မြန်မာ ယူ - ၁၇ အသင်းရဲ့ အာရှဖလားခြေစစ်ပွဲအောင်ပွဲနဲ့ ကမ္ဘာ့ဖလားဝင်ခွင့် အလားအလာ

1469

ရဲထက် (NP News) - ဒီဇင်ဘာ ၆
မြန်မာဘောလုံးလောကအတွက် မျှော်လင့် ချင်စရာကောင်းတဲ့ မျိုးဆက်သစ်အရွေ့တစ်ခုကတော့ ထွက်ပေါ် လာခဲ့ပြီပဲဖြစ်ပါတယ်။ မြန်မာ ယူ-၁၇ လူငယ်ကြယ်ပွင့်အသင်းဟာ အာရှ ယူ-၁၇ ခြေစစ်ပွဲကို ရှုံးပွဲမရှိဆိုတဲ့ စံချိန် ကောင်းတစ်ခုနဲ့အတူ (၁၉) နှစ် ကြာဝေးကွာနေတဲ့ အာရှဖလားဝင်ခွင့်တစ်နေရာကို ထိုက်ထိုက်တန်တန် အောင်မြင် သွားခဲ့ပြီပဲဖြစ်ပါတယ်။ မြန်မာဘောလုံးလောကဟာ ဆယ်စုနှစ်တစ်ခုပြီးတိုင်းမှာ တစ်ခေတ်ထလေ့ရှိပြီး ဒီလူငယ် လေးတွေအနေနဲ့ အာရှဖလားပြိုင်ပွဲမှာ ဘယ်လိုအောင်မြင်မှု တွေရယူနိုင်မလဲဆိုတာကလည်း စိတ်ဝင်စာစရာ ကောင်းပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာပရိသတ်တွေအတွက် တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ အခိုက် အတန့်တွေဖြစ်ခဲ့သလို ဘောလုံးနဲ့အတူ နိုင်ငံသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုတွေကိုပါ မြင်တွေ့လိုက်ရတဲ့ အဖိုးမဖြတ်နိုင်တဲ့ အောင်ပွဲတစ်ခု လည်းဖြစ်ပါတယ်။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာတစ်ခုကတော့ မြန်မာ ယူ-၁၇ အသင်းရဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုဟာ လည်း လင်းလက်လာခဲ့ပါပြီလို့ဆိုရမှာပါ။ ဒါကြောင့် NP News ကနေ မြန်မာယူ-၁၇ အသင်းရဲ့ အာရှဖလားဝင်ခွင့်ရရှိမှုနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ရနိုင်ခြေအလားအလာတွေကို ဂုဏ်ပြုသုံး သပ်ပေးသွားချင်ပါတယ်။
(၁၉) နှစ်ကြာစောင့်ခဲ့ရတဲ့ အာရှဖလားဝင်ခွင့် အောင်ပွဲ
ဒီ (၁၉)နှစ်ဆိုတဲ့အချိန်ကာလဟာ သာမန်အားဖြင့်ကြည့်လိုက်ရင်တော့ ဆယ်စုနှစ်နှစ်ခုစာ လေးဆိုပေမယ့် မြန်မာဘောလုံးလောကအတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရွှေရောင်နေ့ရက်တွေကို ပြန်လည်ရရှိလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာ ယူ-၁၇ အသင်းဟာ အုပ်စု(G)မှာ ပွဲစဉ်(၄)ပွဲက စားခဲ့ရပြီး (၃)ပွဲနိုင် (၁)ပွဲသရေဆိုတဲ့ ရလဒ်နဲ့ ရမှတ် (၁၀)မှတ်နဲ့အတူ ရဂိုး(၁၁)ဂိုး ၊ ပေးဂိုး(၃)ဂိုးနဲ့အတူ အာရှဖလားခြေစစ်ပွဲကို အကောင်းဆုံးဖြတ်ကျော် နိုင်ခဲ့တာပါ။ မြန်မာ ယူ-၁၇ အသင်းဟာ အာဖဂန် နစ္စတန်အသင်းကို (၃-၁)ဂိုး ၊ နီပေါအသင်းကို (၄) ဂိုးပြတ် အနိုင်၊ အိုမန်အသင်းကို (၂)ဂိုး ပြတ်နဲ့အနိုင် ရရှိခဲ့သလို နောက်ဆုံး အဆုံးအဖြတ်ပွဲစဉ်မှာတော့ ဆီးရီးယားအသင်းကို ရေကုန်ရေခမ်းကစားပြီး (၂၀၂၆) အာရှဖလားဝင်ခွင့်တစ်နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ပိုင်းကို ကြည့်ရင် မြန်မာယူ-၁၇ အသင်းရဲ့ တိုက်စစ်ပိုင်း ထက်မြက်မှုနဲ့ နောက်တန်းခံစစ်ပိုင်းရဲ့ မာကျောကျစ်လစ်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆီးရီးယားနဲ့ ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲစဉ်ကို ပြန်ကြည့်ရင် မြန်မာ ယူ-၁၇ အသင်းဟာ ပွဲစကတည်းက တိုက်စစ်ပိုင်းကို ဦးစားပေးကစားသလို ဂိုးရဖို့အတွက် တွန်းတွန်းတိုက်တိုက်ကစားခဲ့ပြီး ဆီးရီးယားအသင်း ကို အကောင်းဆုံးဖိအားပေး ကစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပွဲချိန်(၁၀)မိနှစ်မှာ မြန်မာကစား သမားလေးအလင်းရောင်ကြောင့် ရခဲ့တဲ့ ပစ်ဒဏ် ဘောကို အံ့ထူးပိုင်ရဲ့ တင်ပို့မှုကနေတစ်ဆင့် ညီညီ သန့်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ဦးဆောင်ဂိုးရရှိခဲ့ သလို တစ်ဂိုးစီသရေကျနေ ချိန်မှာလည်း ပြိုင်ဘက်အသင်းကို ရှိန်ပြီး ကစားအားကျသွားတာမျိုးမရှိသလို တိုက်စစ်ဆင်ကစားမှုတွေကိုသာ ဆက်လက်လုပ်ဆောင်ခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလို နိုင်ပွဲဆာလောင်မှုတွေနဲ့အတူ (၃၃)မိနစ် အရောက် မှာတော့ ရရှိလာတဲ့ ထောင့်ကန်ဘောကို တိုက်ရိုက် မကန်ဘဲ တိုက်စစ်က ရဲနိုင်အောင်ကိုပေးလိုက်ပြီး ရဲနိုင်အောင်ရဲ့ ပြန်လည်ပေးပို့မှုကနေ အံ့ထူးပိုင်က ဂိုးထဲကို တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး မြန်မာအသင်း အတွက် အဖိုးတန် ဦးဆောင်ဂိုး ရလိုက်ပါတယ်။ အဲဒီနောက် ဆီးရီးယားရဲ့ချေပဂိုးကို (၈၅)မိနှစ်မှာ ခွင့်ပြု ပေးခဲ့ရပြီး ပွဲစဉ်ပြီးဆုံးချိန်အထိ မဆုတ် မနစ်ကြိုး စားကစားကာ သရေရလဒ်ကို ပုံဖော်နိုင်ခဲ့တာကြောင့် မြန်မာပရိသတ်တွေအတွက် (၁၉)နှစ်ကြာ ဝေးကွာ နေတဲ့ အာရှဖလားဝင်ခွင့်တစ်နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ ပိုပြီး ဂုဏ်ယူစရာကောင်းတာကတော့ မြန်မာ ယူ-၁၇ အသင်းဟာ ခြေစစ်ပွဲကို ရှုံးပွဲမရှိဆိုတဲ့ ဂုဏ်ယူစရာ မှတ်တမ်းကောင်းတစ်ခုကိုပါ ပိုင်ဆိုင် နိုင်ခဲ့တာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးကို လွှမ်းခြုံသွားတဲ့မြန်မာ နိုင်ငံတော်သီချင်း
မြန်မာ ယူ-၁၇ အသင်းရဲ့ပွဲစဉ်တွေကို မြန်မာပရိသတ်တွေရဲ့အားပေးမှုဟာ ကြက်သီးထ စရာကောင်းလောက် အောင် အားပေးကြမ်းခဲ့ပြီး မြန်မာအသင်းရဲ့နိုင်ပွဲအားလုံးမှာ ပရိသတ်တွေရဲ့ အားကလည်း အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေတယ်လို့ ပြောလို့ရနေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ အစ္စရေးနဲ့ပွဲစဉ်မှာဆိုရင် သုဝဏ္ဏအား ကစား ကွင်းကြီးကို ပရိသတ်(၃၀ဝဝဝ)ကျော် လာ ရောက်အားပေးခဲ့တာဖြစ်ပြီး ပွဲအစပိုင်း နိုင်ငံတော် သီချင်းသီဆိုနေချိန်မှာ လူတိုင်းက မတ်တပ်ရပ်ပေးခဲ့ပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုနေမှု မြင်ကွင်းဟာ မြန်မာ ယူ-၁၇ အသင်း အတွက်သာမ ကဘဲ မြန်မာတစ်နိုင်ငံလုံးကိုပါ လွှမ်းခြုံသွားစေနိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် ကစားသမားလေးတွေရဲ့ မိသားစုဝင်တွေရဲ့ အနယ်နယ်အရပ်ရပ်ကနေ ကားစီး လုံးငှားပြီး ကွင်းထဲအထိအရောက် မိသားစုလိုက် လာရောက် အားပေးမှုတွေကို ဆိုရှယ်မီဒီယာတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံတော်အလံကို အရွယ်အစားအစုံနဲ့ ဗီနိုင်းတွေ စတေကာတွေနဲ့အတူ မြင်တွေခဲ့ရပြီး နဖူးစီးတွေမှာလည်း ‘မြန်မာနိုင်ရမည်’ဆိုတဲ့စာသားတွေနဲ့အတူ ကွင်းလုံးပြည့် အားပေးခဲ့ကြသလို မြန်မာအသင်းဂျာစီတွေနဲ့ တီးဝိုင်းတွေနဲ့ပါ အားပေးကြမ်းခဲ့တာမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာအသင်း ဂိုးသွင်းပြီးတိုင်းမှာလည်း ခုန်ပေါက် အောင်ပွဲခံခဲ့ပြီး ပွဲစဉ်ပြီးဆုံးသည်အထိ မြန်မာလူငယ် တွေနဲ့အတူ အောင်ပွဲခံပေးခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ ယူ-၁၇ အသင်းရဲ့ အောင် ပွဲမှာ ပရိသတ်တွေရဲ့အားကလည်း တကယ်ကို စည်းလုံးညီညွတ်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့သလို အခက် အခဲတွေကြားက ပေါ်ထွက်လာတဲ့ အလင်းရောင်လေး တစ်ခုပမာ နိုင်ငံအတွက် ဆယ်စုနှစ်နှစ်ခုကြာမှ ရခဲ့တဲ့ အောင်ပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။
မြန်မာ ယူ-၁၇ အသင်းရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်
(၂၀၂၆) အာရှဖလားဝင်ခွင့်အတွက် ခြေစစ်ပွဲအောင်တဲ့ အသင်းတွေကတော့ အုပ်စု(A)မှာ တရုတ်အသင်း ၊ အုပ်စု (B) မှာ ယီမင် ၊ အုပ်စု (င) မှာ ဗီယက်နမ် ၊ အုပ်စု (D)မှာ အိန္ဒိယ ၊ အုပ်စု (E) မှာ ဩစတြေးလျ ၊ အုပ်စု (F) မှာ ထိုင်းနဲ့ အုပ်စု (G) မှာတော့ မြန်မာအသင်းတို့က ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ အာဆီယံမှာ ထိုင်း၊ ဗီယက်နမ်နဲ့ မြန် မာအသင်းတို့ကသာ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားတဲ့ အင်ဒိုနီးရှား အသင်းတို့နဲ့ အတူ အာဆီယံမှာ စုစုပေါင်း(၄)သင်း ကသာ (၂၀၂၆) အာရှ ယူ-၁၇ ခြေစစ်ပွဲကို အောင် မြင်ထားတာဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံမှာကျင်းပမယ့် (၂၀၂၆) အာရှယူ-၁၇ ပြိုင်ပွဲကိုတော့ မေလ (၇) ရက်ကနေ (၂၄)ရက်အထိ ကျင်းပသွား မှာဖြစ်ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားတဲ့ ကာတာ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဆော်ဒီ အာရေးဗီးယား ၊ ဥဇဘက်ကစ္စတန် ၊ တာဂျစ်ကစ္စတန်၊ UAE အသင်းတို့နဲ့အတူ စုစုပေါင်း (၁၆)သင်း ယှဉ်ပြိုင် ကစားကြ မှာဖြစ်ပါတယ်။ ဒီ(၁၆)သင်းကို အုပ်စု (၄)စုခွဲပြီး ကစားစေမှာဖြစ်ပြီး အဲဒီ အုပ်စု(၄)သင်းထဲက (၂)သင်းစီဖြစ်တဲ့ စုစုပေါင်း(၈)သင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို တက် ရောက်သွားနိုင်တဲ့ အသင်း(၈)သင်းဟာဆိုရင် ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာကို တိုက်ရိုက်အောင်မြင် မှာဖြစ်ပါတယ်။ ဒါ့ပြင် (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံကပဲ လက်ခံကျင်းပဖို့ ရှိနေတာကြောင့် အာရှဒေသက စုစုပေါင်း (၉)သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ ယူ-၁၇ အသင်းအနေနဲ့ အုပ်စုနောက်တစ် ဆင့်ကို တက်လိုက်တာနဲ့ (၂၀၂၆) ကမ္ဘာ့ဖလားဝင်ခွင့်ခြေစစ်ပွဲကို အောင်ဖို့ အခွင့်အရေးရှိနေတာကြောင့် မြန်မာအသင်း အနေနဲ့ လက်ရှိရရှိထားတဲ့ အောင်မြင်မှုအပြင် ကမ္ဘာ့ဖလားဝင်ခွင့်ကိုပါ အမိအရဆုပ်ကိုင်နိုင်ဖို့လို အပ်မှာပဲဖြစ်ပါတယ်။ ကြားထဲမှာလည်း အချိန်အားဖြင့် (၅)လကျော်ကျန်ရှိနေသေးတဲ့အနေအထားမှာ လက်ရှိလူစာရင်းကို အကောင်းဆုံးပြင် ဆင်ပြီး (၂၀၂၆) ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အားခဲထားဖို့ လိုပါမယ်။
မြန်မာဘောလုံးလောက အတွက် မျှော်လင့်ချက်ရောင်ခြည်
အာရှဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ မြန်မာ ယူ-၁၇ ဘောလုံးအသင်းကို ယာယီ သမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုဆုငွေအဖြစ် ကျပ်သိန်း (၁၀ဝဝ) ချီးမြှင့် ထားပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အနေနဲ့လည်း ဘောလုံးကွင်းထဲအ ထိ လာရောက်အောင်ပွဲခံခဲ့တာကိုတွေ့ရပြီး တစ်နိုင်ငံလုံးကို အပျော်တွေကူးစက်ခဲ့ကြတာဖြစ်ပါတယ်။ တကယ်လည်း (၂၀ဝ၆) ခုနှစ်နောက်ပိုင်းကတည်းက မြန်မာအသင်းဟာ အာရှဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တာဖြစ်ပြီး (၁၉) အကြာ (၂၀၂၅) ခုနှစ်ရောက်မှသာ အာရှဖလားဝင်ခွင့်တစ်နေရာကို ထိုက်ထိုက်တန် တန်ရရှိခဲ့တာဟာ ပြောမပြ နိုင်လောက်တဲ့ ဝမ်းသာ ပီတိဖြစ်မှုတွေကို ရရှိစေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့်ရင်လည်း အောင်သူ၊ သန်းပိုင်၊ မောင်မောင် လွင် ၊ ငြိမ်းချမ်းအောင်တို့ရဲ့ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ကြတဲ့ အောင်မြင်မှုမျိုးကို ပြန်လည် ရရှိစေဖို့ ဆော်ဒီ နိုင်ငံမှာကျင်းပတဲ့ (၂၀၂၆) အာရှ ဖလားပြိုင်ပွဲမှာ မြန်မာယူ-၁၇ အသင်းအနေနဲ့ အုပ်စုအောင်မြင်အောင် စွမ်းဆောင်ပြဖို့လိုအပ်မှာဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ မြန်မာဘောလုံး လောကအတွက် မျှော်လင့်ချက် ရောင် ခြည်ဟာ မြန်မာ ယူ-၁၇ ဘောလုံးအသင်းအပေါ်မှာ အများကြီး မူတည်နေပြီး ဒီလူစာရင်းအစုအဖွဲ့ကို ပိုကောင်းတဲ့ အစုအဖွဲ့တစ်ခုဖြစ်အောင် ပျိုးထောင်ကာ မြန်မာ ဘောလုံးလောက ပြန်လည်ဦးမော့လာနိုင အောင် ကြိုးပမ်းရမှာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် အာဆီယံမှာ မြန်မာအမျိုးသားအသင်းတွေရဲ့ နိမ့်ကျလာတဲ့ရပ် တည်ချက်တွေနဲ့ ပြိုင်ပွဲတိုင်းမှာ အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရမှုတွေကို မြန်မာ ယူ-၁၇ အသင်းကနေ ထွက်ပေါ်လာမယ့် လူငယ်အစုအဖွဲ့တစ်ခုနဲ့ အောင် မြင်မှုတွေ ရယူလာနိုင်မလားဆိုတာကလည်း စိတ်ဝင် စားစရာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ် နှစ်ခုအကြာမှာ မြန်မာဘောလုံးလောကအတွက် ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ မြန်မာ ယူ-၁၇ ဘောလုံး အသင်းရဲ့ အစုအဖွဲ့တစ်ခုကို နည်းပြနဲ့ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ရော အကောင်း ဆုံးပံ့ပိုးပြီး မြန်မာဘောလုံးလောကအတွက် ရွှေ ရောင်နေ့ရက်တွေကို ပြန်လည်ရောက်ရှိလာနိုင်ဖို့ မျှော်လင့်မိပါကြောင်း။

Zawgyi Version:
ျမန္မာ ယူ - ၁၇ အသင္းရဲ႕ အာရွဖလားေျခစစ္ပြဲေအာင္ပြဲနဲ႔ ကမာၻ႔ဖလားဝင္ခြင့္ အလားအလာ
ရဲထက္ (NP News) - ဒီဇင္ဘာ ၆
ျမန္မာေဘာလုံးေလာကအတြက္ ေမွ်ာ္လင့္ ခ်င္စရာေကာင္းတဲ့ မ်ိဳးဆက္သစ္အေ႐ြ႕တစ္ခုကေတာ့ ထြက္ေပၚ လာခဲ့ၿပီပဲျဖစ္ပါတယ္။ ျမန္မာ ယူ-၁၇ လူငယ္ၾကယ္ပြင့္အသင္းဟာ အာရွ ယူ-၁၇ ေျခစစ္ပြဲကို ရႈံးပြဲမရွိဆိုတဲ့ စံခ်ိန္ ေကာင္းတစ္ခုနဲ႔အတူ (၁၉) ႏွစ္ ၾကာေဝးကြာေနတဲ့ အာရွဖလားဝင္ခြင့္တစ္ေနရာကို ထိုက္ထိုက္တန္တန္ ေအာင္ျမင္ သြားခဲ့ၿပီပဲျဖစ္ပါတယ္။ ျမန္မာေဘာလုံးေလာကဟာ ဆယ္စုႏွစ္တစ္ခုၿပီးတိုင္းမွာ တစ္ေခတ္ထေလ့ရွိၿပီး ဒီလူငယ္ ေလးေတြအေနနဲ႔ အာရွဖလားၿပိဳင္ပြဲမွာ ဘယ္လိုေအာင္ျမင္မႈ ေတြရယူႏိုင္မလဲဆိုတာကလည္း စိတ္ဝင္စာစရာ ေကာင္းပါတယ္။ ဒါဟာ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ျမန္မာပရိသတ္ေတြအတြက္ တကယ္ကို ဂုဏ္ယူစရာေကာင္းတဲ့ အခိုက္ အတန႔္ေတြျဖစ္ခဲ့သလို ေဘာလုံးနဲ႔အတူ ႏိုင္ငံသားအားလုံးရဲ႕ စည္းလုံးညီၫြတ္မႈေတြကိုပါ ျမင္ေတြ႕လိုက္ရတဲ့ အဖိုးမျဖတ္ႏိုင္တဲ့ ေအာင္ပြဲတစ္ခု လည္းျဖစ္ပါတယ္။ ဒီထက္ပိုၿပီး စိတ္ဝင္စားစရာ ေကာင္းတာတစ္ခုကေတာ့ ျမန္မာ ယူ-၁၇ အသင္းရဲ႕ ကမာၻ႔ဖလားဝင္ခြင့္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုဟာ လည္း လင္းလက္လာခဲ့ပါၿပီလို႔ဆိုရမွာပါ။ ဒါေၾကာင့္ NP News ကေန ျမန္မာယူ-၁၇ အသင္းရဲ႕ အာရွဖလားဝင္ခြင့္ရရွိမႈနဲ႔ ကမာၻ႔ဖလား ဝင္ခြင့္ရႏိုင္ေျခအလားအလာေတြကို ဂုဏ္ျပဳသုံး သပ္ေပးသြားခ်င္ပါတယ္။
(၁၉) ႏွစ္ၾကာေစာင့္ခဲ့ရတဲ့ အာရွဖလားဝင္ခြင့္ ေအာင္ပြဲ
ဒီ (၁၉)ႏွစ္ဆိုတဲ့အခ်ိန္ကာလဟာ သာမန္အားျဖင့္ၾကည့္လိုက္ရင္ေတာ့ ဆယ္စုႏွစ္ႏွစ္ခုစာ ေလးဆိုေပမယ့္ ျမန္မာေဘာလုံးေလာကအတြက္ကေတာ့ တန္ဖိုးမျဖတ္ႏိုင္တဲ့ ေ႐ႊေရာင္ေန႔ရက္ေတြကို ျပန္လည္ရရွိလိုက္တယ္လို႔ ဆိုႏိုင္ပါတယ္။ ျမန္မာ ယူ-၁၇ အသင္းဟာ အုပ္စု(G)မွာ ပြဲစဥ္(၄)ပြဲက စားခဲ့ရၿပီး (၃)ပြဲႏိုင္ (၁)ပြဲသေရဆိုတဲ့ ရလဒ္နဲ႔ ရမွတ္ (၁၀)မွတ္နဲ႔အတူ ရဂိုး(၁၁)ဂိုး ၊ ေပးဂိုး(၃)ဂိုးနဲ႔အတူ အာရွဖလားေျခစစ္ပြဲကို အေကာင္းဆုံးျဖတ္ေက်ာ္ ႏိုင္ခဲ့တာပါ။ ျမန္မာ ယူ-၁၇ အသင္းဟာ အာဖဂန္ နစၥတန္အသင္းကို (၃-၁)ဂိုး ၊ နီေပါအသင္းကို (၄) ဂိုးျပတ္ အႏိုင္၊ အိုမန္အသင္းကို (၂)ဂိုး ျပတ္နဲ႔အႏိုင္ ရရွိခဲ့သလို ေနာက္ဆုံး အဆုံးအျဖတ္ပြဲစဥ္မွာေတာ့ ဆီးရီးယားအသင္းကို ေရကုန္ေရခမ္းကစားၿပီး (၂၀၂၆) အာရွဖလားဝင္ခြင့္တစ္ေနရာကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒီရလဒ္ပိုင္းကို ၾကည့္ရင္ ျမန္မာယူ-၁၇ အသင္းရဲ႕ တိုက္စစ္ပိုင္း ထက္ျမက္မႈနဲ႔ ေနာက္တန္းခံစစ္ပိုင္းရဲ႕ မာေက်ာက်စ္လစ္မႈေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဆီးရီးယားနဲ႔ ေျခစစ္ပြဲ အဆုံးအျဖတ္ပြဲစဥ္ကို ျပန္ၾကည့္ရင္ ျမန္မာ ယူ-၁၇ အသင္းဟာ ပြဲစကတည္းက တိုက္စစ္ပိုင္းကို ဦးစားေပးကစားသလို ဂိုးရဖို႔အတြက္ တြန္းတြန္းတိုက္တိုက္ကစားခဲ့ၿပီး ဆီးရီးယားအသင္း ကို အေကာင္းဆုံးဖိအားေပး ကစားထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ပြဲခ်ိန္(၁၀)မိႏွစ္မွာ ျမန္မာကစား သမားေလးအလင္းေရာင္ေၾကာင့္ ရခဲ့တဲ့ ပစ္ဒဏ္ ေဘာကို အံ့ထူးပိုင္ရဲ႕ တင္ပို႔မႈကေနတစ္ဆင့္ ညီညီ သန႔္ရဲ႕ ေခါင္းတိုက္သြင္းဂိုးနဲ႔အတူ ဦးေဆာင္ဂိုးရရွိခဲ့ သလို တစ္ဂိုးစီသေရက်ေန ခ်ိန္မွာလည္း ၿပိဳင္ဘက္အသင္းကို ရွိန္ၿပီး ကစားအားက်သြားတာမ်ိဳးမရွိသလို တိုက္စစ္ဆင္ကစားမႈေတြကိုသာ ဆက္လက္လုပ္ေဆာင္ခဲ့တာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒီလို ႏိုင္ပြဲဆာေလာင္မႈေတြနဲ႔အတူ (၃၃)မိနစ္ အေရာက္ မွာေတာ့ ရရွိလာတဲ့ ေထာင့္ကန္ေဘာကို တိုက္႐ိုက္ မကန္ဘဲ တိုက္စစ္က ရဲႏိုင္ေအာင္ကိုေပးလိုက္ၿပီး ရဲႏိုင္ေအာင္ရဲ႕ ျပန္လည္ေပးပို႔မႈကေန အံ့ထူးပိုင္က ဂိုးထဲကို တိုက္႐ိုက္ကန္သြင္းယူခဲ့ၿပီး ျမန္မာအသင္း အတြက္ အဖိုးတန္ ဦးေဆာင္ဂိုး ရလိုက္ပါတယ္။ အဲဒီေနာက္ ဆီးရီးယားရဲ႕ေခ်ပဂိုးကို (၈၅)မိႏွစ္မွာ ခြင့္ျပဳ ေပးခဲ့ရၿပီး ပြဲစဥ္ၿပီးဆုံးခ်ိန္အထိ မဆုတ္ မနစ္ႀကိဳး စားကစားကာ သေရရလဒ္ကို ပုံေဖာ္ႏိုင္ခဲ့တာေၾကာင့္ ျမန္မာပရိသတ္ေတြအတြက္ (၁၉)ႏွစ္ၾကာ ေဝးကြာ ေနတဲ့ အာရွဖလားဝင္ခြင့္တစ္ေနရာကို ရရွိခဲ့တာျဖစ္ပါတယ္။ ပိုၿပီး ဂုဏ္ယူစရာေကာင္းတာကေတာ့ ျမန္မာ ယူ-၁၇ အသင္းဟာ ေျခစစ္ပြဲကို ရႈံးပြဲမရွိဆိုတဲ့ ဂုဏ္ယူစရာ မွတ္တမ္းေကာင္းတစ္ခုကိုပါ ပိုင္ဆိုင္ ႏိုင္ခဲ့တာျဖစ္ပါတယ္။
တစ္ႏိုင္ငံလုံးကို လႊမ္းၿခဳံသြားတဲ့ျမန္မာ ႏိုင္ငံေတာ္သီခ်င္း
ျမန္မာ ယူ-၁၇ အသင္းရဲ႕ပြဲစဥ္ေတြကို ျမန္မာပရိသတ္ေတြရဲ႕အားေပးမႈဟာ ၾကက္သီးထ စရာေကာင္းေလာက္ ေအာင္ အားေပးၾကမ္းခဲ့ၿပီး ျမန္မာအသင္းရဲ႕ႏိုင္ပြဲအားလုံးမွာ ပရိသတ္ေတြရဲ႕ အားကလည္း အေရးႀကီးတဲ့ အခန္း က႑ကေန ပါဝင္ေနတယ္လို႔ ေျပာလို႔ရေနပါတယ္။ ေနာက္ဆုံး ကစားခဲ့တဲ့ အစၥေရးနဲ႔ပြဲစဥ္မွာဆိုရင္ သုဝဏၰအား ကစား ကြင္းႀကီးကို ပရိသတ္(၃၀ဝဝဝ)ေက်ာ္ လာ ေရာက္အားေပးခဲ့တာျဖစ္ၿပီး ပြဲအစပိုင္း ႏိုင္ငံေတာ္ သီခ်င္းသီဆိုေနခ်ိန္မွာ လူတိုင္းက မတ္တပ္ရပ္ေပးခဲ့ၿပီး ႏိုင္ငံေတာ္သီခ်င္းကို သံၿပိဳင္သီဆိုေနမႈ ျမင္ကြင္းဟာ ျမန္မာ ယူ-၁၇ အသင္း အတြက္သာမ ကဘဲ ျမန္မာတစ္ႏိုင္ငံလုံးကိုပါ လႊမ္းၿခဳံသြားေစႏိုင္တဲ့အထိျဖစ္ခဲ့ပါတယ္။ ဒါ့ျပင္ ကစားသမားေလးေတြရဲ႕ မိသားစုဝင္ေတြရဲ႕ အနယ္နယ္အရပ္ရပ္ကေန ကားစီး လုံးငွားၿပီး ကြင္းထဲအထိအေရာက္ မိသားစုလိုက္ လာေရာက္ အားေပးမႈေတြကို ဆိုရွယ္မီဒီယာေတြမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့ျပင္ ျမန္မာႏိုင္ငံေတာ္အလံကို အ႐ြယ္အစားအစုံနဲ႔ ဗီႏိုင္းေတြ စေတကာေတြနဲ႔အတူ ျမင္ေတြခဲ့ရၿပီး နဖူးစီးေတြမွာလည္း ‘ျမန္မာႏိုင္ရမည္’ဆိုတဲ့စာသားေတြနဲ႔အတူ ကြင္းလုံးျပည့္ အားေပးခဲ့ၾကသလို ျမန္မာအသင္းဂ်ာစီေတြနဲ႔ တီးဝိုင္းေတြနဲ႔ပါ အားေပးၾကမ္းခဲ့တာျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ျမန္မာအသင္း ဂိုးသြင္းၿပီးတိုင္းမွာလည္း ခုန္ေပါက္ ေအာင္ပြဲခံခဲ့ၿပီး ပြဲစဥ္ၿပီးဆုံးသည္အထိ ျမန္မာလူငယ္ ေတြနဲ႔အတူ ေအာင္ပြဲခံေပးခဲ့တာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာ ယူ-၁၇ အသင္းရဲ႕ ေအာင္ ပြဲမွာ ပရိသတ္ေတြရဲ႕အားကလည္း တကယ္ကို စည္းလုံးညီၫြတ္မႈရဲ႕ ျပယုဂ္တစ္ခုျဖစ္ခဲ့သလို အခက္ အခဲေတြၾကားက ေပၚထြက္လာတဲ့ အလင္းေရာင္ေလး တစ္ခုပမာ ႏိုင္ငံအတြက္ ဆယ္စုႏွစ္ႏွစ္ခုၾကာမွ ရခဲ့တဲ့ ေအာင္ပြဲတစ္ခုလို႔ ဆိုႏိုင္ပါတယ္။
ျမန္မာ ယူ-၁၇ အသင္းရဲ႕ ကမာၻ႔ဖလားဝင္ခြင့္ ေမွ်ာ္လင့္ခ်က္
(၂၀၂၆) အာရွဖလားဝင္ခြင့္အတြက္ ေျခစစ္ပြဲေအာင္တဲ့ အသင္းေတြကေတာ့ အုပ္စု(A)မွာ တ႐ုတ္အသင္း ၊ အုပ္စု (B) မွာ ယီမင္ ၊ အုပ္စု (င) မွာ ဗီယက္နမ္ ၊ အုပ္စု (D)မွာ အိႏၵိယ ၊ အုပ္စု (E) မွာ ဩစေၾတးလ် ၊ အုပ္စု (F) မွာ ထိုင္းနဲ႔ အုပ္စု (G) မွာေတာ့ ျမန္မာအသင္းတို႔က ဝင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာ အာဆီယံမွာ ထိုင္း၊ ဗီယက္နမ္နဲ႔ ျမန္ မာအသင္းတို႔ကသာ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာျဖစ္ၿပီး တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ထားတဲ့ အင္ဒိုနီးရွား အသင္းတို႔နဲ႔ အတူ အာဆီယံမွာ စုစုေပါင္း(၄)သင္း ကသာ (၂၀၂၆) အာရွ ယူ-၁၇ ေျခစစ္ပြဲကို ေအာင္ ျမင္ထားတာျဖစ္ပါတယ္။ ေဆာ္ဒီႏိုင္ငံမွာက်င္းပမယ့္ (၂၀၂၆) အာရွယူ-၁၇ ၿပိဳင္ပြဲကိုေတာ့ ေမလ (၇) ရက္ကေန (၂၄)ရက္အထိ က်င္းပသြား မွာျဖစ္ၿပီး တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ထားတဲ့ ကာတာ၊ ေျမာက္ကိုရီးယား၊ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ေဆာ္ဒီ အာေရးဗီးယား ၊ ဥဇဘက္ကစၥတန္ ၊ တာဂ်စ္ကစၥတန္၊ UAE အသင္းတို႔နဲ႔အတူ စုစုေပါင္း (၁၆)သင္း ယွဥ္ၿပိဳင္ ကစားၾက မွာျဖစ္ပါတယ္။ ဒီ(၁၆)သင္းကို အုပ္စု (၄)စုခြဲၿပီး ကစားေစမွာျဖစ္ၿပီး အဲဒီ အုပ္စု(၄)သင္းထဲက (၂)သင္းစီျဖစ္တဲ့ စုစုေပါင္း(၈)သင္းဟာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ ကြာတားဖိုင္နယ္အဆင့္ကို တက္ ေရာက္သြားႏိုင္တဲ့ အသင္း(၈)သင္းဟာဆိုရင္ ကမာၻ႔ဖလားဝင္ခြင့္တစ္ေနရာကို တိုက္႐ိုက္ေအာင္ျမင္ မွာျဖစ္ပါတယ္။ ဒါ့ျပင္ (၂၀၂၆) ကမာၻ႔ဖလားၿပိဳင္ပြဲကို ကာတာႏိုင္ငံကပဲ လက္ခံက်င္းပဖို႔ ရွိေနတာေၾကာင့္ အာရွေဒသက စုစုေပါင္း (၉)သင္းအထိ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာ ယူ-၁၇ အသင္းအေနနဲ႔ အုပ္စုေနာက္တစ္ ဆင့္ကို တက္လိုက္တာနဲ႔ (၂၀၂၆) ကမာၻ႔ဖလားဝင္ခြင့္ေျခစစ္ပြဲကို ေအာင္ဖို႔ အခြင့္အေရးရွိေနတာေၾကာင့္ ျမန္မာအသင္း အေနနဲ႔ လက္ရွိရရွိထားတဲ့ ေအာင္ျမင္မႈအျပင္ ကမာၻ႔ဖလားဝင္ခြင့္ကိုပါ အမိအရဆုပ္ကိုင္ႏိုင္ဖို႔လို အပ္မွာပဲျဖစ္ပါတယ္။ ၾကားထဲမွာလည္း အခ်ိန္အားျဖင့္ (၅)လေက်ာ္က်န္ရွိေနေသးတဲ့အေနအထားမွာ လက္ရွိလူစာရင္းကို အေကာင္းဆုံးျပင္ ဆင္ၿပီး (၂၀၂၆) ကမာၻ႔ဖလားဝင္ခြင့္အတြက္ အားခဲထားဖို႔ လိုပါမယ္။
ျမန္မာေဘာလုံးေလာက အတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္
အာရွဖလားကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ ျမန္မာ ယူ-၁၇ ေဘာလုံးအသင္းကို ယာယီ သမၼတ ႏိုင္ငံေတာ္လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဂုဏ္ျပဳဆုေငြအျဖစ္ က်ပ္သိန္း (၁၀ဝဝ) ခ်ီးျမႇင့္ ထားပါတယ္။ ဒါ့ျပင္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္အေနနဲ႔လည္း ေဘာလုံးကြင္းထဲအ ထိ လာေရာက္ေအာင္ပြဲခံခဲ့တာကိုေတြ႕ရၿပီး တစ္ႏိုင္ငံလုံးကို အေပ်ာ္ေတြကူးစက္ခဲ့ၾကတာျဖစ္ပါတယ္။ တကယ္လည္း (၂၀ဝ၆) ခုႏွစ္ေနာက္ပိုင္းကတည္းက ျမန္မာအသင္းဟာ အာရွဖလားဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မရခဲ့တာျဖစ္ၿပီး (၁၉) အၾကာ (၂၀၂၅) ခုႏွစ္ေရာက္မွသာ အာရွဖလားဝင္ခြင့္တစ္ေနရာကို ထိုက္ထိုက္တန္ တန္ရရွိခဲ့တာဟာ ေျပာမျပ ႏိုင္ေလာက္တဲ့ ဝမ္းသာ ပီတိျဖစ္မႈေတြကို ရရွိေစခဲ့ပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာ ျပန္ၾကည့္ရင္လည္း ေအာင္သူ၊ သန္းပိုင္၊ ေမာင္ေမာင္ လြင္ ၊ ၿငိမ္းခ်မ္းေအာင္တို႔ရဲ႕ ကမာၻ႔ဖလားဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ၾကတဲ့ ေအာင္ျမင္မႈမ်ိဳးကို ျပန္လည္ ရရွိေစဖို႔ ေဆာ္ဒီ ႏိုင္ငံမွာက်င္းပတဲ့ (၂၀၂၆) အာရွ ဖလားၿပိဳင္ပြဲမွာ ျမန္မာယူ-၁၇ အသင္းအေနနဲ႔ အုပ္စုေအာင္ျမင္ေအာင္ စြမ္းေဆာင္ျပဖို႔လိုအပ္မွာျဖစ္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ ျမန္မာေဘာလုံး ေလာကအတြက္ ေမွ်ာ္လင့္ခ်က္ ေရာင္ ျခည္ဟာ ျမန္မာ ယူ-၁၇ ေဘာလုံးအသင္းအေပၚမွာ အမ်ားႀကီး မူတည္ေနၿပီး ဒီလူစာရင္းအစုအဖြဲ႕ကို ပိုေကာင္းတဲ့ အစုအဖြဲ႕တစ္ခုျဖစ္ေအာင္ ပ်ိဳးေထာင္ကာ ျမန္မာ ေဘာလုံးေလာက ျပန္လည္ဦးေမာ့လာႏိုင ေအာင္ ႀကိဳးပမ္းရမွာလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ အာဆီယံမွာ ျမန္မာအမ်ိဳးသားအသင္းေတြရဲ႕ နိမ့္က်လာတဲ့ရပ္ တည္ခ်က္ေတြနဲ႔ ၿပိဳင္ပြဲတိုင္းမွာ အုပ္စုအဆင့္ကေနပဲ ထြက္ခဲ့ရမႈေတြကို ျမန္မာ ယူ-၁၇ အသင္းကေန ထြက္ေပၚလာမယ့္ လူငယ္အစုအဖြဲ႕တစ္ခုနဲ႔ ေအာင္ ျမင္မႈေတြ ရယူလာႏိုင္မလားဆိုတာကလည္း စိတ္ဝင္ စားစရာေကာင္းပါတယ္။ ဘာပဲျဖစ္ျဖစ္ ဆယ္စုႏွစ္ ႏွစ္ခုအၾကာမွာ ျမန္မာေဘာလုံးေလာကအတြက္ ျပန္လည္ထြက္ေပၚလာခဲ့တဲ့ ျမန္မာ ယူ-၁၇ ေဘာလုံး အသင္းရဲ႕ အစုအဖြဲ႕တစ္ခုကို နည္းျပနဲ႔ အဖြဲ႕ဝင္ေတြ၊ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ေရာ အေကာင္း ဆုံးပံ့ပိုးၿပီး ျမန္မာေဘာလုံးေလာကအတြက္ ေ႐ႊ ေရာင္ေန႔ရက္ေတြကို ျပန္လည္ေရာက္ရွိလာႏိုင္ဖို႔ ေမွ်ာ္လင့္မိပါေၾကာင္း။