ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွား

 118

Pika (NP News) - ဒီဇင်ဘာ ၇

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ဟာ နယ်စပ်တစ်လျှောက် ပြင်းထန်တဲ့ပစ်ခတ်မှုတွေကို အပြန်အလှန် လုပ်ဆောင် ခဲ့တယ်လို့ နှစ်နိုင်ငံစလုံးရဲ့တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ယခုသီတင်းပတ်အစောပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေ ကျရှုံးသွားခဲ့ပြီးနောက် တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ယခုလိုအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြန်အလှန်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး လူအသေအပျောက် ရှိ/မရှိ ဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။
ပါကစ္စတန်တပ်ဖွဲ့တွေဟာ Kandahar ပြည်နယ် Spin Boldak ခရိုင်မှာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အာဖဂန်နစ္စတန်အစိုးရပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ကြား လုပ်ဆောင်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်ဟာ ဘာရလဒ်မှ ထွက်ပေါ်လာတာမျိုးမရှိဘဲ ကျရှုံးသွားခဲ့ပြီးနောက် အချိန်(၂)ရက်လောက်အကြာမှာ ယခုလိုအပြန်အလှန်ပစ်ခတ်မှု တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္တို႔ၾကား အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြား
Pika (NP News) - ဒီဇင္ဘာ ၇
ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္တို႔ဟာ နယ္စပ္တစ္ေလွ်ာက္ ျပင္းထန္တဲ့ပစ္ခတ္မႈေတြကို အျပန္အလွန္ လုပ္ေဆာင္ ခဲ့တယ္လို႔ ႏွစ္ႏိုင္ငံစလုံးရဲ႕တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ယခုသီတင္းပတ္အေစာပိုင္းမွာ လုပ္ေဆာင္ခဲ့တဲ့ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္တို႔ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ေတြ က်ရႈံးသြားခဲ့ၿပီးေနာက္ တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ယခုလိုအျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အျပန္အလွန္ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး လူအေသအေပ်ာက္ ရွိ/မရွိ ဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။
ပါကစၥတန္တပ္ဖြဲ႕ေတြဟာ Kandahar ျပည္နယ္ Spin Boldak ခ႐ိုင္မွာ တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ အာဖဂန္နစၥတန္အစိုးရေျပာေရးဆိုခြင့္ရွိသူ Zabihullah Mujahid က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္တို႔ၾကား လုပ္ေဆာင္ခဲ့တဲ့ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအသစ္ဟာ ဘာရလဒ္မွ ထြက္ေပၚလာတာမ်ိဳးမရွိဘဲ က်ရႈံးသြားခဲ့ၿပီးေနာက္ အခ်ိန္(၂)ရက္ေလာက္အၾကာမွာ ယခုလိုအျပန္အလွန္ပစ္ခတ္မႈ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.