ပင်လယ်ကွေ့မှာ လုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်သင်္ဘောတွေအတွက် သတိပေးချက်တွေကို အီရန်ရေတပ် ထုတ်ပြန်

 154

Pika (NP News) - ဒီဇင်ဘာ ၆

အီရန်စစ်တပ်ဟာ ပင်လယ်ကွေ့မှာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို စတင်ခဲ့ပြီး အဲ့ဒီဧရိယာမှာရှိတဲ့ အမေရိကန် စစ်သင်္ဘောတွေအတွက် သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်ကွေ့မှာ လုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ အီရန်ရေတပ်ရဲ့စွန့်လွှတ်အနစ်နာခံမှုနဲ့ ခုခံကာကွယ်နိုင်စွမ်းတွေကို ပြသဖို့ရည်ရွယ်ထား တာဖြစ်တယ်လို့ အီရန်အစိုးရက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အီရန်ရေတပ်တပ်ဖွဲ့တွေဟာ ဒေသတွင်းမှာရှိတဲ့အမေရိကန်စစ်သင်္ဘောတွေအတွက် ခိုင်မာတဲ့သတိပေးချက် တွေကို ထုတ်ပြန်ခဲ့တယ်လို့ အီရန်အစိုးရရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အီရန် ဘက်က သတိပေးချက်တွေကို ပင်လယ်ကွေ့မှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေပ ချက်ချင်းမှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့ (၁၂)ရက်ကြာစစ်ပွဲအတွင်း အီရန်ရဲ့နျူကလီးယားနေရာ(၃)ခုကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အီရန်နဲ့အမေရိကန်ကြား တင်းမာမှုတွေ ပြန်လည် မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ပင္လယ္ေကြ႕မွာ လုပ္ေဆာင္ေနတဲ့ စစ္ေရးေလ့က်င့္မႈအတြင္း အေမရိကန္သေဘၤာေတြအတြက္ သတိေပးခ်က္ေတြ ကို အီရန္ေရတပ္ ထုတ္ျပန္
Pika (NP News) - ဒီဇင္ဘာ ၆
အီရန္စစ္တပ္ဟာ ပင္လယ္ေကြ႕မွာ ေရတပ္စစ္ေရးေလ့က်င့္မႈေတြကို စတင္ခဲ့ၿပီး အဲ့ဒီဧရိယာမွာရွိတဲ့ အေမရိကန္ စစ္သေဘၤာေတြအတြက္ သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။ ပင္လယ္ေကြ႕မွာ လုပ္ေဆာင္ေနတဲ့ စစ္ေရးေလ့က်င့္မႈေတြဟာ အီရန္ေရတပ္ရဲ႕စြန႔္လႊတ္အနစ္နာခံမႈနဲ႔ ခုခံကာကြယ္ႏိုင္စြမ္းေတြကို ျပသဖို႔ရည္႐ြယ္ထား တာျဖစ္တယ္လို႔ အီရန္အစိုးရက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ေရတပ္တပ္ဖြဲ႕ေတြဟာ ေဒသတြင္းမွာရွိတဲ့အေမရိကန္စစ္သေဘၤာေတြအတြက္ ခိုင္မာတဲ့သတိေပးခ်က္ ေတြကို ထုတ္ျပန္ခဲ့တယ္လို႔ အီရန္အစိုးရရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ ဒါေပမယ့္လည္း အီရန္ ဘက္က သတိေပးခ်က္ေတြကို ပင္လယ္ေကြ႕မွာရွိတဲ့အေမရိကန္တပ္ဖြဲ႕ေတြပ ခ်က္ခ်င္းမွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လတုန္းက အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့ (၁၂)ရက္ၾကာစစ္ပြဲအတြင္း အီရန္ရဲ႕န်ဴကလီးယားေနရာ(၃)ခုကို အေမရိကန္က ဗုံးႀကဲတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အီရန္နဲ႔အေမရိကန္ၾကား တင္းမာမႈေတြ ျပန္လည္ ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.