ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုများကို အစ္စရေးနှင့်လက်ဘနွန်တို့ပြုလုပ်

104

Pika (NP News) - ဒီဇင်ဘာ ၇
အစ္စရေးနှင့်ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့တို့ကြား စစ်ပွဲကိုအဆုံးသတ်သွားစေခဲ့သည့် အမေရိကန်ကြားဝင် စေ့စပ်ပေးထားသော အပစ်အခတ်ရပ် စဲရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစ္စရေးနှင့်လက် ဘနွန်တို့သည် ဆယ်စုနှစ် များစွာအတွင်း ပထမဆုံး အကြိမ် တိုက်ရိုက်ဆွေးနွေးပွဲများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့်လက်ဘနွန်တို့၏ အရပ်ဘက် ကိုယ်စားလှယ်များသည် လက်ဘနွန်နိုင်ငံ Naqoura မြို့ရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့၏ဌာနချုပ်တွင် တွေ့ဆုံမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟု၏ရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။
(၂၀၂၄)ခုနှစ် နိုဝင်ဘာလတွင်ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးအပြီး အချိန်တစ်နှစ်ကျော်အကြာတွင်လုပ် ဆောင်ခဲ့သောဆွေးနွေးပွဲသည် စစ်ဘက်အရာရှိများအစား အရပ်ဘက်အရာရှိများပါဝင်သည့် ပထမဆုံးအစည်း အဝေး ဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါအစည်းအဝေးကို သမိုင်းဝင်သည့် အစည်းအဝေးတစ်ခုအဖြစ် အစ္စရေးဘက်က ဖော်ပြ ပြောဆိုခဲ့ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကနဦးခြေလှမ်းတစ်ခုဖြစ်ကြောင်း ထုတ် ပြန်ပြော ဆိုခဲ့သည်။
အစ္စရေးနှင့်လက်ဘနွန်တို့ကြားလုပ်ဆောင်ခဲ့သောအစည်းအဝေးကို လက်ဘနွန်ဆိုင်ရာ အမေရိ ကန်အထူး သံတမန် မော်ဂန်အော်တာဂတ်စ်လည်း တက်ရောက်ခဲ့ကြောင်းသိရသည်။ အစ္စရေးနှင့် အနာဂတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှန်သမျှသည် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီးနောက်မှသာဖြစ်ပေါ်လာနိုင်ကြောင်း လက်ဘ နွန်ဝန်ကြီးချုပ် နာဝက်ဖ်ဆလမ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အဆိုပါအစည်းအဝေးထွက်ပေါ်လာခြင်းဖြစ်သည်။ နာ ဝက်ဖ်ဆလမ်က ‘ကျွန်တော်တို့အတွက် အဲဒီအဆင့် ကိုရောက်ဖို့က အလှမ်းဝေးနေပါသေးတယ်’ ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ဆယ္စုႏွစ္မ်ားစြာအတြင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ေဆြးေႏြးမႈမ်ားကို အစၥေရးႏွင့္လက္ဘႏြန္တို႔ျပဳလုပ္
Pika (NP News) - ဒီဇင္ဘာ ၇
အစၥေရးႏွင့္ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ၾကား စစ္ပြဲကိုအဆုံးသတ္သြားေစခဲ့သည့္ အေမရိကန္ၾကားဝင္ ေစ့စပ္ေပးထားေသာ အပစ္အခတ္ရပ္ စဲေရး၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ အစၥေရးႏွင့္လက္ ဘႏြန္တို႔သည္ ဆယ္စုႏွစ္ မ်ားစြာအတြင္း ပထမဆုံး အႀကိမ္ တိုက္႐ိုက္ေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အစၥေရးႏွင့္လက္ဘႏြန္တို႔၏ အရပ္ဘက္ ကိုယ္စားလွယ္မ်ားသည္ လက္ဘႏြန္ႏိုင္ငံ Naqoura ၿမိဳ႕ရွိ ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းေရးတပ္ဖြဲ႕၏ဌာနခ်ဳပ္တြင္ ေတြ႕ဆုံမႈမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟု၏႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့သည္။
(၂၀၂၄)ခုႏွစ္ ႏိုဝင္ဘာလတြင္ရရွိခဲ့ေသာ အပစ္အခတ္ရပ္စဲေရးအၿပီး အခ်ိန္တစ္ႏွစ္ေက်ာ္အၾကာတြင္လုပ္ ေဆာင္ခဲ့ေသာေဆြးေႏြးပြဲသည္ စစ္ဘက္အရာရွိမ်ားအစား အရပ္ဘက္အရာရွိမ်ားပါဝင္သည့္ ပထမဆုံးအစည္း အေဝး ျဖစ္ေၾကာင္းလည္းသိရသည္။ အဆိုပါအစည္းအေဝးကို သမိုင္းဝင္သည့္ အစည္းအေဝးတစ္ခုအျဖစ္ အစၥေရးဘက္က ေဖာ္ျပ ေျပာဆိုခဲ့ၿပီး အနာဂတ္တြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ ကနဦးေျခလွမ္းတစ္ခုျဖစ္ေၾကာင္း ထုတ္ ျပန္ေျပာ ဆိုခဲ့သည္။
အစၥေရးႏွင့္လက္ဘႏြန္တို႔ၾကားလုပ္ေဆာင္ခဲ့ေသာအစည္းအေဝးကို လက္ဘႏြန္ဆိုင္ရာ အေမရိ ကန္အထူး သံတမန္ ေမာ္ဂန္ေအာ္တာဂတ္စ္လည္း တက္ေရာက္ခဲ့ေၾကာင္းသိရသည္။ အစၥေရးႏွင့္ အနာဂတ္စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမွန္သမွ်သည္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ရရွိၿပီးေနာက္မွသာျဖစ္ေပၚလာႏိုင္ေၾကာင္း လက္ဘ ႏြန္ဝန္ႀကီးခ်ဳပ္ နာဝက္ဖ္ဆလမ္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အဆိုပါအစည္းအေဝးထြက္ေပၚလာျခင္းျဖစ္သည္။ နာ ဝက္ဖ္ဆလမ္က ‘ကြၽန္ေတာ္တို႔အတြက္ အဲဒီအဆင့္ ကိုေရာက္ဖို႔က အလွမ္းေဝးေနပါေသးတယ္’ ဟုေျပာဆိုခဲ့သည္။