ရဝမ်ဒါ နှင့် ကွန်ဂိုနိုင်ငံကြား (၁၀)စုနှစ်ချီဖြစ်နေသည့်စစ်ပွဲအဆုံးသတ်ရန် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆို

113

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၇
အာဖရိကတိုက်ရှိ ရဝမ်ဒါသမ္မတနှင့် ကွန်ဂိုသမ္မတတို့သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရှေ့ မှောက်တွင် ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုး လိုက်ကြောင်းသိရသည်။ ကွန်ဂိုသမ္မတ ဖိလစ်တီရှီစီ ကီဒီနှင့် ရဝမ်ဒါသမ္မတ ပေါ်ကာဂါမီတို့သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်မကြာမီတွင် ဆယ်စုနှစ်နှင့်ချီပြီး ဖြစ်ပွားနေ သောပဋိပက္ခများကိုအဆုံးသတ်ရန် ငြိမ်းချမ်းရေးစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရဝမ်ဒါနှင့်ကွန်ဂိုနိုင်ငံကြားဖြစ်ပွားနေသော ပဋိပက္ခ များကိုအဆုံး သတ်နိုင်ရန် ကြားဝင်စေ့စပ်ဆွေးနွေးခဲ့ပြီးနောက် ငြိမ်းချမ်းရေးစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြောင်းသိရသည်။
ရဝမ်ဒါသမ္မတက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ငြိမ်းချမ်းရေးကိုအထောက်ကူဖြစ်စေ သည့်အခွင့် ရေးကောင်းများကို ချက်ချင်းရယူနိုင်စွမ်း ရှိသည့်ခေါင်းဆောင်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ သည်။ ရဝမ်ဒါ နိုင်ငံခြား ရေးဝန်ကြီးနှင့် ကွန်ဂို နိုင်ငံခြားရေးဝန်ကြီးတို့သည် ပြီးခဲ့သည့်ဇွန်လတွင် အပစ် အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးခဲ့သော်လည်း သဘောတူညီမှုစာချုပ်များကို ချိုးဖောက်မှုများ ရှိခဲ့သည်ဟု အပြန်အလှန်စွပ်စွဲခဲ့ပြီး တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း အမေရိကန်သမ္မတရှေ့မှောက်တွင် ကွန်ဂိုသမ္မတ ဖိလစ်တီရှီစီကီဒီနှင့် ရဝမ်ဒါသမ္မတ ပေါ်ကာဂါမီတို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
သဘာဝအရင်းမြစ်ပေါကြွယ်ဝသော ကွန်ဂိုနိုင်ငံတွင် ကွန်ဂိုစစ်သားများနှင့် ရဝမ်ဒါအစိုးရက ကျောထောက် နောက်ခံပြုထားသည့်လက်နက်ကိုင်အဖွဲ့ ကြား နှစ်ပေါင်းများစွာကြာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကွန်ဂိုနှင့်ရဝမ်ဒါနိုင်ငံကြား အငြင်းပွားမှုများ၊ တင်း မာမှုများ ပိုမိုဖြစ်ခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အဆိုပါ ငြိမ်းချမ်းရေးစာချုပ်သည် ရဝမ်ဒါနှင့်ကွန်ဂိုနိုင်ငံ ကြား ဆယ်စုနှစ် နှင့်ချီပြီးဖြစ်ပွားနေသောပဋိပက္ခများကို အမြဲတမ်းအပစ်ခတ်ရပ်စဲထားနိုင်ရန်ရည်ရွယ်ကြောင်း၊ စာချုပ်အရ ကွန်ဂိုအစိုးရ ကို တိုက်ခိုက်နေ သည့်လက်နက်ကိုင်အဖွဲ့များ လက်နက်ဖြုတ်သိမ်းရ မည်ဖြစ်သလို ဒုက္ခသည်များ နေရပ်ပြန်ခွင့်ပေးရ မည် ဆိုသောအချက်များပါဝင်နေကြောင်းပြောသည်။
ဒေါ်နယ်ထရမ့်က ‘ငြိမ်းချမ်းရေးစာချုပ်နဲ့ ပတ်သက်ပြီး ရဝမ်ဒါနဲ့ ကွန်ဂိုခေါင်းဆောင်တွေကို ယုံ ကြည်မှုအပြည့်ရှိ ပါတယ်’ ဟုပြောသည်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်အပြင် ကွန်ဂိုနှင့်ရဝမ်ဒါသမ္မတတို့ ပါဝင်လက်မှတ်ရေး ထိုးခဲ့ သော ငြိမ်းချမ်းရေးစာချုပ် နှင့်ပတ်သက်ပြီး အာဖရိကတိုက်အတွင်းရှိ နိုင်ငံ့ခေါင်း ဆောင်များကလည်း ချီးကျူးပြော ဆိုခဲ့ကြောင်းသိရသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတ အဖြစ်တာဝန်ယူပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းရှိလက် နက်ကိုင်ပဋိပက္ခ ပေါင်း အနည်းဆုံး(၅)ခုကို အပစ်အ ခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရဝမ္ဒါ ႏွင့္ ကြန္ဂိုႏိုင္ငံၾကား (၁၀)စုႏွစ္ခ်ီျဖစ္ေနသည့္စစ္ပြဲအဆုံးသတ္ရန္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၇
အာဖရိကတိုက္ရွိ ရဝမ္ဒါသမၼတႏွင့္ ကြန္ဂိုသမၼတတို႔သည္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ေရွ႕ ေမွာက္တြင္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္လက္မွတ္ေရးထိုး လိုက္ေၾကာင္းသိရသည္။ ကြန္ဂိုသမၼတ ဖိလစ္တီရွီစီ ကီဒီႏွင့္ ရဝမ္ဒါသမၼတ ေပၚကာဂါမီတို႔သည္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ေနာက္မၾကာမီတြင္ ဆယ္စုႏွစ္ႏွင့္ခ်ီၿပီး ျဖစ္ပြားေန ေသာပဋိပကၡမ်ားကိုအဆုံးသတ္ရန္ ၿငိမ္းခ်မ္းေရးစာ ခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ရဝမ္ဒါႏွင့္ကြန္ဂိုႏိုင္ငံၾကားျဖစ္ပြားေနေသာ ပဋိပကၡ မ်ားကိုအဆုံး သတ္ႏိုင္ရန္ ၾကားဝင္ေစ့စပ္ေဆြးေႏြးခဲ့ၿပီးေနာက္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္တြင္ ပါဝင္လက္မွတ္ ေရးထိုးခဲ့ေၾကာင္းသိရသည္။
ရဝမ္ဒါသမၼတက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ၿငိမ္းခ်မ္းေရးကိုအေထာက္ကူျဖစ္ေစ သည့္အခြင့္ ေရးေကာင္းမ်ားကို ခ်က္ခ်င္းရယူႏိုင္စြမ္း ရွိသည့္ေခါင္းေဆာင္ျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာဆိုခဲ့ သည္။ ရဝမ္ဒါ ႏိုင္ငံျခား ေရးဝန္ႀကီးႏွင့္ ကြန္ဂို ႏိုင္ငံျခားေရးဝန္ႀကီးတို႔သည္ ၿပီးခဲ့သည့္ဇြန္လတြင္ အပစ္ အခတ္ရပ္စဲေရးစာခ်ဳပ္ လက္မွတ္ေရး ထိုးခဲ့ေသာ္လည္း သေဘာတူညီမႈစာခ်ဳပ္မ်ားကို ခ်ိဳးေဖာက္မႈမ်ား ရွိခဲ့သည္ဟု အျပန္အလွန္စြပ္စြဲခဲ့ၿပီး တိုက္ခိုက္မႈမ်ား ရွိခဲ့ေသာ္လည္း အေမရိကန္သမၼတေရွ႕ေမွာက္တြင္ ကြန္ဂိုသမၼတ ဖိလစ္တီရွီစီကီဒီႏွင့္ ရဝမ္ဒါသမၼတ ေပၚကာဂါမီတို႔ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။
သဘာဝအရင္းျမစ္ေပါႂကြယ္ဝေသာ ကြန္ဂိုႏိုင္ငံတြင္ ကြန္ဂိုစစ္သားမ်ားႏွင့္ ရဝမ္ဒါအစိုးရက ေက်ာေထာက္ ေနာက္ခံျပဳထားသည့္လက္နက္ကိုင္အဖြဲ႕ ၾကား ႏွစ္ေပါင္းမ်ားစြာၾကာ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ကြန္ဂိုႏွင့္ရဝမ္ဒါႏိုင္ငံၾကား အျငင္းပြားမႈမ်ား၊ တင္း မာမႈမ်ား ပိုမိုျဖစ္ခဲ့ေၾကာင္းသိရသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က အဆိုပါ ၿငိမ္းခ်မ္းေရးစာခ်ဳပ္သည္ ရဝမ္ဒါႏွင့္ကြန္ဂိုႏိုင္ငံ ၾကား ဆယ္စုႏွစ္ ႏွင့္ခ်ီၿပီးျဖစ္ပြားေနေသာပဋိပကၡမ်ားကို အၿမဲတမ္းအပစ္ခတ္ရပ္စဲထားႏိုင္ရန္ရည္႐ြယ္ေၾကာင္း၊ စာခ်ဳပ္အရ ကြန္ဂိုအစိုးရ ကို တိုက္ခိုက္ေန သည့္လက္နက္ကိုင္အဖြဲ႕မ်ား လက္နက္ျဖဳတ္သိမ္းရ မည္ျဖစ္သလို ဒုကၡသည္မ်ား ေနရပ္ျပန္ခြင့္ေပးရ မည္ ဆိုေသာအခ်က္မ်ားပါဝင္ေနေၾကာင္းေျပာသည္။
ေဒၚနယ္ထရမ့္က ‘ၿငိမ္းခ်မ္းေရးစာခ်ဳပ္နဲ႔ ပတ္သက္ၿပီး ရဝမ္ဒါနဲ႔ ကြန္ဂိုေခါင္းေဆာင္ေတြကို ယုံ ၾကည္မႈအျပည့္ရွိ ပါတယ္’ ဟုေျပာသည္။ အေမရိကန္ သမၼတေဒၚနယ္ထရမ့္အျပင္ ကြန္ဂိုႏွင့္ရဝမ္ဒါသမၼတတို႔ ပါဝင္လက္မွတ္ေရး ထိုးခဲ့ ေသာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ႏွင့္ပတ္သက္ၿပီး အာဖရိကတိုက္အတြင္းရွိ ႏိုင္ငံ့ေခါင္း ေဆာင္မ်ားကလည္း ခ်ီးက်ဴးေျပာ ဆိုခဲ့ေၾကာင္းသိရသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတ အျဖစ္တာဝန္ယူၿပီးေနာက္ပိုင္း ကမာၻတစ္ဝန္းရွိလက္ နက္ကိုင္ပဋိပကၡ ေပါင္း အနည္းဆုံး(၅)ခုကို အပစ္အ ခတ္ရပ္စဲေရးရယူႏိုင္ရန္ ၾကားဝင္ကူညီေပးခဲ့ေၾကာင္း သိရသည္။