ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များပေးမည်မဟုတ်ကြောင်း ဖင်လန်အစိုးရ ထုတ်ဖော်ပြောဆို

163

Pika (NP News) - ဒီဇင်ဘာ ၆
ဖင်လန်နိုင်ငံက ယူကရိန်းကို နေတိုးပုံစံလုံခြုံရေးအာမခံချက်များပေးမည် မဟုတ်ကြောင်း ဖင်လန်ဝန်ကြီးချုပ် ပက်တီရီအော်ပိုက ထုတ်ပြန်ကြေညာခဲ့သည်။ ယူကရန်းအစိုးရက ၎င်း၏အနောက်အုပ်စု ကျောထောက်နောက်ခံ နိုင်ငံများထံမှ လုံခြုံရေးအာမခံချက်များ ရရှိရန် ကြိုးပမ်းနေသည့်အချိန်တွင် ပက်တီရီအော်ပိုက ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လတွင် အမေရိကန်ကအဆိုပြုခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ယူကရိန်းအတွက် နေတိုးပုံစံ လုံခြုံရေးအာမခံချက် ပါဝင်ကြောင်း နှင့် အလားအလာရှိသော တိုက်ခိုက်မှုများတွင် ယူကရိန်းကိုကာကွယ်ပေးရန် အတွက် ဖြစ်နိုင်ခြေရှိသောအာမခံသူများထဲတွင် ဖင်လန်ကို စာရင်းထည့်သွင်းထားကြောင်း မီဒီယာအချို့က ရေးသားဖော်ပြခဲ့ပြီးနောက် ပက်တီရီအော်ပို၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
မီဒီယာများက ရေးသားဖော်ပြခဲ့သည့်အစီအစဉ်ကို တွေ့မြင်ဖူးခြင်းမျိုးမရှိသလို တိုင်ပင်ဆွေးနွေးခြင်းမျိုးလည်း မရှိခဲ့ကြောင်း ပက်တီရီအော်ပိုက ထုတ်ဖော်ပြောဆိုခဲ့သည်။ ပက်တီရီအော်ပိုက “ဒီစာတမ်းထဲမှာ ဖင်လန်ကို ဘာလို့ ဖော်ပြခဲ့လဲဆိုတာ ကျွန်တော်လုံးဝ မသိပါဘူး။ လုံခြုံရေးအာမခံချက်ဆိုတာ အရမ်းကိုလေးနက်တဲ့အရာ တစ်ခုဆိုတာကို ကျွန်တော်တို့နားလည်ထားရပါမယ်။ ယူကရိန်းကို လုံခြုံရေးအာမခံချက်တွေ ပေးဖို့ အဆင်သင့် မဖြစ်သေးပေမယ့် လုံခြုံရေးအစီအစဉ်တွေကိုတော့ ကျွန်တော်တို့ကူညီပေးနိုင်ပါတယ်။ ဒီနှစ်ခုကြားက ကွာခြားချက်က အရမ်းကိုကြီးမားပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် ပေါက်ကြားလာသော အမေရိကန်၏အစီအစဉ်တွင် ဖော်ပြထားသည့် အပြန်အလှန်ကာကွယ်ရေး တာဝန်များ နှင့် ယူကရိန်းကို လုံခြုံရေးအကူအညီများပေးအပ်ခြင်းသည် အခြေခံအားဖြင့် ကွာခြားကြောင်း ပက်တီရီအော်ပိုက ထပ်မံပြောဆိုခဲ့သည်။

Zawgyi Version:
ယူကရိန္းအတြက္ လုံၿခဳံေရးအာမခံခ်က္မ်ားေပးမည္မဟုတ္ေၾကာင္း ဖင္လန္အစိုးရ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ဒီဇင္ဘာ ၆
ဖင္လန္ႏိုင္ငံက ယူကရိန္းကို ေနတိုးပုံစံလုံၿခဳံေရးအာမခံခ်က္မ်ားေပးမည္ မဟုတ္ေၾကာင္း ဖင္လန္ဝန္ႀကီးခ်ဳပ္ ပက္တီရီေအာ္ပိုက ထုတ္ျပန္ေၾကညာခဲ့သည္။ ယူကရန္းအစိုးရက ၎၏အေနာက္အုပ္စု ေက်ာေထာက္ေနာက္ခံ ႏိုင္ငံမ်ားထံမွ လုံၿခဳံေရးအာမခံခ်က္မ်ား ရရွိရန္ ႀကိဳးပမ္းေနသည့္အခ်ိန္တြင္ ပက္တီရီေအာ္ပိုက ယခုကဲ့သို႔ ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္လတြင္ အေမရိကန္ကအဆိုျပဳခဲ့ေသာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တြင္ ယူကရိန္းအတြက္ ေနတိုးပုံစံ လုံၿခဳံေရးအာမခံခ်က္ ပါဝင္ေၾကာင္း ႏွင့္ အလားအလာရွိေသာ တိုက္ခိုက္မႈမ်ားတြင္ ယူကရိန္းကိုကာကြယ္ေပးရန္ အတြက္ ျဖစ္ႏိုင္ေျခရွိေသာအာမခံသူမ်ားထဲတြင္ ဖင္လန္ကို စာရင္းထည့္သြင္းထားေၾကာင္း မီဒီယာအခ်ိဳ႕က ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ ပက္တီရီေအာ္ပို၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
မီဒီယာမ်ားက ေရးသားေဖာ္ျပခဲ့သည့္အစီအစဥ္ကို ေတြ႕ျမင္ဖူးျခင္းမ်ိဳးမရွိသလို တိုင္ပင္ေဆြးေႏြးျခင္းမ်ိဳးလည္း မရွိခဲ့ေၾကာင္း ပက္တီရီေအာ္ပိုက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ပက္တီရီေအာ္ပိုက “ဒီစာတမ္းထဲမွာ ဖင္လန္ကို ဘာလို႔ ေဖာ္ျပခဲ့လဲဆိုတာ ကြၽန္ေတာ္လုံးဝ မသိပါဘူး။ လုံၿခဳံေရးအာမခံခ်က္ဆိုတာ အရမ္းကိုေလးနက္တဲ့အရာ တစ္ခုဆိုတာကို ကြၽန္ေတာ္တို႔နားလည္ထားရပါမယ္။ ယူကရိန္းကို လုံၿခဳံေရးအာမခံခ်က္ေတြ ေပးဖို႔ အဆင္သင့္ မျဖစ္ေသးေပမယ့္ လုံၿခဳံေရးအစီအစဥ္ေတြကိုေတာ့ ကြၽန္ေတာ္တို႔ကူညီေပးႏိုင္ပါတယ္။ ဒီႏွစ္ခုၾကားက ကြာျခားခ်က္က အရမ္းကိုႀကီးမားပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ေပါက္ၾကားလာေသာ အေမရိကန္၏အစီအစဥ္တြင္ ေဖာ္ျပထားသည့္ အျပန္အလွန္ကာကြယ္ေရး တာဝန္မ်ား ႏွင့္ ယူကရိန္းကို လုံၿခဳံေရးအကူအညီမ်ားေပးအပ္ျခင္းသည္ အေျခခံအားျဖင့္ ကြာျခားေၾကာင္း ပက္တီရီေအာ္ပိုက ထပ္မံေျပာဆိုခဲ့သည္။