပိုင်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းရှိ ဂျာဘာနှင့် မာရော့နာဒေသများရှိ ဟစ်ဘိုလာအဖွဲ့များကို ပစ်မှတ်ထားပြီးတိုက်ခိုက်မှုမှုများ ပြန်လည်လုပ်ဆောင်မည်ဟု ဒီဇင်ဘာ ၄ ရက်တွင် သတိပေးခဲ့ပြီးနောက် တစ်ရက်အကြာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့၏ စစ်ရေးအခြေခံအဆောက်အဦးများကို ထပ်မံတိုက်ခိုက်မည်ဟု ထပ်မံသတိပေးခဲ့သည်။ လက်ဘနွန်အစိုးရတာဝန်ရှိသူများက ''အစ္စရေးစစ်လေယာဉ်တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ မာရော့နာ ဒေသအပြင်ဂျာဘာဒေသ၊ ဘာရာရှီဒေသ နဲ့ မာဂျာဒယ်ဒေသများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ အဲဒီ တိုက်ခိုက်မှုများကြောင့် လူတိုင်းဟာတုန်လှုပ်ခဲ့ရတယ်'' ဟု ပြောသည်။
အစ္စရေးနှင့် လက်ဘနွန်နိုင်ငံကြားအ ပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ် ကြောင်း မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့သည်။ လက်ဘနွန်အစိုးရက ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းစေမည်ဟု ကတိပြုခဲ့သော်လည်း ဟစ်ဘိုလာအဖွဲ့က လက်နက်ဖြုတ်သိမ်းရန် ငြင်းဆန်မှုများ ရှိခဲ့ရာ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေးအစိုးရက လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံပိုင်နက်များကို ထပ်မံ တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ စစ်ရေး အဆောက်အဦးများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သတိေပးၿပီးေနာက္ရက္ပိုင္းအၾကာတြင္ အစၥေရးစစ္တပ္က လက္ဘႏြန္ေတာင္ပိုင္းကို ျပန္လည္တိုက္ခိုက္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၆
အစၥေရးစစ္တပ္သည္ သတိေပးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းရွိ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕၏ လက္နက္သိုေလွာင္ေရးစခန္းမ်ားကို ေလေၾကာင္းမွတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အစၥေရးႏွင့္ လက္ဘႏြန္ႏိုင္ငံ၏ အရပ္ဘက္ကိုယ္စားလွယ္မ်ား ၁ဝ စုႏွစ္အတြင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အစၥေရးက လစ္ဘႏြန္ေတာင္ပိုင္းကို တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အစၥေရးစစ္တပ္က လက္ဘႏြန္ေတာင္ပိုင္းရွိ ဂ်ာဘာႏွင့္ မာေရာ့နာေဒသမ်ားရွိ ဟစ္ဘိုလာအဖြဲ႕မ်ားကို ပစ္မွတ္ထားၿပီးတိုက္ခိုက္မႈမႈမ်ား ျပန္လည္လုပ္ေဆာင္မည္ဟု ဒီဇင္ဘာ ၄ ရက္တြင္ သတိေပးခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ အစၥေရးစစ္တပ္က လက္ဘႏြန္ေတာင္ပိုင္းရွိ ဟစ္ဘိုလာ လက္နက္ကိုင္အဖြဲ႕၏ စစ္ေရးအေျခခံအေဆာက္အဦးမ်ားကို ထပ္မံတိုက္ခိုက္မည္ဟု ထပ္မံသတိေပးခဲ့သည္။ လက္ဘႏြန္အစိုးရတာဝန္ရွိသူမ်ားက ''အစၥေရးစစ္ေလယာဥ္ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းရွိ မာေရာ့နာ ေဒသအျပင္ဂ်ာဘာေဒသ၊ ဘာရာရွီေဒသ နဲ႔ မာဂ်ာဒယ္ေဒသမ်ားကိုလည္း ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္။ အဲဒီ တိုက္ခိုက္မႈမ်ားေၾကာင့္ လူတိုင္းဟာတုန္လႈပ္ခဲ့ရတယ္'' ဟု ေျပာသည္။
အစၥေရးႏွင့္ လက္ဘႏြန္ႏိုင္ငံၾကားအ ပစ္ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ေသာ္လည္း တိုက္ခိုက္မႈမ်ား ဆက္လက္ရွိေနဆဲျဖစ္ ေၾကာင္း မၾကာေသးမီက သတင္းမ်ားထြက္ေပၚခဲ့သည္။ လက္ဘႏြန္အစိုးရက ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ျဖဳတ္သိမ္းေစမည္ဟု ကတိျပဳခဲ့ေသာ္လည္း ဟစ္ဘိုလာအဖြဲ႕က လက္နက္ျဖဳတ္သိမ္းရန္ ျငင္းဆန္မႈမ်ား ရွိခဲ့ရာ အစၥေရးဘက္က ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပန္လည္ လုပ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။
အစၥေရးအစိုးရက လက္ဘႏြန္ႏိုင္ငံရွိ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕သည္ အစၥေရးႏိုင္ငံပိုင္နက္မ်ားကို ထပ္မံ တိုက္ခိုက္လာမည္ကို စိုးရိမ္သည့္အတြက္ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းရွိ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕၏ စစ္ေရး အေဆာက္အဦးမ်ားကို တိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.