ကမ္ဘောဒီးယားနိုင်ငံက မြေမြှုပ်မိုင်းနှင့်ပတ်သက်သော စည်းကမ်းများကို ချိုးဖောက်နေဟု ထိုင်းအစိုးရ စွပ်စွဲ

163

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၇
ထိုင်းအစိုးရက ကမ္ဘောဒီးယားနိုင်ငံသည် မြေမြှုပ်မိုင်းနှင့်ပတ်သက်သော စည်းကမ်းများကို ချိုး ဖောက်လျက်ရှိ နေသည့်အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့များလာရောက်လေ့လာရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။ ထိုင်းအစိုးရက ကမ္ဘောဒီးယားသည် နယ်စပ်ဒေသတစ်လျှောက်တွင် လူကိုထိခိုက်သေဆုံး စေမည့်မြေမြှုပ် မိုင်းအသစ်များထပ်မံချထားပြီး Ottawa စာချုပ်ကို ချိုးဖောက်လျက်ရှိနေကြောင်း စွပ်စွဲထားသည်။ နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီးနောက် ထိုင်းအစိုးရက ကုလသမဂ္ဂအစည်းအဝေးတွင် ယင်းကဲ့သို့ စွပ်စွဲပြော ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းအစိုးရက ၎င်းတို့အနေဖြင့် အာဆီယံလေ့လာရေးအဖွဲ့၏ ကူညီ ထောက်ပံ့မှုဖြင့် သက်သေအခိုင်အမာ ရရှိထားပြီးဖြစ်ကြောင်း၊ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင် အဖွဲ့များကို လည်း လာရောက်စုံစမ်းစစ်ဆေးစေလို ကြောင်း တောင်းဆိုထားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ဒေသ အငြင်းပွားမှုများကြောင့် ဇူလိုင်လအတွင်းအပြန်အလှန် ပစ်ခတ်မှုများစတင်ခဲ့ပြီးနောက် အမေရိကန်သမ္မတ၏ ကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ သော်လည်း လက်ရှိအချိန် အထိ အပြန်အလှန် စွပ်စွဲမှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ‘ကမ္ဘော ဒီးယားဟာ မြေမြှုပ်မိုင်းအသစ်တွေ ထပ်မံချထားပြီးချိုးဖောက်မှုများ ထပ်မံလုပ်ဆောင်ခဲ့လို့ ထိုင်းစစ်သားတစ်ဦးနဲ့အရပ်သား (၇) ဦး ဒဏ်ရာရထားတယ်}ဟုပြောသည်။ ကမ္ဘောဒီးယား အစိုးရ ကတော့ ထိုင်း စစ်သားများနှင့် အရပ်သားများ ဒဏ်ရာရခဲ့သော မြေမြှုပ်မိုင်းသည် ယခင်စစ်ပွဲများအတွင်း ကျန်ခဲ့သည့် လက်ကျန်မိုင်းများကြောင့်ဖြစ်သည်ဟု တုံ့ပြန်ထား သည်။
လက်ရှိအချိန်တွင် ကမ္ဘောဒီးယားအစိုးရ၏ ပြောဆိုချက်များသည် ထိုင်းနိုင်ငံဘက်မှ ရရှိခဲ့သော သက်သေ အထောက်အထားများနှင့် ဆန့်ကျင် ဘက်ဖြစ်နေကြောင်း သိရသည်။

Zawgyi Version:
ကေမာၻဒီးယားႏိုင္ငံက ေျမျမႇဳပ္မိုင္းႏွင့္ပတ္သက္ေသာ စည္းကမ္းမ်ားကို ခ်ိဳးေဖာက္ေနဟု ထိုင္းအစိုးရ စြပ္စြဲ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၇
ထိုင္းအစိုးရက ကေမာၻဒီးယားႏိုင္ငံသည္ ေျမျမႇဳပ္မိုင္းႏွင့္ပတ္သက္ေသာ စည္းကမ္းမ်ားကို ခ်ိဳး ေဖာက္လ်က္ရွိ ေနသည့္အတြက္ ႏိုင္ငံတကာ စုံစမ္းစစ္ေဆးေရးအဖြဲ႕မ်ားလာေရာက္ေလ့လာရန္ တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရသည္။ ထိုင္းအစိုးရက ကေမာၻဒီးယားသည္ နယ္စပ္ေဒသတစ္ေလွ်ာက္တြင္ လူကိုထိခိုက္ေသဆုံး ေစမည့္ေျမျမႇဳပ္ မိုင္းအသစ္မ်ားထပ္မံခ်ထားၿပီး Ottawa စာခ်ဳပ္ကို ခ်ိဳးေဖာက္လ်က္ရွိေနေၾကာင္း စြပ္စြဲထားသည္။ နယ္စပ္ေဒသတြင္ ေျမျမႇဳပ္မိုင္းေၾကာင့္ ထိုင္းစစ္သားတစ္ဦး ဒဏ္ရာရခဲ့ၿပီးေနာက္ ထိုင္းအစိုးရက ကုလသမဂၢအစည္းအေဝးတြင္ ယင္းကဲ့သို႔ စြပ္စြဲေျပာ ဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထိုင္းအစိုးရက ၎တို႔အေနျဖင့္ အာဆီယံေလ့လာေရးအဖြဲ႕၏ ကူညီ ေထာက္ပံ့မႈျဖင့္ သက္ေသအခိုင္အမာ ရရွိထားၿပီးျဖစ္ေၾကာင္း၊ ႏိုင္ငံတကာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္ အဖြဲ႕မ်ားကို လည္း လာေရာက္စုံစမ္းစစ္ေဆးေစလို ေၾကာင္း ေတာင္းဆိုထားသည္။
ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ နယ္စပ္ေဒသ အျငင္းပြားမႈမ်ားေၾကာင့္ ဇူလိုင္လအတြင္းအျပန္အလွန္ ပစ္ခတ္မႈမ်ားစတင္ခဲ့ၿပီးေနာက္ အေမရိကန္သမၼတ၏ ၾကားဝင္ေစ့စပ္မႈေၾကာင့္ အပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ ေသာ္လည္း လက္ရွိအခ်ိန္ အထိ အျပန္အလွန္ စြပ္စြဲမႈမ်ားရွိေနဆဲျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ‘ကေမာၻ ဒီးယားဟာ ေျမျမႇဳပ္မိုင္းအသစ္ေတြ ထပ္မံခ်ထားၿပီးခ်ိဳးေဖာက္မႈမ်ား ထပ္မံလုပ္ေဆာင္ခဲ့လို႔ ထိုင္းစစ္သားတစ္ဦးနဲ႔အရပ္သား (၇) ဦး ဒဏ္ရာရထားတယ္}ဟုေျပာသည္။ ကေမာၻဒီးယား အစိုးရ ကေတာ့ ထိုင္း စစ္သားမ်ားႏွင့္ အရပ္သားမ်ား ဒဏ္ရာရခဲ့ေသာ ေျမျမႇဳပ္မိုင္းသည္ ယခင္စစ္ပြဲမ်ားအတြင္း က်န္ခဲ့သည့္ လက္က်န္မိုင္းမ်ားေၾကာင့္ျဖစ္သည္ဟု တုံ႔ျပန္ထား သည္။
လက္ရွိအခ်ိန္တြင္ ကေမာၻဒီးယားအစိုးရ၏ ေျပာဆိုခ်က္မ်ားသည္ ထိုင္းႏိုင္ငံဘက္မွ ရရွိခဲ့ေသာ သက္ေသအေထာက္အထားမ်ားႏွင့္ ဆန႔္က်င္ ဘက္ျဖစ္ေနေၾကာင္း သိရသည္။