ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးသင့်ခဲ့သည့် သီရိလင်္ကာရှိပြည်သူများအတွက် မြန်မာမှ ဆန်တန်ချိန် ၅ဝဝ ပေးပို့လှူဒါန်းသွားမည်

188

Pearl (NP News) - ဒီဇင်ဘာ ၇
ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးသင့်ခဲ့သည့် သီရိလင်္ကာရှိပြည်သူများအတွက် မြန်မာမှ ဆန်တန်ချိန် ၅၀၀ ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းဒီဝါကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်ပြည်သူများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဆေးဝါးနှင့်ဆေးပစ္စည်း ၂၆ မျိုး တန်ချိန် ၆ ဒသမ ၉၃၈ တန်၊ တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် သွားတိုက်ဆေးဘူး ၅၀၀၀၀ နှင့် သွားတိုက်တံအချောင်း ၅၀၀၀၊ တန်ချိန် ၂ ဒသမ ၂၆၂ တန် စုစုပေါင်း တန်ချိန် ၉ ဒသမ ၂ တန်ကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ သီရိလင်္ကာနိုင်ငံသို့ သွားရောက်ပို့ဆောင်လှူဒါန်းသည်။
အဆိုပါလှူဒါန်းမှုများအပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်တန်ချိန် ၅၀၀ တို့ကိုလည်း ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ရာ လှူဒါန်းမှုတန်ဖိုး စုစုပေါင်း မြန်မာငွေကျပ် ၁၃၅၈ ဒသမ ၄၄ သန်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေရႀကီးေရလွ်ံမႈႏွင့္ ေျမၿပိဳမႈေဘးသင့္ခဲ့သည့္ သီရိလကၤာရွိျပည္သူမ်ားအတြက္ ျမန္မာမွ ဆန္တန္ခ်ိန္ ၅ဝဝ ေပးပို႔လႉဒါန္းသြားမည္
Pearl (NP News) - ဒီဇင္ဘာ ၇
ေရႀကီးေရလွ်ံမႈႏွင့္ ေျမၿပိဳမႈေဘးသင့္ခဲ့သည့္ သီရိလကၤာရွိျပည္သူမ်ားအတြက္ ျမန္မာမွ ဆန္တန္ခ်ိန္ ၅၀၀ ေပးပို႔ လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
သီရိလကၤာႏိုင္ငံ၌ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာ ၂၈ ရက္တြင္တိုက္ခတ္ခဲ့သည့္ ဆိုင္ကလုန္းမုန္တိုင္းဒီဝါေၾကာင့္ ေရႀကီးေရလွ်ံမႈႏွင့္ ေျမၿပိဳမႈမ်ားျဖစ္ပြားခဲ့ရာ ေဘးသင့္ျပည္သူမ်ားအတြက္ ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္မႈျဖင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရႏွင့္ျပည္သူမ်ားက လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ား ေပးအပ္လႉဒါန္းလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ေဆးဝါးႏွင့္ေဆးပစၥည္း ၂၆ မ်ိဳး တန္ခ်ိန္ ၆ ဒသမ ၉၃၈ တန္၊ တစ္ကိုယ္ေရသုံးပစၥည္းမ်ားျဖစ္သည့္ သြားတိုက္ေဆးဘူး ၅၀၀၀၀ ႏွင့္ သြားတိုက္တံအေခ်ာင္း ၅၀၀၀၊ တန္ခ်ိန္ ၂ ဒသမ ၂၆၂ တန္ စုစုေပါင္း တန္ခ်ိန္ ၉ ဒသမ ၂ တန္ကို ယေန႔တြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတို႔မွ တာဝန္ရွိသူမ်ားႏွင့္အတူ တပ္မေတာ္ေလယာဥ္ျဖင့္ ရန္ကုန္ၿမိဳ႕မွ သီရိလကၤာႏိုင္ငံသို႔ သြားေရာက္ပို႔ေဆာင္လႉဒါန္းသည္။
အဆိုပါလႉဒါန္းမႈမ်ားအျပင္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံေငြမွ အေမရိကန္ေဒၚလာ ၁၀၀၀၀၀ ႏွင့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ဆန္တန္ခ်ိန္ ၅၀၀ တို႔ကိုလည္း ဆက္လက္ေပးပို႔လႉဒါန္းသြားမည္ျဖစ္ရာ လႉဒါန္းမႈတန္ဖိုး စုစုေပါင္း ျမန္မာေငြက်ပ္ ၁၃၅၈ ဒသမ ၄၄ သန္းျဖစ္ေၾကာင္း သိရသည္။