တက်တူးမင်တွေက ကိုယ်ခံအားဆဲလ်တွေကို သေစေနိုင်ကြောင်း သုတေသန ထွက်ရှိ

129

ရောင်နီ (NP News) - ဒီဇင်ဘာ ၇
တက်တူးမင်တွေဟာ အရေပြားထဲမှာ လပေါင်းများစွာ ကြာရှည်ခံနိုင်ပြီး ကိုယ်ခံအားဆဲလ်တွေကို သေစေနိုင် ကာ ကာကွယ်ဆေးတွေ အသုံးပြုရတဲ့အခါမှာလည်း ခန္ဓာကိုယ်ရဲ့ကာကွယ်ဆေးတွေအပေါ်တုံ့ပြန်နိုင်မှု အနှောင့် အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ သုတေသနတစ်ရပ် ထွက်ရှိလာပါတယ်။
ဆွစ်ဇာလန်နိုင်ငံ Proceedings Of The National Academy Of Sciences မှ သိပ္ပံပညာရှင်တွေက ဒီသုတေသနကို လုပ်ခဲ့တာဖြစ်ပြီး တက်တူးထိုးပြီးနောက် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ခြေရာခံဖို့ ကြွက်တွေကို အသုံးပြုစမ်းသပ်ခဲ့ပါတယ်။ လေ့လာမှုမှာ အရောင်ခြယ်ပစ္စည်းတွေဟာ မိနစ်ပိုင်းအတွင်း တက်တူးထဲ စိမ့်ဝင်ကာ ကိုယ်ခံအားဆဲလ်တွေ သေဆုံးခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်တာတွေ့ရပါတယ်။ တက်တူး ထိုးထားတဲ့အရေပြားမှာ Pfizer, BioNTech SE ရဲ့ Covid-19 ကာကွယ်ဆေးတွေ ထိုးနှံတဲ့အခါ ပဋိပစ္စည်း တုံ့ပြန်မှုကို မင်က အားနည်းစေတယ်လို့ ဆိုပါတယ်။ ၂ဝ၂၄ ခုနှစ်က လူပေါင်း ၁၂၀၀၀ နီးပါးကို စမ်းသပ်ခဲ့တဲ့ ဆွီဒင် လေ့လာမှုတစ်ခုမှာလည်း တက်တူးထိုးထားသူတွေဟာ မင်မထိုးသူတွေထက် ကင်ဆာအကျိတ်ဖြစ်နိုင်ခြေ ၂၁ ရာခိုင်နှုန်း ပိုများတာတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်ထွက် Pew Research စစ်တမ်းတစ်ခုအရ အမေရိကန်လူကြီး ၃၂ ရာခိုင်နှုန်းဟာ အနည်းဆုံး တက်တူးတစ်ခုရှိပြီး ၂၂ ရာခိုင်နှုန်းဟာ တစ်ခုထက်ပိုရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
တက္တူးမင္ေတြက ကိုယ္ခံအားဆဲလ္ေတြကို ေသေစႏိုင္ေၾကာင္း သုေတသန ထြက္ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၇
တက္တူးမင္ေတြဟာ အေရျပားထဲမွာ လေပါင္းမ်ားစြာ ၾကာရွည္ခံႏိုင္ၿပီး ကိုယ္ခံအားဆဲလ္ေတြကို ေသေစႏိုင္ ကာ ကာကြယ္ေဆးေတြ အသုံးျပဳရတဲ့အခါမွာလည္း ခႏၶာကိုယ္ရဲ႕ကာကြယ္ေဆးေတြအေပၚတုံ႔ျပန္ႏိုင္မႈ အေႏွာင့္ အယွက္ျဖစ္ေစႏိုင္တယ္ဆိုတဲ့ သုေတသနတစ္ရပ္ ထြက္ရွိလာပါတယ္။
ဆြစ္ဇာလန္ႏိုင္ငံ Proceedings Of The National Academy Of Sciences မွ သိပၸံပညာရွင္ေတြက ဒီသုေတသနကို လုပ္ခဲ့တာျဖစ္ၿပီး တက္တူးထိုးၿပီးေနာက္ ျဖစ္လာႏိုင္တဲ့ အေျခအေနေတြကို ေျခရာခံဖို႔ ႂကြက္ေတြကို အသုံးျပဳစမ္းသပ္ခဲ့ပါတယ္။ ေလ့လာမႈမွာ အေရာင္ျခယ္ပစၥည္းေတြဟာ မိနစ္ပိုင္းအတြင္း တက္တူးထဲ စိမ့္ဝင္ကာ ကိုယ္ခံအားဆဲလ္ေတြ ေသဆုံးျခင္းနဲ႔ ေရာင္ရမ္းျခင္းကို ျဖစ္ေပၚေစႏိုင္တာေတြ႕ရပါတယ္။ တက္တူး ထိုးထားတဲ့အေရျပားမွာ Pfizer, BioNTech SE ရဲ႕ Covid-19 ကာကြယ္ေဆးေတြ ထိုးႏွံတဲ့အခါ ပဋိပစၥည္း တုံ႔ျပန္မႈကို မင္က အားနည္းေစတယ္လို႔ ဆိုပါတယ္။ ၂ဝ၂၄ ခုႏွစ္က လူေပါင္း ၁၂၀၀၀ နီးပါးကို စမ္းသပ္ခဲ့တဲ့ ဆြီဒင္ ေလ့လာမႈတစ္ခုမွာလည္း တက္တူးထိုးထားသူေတြဟာ မင္မထိုးသူေတြထက္ ကင္ဆာအက်ိတ္ျဖစ္ႏိုင္ေျခ ၂၁ ရာခိုင္ႏႈန္း ပိုမ်ားတာေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။
၂၀၂၃ ခုႏွစ္ထြက္ Pew Research စစ္တမ္းတစ္ခုအရ အေမရိကန္လူႀကီး ၃၂ ရာခိုင္ႏႈန္းဟာ အနည္းဆုံး တက္တူးတစ္ခုရွိၿပီး ၂၂ ရာခိုင္ႏႈန္းဟာ တစ္ခုထက္ပိုရွိတယ္လို႔ သိရပါတယ္။