ကုန်ကြမ်း နှင့် ဝယ်လိုအား အခြေအနေများကြောင့် ပေါ်ဆန်းမွှေး၊ ဆန်ကွဲနှင့် ဖွဲနုစျေးတွေ မြင့်တက်

 132

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၆

ဆန်မျိုးစုံရောင်းဝယ်မှုစျေးကွက်အတွင်း ကုန်ကြမ်း နှင့် ဝယ်လိုအား အခြေအနေများကြောင့် ပေါ်ဆန်းမွှေး၊ ဆန်ကွဲ နှင့် ဖွဲနုစျေးများ မြင့်တက်နေကြောင်း သိရသည်။
"ဒီတပတ်တာ ဈေးကွက်အတွင်းမှာ ဧည့်မထဆန်(ဟောင်း)၊ ဧည့်မထဆန်(သစ်)နဲ့ ဆန်ကွဲB (1,2)ဈေး တွေက တည်ငြိမ်ပြီး ၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB (2,3,4) နဲ့ ဖွဲနုဈေးတွေ မြင့်တက်နေပါတယ်" ဟု ပဲခူးကုန်စည်ဒိုင်က ပြောသည်။
ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူများ၏ ဝယ်လိုအား အနည်းအများအပေါ်မူတည်ပြီး ဆန်၊ ဆန်ကွဲ၊ နှင့် ဖွဲနုဈေးများသည် အတက်အကျဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် နိုဝင်ဘာ ၂၈ ရက်က ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝ ကျပ် ၊ ဆန်ကွဲ B(1,2) တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၁၀၀ဝ ကျပ် ၊ ဖွဲနုတစ်အိတ် ၂၄၆၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာ ၅ ရက် တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝ ကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲB (2,3,4) တစ်အိတ် ၄၁၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ ကျပ်များဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
တစ်ပတ်ကာလနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၁၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၁၂၀၀ ကျပ် စသဖြင့် ဈေး များမြင့်တက်ခဲ့ပြီး ဧည့်မထဆန် (မနောသုခ)(ဟောင်း) ၊ ဧည့်မထ ဆန်(မနောသုခ)(သစ်)နှင့် ဆန်ကွဲB (1,2)ဈေးများ တည်ငြိမ်နေကြောင်း သိရသည်။
ထိုသို့ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနု ဈေး များ မြင့်တက်သွားခြင်းသည် ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်း ဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌ ၏ ပြောကြားချက်များအရ သိရသည်။

Zawgyi Version:
ကုန္ၾကမ္း ႏွင့္ ဝယ္လိုအား အေျခအေနမ်ားေၾကာင့္ ေပၚဆန္းေမႊး၊ ဆန္ကြဲႏွင့္ ဖြဲႏုေစ်းေတြ ျမင့္တက္
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၆

ဆန္မ်ိဳးစုံေရာင္းဝယ္မႈေစ်းကြက္အတြင္း ကုန္ၾကမ္း ႏွင့္ ဝယ္လိုအား အေျခအေနမ်ားေၾကာင့္ ေပၚဆန္းေမႊး၊ ဆန္ကြဲ ႏွင့္ ဖြဲႏုေစ်းမ်ား ျမင့္တက္ေနေၾကာင္း သိရသည္။
"ဒီတပတ္တာ ေဈးကြက္အတြင္းမွာ ဧည့္မထဆန္(ေဟာင္း)၊ ဧည့္မထဆန္(သစ္)နဲ႔ ဆန္ကြဲB (1,2)ေဈး ေတြက တည္ၿငိမ္ၿပီး ၊ ေပၚဆန္းေမႊးဆန္၊ ဆန္ကြဲB (2,3,4) နဲ႔ ဖြဲႏုေဈးေတြ ျမင့္တက္ေနပါတယ္" ဟု ပဲခူးကုန္စည္ဒိုင္က ေျပာသည္။
ဆန္မ်ိဳးစုံေရာင္းဝယ္မႈအပိုင္းက႑တြင္ ကုန္ၾကမ္းအနည္းအမ်ား၊ ရန္ကုန္ဝယ္လက္ႏွင့္ သုံးစြဲသူမ်ား၏ ဝယ္လိုအား အနည္းအမ်ားအေပၚမူတည္ၿပီး ဆန္၊ ဆန္ကြဲ၊ ႏွင့္ ဖြဲႏုေဈးမ်ားသည္ အတက္အက်ျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္း သိရသည္။
ပဲခူးကုန္စည္ဒိုင္အေနျဖင့္ ႏိုဝင္ဘာ ၂၈ ရက္က ဧည့္မထဆန္(မေနာသုခ)(ေဟာင္း)တစ္ အိတ္ ၆၅၀၀၀က်ပ္၊ ဧည့္မထဆန္(မေနာသုခ) (သစ္)တစ္အိတ္ ၅၀၀၀ဝ က်ပ္ ၊ေပၚဆန္းေမႊးဆန္တစ္အိတ္ ၁၁၀၀၀ဝ က်ပ္ ၊ ဆန္ကြဲ B(1,2) တစ္အိတ္ ၄၅၀၀ဝ က်ပ္၊ ဆန္ကြဲB(2,3,4)တစ္အိတ္ ၄၁၀၀ဝ က်ပ္ ၊ ဖြဲႏုတစ္အိတ္ ၂၄၆၀၀ က်ပ္မ်ားျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ဒီဇင္ဘာ ၅ ရက္ တြင္ ဧည့္မထဆန္(မေနာသုခ)(ေဟာင္း)တစ္အိတ္ ၆၅၀၀၀ က်ပ္၊ ဧည့္မထဆန္ (မေနာသုခ) (သစ္)တစ္အိတ္ ၅၀၀၀ဝ က်ပ္ ၊ေပၚဆန္းေမႊးဆန္တစ္အိတ္ ၁၁၀၀၀ဝ က်ပ္၊ ဆန္ကြဲB(1,2) တစ္အိတ္ ၄၅၀၀ဝ က်ပ္၊ ဆန္ကြဲB (2,3,4) တစ္အိတ္ ၄၁၀၀ဝ က်ပ္ ႏွင့္ ဖြဲႏုတစ္အိတ္ ၂၄၆၀၀ က်ပ္မ်ားျဖင့္ အသီးသီး အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း သိရသည္။
တစ္ပတ္ကာလႏႈိင္းယွဥ္ခ်က္အရ ေပၚဆန္းေမႊးဆန္ တစ္အိတ္ ၁၀၀၀ဝ က်ပ္၊ ဆန္ကြဲ B(2,3,4)တစ္အိတ္ ၁၀၀ဝ က်ပ္ ႏွင့္ ဖြဲႏုတစ္အိတ္ ၁၂၀၀ က်ပ္ စသျဖင့္ ေဈး မ်ားျမင့္တက္ခဲ့ၿပီး ဧည့္မထဆန္ (မေနာသုခ)(ေဟာင္း) ၊ ဧည့္မထ ဆန္(မေနာသုခ)(သစ္)ႏွင့္ ဆန္ကြဲB (1,2)ေဈးမ်ား တည္ၿငိမ္ေနေၾကာင္း သိရသည္။
ထိုသို႔ ေပၚဆန္းေမႊးဆန္၊ ဆန္ကြဲB(2,3,4)ႏွင့္ ဖြဲႏု ေဈး မ်ား ျမင့္တက္သြားျခင္းသည္ ဝယ္လိုအားမ်ားျခင္းေၾကာင့္ ေဈးျမင့္တက္သြားျခင္း ျဖစ္ေၾကာင္း ပဲခူးကုန္စည္ဒိုင္ဥကၠ႒ ၏ ေျပာၾကားခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.