စင်ကာပူမှာ ၂၀၂၆ ခုနှစ်အတွင်း အလုပ်ရှင် ၅ ယောက်မှာ ၃ ယောက်နီးပါးဟာ ဝန်ထမ်းအရေအတွက်ကို ရပ်တန့်ထားဖို့ စီစဉ်နေ

113

ရောင်နီ (NP News) - ဒီဇင်ဘာ ၇
စင်ကာပူအမျိုးသားအလုပ်ရှင်များအဖွဲ့ချုပ် (SNEF) မှ ပြုလုပ်တဲ့စစ်တမ်းအသစ်တစ်ခုအရ ၂၀၂၆ ခုနှစ်မှာ အလုပ်ခန့်ထားမှုရပ်ဆိုင်းခြင်း နဲ့ လုပ်ခလစာလျှော့ချခြင်းတွေပြုလုပ်ဖို့ အလုပ်ရှင်အများစုက စီစဉ်နေတယ်လို့ သိရပါတယ်။
စစ်တမ်းကောက်ယူခဲ့တဲ့ အလုပ်ရှင် ၂၃၈ ဦးမှာ ၇၂ ရာခိုင်နှုန်းက ၂၀၂၅ ခုနှစ်မှာ လုပ်ငန်းအတွက် မရေရာတဲ့ အလားအလာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း အလုပ်ရှင်ငါးဦးမှာ သုံးဦးနီးပါး (၅၈ ရာခိုင်နှုန်း) ဟာ လာမယ့်နှစ်မှာ ဝန်ထမ်းဦးရေကို ရပ်ဆိုင်းဖို့ စီစဉ်နေပြီး ကျန်တဲ့ သုံးပုံတစ်ပုံကသာ အလုပ်ခန့်ထား မှုကို တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ဒါပြင် အလုပ်ရှင် ၈ ရာခိုင်နှုန်းခန့်ကတော့ ဝန်ထမ်းဦးရေကို လျှော့ချရန် စီစဉ်နေတယ်လို့ သိရပါတယ်။ ဝန်ထမ်း ၂၀၀ ကျော်ရှိတဲ့ ကုမ္ပဏီကြီးတွေက ဝန်ထမ်းဦးရေ လျှော့ချဖို့ အလားအလာ ပိုများပြီး ဝန်ထမ်း ၅၀ သို့မဟုတ် ၅၀ အောက်ရှိတဲ့ ကုမ္ပဏီငယ်တွေကတော့ သူတို့ရဲ့ဝန်ထမ်း ဦးရေ ကို ရပ်ဆိုင်းထားဖို့ အလားအလာ ပိုများပါတယ်။
အခြား ရှုထောင့်က ကြည့်ရင်တော့ အလုပ်ရှင်တွေ ၄ဝ ရာခိုင်နှုန်းဟာ လုပ်ခလစာနည်းတဲ့ အလုပ်သမားတွေကို လာမယ့် ၂၀၂၆ ခုနှစ်မှာ လစာတိုးမြှင့်ပေးဖို့ စီစဉ်ထားတယ်လို့ တွေ့ရှိရပါတယ်။ ဒါပေမယ့် အလုပ်ရှင် ထက်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း)ကတော့ ၂၀၂၅/၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ လုပ်ခလစာလျှော့ချဖို့ ဒါမှမဟုတ် လစာတွေကို ရပ်ဆိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူမွာ ၂၀၂၆ ခုႏွစ္အတြင္း အလုပ္ရွင္ ၅ ေယာက္မွာ ၃ ေယာက္နီးပါးဟာ ဝန္ထမ္းအေရအတြက္ကို ရပ္တန႔္ထားဖို႔ စီစဥ္ေန
ေရာင္နီ (NP News) - ဒီဇင္ဘာ ၇
စင္ကာပူအမ်ိဳးသားအလုပ္ရွင္မ်ားအဖြဲ႕ခ်ဳပ္ (SNEF) မွ ျပဳလုပ္တဲ့စစ္တမ္းအသစ္တစ္ခုအရ ၂၀၂၆ ခုႏွစ္မွာ အလုပ္ခန႔္ထားမႈရပ္ဆိုင္းျခင္း နဲ႔ လုပ္ခလစာေလွ်ာ့ခ်ျခင္းေတြျပဳလုပ္ဖို႔ အလုပ္ရွင္အမ်ားစုက စီစဥ္ေနတယ္လို႔ သိရပါတယ္။
စစ္တမ္းေကာက္ယူခဲ့တဲ့ အလုပ္ရွင္ ၂၃၈ ဦးမွာ ၇၂ ရာခိုင္ႏႈန္းက ၂၀၂၅ ခုႏွစ္မွာ လုပ္ငန္းအတြက္ မေရရာတဲ့ အလားအလာေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။ ၂၀၂၅ ခုႏွစ္အတြင္း အလုပ္ရွင္ငါးဦးမွာ သုံးဦးနီးပါး (၅၈ ရာခိုင္ႏႈန္း) ဟာ လာမယ့္ႏွစ္မွာ ဝန္ထမ္းဦးေရကို ရပ္ဆိုင္းဖို႔ စီစဥ္ေနၿပီး က်န္တဲ့ သုံးပုံတစ္ပုံကသာ အလုပ္ခန႔္ထား မႈကို တိုးျမႇင့္ဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။ ဒါျပင္ အလုပ္ရွင္ ၈ ရာခိုင္ႏႈန္းခန႔္ကေတာ့ ဝန္ထမ္းဦးေရကို ေလွ်ာ့ခ်ရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဝန္ထမ္း ၂၀၀ ေက်ာ္ရွိတဲ့ ကုမၸဏီႀကီးေတြက ဝန္ထမ္းဦးေရ ေလွ်ာ့ခ်ဖို႔ အလားအလာ ပိုမ်ားၿပီး ဝန္ထမ္း ၅၀ သို႔မဟုတ္ ၅၀ ေအာက္ရွိတဲ့ ကုမၸဏီငယ္ေတြကေတာ့ သူတို႔ရဲ႕ဝန္ထမ္း ဦးေရ ကို ရပ္ဆိုင္းထားဖို႔ အလားအလာ ပိုမ်ားပါတယ္။
အျခား ရႈေထာင့္က ၾကည့္ရင္ေတာ့ အလုပ္ရွင္ေတြ ၄ဝ ရာခိုင္ႏႈန္းဟာ လုပ္ခလစာနည္းတဲ့ အလုပ္သမားေတြကို လာမယ့္ ၂၀၂၆ ခုႏွစ္မွာ လစာတိုးျမႇင့္ေပးဖို႔ စီစဥ္ထားတယ္လို႔ ေတြ႕ရွိရပါတယ္။ ဒါေပမယ့္ အလုပ္ရွင္ ထက္ဝက္နီးပါး (၄၈ ရာခိုင္ႏႈန္း)ကေတာ့ ၂၀၂၅/၂၀၂၆ ဘ႑ာေရးႏွစ္မွာ လုပ္ခလစာေလွ်ာ့ခ်ဖို႔ ဒါမွမဟုတ္ လစာေတြကို ရပ္ဆိုင္းဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။