UFC Flyweight Champion ဘွဲ့ကို ရယူပြီး မြန်မာကို ကမ္ဘာသိအောင် စွမ်းဆောင်ပြခဲ့ပြီဖြစ်တဲ့ ဂျော့ရှုဝါဗန်

 3802

ရဲထက် (NP News) ဒီဇင်ဘာလ ၇

မြန်မာကိုယ်ပြုဖိုက်တာ ဂျော့ရှုဝါဗန်ဟာ UFC Flyweight လက်ရှိ ချန်ပီယံပန်ဒိုဂျာကို အလဲထိုး ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံအသစ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
ဒါဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ပထမဆုံး ချန်ပီယံအသစ်ဖြစ်လာခဲ့သလို မြန်မာနိုင်ငံကို ကိုယ်စားပြုအနေနဲ့လည်း UFC လို ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားတဲ့ အဆင့်မြင့်ပြိုင်ပွဲမှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပထမဆုံး ချန်ပီယံဖြစ်ခဲ့တာပါ။
ဂျော့ရှုဝါဗန်ဟာ ပန်ဒိုဂျာကို ပွဲစပြီး စက္ကန့် (၂၀) လောက်အကြာမှာပဲ ပန်ဒိုဂျာရဲ့ဟန်ချက်မညီဘဲ လဲကျသွားမှုကနေ ဘယ်လက်တံတောင်ဆစ်လွဲသွားခဲ့ဟန်ရှိပြီး ဒိုင်က ပြိုင်ပွဲကို ရပ်တန့်စေကာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
UFC သမိုင်းမှာ ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် စိတ်ခေါ်ခွင့်ရခဲ့တဲ့ မြန်မာနွယ်ဖွားချင်းတိုင်းရင်းသားဖြစ်တဲ့ ဂျော့ရှုဝါဗန်ဟာ UFC Flyweight Champion of the world ရဲ့ ချန်ပီယံအသစ်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီး မြန်မာကို ကမ္ဘာက သိအောင် မြန်မာဂုဏ်ကို ဆောင်နိုင်ခဲ့ပြီလဲဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအတွက်သာမကဘဲ အရှေ့တောင်အာရှရဲ့ ပထမဆုံး UFC ချန်ပီယံဖြစ်ခဲ့တာကြောင့် အာရှရဲ့ဂုဏ်ကိုပါ ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပိုပြီး ဂုဏ်ယူစရာကောင်းတာကတော့ ချန်ပီယံခါးပတ်ကို (၄)ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့တဲ့ ပန်ဒိုဂျာဟာ မြန်မာနိုင်ငံသား ဂျော့ရှုဝါဗန်နဲ့အတွေ့မှာတော့ အလဲထိုး ဒိုင်ပွဲရပ်နဲ့ အရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။
ပွဲပြီး အင်တာဗျူးမှာတော့ ဂျော့ရှုဝါဗန်က ချန်ပီယံဆုကို ကာကွယ်ဖို့အဆင်သင့်‌ရှိနေတယ်လို့ ပြောဆိုထားပြီး အောင်ပွဲခံသွားခဲ့ပါတယ်။
''ကျွန်တော့်နာမည်မှာ မကြောက်ရွံ့ဘူးဆိုတဲ့နာမည် ပါထားပြီးသား။ ဒီတော့ ဘယ်သူပဲ လာလာ၊ ချန်ပီယံနေရာကို ကျွန်တော် ဆက်ထိန်းမယ်'' လို့ ဗန်က ထိုးသတ်ပြီးချိန် ကြိုးဝိုင်းထဲမှာပဲ ပြောသွားတာပဲဖြစ်ပါတယ်။
အသက် (၂၄) နှစ်အရွယ်သာရှိသေးတဲ့ ဂျော့ရှုဝါဗန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်အတောအတွင်းအထိ လူသိပ်မသိသေးတဲ့အနေအထားကနေ လက်ရှိမှာ UFC သမိုင်းရဲ့ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်လာခဲ့ပြီး UFC Flyweight Champion ဘွဲ့ကိုပါ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
UFC Flyweight Champion ဘြဲ႕ကို ရယူၿပီး ျမန္မာကို ကမာၻသိေအာင္ စြမ္းေဆာင္ျပခဲ့ၿပီျဖစ္တဲ့ ေဂ်ာ့ရႈဝါဗန္
ရဲထက္ (NP News) ဒီဇင္ဘာလ ၇
ျမန္မာကိုယ္ျပဳဖိုက္တာ ေဂ်ာ့ရႈဝါဗန္ဟာ UFC Flyweight လက္ရွိ ခ်န္ပီယံပန္ဒိုဂ်ာကို အလဲထိုး ဒိုင္ပြဲရပ္နဲ႔ အႏိုင္ယူခဲ့ၿပီး ခ်န္ပီယံအသစ္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
ဒါဟာ အေရွ႕ေတာင္အာရွႏိုင္ငံေတြရဲ႕ပထမဆုံး ခ်န္ပီယံအသစ္ျဖစ္လာခဲ့သလို ျမန္မာႏိုင္ငံကို ကိုယ္စားျပဳအေနနဲ႔လည္း UFC လို ကမာၻတစ္ဝန္း နာမည္ေက်ာ္ၾကားတဲ့ အဆင့္ျမင့္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ပထမဆုံး ခ်န္ပီယံျဖစ္ခဲ့တာပါ။
ေဂ်ာ့ရႈဝါဗန္ဟာ ပန္ဒိုဂ်ာကို ပြဲစၿပီး စကၠန႔္ (၂၀) ေလာက္အၾကာမွာပဲ ပန္ဒိုဂ်ာရဲ႕ဟန္ခ်က္မညီဘဲ လဲက်သြားမႈကေန ဘယ္လက္တံေတာင္ဆစ္လြဲသြားခဲ့ဟန္ရွိၿပီး ဒိုင္က ၿပိဳင္ပြဲကို ရပ္တန႔္ေစကာ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။
UFC သမိုင္းမွာ ခ်န္ပီယံခါးပတ္ကို ပထမဆုံးအႀကိမ္ စိတ္ေခၚခြင့္ရခဲ့တဲ့ ျမန္မာႏြယ္ဖြားခ်င္းတိုင္းရင္းသားျဖစ္တဲ့ ေဂ်ာ့ရႈဝါဗန္ဟာ UFC Flyweight Champion of the world ရဲ႕ ခ်န္ပီယံအသစ္အျဖစ္ မွတ္တမ္းေရးထိုးႏိုင္ခဲ့ၿပီး ျမန္မာကို ကမာၻက သိေအာင္ ျမန္မာဂုဏ္ကို ေဆာင္ႏိုင္ခဲ့ၿပီလဲျဖစ္ပါတယ္။

ဒါ့ျပင္ ျမန္မာႏိုင္ငံအတြက္သာမကဘဲ အေရွ႕ေတာင္အာရွရဲ႕ ပထမဆုံး UFC ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ အာရွရဲ႕ဂုဏ္ကိုပါ ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ပိုၿပီး ဂုဏ္ယူစရာေကာင္းတာကေတာ့ ခ်န္ပီယံခါးပတ္ကို (၄)ႀကိမ္တိုင္တိုင္ ကာကြယ္ႏိုင္ခဲ့တဲ့ ပန္ဒိုဂ်ာဟာ ျမန္မာႏိုင္ငံသား ေဂ်ာ့ရႈဝါဗန္နဲ႔အေတြ႕မွာေတာ့ အလဲထိုး ဒိုင္ပြဲရပ္နဲ႔ အရႈံးေပးသြားခဲ့ရတာျဖစ္ပါတယ္။
ပြဲၿပီး အင္တာဗ်ဴးမွာေတာ့ ေဂ်ာ့ရႈဝါဗန္က ခ်န္ပီယံဆုကို ကာကြယ္ဖို႔အဆင္သင့္‌ရွိေနတယ္လို႔ ေျပာဆိုထားၿပီး ေအာင္ပြဲခံသြားခဲ့ပါတယ္။
''ကြၽန္ေတာ့္နာမည္မွာ မေၾကာက္႐ြံ႕ဘူးဆိုတဲ့နာမည္ ပါထားၿပီးသား။ ဒီေတာ့ ဘယ္သူပဲ လာလာ၊ ခ်န္ပီယံေနရာကို ကြၽန္ေတာ္ ဆက္ထိန္းမယ္'' လို႔ ဗန္က ထိုးသတ္ၿပီးခ်ိန္ ႀကိဳးဝိုင္းထဲမွာပဲ ေျပာသြားတာပဲျဖစ္ပါတယ္။
အသက္ (၂၄) ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေဂ်ာ့ရႈဝါဗန္ဟာ လြန္ခဲ့တဲ့ တစ္ႏွစ္အေတာအတြင္းအထိ လူသိပ္မသိေသးတဲ့အေနအထားကေန လက္ရွိမွာ UFC သမိုင္းရဲ႕ဒုတိယအသက္အငယ္ဆုံး ခ်န္ပီယံျဖစ္လာခဲ့ၿပီး UFC Flyweight Champion ဘြဲ႕ကိုပါ ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.