တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၃)ခုမှ ရပ်ကွက် (၁၆ဝ)ကျော် နှင့် ကျေးရွာအုပ်စု (၂၇၀၀)ကျော်တွင် ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) မကျင်းပနိုင်

258

သန့်ဇင် (NP News) - ဒီဇင်ဘာ ၆
တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၃)ခုမှ ရပ်ကွက် (၁၆၀)ကျော် နှင့် ကျေးရွာအုပ်စု (၂၇၀၀) ကျော်တွင် ရွေးကောက်ပွဲအပိုင်း (၁)နှင့် (၂) မကျင်းနိုင်ခြင်းမရှိကြောင်း ယမန်နေ့(ဒီဇင်ဘာ ၅ ရက်) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာလိုက်သည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သော မြို့နယ် (၁၀၂) မြို့နယ်စာရင်းကို သြဂုတ်လ(၂၀) ရက်တွင် ကြေညာချက်အမှတ် ၅၆/၂၀၂၅ ဖြင့်လည်းကောင်း၊ အပိုင်း (၂) တွင် ပါဝင်သော မြို့နယ်(၁ဝဝ)စာရင်းကို အောက်တိုဘာလ(၂၈) ရက်တွင် ကြေညာချက်အမှတ် ၁၃၁/၂၀၂၅ ဖြင့် ကြေညာပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရွေးကောက်ပွဲကျင်းပရေးအခြေအနေမရှိသည့် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ် (၁၂၁) နယ်၊ မြို့နယ် (၅၆) မြို့နယ်ကိုလည်း စက်တင်ဘာ (၁၄) ရက်တွင် ကြေညာချက်အမှတ် ၁၀၃/၂၀၂၅ ဖြင့် ကြေညာပြီးဖြစ်ကြောင်း သိရသည်။
ထို့နောက် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား ထပ်မံစိစစ်ခဲ့ရာ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပမည့် မြို့နယ်များမှ ရပ်ကွက် (၁၃၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃၀၆) အုပ်စု၊ ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပမည့် မြို့နယ်များမှ ရပ်ကွက် (၁၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၄၆၄) အုပ်စု ပါဝင်ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်များစာရင်း၌ ရန်ကုန်တိုင်းဒေသကြီးမှအပ အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃) ခုရှိ ရပ်ကွက် (၁၆၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇၇၀) တို့ ပါဝင်ကြောင်း UEC က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Zawgyi Version:
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၁၃)ခုမွ ရပ္ကြက္ (၁၆ဝ)ေက်ာ္ ႏွင့္ ေက်း႐ြာအုပ္စု (၂၇၀၀)ေက်ာ္တြင္ ေ႐ြးေကာက္ပြဲအပိုင္း (၁) ႏွင့္ (၂) မက်င္းပႏိုင္
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၆
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၁၃)ခုမွ ရပ္ကြက္ (၁၆၀)ေက်ာ္ ႏွင့္ ေက်း႐ြာအုပ္စု (၂၇၀၀) ေက်ာ္တြင္ ေ႐ြးေကာက္ပြဲအပိုင္း (၁)ႏွင့္ (၂) မက်င္းႏိုင္ျခင္းမရွိေၾကာင္း ယမန္ေန႔(ဒီဇင္ဘာ ၅ ရက္) တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ထုတ္ျပန္ေၾကညာလိုက္သည္။
လာမည့္ ဒီဇင္ဘာလ ၂၈ ရက္တြင္ စတင္က်င္းပမည့္ ေ႐ြးေကာက္ပြဲအပိုင္း(၁)တြင္ ပါဝင္ေသာ ၿမိဳ႕နယ္ (၁၀၂) ၿမိဳ႕နယ္စာရင္းကို ၾသဂုတ္လ(၂၀) ရက္တြင္ ေၾကညာခ်က္အမွတ္ ၅၆/၂၀၂၅ ျဖင့္လည္းေကာင္း၊ အပိုင္း (၂) တြင္ ပါဝင္ေသာ ၿမိဳ႕နယ္(၁ဝဝ)စာရင္းကို ေအာက္တိုဘာလ(၂၈) ရက္တြင္ ေၾကညာခ်က္အမွတ္ ၁၃၁/၂၀၂၅ ျဖင့္ ေၾကညာၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲက်င္းပေရးအေျခအေနမရွိသည့္ လႊတ္ေတာ္အသီးသီး၏ မဲဆႏၵနယ္ (၁၂၁) နယ္၊ ၿမိဳ႕နယ္ (၅၆) ၿမိဳ႕နယ္ကိုလည္း စက္တင္ဘာ (၁၄) ရက္တြင္ ေၾကညာခ်က္အမွတ္ ၁၀၃/၂၀၂၅ ျဖင့္ ေၾကညာၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေ႐ြးေကာက္ပြဲက်င္းပရန္ အေျခအေနမရွိသည့္ ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စုမ်ားအား ထပ္မံစိစစ္ခဲ့ရာ ေ႐ြးေကာက္ပြဲအပိုင္း (၁) က်င္းပမည့္ ၿမိဳ႕နယ္မ်ားမွ ရပ္ကြက္ (၁၃၃) ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု (၁၃၀၆) အုပ္စု၊ ေ႐ြးေကာက္ပြဲအပိုင္း (၂) က်င္းပမည့္ ၿမိဳ႕နယ္မ်ားမွ ရပ္ကြက္ (၁၈) ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု (၁၄၆၄) အုပ္စု ပါဝင္ေၾကာင္း သိရသည္။
ေ႐ြးေကာက္ပြဲ အပိုင္း(၁)ႏွင့္ အပိုင္း(၂)တြင္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမရွိသည့္ ၿမိဳ႕နယ္မ်ားစာရင္း၌ ရန္ကုန္တိုင္းေဒသႀကီးမွအပ အျခားေသာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္ (၁၃) ခုရွိ ရပ္ကြက္ (၁၆၁) ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု (၂၇၇၀) တို႔ ပါဝင္ေၾကာင္း UEC က ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။