အင်းလေးကန် ခရမ်းချဉ်သီးအထွက်နှုန်းကျ၍ အနည်းငယ်စျေးတက်လာ

 104

NP News - ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ခရမ်းချဉ်သီးအထွက်နှုန်းကျ၍ စျေးနှုန်း အနည်းငယ် တက်လာနေကြောင်း သိရသည်။
အင်းလေးကန် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်အထိ စျေးနှုန်းဖြစ်လာပြီး ၊ အသီးကြီး အကောင်းစား တစ်တင်းလျှင် ၉၅၀၀၀ ကျပ် ၊ အသီးငယ် တစ်တင်း ၈၀၀၀၀ ကျပ်အထိ ပေါက်စျေးရှိကြောင်း သိရသည်။
"တောင်သူတွေကတော့ အဆင်ပြေပါတယ်။ တစ်လောတုန်းက စျေးကျတော့ မပြုစုနိုင်ဘဲ ဇွဲရှိတဲ့ တောင်သူပဲ ကျန်တော့တာပေါ့။ ပြုစုဖို့ကလည်း ငွေကုန်ကြေးကျ များတဲ့အပြင် အရမ်း ဂရုစိုက်ရတယ်လေ။ ဒါကြောင့် မပြုစု နိုင်တဲ့အတွက် အသီးခင်းတွေ ပျက်ပြီး ထွက်နှုန်းကျတယ်” ဟု မိုင်းသောက် ကျွန်းမျော စိုက်တောင်သူ တစ်ဦးက ဆိုသည်။
အင်းလေးကန် ခရမ်းချဉ်သီး ရောင်းအား တက်လာခြင်းမှာ ကုန်းပေါ်သီးများ နှင်းခါးထိပြီး ပျက်စီးခြင်း၊ မုံရွာ ထိုင်ဝမ်သီး မထွက်သေးခြင်း တို့ကြောင့် အင်းသီး အဝယ်လိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ လယ်မှစ၍ စျေးစတက်လာခြင်းဖြစ်ပြီး၊ လက်ရှိ တစ်ပိဿာ ၃၅ဝဝ ကျပ်မှာ အမြင့်ဆုံး စျေးတန်းဖြစ်နိုင်ကြောင်း ခရမ်းချဉ်သီး ပွဲရုံဒိုင်တစ်ခုက သုံးသပ်ပြောကြားသည်။
အင်းလေးကန်တွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် စိုက်ခင်းများ ပျက်စီးခြင်း ၊ ရာသီဥတုဒဏ်ကြောင့် စိုက်ခင်း များ ပျက်စီးခြင်း ၊ ငလျင်ဘေးဒဏ်တို့ကြောင့် နလန်မထူနိုင်အောင် ဒေသခံများ ပင်ပန်းနေကြခြင်းဖြစ်ပြီး စိုက်ခင်း မသွားနိုင်ကြတော့ဘဲ ပစ်ထားလိုက်ကြသဖြင့် စိုက်ပျိုးတောင်သူ နည်းပါးသွားကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးကန် သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် စံချိန်တင် ရေကြီးရေလျှံမှု၊ ၂ဝ၂၅ ခုနှစ် တွင် ငလျင်ဘေးဒဏ်များကြောင့် နေအိမ်များ ၊ စိုက်ခင်းများစွာ ပျက်စီးခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
အင္းေလးကန္ ခရမ္းခ်ဥ္သီးအထြက္ႏႈန္းက်၍ အနည္းငယ္ေစ်းတက္လာ
NP News - ဒီဇင္ဘာ ၆
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးကန္တြင္ ခရမ္းခ်ဥ္သီးအထြက္ႏႈန္းက်၍ ေစ်းႏႈန္း အနည္းငယ္ တက္လာေနေၾကာင္း သိရသည္။
အင္းေလးကန္ ခရမ္းခ်ဥ္သီး တစ္ပိႆာလွ်င္ ၃၅၀၀ က်ပ္အထိ ေစ်းႏႈန္းျဖစ္လာၿပီး ၊ အသီးႀကီး အေကာင္းစား တစ္တင္းလွ်င္ ၉၅၀၀၀ က်ပ္ ၊ အသီးငယ္ တစ္တင္း ၈၀၀၀၀ က်ပ္အထိ ေပါက္ေစ်းရွိေၾကာင္း သိရသည္။
"ေတာင္သူေတြကေတာ့ အဆင္ေျပပါတယ္။ တစ္ေလာတုန္းက ေစ်းက်ေတာ့ မျပဳစုႏိုင္ဘဲ ဇြဲရွိတဲ့ ေတာင္သူပဲ က်န္ေတာ့တာေပါ့။ ျပဳစုဖို႔ကလည္း ေငြကုန္ေၾကးက် မ်ားတဲ့အျပင္ အရမ္း ဂ႐ုစိုက္ရတယ္ေလ။ ဒါေၾကာင့္ မျပဳစု ႏိုင္တဲ့အတြက္ အသီးခင္းေတြ ပ်က္ၿပီး ထြက္ႏႈန္းက်တယ္” ဟု မိုင္းေသာက္ ကြၽန္းေမ်ာ စိုက္ေတာင္သူတစ္ဦးက ဆိုသည္။
အင္းေလးကန္ ခရမ္းခ်ဥ္သီး ေရာင္းအား တက္လာျခင္းမွာ ကုန္းေပၚသီးမ်ား ႏွင္းခါးထိၿပီး ပ်က္စီးျခင္း၊ မုံ႐ြာ ထိုင္ဝမ္သီး မထြက္ေသးျခင္း တို႔ေၾကာင့္ အင္းသီး အဝယ္လိုက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလ လယ္မွစ၍ ေစ်းစတက္လာျခင္းျဖစ္ၿပီး၊ လက္ရွိ တစ္ပိႆာ ၃၅ဝဝ က်ပ္မွာ အျမင့္ဆုံး ေစ်းတန္းျဖစ္ႏိုင္ေၾကာင္း ခရမ္းခ်ဥ္သီး ပြဲ႐ုံဒိုင္တစ္ခုက သုံးသပ္ေျပာၾကားသည္။
အင္းေလးကန္တြင္ ရာသီဥတုေဖာက္ျပန္ျခင္းေၾကာင့္ စိုက္ခင္းမ်ား ပ်က္စီးျခင္း ၊ ရာသီဥတုဒဏ္ေၾကာင့္ စိုက္ခင္း မ်ား ပ်က္စီးျခင္း ၊ ငလ်င္ေဘးဒဏ္တို႔ေၾကာင့္ နလန္မထူႏိုင္ေအာင္ ေဒသခံမ်ား ပင္ပန္းေနၾကျခင္းျဖစ္ၿပီး စိုက္ခင္း မသြားႏိုင္ၾကေတာ့ဘဲ ပစ္ထားလိုက္ၾကသျဖင့္ စိုက္ပ်ိဳးေတာင္သူ နည္းပါးသြားေၾကာင္း သိရသည္။
ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးကန္ သည္ ၂၀၂၄ ခုႏွစ္ စက္တင္ဘာလတြင္ စံခ်ိန္တင္ ေရႀကီးေရလွ်ံမႈ၊ ၂ဝ၂၅ ခုႏွစ္ တြင္ ငလ်င္ေဘးဒဏ္မ်ားေၾကာင့္ ေနအိမ္မ်ား ၊ စိုက္ခင္းမ်ားစြာ ပ်က္စီးခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.