မန်းရွှေစက်တော် ဘုရားပွဲလာပြည်သူများ၏ လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူပေးမည်ဟုဆို

 467

Pearl (NP News) - ဒီဇင်ဘာ ၇

မန်းရွှေစက်တော် ဘုရားပွဲ၏ လုံခြုံရေးအတွက် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက အပြည့်အဝတာဝန်ယူပေး မည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင် ဦးအေးကိုက NP News သို့ ပြောသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို လာမည့် (၂၀၂၆) ခုနှစ် ဇန်နဝါရီလက စတင်ပြီး ဧပြီလ (၁၇) ရက်အထိ (၈၆) ရက်ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
“တပို့တွဲလဆန်း (၅)ရက် (ဇန်နဝါရီလ ၂၂ ရက်) ဖွင့်ပွဲစမယ်။ မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီလ ၁၇ ရက်) မှာ ပိတ်မယ်။ အခု မန်းချောင်း သောင်ပြင်ပြင်တဲ့လုပ်ငန်းတွေ ၊ ဘုရားကြီးနဲ့ ပတ်သက်ပြီး ပြုပြင်မွမ်းမံရမယ့်လုပ်ငန်းတွေ ဆောင်ရွက် နေပါပြီ။ ဆိုင်ခန်းတွေဆိုရင်လည်း သတင်းစာမှာ ကြော်ငြာထည့်ပါမယ်။ ထည့်ပြီးရင် ဆိုင်ခန်းလျှောက် လွှာတွေ၊ တဲခန်းလေလံတွေကို ဒီဇင်ဘာလ (၈) ရက်ကနေ စပြီးရောင်းဖို့ စီစဉ်ထားပါတယ်။ ဈေးနှုန်းကတော့ မနှစ်က ထက် လျော့ဖို့ပဲရှိပါတယ်။ တိုးဖို့မရှိ ပါဘူး။ မနှစ်က တည်းခိုခတွေလည်း (၄)သောင်းတို့ (၆)သောင်းတို့ပဲ ရှိတယ်။ ဈေးဆိုင်ခန်းတွေကလည်း တစ်ခန်းကို (၃) သိန်းတို့ ၊ (၂) သိန်းတို့ရှိပါတယ်” ဟု ဦးအေးကိုက NP News သို့ပြောသည်။
လက်ရှိတွင် ပွဲတော်ဖြစ်မြောက်ရေးအတွက် ဘုရားပွဲတော်မုခ်ဦးနှင့်ဖွင့်ပွဲအခမ်းအနားပြင်ဆင်ရန်၊ ဘုရားပွဲ မြေနေရာ မန်းချောင်းသောင်ပြင်၊ ပြင်ဆင်ရေး၊ အဆောက်အအုံ၊ အထူးတံတား၊ ဈေး ဆိုင်ခန်း၊ တည်းခိုဆောင်များ နေရာချထားရန်နှင့် ဆောက်လုပ်ရေး၊ ပွဲတော်နှင့်ပတ်သက်သော တင်ဒါ၊ လေလံ၊ ခေါ်ယူရောင်းချရေးလုပ်ငန်းများ ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ သတင်းနှင့် ပြန်ကြားရေး၊ ဘုရားပွဲတော် လုံခြုံရေးစသည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးမှုများပြုလုပ်နေကြောင်း လည်း သိရသည်။
ထို့ပြင် မန်းရွှေစက်တော်ဘုရားပွဲ၏ လုံခြုံရေးအတွက် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက အပြည့်အဝတာဝန်ယူ ပေးမည်ဖြစ်ပြီး ဘုရားဖူးလာ ရောက်လိုသူများအနေဖြင့် စိတ်ချစွာလာရောက်နိုင် ကြောင်းလည်း သိရသည်။
“ပြီးခဲ့တဲ့နှစ်က ပွဲတော်ကာလတစ် လျှောက်လုံး သိန်းဂဏန်းကျော်တယ်။ ဒီနှစ်တော့ တခြားပွဲတော်ကို အခြေအနေကြည့်ရတာရောဆိုရင် များမယ်လို့တော့ မျှော်လင့်ရတာပေါ့ဗျာ။ မနှစ်က မလိုလားအပ်တဲ့ ကောလာ ဟလတွေကသာ အနှောင့်အယှက်ဖြစ်နေတာ။ တကယ့်တကယ်က အားလုံးအေးအေးချမ်းချမ်းပဲဆိုတော့ ဘုရားဖူးလာဖို့ ဖိတ်ခေါ်ပါတယ်။ စိတ်ချလက်ချလာပါ။ အားလုံးပဲ လမ်းခရီးရော ၊ ဘုရားနယ်မြေမှာရော အေးအေးချမ်း ချမ်းပဲ ရှိပါတယ်။ လုံခြုံရေးကတော့ တပ်မတော်နဲ့ ရဲနဲ့အကုန်လုံးအပြည့်အဝတာဝန်ယူထားပါတယ်။ ဘာအနှောင့်အယှက် အဟန့်အတား မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
မန္းေ႐ႊစက္ေတာ္ ဘုရားပြဲလာျပည္သူမ်ား၏ လုံၿခဳံေရးအတြက္ အျပည့္အဝ တာဝန္ယူေပးမည္ဟုဆို
Pearl (NP News) - ဒီဇင္ဘာ ၇
မန္းေ႐ႊစက္ေတာ္ ဘုရားပြဲ၏ လုံၿခဳံေရးအတြက္ တပ္မေတာ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားက အျပည့္အဝတာဝန္ယူေပး မည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ ဘုရားႀကီး၏ ေဂါပကအဖြဲ႕ဝင္ ဦးေအးကိုက NP News သို႔ ေျပာသည္။
မေကြးတိုင္းေဒသႀကီး မင္းဘူးခ႐ိုင္ မင္းဘူး(စကု)ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ ဘုရားပြဲေတာ္ကို လာမည့္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလက စတင္ၿပီး ဧၿပီလ (၁၇) ရက္အထိ (၈၆) ရက္ၾကာ အစဥ္အလာမပ်က္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြား မည္ျဖစ္ေၾကာင္း သိရသည္။
“တပို႔တြဲလဆန္း (၅)ရက္ (ဇန္နဝါရီလ ၂၂ ရက္) ဖြင့္ပြဲစမယ္။ ျမန္မာႏွစ္ဆန္းတစ္ရက္ (ဧၿပီလ ၁၇ ရက္) မွာ ပိတ္မယ္။ အခု မန္းေခ်ာင္း ေသာင္ျပင္ျပင္တဲ့လုပ္ငန္းေတြ ၊ ဘုရားႀကီးနဲ႔ ပတ္သက္ၿပီး ျပဳျပင္မြမ္းမံရမယ့္လုပ္ငန္းေတြ ေဆာင္႐ြက္ ေနပါၿပီ။ ဆိုင္ခန္းေတြဆိုရင္လည္း သတင္းစာမွာ ေၾကာ္ျငာထည့္ပါမယ္။ ထည့္ၿပီးရင္ ဆိုင္ခန္းေလွ်ာက္ လႊာေတြ၊ တဲခန္းေလလံေတြကို ဒီဇင္ဘာလ (၈) ရက္ကေန စၿပီးေရာင္းဖို႔ စီစဥ္ထားပါတယ္။ ေဈးႏႈန္းကေတာ့ မႏွစ္က ထက္ ေလ်ာ့ဖို႔ပဲရွိပါတယ္။ တိုးဖို႔မရွိ ပါဘူး။ မႏွစ္က တည္းခိုခေတြလည္း (၄)ေသာင္းတို႔ (၆)ေသာင္းတို႔ပဲ ရွိတယ္။ ေဈးဆိုင္ခန္းေတြကလည္း တစ္ခန္းကို (၃) သိန္းတို႔ ၊ (၂) သိန္းတို႔ရွိပါတယ္” ဟု ဦးေအးကိုက NP News သို႔ေျပာသည္။
လက္ရွိတြင္ ပြဲေတာ္ျဖစ္ေျမာက္ေရးအတြက္ ဘုရားပြဲေတာ္မုခ္ဦးႏွင့္ဖြင့္ပြဲအခမ္းအနားျပင္ဆင္ရန္၊ ဘုရားပြဲ ေျမေနရာ မန္းေခ်ာင္းေသာင္ျပင္၊ ျပင္ဆင္ေရး၊ အေဆာက္အအုံ၊ အထူးတံတား၊ ေဈး ဆိုင္ခန္း၊ တည္းခိုေဆာင္မ်ား ေနရာခ်ထားရန္ႏွင့္ ေဆာက္လုပ္ေရး၊ ပြဲေတာ္ႏွင့္ပတ္သက္ေသာ တင္ဒါ၊ ေလလံ၊ ေခၚယူေရာင္းခ်ေရးလုပ္ငန္းမ်ား ၊ လွ်ပ္စစ္မီး၊ က်န္းမာေရး၊ သတင္းႏွင့္ ျပန္ၾကားေရး၊ ဘုရားပြဲေတာ္ လုံၿခဳံေရးစသည့္ က႑အလိုက္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားကို ေဆြးေႏြးမႈမ်ားျပဳလုပ္ေနေၾကာင္း လည္း သိရသည္။
ထို႔ျပင္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲ၏ လုံၿခဳံေရးအတြက္ တပ္မေတာ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားက အျပည့္အဝတာဝန္ယူ ေပးမည္ျဖစ္ၿပီး ဘုရားဖူးလာ ေရာက္လိုသူမ်ားအေနျဖင့္ စိတ္ခ်စြာလာေရာက္ႏိုင္ ေၾကာင္းလည္း သိရသည္။
“ၿပီးခဲ့တဲ့ႏွစ္က ပြဲေတာ္ကာလတစ္ ေလွ်ာက္လုံး သိန္းဂဏန္းေက်ာ္တယ္။ ဒီႏွစ္ေတာ့ တျခားပြဲေတာ္ကို အေျခအေနၾကည့္ရတာေရာဆိုရင္ မ်ားမယ္လို႔ေတာ့ ေမွ်ာ္လင့္ရတာေပါ့ဗ်ာ။ မႏွစ္က မလိုလားအပ္တဲ့ ေကာလာ ဟလေတြကသာ အေႏွာင့္အယွက္ျဖစ္ေနတာ။ တကယ့္တကယ္က အားလုံးေအးေအးခ်မ္းခ်မ္းပဲဆိုေတာ့ ဘုရားဖူးလာဖို႔ ဖိတ္ေခၚပါတယ္။ စိတ္ခ်လက္ခ်လာပါ။ အားလုံးပဲ လမ္းခရီးေရာ ၊ ဘုရားနယ္ေျမမွာေရာ ေအးေအးခ်မ္း ခ်မ္းပဲ ရွိပါတယ္။ လုံၿခဳံေရးကေတာ့ တပ္မေတာ္နဲ႔ ရဲနဲ႔အကုန္လုံးအျပည့္အဝတာဝန္ယူထားပါတယ္။ ဘာအေႏွာင့္အယွက္ အဟန႔္အတား မရွိပါဘူး” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.