ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ငန်းပြန်လည်စတင်ရန် ဗိုလ်ချုပ်မှူးကြီးပြော

 245

သန့်ဇင် (NP News) - ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ငန်း ပြန်လည်စတင်ရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့(ဒီဇင်ဘာ ၅ ရက်) နံနက်ပိုင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးရှိရတနာပုံ မြို့သစ်စီမံကိန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုရတနာပုံဆိုက်ဘာစီးတီးအား နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ရေးအတွက် Silicon Village အဖြစ် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
သို့သော် ဒီမိုကရေစီဒုတိယအစိုးရ (၂၀၁၅ - ၂၀၂၀ ခုနှစ်) လက်ထက်တွင် New Mandalay Resort City စီမံကိန်း အဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ရတနာပုံဆိုက်ဘာစီးတီး၏ လုပ်ငန်းများရပ်တန့်သွားခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ခေတ်သည့် IT ခေတ်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေ အားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် ယခင်ဆိုက်ဘာစီးတီး မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာတိုးတက်ရေး အတွက်လည်း ရည်မှန်းဆောင် ရွက်သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။
ယခုစီမံကိန်းအား နိုင်ငံတော်၏ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများအား အဓိကထုတ်လုပ်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) အနီးတွင် တည်ရှိသကဲ့သို့ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာက္ကသိုလ်များနှင့် ချိတ်ဆက်၍လည်း ဆောင်ရွက်နိုင် ပြီး လိုအပ်သည့်လူသားအရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ခဲ့သည်။
မိမိတို့အနေဖြင့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ငန်းပြန်လည်စတင်ရန် နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းလာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့် မြေနေရာ များကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
စီမံကိန်းနယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့်မြေနေရာများ၌ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေနေရာ များ၊ နေထိုင်ရန် ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများမရှိသည့် မြေနေရာများအား စည်းကမ်းနှင့်အညီ ဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ရတနာပုံဆိုက်ဘာစီးတီး အား အစိုးရမှ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရတနာပုံမြို့သစ်အိမ်ရာ ဖွံ့ဖြိုး တိုးတက်စေရေး အတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း လူအပြည့်နေထိုင်မည်၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သောက်သုံးရေများ လုံလောက်စွာရရှိရေးကြိုတင်စီမံဆောင်ရွက်ထားရှိရန် နှင့် လျှပ်စစ်မီးလိုအပ်ချက်အား ကြိုတင်တွက်ချက်၍ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းမှ ဖြည့်တင်းဆောင်ရွက်သွားနိုင်ကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဆိုသည်။
စီမံကိန်းမြေနေရာများ၌ အဆောက်အဦများ ထပ်မံဆောက်လုပ်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက် အဦများဖြစ်အောင် စနစ်တကျဆောက်လုပ်သွားရန်လိုကြောင်းနှင့် ရတနာပုံမြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်လာ ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရတနာပုံဆိုက္ဘာစီးတီး စီမံကိန္းလုပ္ငန္းျပန္လည္စတင္ရန္ ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၆
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္စာေက်း႐ြာအနီးရွိ ရတနာပုံဆိုက္ဘာစီးတီး စီမံကိန္းလုပ္ငန္း ျပန္လည္စတင္ရန္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယမန္ေန႔(ဒီဇင္ဘာ ၅ ရက္) နံနက္ပိုင္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျပင္ဦးလြင္ၿမိဳ႕နယ္ ျပင္စာေက်း႐ြာအနီးရွိရတနာပုံ ၿမိဳ႕သစ္စီမံကိန္းသို႔သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါ အတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခုရတနာပုံဆိုက္ဘာစီးတီးအား ႏိုင္ငံေတာ္၏ ဆက္သြယ္ေရးနည္းပညာမ်ား တိုးတက္ေရးအတြက္ Silicon Village အျဖစ္ ရည္႐ြယ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
သို႔ေသာ္ ဒီမိုကေရစီဒုတိယအစိုးရ (၂၀၁၅ - ၂၀၂၀ ခုႏွစ္) လက္ထက္တြင္ New Mandalay Resort City စီမံကိန္း အျဖစ္ ေျပာင္းလဲလုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ ရတနာပုံဆိုက္ဘာစီးတီး၏ လုပ္ငန္းမ်ားရပ္တန႔္သြားခဲ့ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ယေန႔ေခတ္သည့္ IT ေခတ္ျဖစ္သျဖင့္ မိမိတို႔ႏိုင္ငံတြင္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးကို မျဖစ္မေန အားေပး ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ ယခင္ဆိုက္ဘာစီးတီး မူလရည္မွန္းခ်က္မ်ားအျပင္ ဉာဏ္ရည္တု (AI) နည္းပညာတိုးတက္ေရး အတြက္လည္း ရည္မွန္းေဆာင္ ႐ြက္သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္း ေျပာၾကားခဲ့သည္။
ယခုစီမံကိန္းအား ႏိုင္ငံေတာ္၏ IT နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အီလက္ထေရာနစ္ဆိုင္ရာပစၥည္းမ်ားအား အဓိကထုတ္လုပ္ရန္အတြက္ ရည္႐ြယ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
နည္းပညာတကၠသိုလ္ (ရတနာပုံဆိုက္ဘာစီးတီး) အနီးတြင္ တည္ရွိသကဲ့သို႔ မႏၲေလးၿမိဳ႕၊ မိတၳီလာၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕တို႔ရွိ နည္းပညာတကၠသိုလ္မ်ား၊ ကြန္ပ်ဴတာကၠသိုလ္မ်ားႏွင့္ ခ်ိတ္ဆက္၍လည္း ေဆာင္႐ြက္ႏိုင္ ၿပီး လိုအပ္သည့္လူသားအရင္းအျမစ္မ်ားကို ရရွိႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကား ခဲ့သည္။
မိမိတို႔အေနျဖင့္ ရတနာပုံဆိုက္ဘာစီးတီး စီမံကိန္းလုပ္ငန္းျပန္လည္စတင္ရန္ ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ရတနာပုံဆိုက္ဘာ စီးတီးစီမံကိန္းလာေရာက္ရင္းႏွီးျမႇဳပ္ႏွံလိုသည့္ ျပည္တြင္း၊ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚ ေဆာင္႐ြက္သြားရန္ႏွင့္ လုပ္ငန္းအမွန္တကယ္ေဆာင္႐ြက္မည့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ လိုအပ္သည့္ ေျမေနရာ မ်ားကို ခြင့္ျပဳေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
စီမံကိန္းနယ္ေျမအတြင္း လုပ္ကိုင္ခြင့္ခ်ထားေပးသည့္ေျမေနရာမ်ား၌ လုပ္ငန္းေဆာင္႐ြက္ျခင္းမရွိသည့္ ေျမေနရာ မ်ား၊ ေနထိုင္ရန္ ခ်ထားေပးသည့္ ေျမေနရာမ်ား၌ လူေနထိုင္မႈမ်ားမရွိသည့္ ေျမေနရာမ်ားအား စည္းကမ္းႏွင့္အညီ ျဖစ္ေစေရး စိစစ္ေဆာင္႐ြက္သြားရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ရတနာပုံဆိုက္ဘာစီးတီး အား အစိုးရမွ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္သကဲ့သို႔ ရတနာပုံၿမိဳ႕သစ္အိမ္ရာ ဖြံ႕ၿဖိဳး တိုးတက္ေစေရး အတြက္လည္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ စနစ္တက်ေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ရတနာပုံၿမိဳ႕သစ္စီမံကိန္းဧရိယာအတြင္း လူအျပည့္ေနထိုင္မည္၊ ကုန္ထုတ္လုပ္ငန္းမ်ား ေဆာင္႐ြက္မည္ဆိုပါက ေသာက္သုံးေရမ်ား လုံေလာက္စြာရရွိေရးႀကိဳတင္စီမံေဆာင္႐ြက္ထားရွိရန္ ႏွင့္ လွ်ပ္စစ္မီးလိုအပ္ခ်က္အား ႀကိဳတင္တြက္ခ်က္၍ အထက္ရဲ႐ြာေရအား လွ်ပ္စစ္စီမံကိန္းမွ ျဖည့္တင္းေဆာင္႐ြက္သြားႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္က ဆိုသည္။
စီမံကိန္းေျမေနရာမ်ား၌ အေဆာက္အဦမ်ား ထပ္မံေဆာက္လုပ္ရာတြင္လည္း ငလ်င္ဒဏ္ခံႏိုင္သည့္ အေဆာက္ အဦမ်ားျဖစ္ေအာင္ စနစ္တက်ေဆာက္လုပ္သြားရန္လိုေၾကာင္းႏွင့္ ရတနာပုံၿမိဳ႕သစ္စီမံကိန္း ဖြံ႕ၿဖိဳးတိုးတက္လာ ေရးအတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား အားလုံးက ဝိုင္းဝန္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.