တရုတ်နဲ့ဂျပန် နိုင်ငံရေး တင်းမာမှုတွေကြောင့် တရုတ်နိုင်ငံမှာ ပရိသတ်မရှိပဲ ဖျော်ဖြေလိုက်ရတဲ့ J-pop အိုင်ကွန် အာယူမီ ဟာမာဆာကီ

204

ရောင်နီ (NP News) - ဒီဇင်ဘာ ၇
တရုတ်နဲ့ ဂျပန်အကြား နိုင်ငံရေးတင်းမာမှုတွေ ရုတ်တရက်မြင့်တက်လာနေတဲ့ကြားက ဂျပန်ပေါ့ပ် အဆိုတော် အာယူမီ ဟာမာဆာကီရဲ့ရှန်ဟိုင်းမှာ ကျင်းပမယ့် ဖျော်ဖြေပွဲတစ်ခုဟာ ဖျက်သိမ်းဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရပါတယ်။
ပွဲကို ဖျက်သိမ်းရမယ့်သတင်းဟာ "မမျှော်လင့်ထားတဲ့ အခြေအနေ" ဖြစ်ခဲ့ပေမယ့် အသက် ၄၇ နှစ်အရွယ် J-pop ဘုရင်မ အာယူမီ ကတော့ သူမ သိခွင့်မရခဲ့တဲ့ အခြေအနေတွေအတွက် မှတ်ချက်ပေးစရာ မရှိဘူးလို့ ဆိုကာ သူမရဲ့ အာရှခရီးစဉ် အချိန်ဇယားအတိုင်း နိုဝင်ဘာ ၂၉ က ပရိသတ်တစ်ဦးမှ မပါဘဲ ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။ ဖျော်ဖြေပွဲအပြည့်အစုံကိုလည်း ပရော်ဖက်ရှင်နယ်ကျကျ အသံသွင်းခဲ့ပြီး နောက်ပိုင်း ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲအပြီးမှာ အာယူမီ က သူမရဲ့ အဖွဲ့ဝင် ၂၀၀ ပါဝင်တဲ့ အဖွဲ့သားတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဒါဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် မမေ့နိုင် စရာ အကောင်းဆုံးဖျော်ဖြေပွဲတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အွန်လိုင်းမှာတော့ သူမရဲ့ ဖျော်ဖြေပွဲ ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ဟာ ပရော်ဖက်ရှင်နယ်ဆန်ပြီး ပရိသတ်အပေါ် စေတနာကို မြင်တွေ့ရတယ်လို့ဆိုကာ ချီးကျူးခံနေရပါတယ်။ တရုတ်နဲ့ ဂျပန် တင်းမာမှုတွေကြား ထိခိုက်ခဲ့ရတဲ့ ဂျပန်အနုပညာရှင်တွေထဲမှာ အာယူမီ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ One Piece anime ရဲ့ theme song ကို သီဆိုခဲ့တဲ့ အဆိုတော် မာကီအိုဆူကီ ဟာလည်း ရှန်ဟိုင်းမှာ ကျင်းပမယ့် သူ့ရဲ့ anime ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရပါတယ်။

Zawgyi Version:
တ႐ုတ္နဲ႔ဂ်ပန္ ႏိုင္ငံေရး တင္းမာမႈေတြေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ပရိသတ္မရွိပဲ ေဖ်ာ္ေျဖလိုက္ရတဲ့ J-pop အိုင္ကြန္ အာယူမီ ဟာမာဆာကီ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၇
တ႐ုတ္နဲ႔ ဂ်ပန္အၾကား ႏိုင္ငံေရးတင္းမာမႈေတြ ႐ုတ္တရက္ျမင့္တက္လာေနတဲ့ၾကားက ဂ်ပန္ေပါ့ပ္ အဆိုေတာ္ အာယူမီ ဟာမာဆာကီရဲ႕ရွန္ဟိုင္းမွာ က်င္းပမယ့္ ေဖ်ာ္ေျဖပြဲတစ္ခုဟာ ဖ်က္သိမ္းဖို႔ အတင္းအက်ပ္ ေစခိုင္းခံခဲ့ရပါတယ္။
ပြဲကို ဖ်က္သိမ္းရမယ့္သတင္းဟာ "မေမွ်ာ္လင့္ထားတဲ့ အေျခအေန" ျဖစ္ခဲ့ေပမယ့္ အသက္ ၄၇ ႏွစ္အ႐ြယ္ J-pop ဘုရင္မ အာယူမီ ကေတာ့ သူမ သိခြင့္မရခဲ့တဲ့ အေျခအေနေတြအတြက္ မွတ္ခ်က္ေပးစရာ မရွိဘူးလို႔ ဆိုကာ သူမရဲ႕ အာရွခရီးစဥ္ အခ်ိန္ဇယားအတိုင္း ႏိုဝင္ဘာ ၂၉ က ပရိသတ္တစ္ဦးမွ မပါဘဲ ေဖ်ာ္ေျဖပြဲကို ဆက္လက္က်င္းပခဲ့ပါတယ္။ ေဖ်ာ္ေျဖပြဲအျပည့္အစုံကိုလည္း ပေရာ္ဖက္ရွင္နယ္က်က် အသံသြင္းခဲ့ၿပီး ေနာက္ပိုင္း ထုတ္လႊင့္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ေဖ်ာ္ေျဖပြဲအၿပီးမွာ အာယူမီ က သူမရဲ႕ အဖြဲ႕ဝင္ ၂၀၀ ပါဝင္တဲ့ အဖြဲ႕သားေတြကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ၿပီး ဒါဟာ သူမရဲ႕ အႏုပညာသက္တမ္းတစ္ေလွ်ာက္ မေမ့ႏိုင္ စရာ အေကာင္းဆုံးေဖ်ာ္ေျဖပြဲေတြထဲက တစ္ခုျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အြန္လိုင္းမွာေတာ့ သူမရဲ႕ ေဖ်ာ္ေျဖပြဲ ဆက္လက္လုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခ်က္ဟာ ပေရာ္ဖက္ရွင္နယ္ဆန္ၿပီး ပရိသတ္အေပၚ ေစတနာကို ျမင္ေတြ႕ရတယ္လို႔ဆိုကာ ခ်ီးက်ဴးခံေနရပါတယ္။ တ႐ုတ္နဲ႔ ဂ်ပန္ တင္းမာမႈေတြၾကား ထိခိုက္ခဲ့ရတဲ့ ဂ်ပန္အႏုပညာရွင္ေတြထဲမွာ အာယူမီ တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ One Piece anime ရဲ႕ theme song ကို သီဆိုခဲ့တဲ့ အဆိုေတာ္ မာကီအိုဆူကီ ဟာလည္း ရွန္ဟိုင္းမွာ က်င္းပမယ့္ သူ႔ရဲ႕ anime ေဖ်ာ္ေျဖပြဲ ဖ်က္သိမ္းလိုက္ရပါတယ္။