မအူပင်မြို့တွင် ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲ စတင်

 604

ပြည့်ဖြိုးပိုင် (မအူပင်) (NP News) - ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲအား ယ‌နေ့ဒီဇင်ဘာလ (၆)ရက်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒါက မအူပင်မြို့မှာ နှစ်စဉ်လိုလို ဒီဇင်ဘာလ ရောက်ရင် ပြုလုပ်နေကြ အားကစားတစ်ခုပါ။ကျန်းမာရေးအတွက်လည်း ကောင်းသလို လူအများနဲ့ စုစုစည်းစည်း လမ်းလျှောက်ရတော့ ပျော်ဖို့လည်းကောင်းပါတယ်" ဟု ပူးပေါင်းပါဝင်ခဲ့သော ပြည်သူတစ်ဦးက NP News သို့ ပြောသည်။

အဆိုပါ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲသို့ မအူပင်မြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး လူအင်အား (၁၀၀၀) ခန့် ပါဝင်ခဲ့ကြကြောင်းလည်း သိရသည်။

Zawgyi Version:

Related news

© 2021. All rights reserved.