အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုနဲ့မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် (၁)ထောင်နီးပါးရှိလာ

72
Pika (NP News) - ဒီဇင်ဘာ ၇
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၉၀၈)ဦး အထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၅၀၀)ကျော်အထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပြီးနောက် (၄)ရက်လောက်အကြာမှာ သေဆုံးသူအရေအတွက်က နောက်ထပ်(၄၀၀)ဦးကျော်အထိ မြင့်တက်လာခဲ့ တာလည်းဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့မှုနဲ့အတူ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ထိုင်းနိုင်ငံတို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကို သီတင်းပတ်(၁)ပတ်ခန့် ကြုံတွေ့ခဲ့ရပြီး လူအများအပြားသေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ဆူမားတြားကျွန်းမြောက်ပိုင်းမှာ အကူအညီပေးရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်တွေကို အသုံးပြုလျက်ရှိပြီး နောက်ထပ်လူ(၄၁၀)ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံမွာ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေၾကာင့္ ေသဆုံးသူအေရအတြက္ (၁)ေထာင္နီးပါးရွိလာ
Pika (NP News) - ဒီဇင္ဘာ ၇
အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကြၽန္းမွာ ေရႀကီးမႈေတြနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၉၀၈)ဦး အထိ ရွိလာခဲ့ၿပီျဖစ္တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးေအဂ်င္စီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကြၽန္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၅၀၀)ေက်ာ္အထိ ရွိလာခဲ့ၿပီျဖစ္တယ္လို႔ အာဏာပိုင္ေတြက သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ (၄)ရက္ေလာက္အၾကာမွာ ေသဆုံးသူအေရအတြက္က ေနာက္ထပ္(၄၀၀)ဦးေက်ာ္အထိ ျမင့္တက္လာခဲ့ တာလည္းျဖစ္ပါတယ္။
ဆိုင္ကလုန္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္ခဲ့မႈနဲ႔အတူ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ထိုင္းႏိုင္ငံတို႔မွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈကို သီတင္းပတ္(၁)ပတ္ခန႔္ ႀကဳံေတြ႕ခဲ့ရၿပီး လူအမ်ားအျပားေသဆုံးခဲ့ရတယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္အထိ ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ဆူမားၾတားကြၽန္းေျမာက္ပိုင္းမွာ အကူအညီေပးေရးနဲ႔ ေထာက္ပံ့ပို႔ေဆာင္ေရးအတြက္ ရဟတ္ယာဥ္ေတြကို အသုံးျပဳလ်က္ရွိၿပီး ေနာက္ထပ္လူ(၄၁၀)ဦးက ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။