ရုရှားနှင့် အိန္ဒိယတို့က အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွားမည်

 75

Pika (NP News) - ဒီဇင်ဘာ ၆

ရုရှားနှင့် အိန္ဒိယတို့သည် အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို သိသိသာသာမြှင့်တင်ရန် စီစဉ်ထားကြောင်း ရုရှားအာကာသအေဂျင်စီ Roscosmos ၏ အကြီးအကဲ ဒီမစ်ထရီဘာကာနော့ဗ်က ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ပြင် အာကာသနယ်ပယ်တွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် အစီအစဉ်များကို မကြာမီအချိန်အတွင်း ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ဒီမစ်ထရီဘာကာနော့ဗ်က ပြောကြားခဲ့သည်။
ဒီမစ်ထရီဘာကာနော့ဗ်က “ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာ အင်ဂျင်တည်ဆောက်တာ၊ ဒုံးပျံလောင်စာ၊ အာကာသယာဉ်နဲ့ အမျိုးသားပတ်လမ်းစခန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပါတယ်” ဟု ပြောခဲ့သည်။ ရုရှားသမ္မတပူတင်သည် နည်းပညာဆိုင်ရာဆက်ဆံရေးကိုမြှင့်တင်ရန် နှင့် အိန္ဒိယနှင့်ပူးပေါင်းဆောင်ရွက်မှု ကို အဆင့်သစ်တစ်ခုသို့မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို အလည်အပတ်ရောက်ရှိနေပြီဖြစ် ကြောင်းလည်း သိရသည်။
ထို့ပြင် ပူတင်၏ခရီးစဉ်ကို အိန္ဒိယနှင့် ရုရှားတို့၏ မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေမည့် အဓိက ခြေလှမ်းတစ်ခုအဖြစ် ရုရှားအစိုးရက ရှုမြင်ထားကြောင်း သိရသည်။ ပူတင်၏ ခရီးစဉ်အတွင်း ကာကွယ်ရေးနှင့် အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် အဓိကအစီအစဉ်အဖြစ် ပါဝင်နိုင်ဖွယ်ရှိနေကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။ ရုရှားနိုင်ငံသည် ၎င်း၏ လာမည့်လူသားအာကာသခရီးစဉ်မစ်ရှင်ဖြစ်သော Gaganyaan အတွက် အိန္ဒိယ နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
႐ုရွားႏွင့္ အိႏၵိယတို႔က အာကာသဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အရွိန္ျမႇင့္တင္သြားမည္
Pika (NP News) - ဒီဇင္ဘာ ၆
႐ုရွားႏွင့္ အိႏၵိယတို႔သည္ အာကာသဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈကို သိသိသာသာျမႇင့္တင္ရန္ စီစဥ္ထားေၾကာင္း ႐ုရွားအာကာသေအဂ်င္စီ Roscosmos ၏ အႀကီးအကဲ ဒီမစ္ထရီဘာကာေနာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ထို႔ျပင္ အာကာသနယ္ပယ္တြင္ အျပန္အလွန္အက်ိဳးရွိေသာ ပူးေပါင္းေဆာင္႐ြက္မႈအတြက္ အစီအစဥ္မ်ားကို မၾကာမီအခ်ိန္အတြင္း ထုတ္ေဖာ္ျပသသြားမည္ျဖစ္ေၾကာင္း ဒီမစ္ထရီဘာကာေနာ့ဗ္က ေျပာၾကားခဲ့သည္။
ဒီမစ္ထရီဘာကာေနာ့ဗ္က “ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ပတ္သက္တဲ့နယ္ပယ္ေတြမွာ အင္ဂ်င္တည္ေဆာက္တာ၊ ဒုံးပ်ံေလာင္စာ၊ အာကာသယာဥ္နဲ႔ အမ်ိဳးသားပတ္လမ္းစခန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ ပါဝင္ပါတယ္” ဟု ေျပာခဲ့သည္။ ႐ုရွားသမၼတပူတင္သည္ နည္းပညာဆိုင္ရာဆက္ဆံေရးကိုျမႇင့္တင္ရန္ ႏွင့္ အိႏၵိယႏွင့္ပူးေပါင္းေဆာင္႐ြက္မႈ ကို အဆင့္သစ္တစ္ခုသို႔ျမႇင့္တင္ရန္အတြက္ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ကို အလည္အပတ္ေရာက္ရွိေနၿပီျဖစ္ ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ပူတင္၏ခရီးစဥ္ကို အိႏၵိယႏွင့္ ႐ုရွားတို႔၏ မိတ္ဖက္ဆက္ဆံေရးကို နက္ရႈိင္းေစမည့္ အဓိက ေျခလွမ္းတစ္ခုအျဖစ္ ႐ုရွားအစိုးရက ရႈျမင္ထားေၾကာင္း သိရသည္။ ပူတင္၏ ခရီးစဥ္အတြင္း ကာကြယ္ေရးႏွင့္ အာကာသဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈသည္ အဓိကအစီအစဥ္အျဖစ္ ပါဝင္ႏိုင္ဖြယ္ရွိေနေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ားလည္း ရွိေနသည္။ ႐ုရွားႏိုင္ငံသည္ ၎၏ လာမည့္လူသားအာကာသခရီးစဥ္မစ္ရွင္ျဖစ္ေသာ Gaganyaan အတြက္ အိႏၵိယ ႏိုင္ငံႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.