ပြင်ဦးလွင်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် မြို့တော်ဖြစ်စေရေးအတွက် ရည်မှန်းဆောင်ရွက်နေဟုဆို

 152

Pearl (NP News) - ဒီဇင်ဘာ ၇

ပြင်ဦးလွင်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် မြို့တော်ဖြစ်စေရေးအတွက် ရည်မှန်းဆောင်ရွက်နေကြောင်းနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အစိုးရအနေဖြင့် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစား၍ စီမံဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသအမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥစ္စာရင်းလို၊ ဥစ္စာရင်းခဲဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့သည်။

ကျန်းမာရေးမြို့တော်ဖြစ်စေရေးနှင့်ပတ်သက်၍ ပြင်ဦးလွင်ဒေသသည် သာယာအေးမြပြီး စိမ်းလန်းစိုပြည်သည့် ရာသီဥတုရှိပြီး အပန်းဖြေအနားယူရန်ကောင်းမွန်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် မြို့တော်ဖြစ်စေရေးအတွက်လည်း ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။

ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာပေးနိုင်သည့် ခေတ်မီဆေးရုံကြီးများဖြစ်ပေါ်လာရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် မကြာမီကာလအတွင်း ပြင်ဦးလွင်မြို့တွင် သုမင်္ဂလာအဆင့်မြင့်ဈေးသစ်ကြီးကို အဆင့်မီစွာဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့်အလားတူ ပြင်ဦးလွင်မြို့၊ မြို့မဈေးကြီးကိုလည်း မြို့ပြအဆင့်မီစွာဖြင့် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပြင်ဦးလွင်ဘူတာကြီးအနီး၌လည်း မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးသစ်ကြီးတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ပြင်ဦးလွင်သို့လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစွာတည်းခိုနိုင်ရေး တည်းခိုသည့်နေရာများကိုပါ ထည့်သွင်းတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားသော မြို့ပြအဆင့်မြှင့်တင်မှုစီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Zawgyi Version:
ျပင္ဦးလြင္ကို က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္သည့္ ၿမိဳ႕ေတာ္ျဖစ္ေစေရးအတြက္ ရည္မွန္းေဆာင္႐ြက္ေနဟုဆို
Pearl (NP News) - ဒီဇင္ဘာ ၇
ျပင္ဦးလြင္ကို က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္သည့္ ၿမိဳ႕ေတာ္ျဖစ္ေစေရးအတြက္ ရည္မွန္းေဆာင္႐ြက္ေနေၾကာင္းႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ယမန္ေန႔ (ဒီဇင္ဘာ ၆ ရက္) က ျပင္ဦးလြင္တပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဗိုလ္ေလာင္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေတြ႕ဆုံစဥ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျပင္ဦးလြင္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဘက္ေပါင္းစုံမွ စဥ္းစား၍ စီမံေဆာင္႐ြက္ေပးလ်က္ရွိၿပီး ေဒသခံမ်ားအေနျဖင့္လည္း မိမိတို႔ေဒသအမွန္တကယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဥစၥာရင္းလို၊ ဥစၥာရင္းခဲျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းေျပာၾကားခဲ့သည္။

က်န္းမာေရးၿမိဳ႕ေတာ္ျဖစ္ေစေရးႏွင့္ပတ္သက္၍ ျပင္ဦးလြင္ေဒသသည္ သာယာေအးျမၿပီး စိမ္းလန္းစိုျပည္သည့္ ရာသီဥတုရွိၿပီး အပန္းေျဖအနားယူရန္ေကာင္းမြန္သည့္အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္သည့္ ၿမိဳ႕ေတာ္ျဖစ္ေစေရးအတြက္လည္း ရည္မွန္းေဆာင္႐ြက္လ်က္ရွိေၾကာင္းေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈေကာင္းမြန္စြာေပးႏိုင္သည့္ ေခတ္မီေဆး႐ုံႀကီးမ်ားျဖစ္ေပၚလာေရးအေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ မၾကာမီကာလအတြင္း ျပင္ဦးလြင္ၿမိဳ႕တြင္ သုမဂၤလာအဆင့္ျမင့္ေဈးသစ္ႀကီးကို အဆင့္မီစြာဖြင့္လွစ္ေပးႏိုင္ေတာ့မည္ျဖစ္ေၾကာင္းႏွင့္အလားတူ ျပင္ဦးလြင္ၿမိဳ႕၊ ၿမိဳ႕မေဈးႀကီးကိုလည္း ၿမိဳ႕ျပအဆင့္မီစြာျဖင့္ အဆင့္ျမႇင့္တင္ႏိုင္ေရးေဆာင္႐ြက္သြားမည္ျဖစ္သကဲ့သို႔ ျပင္ဦးလြင္ဘူတာႀကီးအနီး၌လည္း မီးရထားဟိုတယ္ႏွင့္ အဆင့္ျမင့္ေဈးသစ္ႀကီးတစ္ခုကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ျပင္ဦးလြင္သို႔လာေရာက္လည္ပတ္သည့္ ခရီးသြားမ်ား အဆင္ေျပစြာတည္းခိုႏိုင္ေရး တည္းခိုသည့္ေနရာမ်ားကိုပါ ထည့္သြင္းတည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း၊ အျခားေသာ ၿမိဳ႕ျပအဆင့္ျမႇင့္တင္မႈစီမံကိန္းမ်ားကိုလည္း ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.